HIVE - Design • BIM • Built

HIVE - Design • BIM • Built " We design and build dream homes. One team, quality results. "

မော်ဒန် စတိုင် ၊ Traditional စတိုင်၊ ဒါမှမဟုတ် ခေတ်ပြိုင်စတိုင်လား? 🤔 သင့်ရဲ့ အိမ်မက်ထဲက အိမ်ရဲ့ ပုံစံက သင့်အကြောင်းကို ...
29/05/2026

မော်ဒန် စတိုင် ၊ Traditional စတိုင်၊ ဒါမှမဟုတ် ခေတ်ပြိုင်စတိုင်လား? 🤔

သင့်ရဲ့ အိမ်မက်ထဲက အိမ်ရဲ့ ပုံစံက သင့်အကြောင်းကို အများကြီး ပြောပြနိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ carousel ကိုကြည့်ပီး သင့်ရဲ့ နောက်ထပ်အိမ်အတွက် ဘယ်လိုပုံစံက
သင့်စိတ်ကို ဖမ်းစားနိုင်လဲဆိုတာ ပြောပြပေးပါ။
—————————————————————

Modern, Traditional, or Contemporary? 🤔 Your dream home's style says a lot about you!
Check through our carousel to explore stunning architectural designs and tell us: Which style captures your heart for your next build?

Vote in the comments!

18/05/2026

Design Changes တွေ Design Revision တွေလုပ်ရတော့မယ်ဆို Engineer နဲ့ Contractorတွေက Architect ကိုဒီလိုလုပ်ချင်ကြတယ်မလား ဖြေကြည့်ကြည့် 😅
In reality မှာတော့ Architect Instruction ပေးတဲ့အတိုင်းလုပ်ပေးရတာပါပဲနော့ 🤣

ပုံထဲက Design ကတော့ Korea က Busan Cinema Center ပါ။Cantilever Length 85meter ရှိပြီး World's Longest Cantilever Roof Design ကြောင့် ဂင်းနစ်စံချိန်တင်ထားပါတယ်။ သူ့ရဲ့Futuristic Deconstructive Design ကြောင့်လဲ Landmark Building တစ်ခုအဖြစ်နံမည်ကြီးပါတယ်။

video crd to : 100.architecture

Happy Thingyan Festival 💦ယနေ့ကျရောက်သည့် မြန်မာ့နှစ်သစ် အချိန်အခါမှာ နှစ်ဟောင်းမှ အညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး...နှစ်...
13/04/2026

Happy Thingyan Festival 💦

ယနေ့ကျရောက်သည့် မြန်မာ့နှစ်သစ် အချိန်အခါမှာ
နှစ်ဟောင်းမှ အညစ်အကြေးတွေ ဆေးကြောသန့်စင်ပြီး...နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ….

မင်္ဂလာရှိသော အတာသင်္ကြန်သမယဖြစ်ပါစေကြောင်း HIVE မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…..

Myanmar နိုင်ငံမှာ လူတော်တော်များများက တစ်ခုခုလုပ်တော့မယ်ဆိုရင် အရင်ဆုံး မေးကြတာက… “ဘယ်လောက်ကုန်မှာလဲ?” ဒါက သဘာဝပါပဲ။လူတ...
09/03/2026

Myanmar နိုင်ငံမှာ လူတော်တော်များများက တစ်ခုခုလုပ်တော့မယ်ဆိုရင်
အရင်ဆုံး မေးကြတာက…

“ဘယ်လောက်ကုန်မှာလဲ?”

ဒါက သဘာဝပါပဲ။
လူတိုင်း Fair price နဲ့ Good Quality ရချင်ကြတာကို…

သင်ရော အဆောက်အဦးဆောက်မယ်၊ Design အပ်တော့မယ်ဆိုရင် စျေးနည်းနည်းနဲ့ရတာက တကယ်တန်တယ်လို့ ထင်နေတုန်းပဲလား? 🤔

မိမိလိုချင်နေတဲ့အရာတွေကို
Price (စျေး) တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရပါဘူး
Cheap Price = Good Deal မဖြစ်ပါဘူး။

Company တွေကသင့်ကိုပြတဲ့ Presentation မှာ မြင်ရတဲ့ Render Image တွေက
High Resolution, Beautiful Materials, Perfect Lighting နဲ့ အရမ်းကိုလှပါတယ်။

ဒါပေမယ့် Real Construction လုပ်တဲ့အချိန်မှာ Render တစ်ပုံတည်းနဲ့ မပြီးပါဘူး။
ဒီအရာတွေ အားလုံး ပါဝင်ပါတယ်…

