Forever Construction Co.,Ltd

Forever Construction Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Forever Construction Co.,Ltd, Construction Company, 218 Moo6, Tha Sai Laut, Yangon.

🌹🙏ကောင်းသောနံနက်ခင်းပါ🙏🌹🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸 #အရည်အသွေးပါမှစိတ်ချရတာ          🌹ဘုရားရှိခိုးတာမှာ တကယ် စိတ်ပါလက်ပါ စူးစူးစိုက်စို...
02/10/2026

🌹🙏ကောင်းသောနံနက်ခင်းပါ🙏🌹
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
#အရည်အသွေးပါမှစိတ်ချရတာ

🌹ဘုရားရှိခိုးတာမှာ တကယ် စိတ်ပါလက်ပါ
စူးစူးစိုက်စိုက် ရှိခိုးမယ်ဆိုရင်
" နမောတဿ " ဘုရားရှိခိုးတစ်ပုဒ်နဲ့တောင်
အရည်အသွေးပါတယ်။

🌹သရဏဂုံ ၃ ပါးနဲ့တင်လုံလောက်ပါတယ်။

🌹လက်တွေ့ကျင့်သုံးတဲ့ အပိုင်းမှာလည်း
စိတ်ပါလက်ပါ ကြိုးစားပြုလုပ်
အားထုတ်ကြရမယ်။

🌹ကိုယ့်အရည်အသွေးကို ကိုယ့်ဘာသာပဲ
မြှင့်ရမှာ။

🌹သူများက တင်ပေးတဲ့ အရည်အသွေးက အလကားပဲ။

🌹ကိုယ်ဘာသာ ကိုယ်တင်တဲ့ အရှိန်အဝါကမှ
တကယ့်အရှိန်အဝါဖြစ်တယ်။

🌹ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ဘာသာကိုယ်၊
ကိုယ့်စေတနာကောင်းနဲ့ ကိုယ်ဘာသာကိုယ်
လုပ်နေရင် နည်းမှန်လမ်းမှန် သူ့အလိုလို
အကျိုးပေးလိမ့်မယ်။

🌹ဘာပဲလုပ်လုပ် လုပ်ရမယ့်အတူတူဆိုတော့ အရည်အသွေးပါအောင်ပဲ လုပ်ပါ။

🌹လူမြင်ကောင်းရုံ ဟန်လေးနဲ့
လုပ်တာမျိုးမဖြစ်စေနဲ့၊ ဟန်ဆိုတာ
တကယ့်အရေးကျရင်
ဘာမှအားကိုးလို့ မဖြစ်ဘူး။

🌹" ဟန်ဆိုတာ အလကား၊ အမှန်ကမှ တရား " တဲ့။

သတ္တဝါခပ်သိမ်း၊တရားကိန်း၊
အေးငြိမ်းချမ်းသာရှိပါစေ
______________________
ကျေးဇူတော်ရှင်
(တိပိဋကယောဆရာတော်ဘုရားကြီး)
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻
🚧 Co., Ltd.

🏡✨ မကြာခင် အကြမ်းထည်လုပ်ငန်းများ ပြီးစီးတော့မယ့် အရှေ့ဒဂုံမြို့နယ်ထဲက နှစ်ထပ်အိမ်အလှလေး 🏗️လက်ရှိမှာ အုတ်စီခြင်း၊ ချောလုပ...
01/10/2026

🏡✨ မကြာခင် အကြမ်းထည်လုပ်ငန်းများ ပြီးစီးတော့မယ့် အရှေ့ဒဂုံမြို့နယ်ထဲက နှစ်ထပ်အိမ်အလှလေး 🏗️

လက်ရှိမှာ အုတ်စီခြင်း၊ ချောလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး အဆောက်အဦးရဲ့ အကြမ်းထည်ပိုင်းလုပ်ငန်းများလည်း မကြာခင်မှာ ပြီးစီးတော့မှာ ဖြစ်ပါတယ်။ 👷‍♂️🔨

