29/08/2026
သီတင်းကျွတ်မှာ အိမ်စဆောက်မယ်ဆိုရင် အခုကတည်းက ဘာတွေပြင်ဆင်ထားသင့်လဲ? 🏗️🏡
အိမ်တစ်လုံး ခိုင်ခံ့လုံခြုံဖို့ Construction စတဲ့နေ့မတိုင်ခင် Pre-Construction Stage ကို စနစ်တကျ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။
🔹 Soil Investigation / Soil Test
မြေအောက်လွှာအခြေအနေ၊ မြေသားရဲ့ ခံနိုင်ရည်နဲ့ လိုအပ်တဲ့ Geotechnical Data တွေကို သိရှိနိုင်ပြီး သင့်တော်တဲ့ Foundation System ရွေးချယ်ရာမှာ အခြေခံအချက်အလက်အဖြစ် အသုံးပြုပါတယ်။
🔹 Architectural Design
မြေအကျယ်အဝန်း၊ အသုံးပြုမယ့် Space၊ အလင်းရောင်၊ လေဝင်လေထွက်နဲ့ အိမ်ရှင်ရဲ့လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားပြီး Floor Plan နဲ့ Building Layout ကို စနစ်တကျ ရေးဆွဲပါတယ်။
🔹 Structural Design
Architectural Plan နဲ့ Soil Test Result ကို အခြေခံပြီး Building Load တွေကို တွက်ချက်ကာ Foundation, Column, Beam နဲ့ Slab စတဲ့ Structural Members တွေကို လုံခြုံမှုရှိအောင် Design ပြုလုပ်ပါတယ်။
🔹 YCDC Permit
သက်ဆိုင်ရာ Building Rules & Regulations တွေနဲ့ ကိုက်ညီအောင် လိုအပ်တဲ့ Drawing နဲ့ Documents တွေ ပြင်ဆင်ပြီး ဆောက်လုပ်ခွင့် လျှောက်ထားရပါတယ်။
ဒါကြောင့် ဝါလကင်းလွတ် သီတင်းကျွတ်ကာလမှာ Construction စတင်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် အခုအချိန်ကတည်းက Soil Test → Design → Permit လုပ်ငန်းစဉ်တွေကို စတင်ပြင်ဆင်ထားသင့်ပါတယ်။
ခိုင်ခံ့တဲ့အိမ်တစ်လုံးဟာ Foundation ကနေစတယ်။
မှန်ကန်တဲ့ Foundation ကတော့ မှန်ကန်တဲ့ Engineering Data ကနေ စတင်ပါတယ်။ အိမ်တစ်လုံးရဲ့ အရည်အသွေးက ဆောက်လုပ်တဲ့နေ့မှ စတာမဟုတ်ပါဘူး။
စနစ်တကျ ကြိုတင်ပြင်ဆင်တဲ့နေ့ကတည်းက စတင်ပါတယ်။
Glorious Sunshine Construction, Design & Deco'
☎️09796769841, 09793537078, 09778077281
[For Marketing Call - 09941588248]
🏢Room 201, A 1, Yadanar Housing, Yadanar Road, South Okkalapa Township.