• Proper Design Planning
• Technical Drawings
• Skilled Workmanship
• Material Quality
• Site Coordination
• Professional Supervision
• Client & Team Communication

အပေါ်ကအချက်တွေ မရှိဘူးဆိုရင် Render/3D ပုံတွေထဲမှာ ဘယ်လောက်ပဲလှလှ…နောက်ဆုံး ရလိုက်တဲ့ Result က Render ပုံတွေနဲ့ မတူနိုင်တာတွေဖြစ်တတ်ပါတယ်။

အဲ့လိုကြုံတွေ့ရပီဆိုရင် သင်တို့ တွေးမိ၊ ပြောမိတတ်တာက
“ အစပိုင်းမှာစျေးသက်သာတယ်ထင်တာ ထင်ထားတာထက် ပိုကုန်သွားပြီ…”

အဲ့လိုဖြစ်ရတာက ဘကြောင့်လဲဆိုတော့👇

• Workmanship မကောင်းတာ
• Details တွေမှားတာ
• Construction Schedule Delay ဖြစ်တာ
• Extra Cost တွေတက်လာတာတွေဆိုတဲ့
ပြဿနာတွေကို မကြာခဏ ကြားနေရပါတယ်။

ဒါတွေဟာ Client တကယ်လိုချင်တဲ့ Result မဟုတ်ပါဘူး။ 🫵

Project တစ်ခု အောင်မြင်စွာပြီးဆုံးဖို့ ဆိုတာ

✔ Clear Design Process
✔ Transparent Budget
✔ Professional Coordination
✔ Quality Control
✔ Honest Communication

ဒီ Process တွေရှိရင် Project ရဲ့ Final Result က Client ကို စိတ်ကျေနပ်မှုအပြည့်အဝပေး
နိုင်ပါတယ်။

💡 Remember this
“ စျေးသက်သာတာက သင့်အတွက်ဒီနေ့ အဖို့ အကုန်အကျသက်သာစေပါတယ်။
Quality ကောင်းတာက သင့်အတွက်နှစ်ပေါင်းများစွာ အကုန်အကျသက်သာစေမှာပါ။ “

………………………………………………………………………

✅ HIVE ရဲ့ Goal နဲ့ Purpose တွေက

• Render/ 3D ပုံထဲမှာလှနေတာထက် လက်တွေ့မှာ Qualityရှိတဲ့ Building and Living Spaces တွေကိုဖန်တီးပေးနိုင်ဖို့နဲ့

•Myanmar နိုင်ငံမှာ အိမ်၊ အဆောက်အဦးဆောက်ချင်တဲ့လူတွေ Design and Construction Company တွေနဲ့ ဘယ်လိုမျိုး Professional Way နဲ့ Communicate လုပ်သင့်လဲဆိုတာ ကို ပိုပြီး နားလည်လာစေချင်ပါတယ်။

Building တစ်ခုဆိုတာ Short-Term expense မဟုတ်ဘူး။
Long-term investment + Living Space ဖြစ်ပါတယ်။

✅ Our commitment

“Perfection may not exist, but progress always does.”

ကျွန်​တော်တို့က
• Professional Design
• Careful Coordination
• Honest Communication
• Continuous Improvement……အစရှိတာတွေနဲ့ အလုပ်လုပ်ဖို့ ကြိုးစားနေပါတယ်။
ကျွန်တော်တို့နဲ့အလုပ်လုပ်ကြည့်ပါ သင်တို့မျှော်လင့်ထားတဲ့အတိုင်း Quality တစ်ခုကို ကျွန်တော်တို့ ပေးပါမယ်။

………………………………………………………………………

Design, Quality, Functionality အားလုံးကို သေသပ်စွာ ပေါင်းစပ်ထားတဲ့ အဆောက်အဦး Design နှင့် Living Space များကို ဖန်တီးလိုပါက HIVE နဲ့ ဆက်သွယ်လိုက်ပါ။

“HIVE: PRECISION, INNOVATION, COLLABORATION”

Contact Us for more:
📧 Email: [email protected]
📞 Mobile: 09770870680, 09444006570

02/03/2026

မတ်လ (၂)ရက်နေ့တွင်ကျရောက်သော(၆၄) ကြိမ်မြောက် "တောင်သူလယ်သမားနေ့"တွင် တောင်သူဦးကြီးများအား လှိုက်လှိုက်လှဲလှဲဂုဏ်ပြုအပ်ပါသည်ခင်ဗျာ။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသော တောင်သူဦးကြီးများအားလုံး -
• စိုက်ပျိုးသမျှ သီးနှံအထွက်နှုန်းများ တိုးပွားကြပါစေ၊
• လုပ်ငန်းများ အဆင်ပြေချောမွေ့ပြီး တိုးတက်ကြီးပွားနိုင်ကြပါစေကြောင်း HIVE မှ ဆုမွန်ကောင်းတောင်းပေးပါရစေ ခင်ဗျာ။ 🌾🇲🇲