အိမ်တစ်လုံးကို လှပဖို့သာမက ခိုင်ခံ့မှု၊ အရည်အသွေးနဲ့ ဆောက်လုပ်ရေးစံချိန်စံညွှန်းများကိုပါ အလေးထားပြီး အဆင့်ဆင့် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ 🏗️🏠

💞🌸သင့်အိမ်ကလေးလှပလုံခြုံဖို့....
forever ကိုဆက်သွယ်စို့.....💞🌸

📞 ဆက်သွယ်ရန် -
09781184318
09 73071005
09 887669083
09449939808

အမှတ် (4) ပျဉ်းမလမ်း၊
ပြည်ထောင်စုရိပ်မွန်အိမ်ရာ၊
သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့...

📩[email protected]
🚧 Co., Ltd.


🍀 မင်္ဂလာပါ 🙏စိတ်ကို ပြင်သင့်သော အကြောင်းများ•••••••••••••••••••••••••••••••••••••မိမိ၏ စိတ်နေစိတ်ထားကို ကောင်းအောင် ပြု...
01/10/2026

🍀 မင်္ဂလာပါ 🙏

စိတ်ကို ပြင်သင့်သော အကြောင်းများ
•••••••••••••••••••••••••••••••••••••
မိမိ၏ စိတ်နေစိတ်ထားကို ကောင်းအောင် ပြုပြင်ဖို့ရာ အကြောင်းများစွာ ရှိပေသည်။

မိမိစိတ်ထား မကောင်းသေးသော အချက်၊ ယုတ်မာနေသော အချက်များကို မိမိသာ အသိဆုံး ဖြစ်၏။

ထိုကဲ့သို့ စိတ်ယုတ်မာ ရှိနေသော သူသည် လောကီဂုဏ်အတွက် အထက်တန်း၌ ရောက်နေသော်လည်း စိတ်အနေအထားအားဖြင့် အောက်တန်းအစားပင် ဖြစ်သေး၏။

စိတ်နေစိတ်ထား အောက်တန်းစား ဖြစ်နေသော ဂုဏ်ကြီးရှင်သော်လည်း နောက်နောင်ဘဝတို့၌ အောက်ကျနောက်ကျ ဖြစ်ရတော့လတ္တံ့။

ထိုကဲ့သို့ တန်းလျှောရမည့် အရေးကို တွေးမိခြင်းကြောင့်လည်း စိတ်နေစိတ်ထား ကြီးမားမြင့်မြတ်အောင် ပြုပြင်ထိုက်ပေသည်။

စိတ်ဆိုးစိတ်ယုတ်ရှိသူသည် ကိုယ့်ကိုယ်ကိုလည်း မကြည်ညိုနိုင်။ မိတ်ဆွေချင်း, ညီအစ်ကို မောင်နှမ သားချင်း, သမီးခင်ပွန်းချင်း, ဆရာဒကာချင်း, အပေါင်းအသင်း ရင်းနှီးသူချင်းကလည်း သူ၏ ယုတ်မာကြောင်းကို သိလျှင် ချစ်ခင်နိုင်၊ အားရနိုင်၊ ကြည်ညိုနိုင်ကြမည် မဟုတ်။

ဤသို့ ရင်းနှီးသူများ အထင်သေးမည်ကို စိုးသောကြောင့်လည်း မိမိစိတ်ထားကို ဖြူစင်ဖြောင့်မတ် မြင့်မြတ်အောင် ပြင်ဆင်ထိုက်ကြပေသည်။

ထို့ပြင် စိတ်ဆိုး စိတ်ယုတ်မာ ရှိနေသူသည် ဒါနပြုပြု၊ သီလဆောက်တည် ဆောက်တည်၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်း စီးဖြန်း၊ မည်သည့်ကုသိုလ် လုပ်ငန်း၌မဆို ရိုးသား ဖြူစင်လိမ့်မည်ဟူ၍ မမှတ်ထင်ထိုက်။

