15/09/2026
🏠 အိမ်သစ်ဆောက်တာပဲဖြစ်ဖြစ် အိမ်ဟောင်းပြန်ပြင်တာပဲဖြစ်ဖြစ် ကြမ်းခင်းရွေးရတာ ခေါင်းအရှုပ်ဆုံးပါပဲ။ ရွေးချယ်စရာတွေကများ တစ်ခုချင်းစီမှာလည်း အားနည်းချက်တွေက ရှိနေပြန်တော့ ဘယ်ဟာရွေးရမှန်းမသိ ဖြစ်နေတာ မဆန်းပါဘူး။
❌ ကြွေပြားခင်းမလား? ရေစိုရင် ချော်လဲမှာကြောက်ရသလိုဆောင်းတွင်းဆို အေးစက်စက်ဖြစ်နေတတ်တယ်။
❌ ပါကေးခင်းမလား? ကြည့်လို့လှပေမယ့် ခြစားမှာနဲ့ ရေစိုပြီးဖောင်းကြွလာမှာကို အမြဲပူပန်နေရတယ်။
✅ ဒီပြဿနာအားလုံးအတွက် အဖြေကတစ်ခုတည်းရှိပါတယ်။ အဲဒါကတော့ "Vinyl Floor" ပါပဲ။
ဘာကြောင့် Vinyl Floor (PVC & Rubber Base) က သင့်အိမ်အတွက် အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်ရတာလဲ။ အဖြေက ရှင်းပါတယ်။
💧 ၁၀၀% ရေစိုခံတယ်။
PVC အသားဖြစ်လို့ ရေဖိတ်ကျတာ ကြမ်းတိုက်တာလောက်ကတော့ အေးဆေးပါ။ ရေစိုလို့ ဖောင်းကြွလာတာမျိုး လုံးဝမရှိပါဘူး။ ကြမ်းခင်းရေစိုနေလို့ ချော်လဲမှာကိုလည်း လုံး၀စိတ်ပူစရာမလိုပါ။
🐜 ခြ လုံးဝမစားဘူး။
ခြဆိုတာ သစ်သားမှာပါတဲ့ Cellulose ဓာတ်ကိုပဲ စားသုံးတာပါ။ Vinylမှာတော့ ခြတွေအကြိုက်တွေ့စေမယ့် သစ်သားဓာတ် လုံးဝမပါဝင်ဘဲ PVCနဲ့ရာဘာဒြပ်ပေါင်းတွေပဲ ဖြစ်တာကြောင့် ခြလုံးဝမစားနိုင်သလို ခြခိုအောင်းဖို့လည်းနေရာမရှိပါဘူး။ ခြအန္တရာယ်ကို ထာဝရ မေ့ထားလိုက်လို့ရပါပြီ။
👠လမ်းလျှောက်တဲ့ခါ အသံမဆူညံဘူး။
ရာဘာကိုအခြေခံထုတ်လုပ်ထားလို့ လမ်းလျှောက်တဲ့အခါ ဆူညံတဲ့အသံများကို သိသိသာသာလျှော့ချပေးမှာပါ။
💰 ကုန်ကျစရိတ်သက်သာတယ်။
သစ်သားကြမ်းခင်းတွေနဲ့ ယှဉ်ရင် ဈေးနှုန်းအများကြီး သက်သာသလို တပ်ဆင်ရတာမြန်ဆန်ပြီး ထိန်းသိမ်းရလည်း လွယ်ကူပါတယ်။
🏠အိမ်ဆိုတာ စိတ်အေးချမ်းသက်သာစွာနေထိုင်လို့ရတဲ့ နားခိုရာမျိုးဖြစ်သင့်ပါတယ်။
ဒါကြောင့် လူကြီးမင်းတို့ အိမ်ရဲ့အလှကိုလည်းမပျက် ရေရှည်အတွက်လည်း စိတ်ချရတဲ့ Vinyl Floor ကိုရွေးချယ်လိုက်ဖို့ အကြံပြုလိုက်ပါတယ်နော် ✨
☎ Showroom
09 96400 6070
09 79700 6070
☎ Marketing Department
09 79700 6071
09 79700 6072
🏢 Showroom Address
အမှတ် ၃၁၂/၃၁၈ အနော်ရထာလမ်းမပေါ်၊လမ်းမတော် (၃)လမ်းနှင့်(၄)လမ်းကြား(KBZ Bank နှင့် Uncle Tetsu Cake ဆိုင်ကြား)၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့။
Co;ltd.