***********************************************************************
Design, Quality, Functionality အားလုံးကို သေသပ်စွာ ပေါင်းစပ်ထားတဲ့ အဆောက်အဦး Design နှင့် Living Space များကို ဖန်တီးလိုပါက HIVE နဲ့ ဆက်သွယ်လိုက်ပါ။

📞 Contact Us for More Info
📧 Email: [email protected]
📱 Mobile: 09770870680, 09760771751, 09444006570

#တောင်သူလယ်သမားနေ့

Hello Page လေးကနေ Post မတင်ဖြစ်တာ ကြာသွားတယ်နော်။ ☺️ဒီနေ့တော့ Admin အနေနဲ့ Architecture မှာ အလွန်အရေးကြီးတဲ့ Color Theor...
12/02/2026

Hello Page လေးကနေ Post မတင်ဖြစ်တာ ကြာသွားတယ်နော်။ ☺️
ဒီနေ့တော့ Admin အနေနဲ့ Architecture မှာ အလွန်အရေးကြီးတဲ့ Color Theory အကြောင်းကို မျှဝေပေးချင်ပါတယ်။ ဒီ post လေးမှာ Color Theory ကို Architecture နဲ့ ချိတ်ဆက်, အသုံးချပြီး Design type အလိုက် အရောင်ရွေးချယ်မှုတွေကို ရိုးရှင်းပြီး နားလည်လွယ်အောင် ပြောပြပေးသွားပါမယ်။🌿

အရောင်ဟာ အဆောက်အဦးဒီဇိုင်းကို အလှဆင်ဖို့အတွက်သာ မဟုတ်ဘဲ၊ space တစ်ခုကို ဘယ်လိုခံစားမလဲ၊ ဘယ်လိုနေထိုင်မလဲဆိုတဲ့ Mood ကို ပုံဖော်ပေးနိုင်တဲ့ အဓိက design element တစ်ခုပါ။ ‼️

🔴🔵🟡 အရောင်ရဲ့ အခြေခံအရောင်သုံးခုကတော့ အနီရောင်၊ အပြာရောင်၊ အဝါရောင် တို့ဖြစ်ပြီး အဲ့ဒီ အရောင်သုံးခုကို လိုအပ်သလို ပေါင်းစပ်ခြင်းဖြင့် ကျွန်မတို့လက်ရှိအသုံးပြုနေတဲ့အခြားသော အရောင်များကို ဖန်တီးနိုင်ပါတယ်။

အဆောက်အဦးဒီဇိုင်းတွေအတွက် အရောင်ရွေးချယ်မှုမှာ အဓိကစဉ်းစားရမယ့်အချက်တွေကတော့………..
📌 Light & Darkness
အရောင်တွေမှာ အလင်းဘက်သွားတဲ့အရောင်နဲ့ အမှောင်ဘက်သွားတဲ့အရောင်တွေဆိုပြီးရှိကြပါတယ်။ အလင်းနှင့် အမှောင်တို့ဟာ space ရဲ့ ambiance (vibe) ကို သက်ရောက်စေတယ်။ ဥပမာပြောရရင် ဘာမှမမြင်ရတဲ့ အမှောင်ခန်းထဲသွားရင် ကြောက်သလို လန့်သလို ဖြစ်စေတာမျိုးပေါ့ ။

📌 Intensity
အရောင်ရဲ့အပြင်းအပျော့ကလဲ space ရဲ့ mood နှင့် feeling ကို အလွန်အရေးကြီးစွာ ပြောင်းလဲနိုင်တဲ့ အရာပါ!
ဥပမာအားဖြင့်၊ ဧည့်ခန်း ထဲမှာ လိမ္မော်ရောင်တောက်တောက် နံရံတစ်ခုထားရင်၊ စိတ်လှုပ်ရှားဖို့ ကောင်းပြီး၊ Social Gathering တွေအတွက် သင့်တော်တဲ့ atmosphere တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ အိပ်ခန်းကို Cream Color ဖျော့ဖျော့လေး သုတ်ထားတယ်ဆိုရင် အနားယူခြင်း နှင့် အိပ်စက်ခြင်း အတွက် အေးချမ်းတဲ့ space တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။

📌 Texture
အရောင် နဲ့ မျက်နှာပြင် အချော၊ အကြမ်းစတဲ့ texture တွေဟာ တစ်ခါတလေ စပ်ဆက်လျက်ရှိကြပြီး၊ space design အတွက် ကွဲပြားတဲ့ feeling ကို ဖန်တီးနိုင်ပါတယ်။