ထိုစိတ်ရင်းမကောင်းသူ၏ ကုသိုလ်ကံများကား အကျိုးပေး စင်စင်ကြယ်ကြယ် မရှိတတ်ချေ။

ဤသို့ နောက်နောင်ဘဝ အရေးဝယ် ပြုသမျှ ကုသိုလ်၏ အကျိုးပေး မစင်ကြယ်မည်စိုးသောကြောင့်လည်း မိမိစိတ်ကို ဖြူစင် ကောင်းမြတ်အောင် ပြုပြင်ထိုက်ကြပေသည်။

ထို့ပြင် စိတ်ဆိုး စိတ်ယုတ်မာ ရှိနေသူသည် ယခု တစ်ဘဝတာ ယုတ်မာမည် မဟုတ်။ ဖြစ်တိုင်း ဖြစ်တိုင်းသော စိတ်ယုတ်မာများက တစ်သန္တာန်လုံး (တစ်ကိုယ်လုံး) ထုံမွှမ်းနေရကား နောက်နောက် ဘဝပေါင်းများစွာသို့လည်း စိတ်ယုတ်မာ အဆက်ဆက် ဓာတ်သတ္တိ ကူးစက်နေသောကြောင့် ထိုသူကို ရင့်မာသော ပါရမီရှင်ဟု ဆိုဖို့ရန် ခဲယဉ်းလေသည်။

ထို့ကြောင့် မိမိကိုယ်ကို ပါရမီရှင်များစာရင်း မပါဝင်မည် စိုး၍လည်း ယုတ်မာ ဆိုးရွားသော စိတ်များကို အမြန်ဆုံး ပြင်ထိုက်ကြသည်။

ဤသို့လျှင် မိမိ၏ စိတ်နေစိတ်ထားကို မကောင်း,ကောင်းအောင် ပြုပြင်သင့်သော အကြောင်းအရာတွေ များစွာ ရှိပေသည်။

{ မိလိန္ဒမင်း စိတ်ကို ပြုပြင်ပုံ }

မိလိန္ဒမင်းကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ် လွန်စွာ အရေးကြီးသော ပြဿနာတို့ကို မေးဖို့ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေးသေးဘဲ ခုနစ်ရက်ပတ်လုံး မိမိစိတ်ကို သမာဓိရအောင် ထိန်းသိမ်း စောင့်စည်းနေပုံမှာ သူတော်ကောင်းတို့ အတုယူစရာ ကောင်းလှပါသည်။

စောင့်စည်းပုံကား - နံနက်စောစော အိပ်ရာထပြီးလျှင် ကိုယ်လက်စင်ကြယ်အောင် ရေချိုး၍ ဝတ်ရိုးဝတ်စဉ် အဝတ်တန်ဆာများကို မဝတ်တော့ဘဲ ဖန်ရည်ဆိုးသော အဝတ်ဝါကို ဝတ်ဆင်ကာ ဦးခေါင်းလည်း ခေါင်းတုံးအသွင် မှတ်ထင်လောက်အောင် ခေါင်းစွပ်လျက် (ရဟန်းမဟုတ်သော်လည်း) ရဟန်းဟုပင် မှတ်ထင်ရလောက်အောင် ကြံဆောင် ဝတ်ဆင်ပြီးနောက် ၈-ပါးသော အချက်များကို ခုနစ်ရက်လုံးလုံး မပျက်ပြားအောင် စိတ်၌ စွဲမြဲစွာ ဆောက်တည်လေသည်။

ထို ၈ ပါးကား -
၁။ ခုနစ်ရက်အတွင်း မင်းကိစ္စကို မပြုတော့ပြီ။
၂။ ရာဂစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၃။ ဒေါသစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၄။ မောဟစိတ်ကို မဖြစ်အောင် စောင့်စည်းမည်။
၅။ ကျေးတော် ကျွန်တော် အလုပ်သမား အမှုတော်ထမ်းများအပေါ်၌သော်လည်းကောင်း စိတ်ကို နှိမ့်ချ၍ မာန်မာန မဖြစ်အောင် စောင့်စည်းမည်။
၆။ ကိုယ်မှု နှုတ်မှုများ ထူးခြားစွာ စောင့်စည်းမည်။
၇။ မြင်ရ၊ ကြားရ၊ တွေ့ရ၊ သိရသမျှသော အာရုံများအတွက် အကုသိုလ် မဖြစ်အောင် မျက်စိ၊ နား စသော ဣနြေ္ဒများကို စောင့်စည်းမည်။
၈။ အားလုံးသော သတ္တဝါတို့အပေါ်မှာ မေတ္တာစိတ် ထားမည်။

ဤ ရှစ်ပါးသော အချက်ကို ခုနစ်ရက်လုံး စောင့်သုံးလျက် ရှစ်ရက်မြောက်နေ့၏ နံနက်အခါဝယ် နံနက်စာ စောစော စား၍ ဣနြေ္ဒကြီးမားလှသော ရဟန်းတော်ကဲ့သို့ စက္ခုနြေ္ဒချပြီးလျှင် စကားပြော ဆင်ခြင်ကာ အရှင်နာဂသိန်အထံသို့ ကြည်လင်ရွှင်ပျ အေးမြသော စိတ်ဓာတ်ဖြင့် ချဉ်းကပ်လျက် လေးနက်စွာသော ပြဿနာများကို မေးလျှောက်လေသည်။

အတုယူဖွယ်

ဤ မိလိန္ဒမင်းကြီး၏ ခုနစ်ရက်လုံးလုံး စိတ်ပြုပြင်ပုံကို အတုယူလျက် သူတော်ကောင်းဘက်က အထက်တန်းရောက်သော အမျိုးသား အမျိုးသမီးများလည်း မိမိနေအိမ်မှာပင် တစ်နေ့တစ်ရက် တစ်နံနက် စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိသန္တာန်၌ ဖြစ်လေ့ရှိသော အကုသိုလ်စိတ်များ မဖြစ်ရလေအောင် မကြာမကြာ အထူးစောင့်စည်းသင့်ပေသည်။

ဤသို့ စောင့်စည်းဖန်များလျှင် အကုသိုလ်စိတ် အထူး နည်းပါးသော သူတော်စင်အဖြစ်သို့ တက်ရောက်၍ သဒ္ဓါထူး ပညာထူး ပေါ်ပေါက်လာပါလိမ့်မည်။

ရက်ပေါင်း အတော်ကြာအောင် နဂိုဖြစ်တတ်သော အကုသိုလ်စိတ်များလည်း မဖြစ်ဘဲ ရှိပါလိမ့်မည်။

“ဤလောကကြီးကို စိတ်သည် ဆောင်ကြဉ်းအပ်၏။
ဤလောကကြီးကို စိတ်သည် ဆွဲငင်အပ်၏။
သတ္တဝါအားလုံးပင် စိတ်တည်းဟူသော တရားတစ်ခု၏ အလိုသို့ လိုက်နေရသည်။”
(တရားတော်)

“ဓာတ်မရိုက်ခင်၊ ကောင်းစွာပြင်မှ
ပုံတွင်ကျန၊ ရုပ်သွင်လှသို့
မုချမှန်စွာ၊ သံသရာ၏
ကမ္ဘာ ရပ်ခွင်၊ ဓာတ်အပြင်၌
စိတ်စဉ်ကျန၊ ရုပ်သွင်လှ၍
ခေမမြို့နန်း၊ အရောက်လှမ်းဖို့
ပြင်စမ်းစေချင်၊ စိတ်အစဉ်ကို
ပြင်ဆင်လေကွဲ့ နေ့စဉ်တဲ့။”

(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ) ၏ “ကိုယ်ကျင့်အဘိဓမ္မာ” မှ။