****************************************************************************
🎨 Design Process တွင် အရောင်အသုံးချမှု
Design Process မှာ color-coded diagrams, zoning plans တို့ကို အသုံးပြုပြီး space တွေရဲ့ function, movement, hierarchy တွေကို ခွဲခြားကြပါတယ်။ အရောင်ဟာ space ရဲ့ function (လုပ်ဆောင်မှု) ကို ပိုပြီးရှင်းလင်းစွာ ဖော်ပြပေးတဲ့ tool တစ်ခုအဖြစ်လဲ အသုံးပြုကြပါတယ်။

****************************************************************************
✅ အဆောက်အဦးအမျိုးအစားအလိုက် အရောင်ရွေးချယ်ခြင်း
အရောင်ရွေးချယ်မှုဟာ အဆောက်အဦးရဲ့ Identity ကို ဖော်ပြတဲ့ အဓိကအချက်ဖြစ်ပါတယ်။

🏠 လူနေအိမ် Design (Residential Design)
လူနေအိမ်အတွက် အဓိကလိုအပ်ချက်ကတော့ comfort (သက်သာခြင်း) နှင့် peaceful (ငြိမ်းချမ်းခြင်း) ဖြစ်ပါတယ်။ Neutral tones တွေဖြစ်တဲ့ အဖြူ၊ အနက်၊ အညို၊ ခရင်မ် စတဲ့ အရောင်တွေနဲ့ Natural lighting (သဘာဝအလင်းရောင်) တွေကို အသုံးပြုပြီး နေထိုင်ရန်နှင့် အနားယူရန် နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ပါတယ်။

🏦 စီးပွါးရေးဆိုင်ရာDesign (Commercial Design)
စီးပွါးရေးဆိုင်ရာအဆောက်အဦးတွေမှာ အရောင်ကို brand image မြင်သာစေပြီး မှတ်မိရလွယ်အောင် ဦးစားပေးရွေးချယ်ကြပါတယ်။ ကိုယ့် Brand Image ကို Bold ဖြစ်မလား၊ Clean & Professional ဖြစ်မလားဆိုတာ အရောင်ရဲ့ရွေးချယ်မှုအပေါ်မူတည်ပါတယ်။ ဥပမာအားဖြင့် Technology Companies တွေရဲ့ Designကို အပြာရင့်ရောင် သို့မဟုတ် အဝါရောင်တောက်တောက်တွေ အသုံးပြုကြပါတယ်။ Consultant Firm (အကြံပေးခြင်းလုပ်ငန်း) တွေမှာ နက်ပြာရောင် သို့မဟုတ် ခဲရောင်တွေ သုံးခြင်းက လူကြီးမင်းတို့ရဲ့ Brand ကို ယုံကြည်စရာကောင်းပြီး Professional ဆန်စေပါတယ်။

🏢 ရုံးအဆောက်အဦး (Office Design)
ရုံးဒီဇိုင်းမှာတော့ color concept ဟာ productivity နဲ့ well-being ကို အထောက်အကူပြုတဲ့ အရောင်တွေအသုံးပြုကြပါတယ်။ Neutral tones အဖြူ၊ အနက် စသည်တို့နဲ့ Accent colors တွေဖြစ်တဲ့ ခဲရောင်၊ အညိုရောင်၊ Olive Green ၊ Deep Ocean စတဲ့အရောင်များကိုအသုံးပြုခြင်းဟာလဲ ဝန်ထမ်းတွေရဲ့ ပင်ပန်းမှုကို လျော့နည်းစေပြီး Productivity နဲ့ well-being ကို အထောက်အကူပြုစေပါတယ်။

Architecture မှာ Color (အရောင်)၊ Texture (မျက်နှာပြင်အနေအထား)၊ Form (ပုံသဏ္ဍန်)၊ Light (အလင်းရောင်) စသည်ဖြင့် အရာအားလုံးဟာ တပြိုင်နက်ပေါင်းစပ်မှ အဆောက်အဦးဟာ အသက်ဝင်လာပါတယ်။ Color is not decoration. Color is architecture ‼️

ဒီ Post လေးကို ဖတ်ကြည့်ပြီး လူကြီးမင်းတို့ရဲ့ Space ကို အရောင်တွေနဲ့ ဘယ်လိုအသက်
သွင်းလို့ရမလဲဆိုတာ HIVE နဲ့ အတူတူ စဉ်းစားကြရအောင်ပါ။ 🤝😊🤝




Address

Yangon

Website

Alerts

Be the first to know and let us send you an email when HIVE - Design • BIM • Built posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share