🙏 Crd 🙏 Post & Photo

✨ သင့်ဘဝရဲ့ အိမ်မက်တစ်ခုက ကိုယ်ပိုင်အိမ်လေး မဟုတ်ဘူးလား?မြေရှိပြီး အိမ်ဆောက်ဖို့ စဉ်းစားနေတယ်ဆိုရင် အကောင်းဆုံးရွေးချယ်မ...
30/09/2026

✨ သင့်ဘဝရဲ့ အိမ်မက်တစ်ခုက ကိုယ်ပိုင်အိမ်လေး မဟုတ်ဘူးလား?

မြေရှိပြီး အိမ်ဆောက်ဖို့ စဉ်းစားနေတယ်ဆိုရင် အကောင်းဆုံးရွေးချယ်မှုက Forever Construction ပါ။

🏡 ခေတ်မီဒီဇိုင်း
🏡 အရည်အသွေးမြင့် ဆောက်လုပ်မှု
🏡 ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှု
သင့်အိမ်မက်ကို ကျွန်ုပ်တို့နဲ့အတူ တည်ဆောက်လိုက်ပါ။

📩 Messenger မှာ အခုပဲ ဆက်သွယ်နိုင်သလို။

ဖုန်းလေးနဲ့လဲဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

📞 ဆက်သွယ်စုံစမ်းရန်
Office- 09-781184318
09-73071005
09-449939808
09-887669083

🚩အမှတ် (4) ပျဉ်းမလမ်း၊
ပြည်ထောင်စုရိပ်မွန်အိမ်ရာ၊
သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့...

💞🌸သင့်အိမ်ကလေးလှပလုံခြုံဖို့....
forever ကိုဆက်သွယ်စို့.....💞🌸

📧 [email protected]

🚧 Co., Ltd.



&Design


🌹🙏ကောင်းသောနံနက်ခင်းပါ🙏🌹🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱 #မိမိကိုယ်ကိုစိတ်ချမ်းသာအောင်နေကြည့်ပါ 🔶ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ပြီးတော့     ကိုယ...
30/09/2026

🌹🙏ကောင်းသောနံနက်ခင်းပါ🙏🌹
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
#မိမိကိုယ်ကိုစိတ်ချမ်းသာအောင်နေကြည့်ပါ

🔶ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်ပြီးတော့
ကိုယ့်ဘာသာ မုဒိတာဖြစ်ပါ။

🔶မုဒိတာဖြစ်အောင်...
ခဏခဏ ပြန်တွေးပါ

🔶မုဒိတာပွားနိုင်ရင်
ဘဝမှာရှိတဲ့ပစ္စည်းတွေ
အဆပေါင်းများစွာ
တန်ဖိုးတက်လာပါမယ်

🔶မုဒိတာမပွားနိုင်ရင်
မိမိလက်ထဲမှာရှိတဲ့ပစ္စည်းတွေ
အဆပေါင်းများစွာ
တန်ဖိုးကျသွားတတ်ပါတယ်

#အောက်စဖို့စ်ဆရာတော်အရှင်ဓမ္မသာမိ🙏🙏

#စိတ်ချမ်းသာရင် အလုပ်လုပ်ရတာပျော်ရွှင်ပြီး ဘယ်အရာမဆို အောင်မြင်နိုင်တာကြောင့် ကောင်းသောအတွေးများဖြင့်သာဘဝကိုတည်ဆောက်ပါ။🙏🙏

🚧 Co., Ltd.

🏗️ ZY Residence – Roof Beams Castingတာမွေမြို့နယ်ရှိ ZY Residence ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ Roof Beams Casting လုပ်ငန်...
29/09/2026

🏗️ ZY Residence – Roof Beams Casting

တာမွေမြို့နယ်ရှိ ZY Residence ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ Roof Beams Casting လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်ပြီးစီးခဲ့ပါပြီ။ 🏡

အဆောက်အဦးရဲ့ ခိုင်ခံ့မှုအတွက် အရေးကြီးတဲ့ Work ဖြစ်တာကြောင့် လုပ်ငန်းအဆင့်တိုင်းကို သေချာစွာ စစ်ဆေးပြီး သတ်မှတ်ထားတဲ့ ဆောက်လုပ်ရေးစံနှုန်းများနှင့်အညီ ဆောင်ရွက်ပေးထားပါတယ်။ 👷🏻‍♂️

တည်ဆောက်မှုတိုင်းမှာ အရည်အသွေးကို အလေးထားပြီး ခိုင်ခံ့စိတ်ချရတဲ့ အိမ်တစ်လုံးဖြစ်လာဖို့ Forever Construction က စနစ်တကျ တည်ဆောက်ပေးနေပါတယ်။ ❤️🏗️

💞🌸သင့်အိမ်ကလေးလှပလုံခြုံဖို့....
forever ကိုဆက်သွယ်စို့.....💞🌸

📞 ဆက်သွယ်ရန် -
09781184318
09 73071005
09 887669083
09449939808

အမှတ် (4) ပျဉ်းမလမ်း၊
ပြည်ထောင်စုရိပ်မွန်အိမ်ရာ၊
သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့...

📩[email protected]
🚧 Co., Ltd.


🛠️ မကြာခင်ပြီးစီးတော့မည့် အိမ်လေးရဲ့ အချောထည် လုပ်ငန်းများ  🏠အုတ်ရိုးတွေ၊ ကွန်ကရစ်တိုင်တွေကနေ တဖြည်းဖြည်းချင်း အသက်ဝင်လာ...
29/09/2026

🛠️ မကြာခင်ပြီးစီးတော့မည့် အိမ်လေးရဲ့ အချောထည် လုပ်ငန်းများ 🏠

အုတ်ရိုးတွေ၊ ကွန်ကရစ်တိုင်တွေကနေ တဖြည်းဖြည်းချင်း အသက်ဝင်လာတဲ့ အိမ်လေး။ အခုဆိုရင် အရေးအကြီးဆုံးဖြစ်တဲ့ အချောထည်‌ဆောင်ရွက်ခြင်းလုပ်ငန်း‌လေးလဲမကြာခင်ပြီးစီးတော့မှာဖြစ်ပါတယ်။

နေရာတိုင်းကို စနစ်တကျ၊ သေသပ်လှပအောင် အသေးစိတ် ဂရုစိုက်ပြီး လုပ်ဆောင်နေပါတယ်။ မကြာခင်အချောထည်ပြီစီးတော့မှာဆိုတော့ အိမ်ရဲ့ အလှတရားက ပိုပြီး ပေါ်လွင်လာတော့မှာမို့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။
ပြီးဆုံးသွားမယ့်ရလဒ်လေးကို စိတ်အားထက်သန်စွာနဲ့ စောင့်မျှော်နေပါတယ်။ အားပေးကြပါဦးခင်ဗျာ။ ✨

🌸သင့်အိမ်ကလေးလှပလုံခြုံဖို့....
forever ကိုဆက်သွယ်စို့.....💞🌸

အသေးစိတ်သိရှိလိုပါက
Page Messenger (သို့)

☎️ 09781184318
09449939808
0973071005
09887669083
ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 💬

🚩အမှတ် (4) ပျဉ်းမလမ်း၊
ပြည်ထောင်စုရိပ်မွန်အိမ်ရာ၊
သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့...

📩[email protected]

🚧 Co., Ltd.......





စိတ်မှာအသိဉာဏ်နည်းရင် ရိုင်းတယ်၊စိတ်မှာအသိဉာဏ်များရင် ယဉ်ကျေးတယ်။ဆဲဆိုတာသူ့အလုပ်သည်းခံတာကိုယ့်တာ၀န်။ကဲ့ရဲ့တာသူ့အလုပ်သည်း...
29/09/2026

စိတ်မှာအသိဉာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဉာဏ်များရင် ယဉ်ကျေးတယ်။

ဆဲဆိုတာသူ့အလုပ်
သည်းခံတာကိုယ့်တာ၀န်။

ကဲ့ရဲ့တာသူ့အလုပ်
သည်းခံတာကိုယ့်တာ၀န်။

ချစ်စရာကောင်းတာသူ့အလုပ်
မချစ်မိအောင်သည်းခံတာကိုယ့်တာ၀န်။

မုန်းစရာကောင်းတာသူ့အလုပ်
မမုန်းမိအောင်သည်းခံတာကိုယ့်တာ၀န်။

စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။

ကိုယ့်ကိုယ်ကိုယ်စိတ်ကောင်းရှိတယ်
သဘောထားကြီးတယ်လို့ ယူဆထားရင်
ကြီးတဲ့အပြစ်သေးအောင်
သေးတဲ့အပြစ် ပပျောက်အောင်
ပြုလုပ်နိုင်စွမ်းရှိရမယ်။

သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို
အပြစ်မြင် အပြစ်တင်မယ်ကြံတိုင်း
ငါ့မှာရော အမှားလုံး၀မရှိဘူးလားလို့
ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ်
သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာအမှန်ပဲ။

ကောင်းတဲ့အခြေအနေနဲ့ပဲတွေ့တွေ့
ဆိုးတဲ့အခြေအနေနဲ့ပဲတွေ့တွေ့
ကောင်းတဲ့အချက်ကို မရရအောင်ရှာကြံတွေးပြီး
စိတ်ချမ်းသာအောင်ထားတတ်တာကို
စိတ်ထားတတ်တယ်လို့ခေါ်တယ်။

စိတ်မထားတတ်ရင်
စိတ်ချမ်းသာစရာနဲ့တွေ့နေတာတောင်မှ
စိတ်ဆင်းရဲနေတတ်ပါတယ်။

သူတစ်ပါးကောင်းတာ မကောင်းတာကို
ဝေဖန်နေရမယ့် အချိန်မဟုတ်တော့ပါဘူး
ကိုယ်ကောင်းအောင်ပဲ
နေရမယ့်အချိန်ဖြစ်နေပါပြီ။

ဘာဖြစ်လို့လဲဆိုတော့
သေဖို့ရာ တဖြည်းဖြည်းနီးလာပြီလေ။

စိတ်ညစ်တယ် စိတ်ဓာတ်ကျတယ်ဆိုတာ
တစ်ကယ်တော့ လောကသဘာ၀ကို
မသိလို့သာဖြစ်တယ်။

လောကမှာ ဘယ်အရာမှ
ကြာရှည်တည်တံ့တယ်ဆိုတာ မရှိပါဘူး။

ရှုံးလို့စိတ်ဓာတ်ကျနေတာ
နိုင်လို့သွေးနားထင်ရောက်နေတာ
အားလုံးဟာလောကဓမ္မတာကို
သဘောမပေါက်လို့ဖြစ်ပါတယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ )

co.,ltd

တာမွေမြို့နယ်ရှိ ZY Residence ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ Roof Beams Formwork ဆောင်ရွက်နေမှု ပုံရိပ်များ 🏗️🏠အဆောက်အဦးတစ...
28/09/2026

တာမွေမြို့နယ်ရှိ ZY Residence ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ Roof Beams Formwork ဆောင်ရွက်နေမှု ပုံရိပ်များ 🏗️🏠

အဆောက်အဦးတစ်ခု ခိုင်ခံ့တည်တံ့ဖို့အတွက် အဆင့်တိုင်းမှာ လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ပေးရန် အရေးကြီးပါတယ်။

ZY Residence တွင်လည်း Roof Beams Formwork လုပ်ငန်းများကို သတ်မှတ်ထားသော ဆောက်လုပ်ရေးစံနှုန်းများနှင့်အညီ သေချာစွာ ဆောင်ရွက်နေပြီဖြစ်ပါတယ်။

လုပ်ငန်းအဆင့်တိုင်းကို အတွေ့အကြုံရှိ ဝန်ထမ်းများနှင့် Engineering Team မှ စနစ်တကျ ကြီးကြပ်စစ်ဆေးပေးလျက်ရှိပါတယ်။ 👷‍♂️🔍

Forever Construction
အိမ်ရှင်တို့ရဲ့ ယုံကြည်မှုကို အရည်အသွေးနဲ့ တည်ဆောက်ပေးနေပါတယ်။ 🏗️✨

💞🌸သင့်အိမ်ကလေးလှပလုံခြုံဖို့....
forever ကိုဆက်သွယ်စို့.....💞🌸

📞 ဆက်သွယ်ရန် -
09781184318
09 73071005
09 887669083
09449939808

အမှတ် (4) ပျဉ်းမလမ်း၊
ပြည်ထောင်စုရိပ်မွန်အိမ်ရာ၊
သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့...

📩[email protected]
🚧 Co., Ltd.


🌷🌷🌷🌷🌷 အစွန်းရောက်သွားပြီဆိုလျှင် အသိဥာဏ်ကို အမှောင်ဖုံးပြီး အမှန် နှင့် အမှားကို ခွဲခြားနိုင်စွမ်းမရှိတော့ပါဘူး..။  ငါ.....
28/09/2026

🌷🌷🌷🌷🌷
အစွန်းရောက်သွားပြီဆိုလျှင်
အသိဥာဏ်ကို အမှောင်ဖုံးပြီး
အမှန် နှင့် အမှားကို
ခွဲခြားနိုင်စွမ်းမရှိတော့ပါဘူး..။

ငါ..လုပ်တာသာ
အဟုတ်ထင်နေတဲ့အတွက်
သူများ ဘာလုပ်လုပ်
မဟုတ်ဘူးလို့ မြင်တော့တာပါပဲ..။

ငါ..ပြောတာသာ
အမှန်ထင်နေတဲ့အတွက်
သူများဘာပြောပြော
မ မှန် ဘူး လို့ မြင်တော့တာပါပဲ..။

အကျိုးကို ကြည့်ပြီး
အပြစ်မြင်တော့မည်ဆိုလျှင်
အကြောင်းကို ကြည့်ရပါတယ်..။

အကြောင်းကို ကြည့်ပြီး
အပြစ်မြင်တော့မည်ဆိုလျှင်လည်း
အကျိုးကို ကြည့်ရပါတယ်..။

အကြောင်းအကျိုးကို
မညှိထားတဲ့အသိဟာ
အကောင်းအဆိုးလည်း
ခွဲခြားပြီးမသိနိုင်ပါဘူး..။

လူ့ဘဝက
တခြားဘဝတွေထက် သာတာဟာ
အဲဒီအသိဥာဏ်တွေရှိလို့ပါ..။

မြတ်စွာဘုရားကလည်း
မှာခဲ့တယ်မဟုတ်ပါလား?
အကန်းယုံကြည်တာမျိုး
ရမ်းသမ်းယုံကြည်တာမျိုးတွေ မလုပ်ဖို့ကိုလေ..။

အသိဥာဏ်ပါတဲ့ ယုံကြည်မှုမျိုးကသာ
ကိုယ့်သန္တာန်မှာ ရေရှည်တည်မြဲတာပါ..။

အသိဥာဏ်နှင့်ယှဉ်တဲ့
ယုံကြည်မှုမျိုးကသာ ကိုယ့်အတွက်
ကောင်းကျိုးများစွာကို ဖြစ်စေမှာပါ..။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ 🙏🙏🙏

.,ltd

Address

218 Moo6, Tha Sai Laut
Yangon
63110

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+95973071005

Website

Alerts

Be the first to know and let us send you an email when Forever Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Forever Construction Co.,Ltd:

Shortcuts

Share