01/08/2016
Building တစ်ခုမှာ Access Control System Design ဘယ်လိုစဉ်းစားမလဲ
ဒီတခါ Share လုပ်လိုတာကတော့ Building တစ်ခုမှာ Access Control System တစ်ခုအတွက်ဘယ်လိုစဉ်းစားမလဲ ဆိုတာပဲဖြစ်ပါတယ်။
နိုင်ငံတကာမှ Construction Project များ ၀င်ရောက်လာခဲ့ ရင် Access control System ဟာ မပါမဖြစ် အရေးကြီးလာပါလိမ့်မယ်။ အခု Post ဟာ
Client , Consultant , Main Contractor, Sub Contractor များနဲ့ ၀ါသနာရှင်တွေအားလုံးအတွက်ရည်ရွယ်ပါတယ်။ ပထမဆုံးစဉ်းစားရမှာက Building type ပါ။ Shopping Center. University, Hospital, Hotel, Residence, Factory, စတာတွေကိုမူတည်ပြီးစဉ်းစားပါမယ်။
ယခု အစမ်းအနေနဲ့ ပထမလေးထပ်လောက်ကို Shopping Center ကျန်တဲ့ လေးထပ်လောက်ကို Company Office များအတွက်နဲ့ ကျန်ရှိတဲ့ အထပ်များအားလုံးကို Residence များအဖြစ်စဉ်းစားပြီး Design လုပ်ကြည့်ပါမယ်။
အဆောက်အအုံထဲကို ၀င်လာနိုင်သူ သုံးမျိုးရှိပါမယ်။
1. Company Office Staff
2. Residence နေထိုင်သူများ
3. Shopping Center သို့ လာရောက်သူ Visitor များ
ဝင်လာနိုင်မယ့်ပုံစံ နှစ်မျိုးရှိပါမယ်။
1. Car ဖြင့်ဝင်လာခြင်း
2. လမ်းလျှောက်ဝင်လာခြင်း
Design Consideration
1. Car Parking System
1.1. For Visitors ( Manual ticketing or Auto ticketing )
Shopping Center ကိုလာရောက်လည်ပါတ်သူများအတွက် Car Parking Card ကို Security Guard က နေ ကိုယ်တိုင်ပေးမလား စက်နဲ့ပေးမလား
Parking Fee ကောက်မှာလား စဉ်းစားခြင်း
1.2. For Company Staff and Residence ( Barrier Gate will be opened by Long Range Reader or Short Range Reader )
Company ၀န်ထမ်းတွေနဲ့ အမြဲနေထိုင်သူများအတွက် Car Parking Card ကိုပေးထားပြီး Car ၀င်လာတာနဲ့ Automatic Barrier Gate ပွင့်စေခြင်း
2. Turnstile Access Control System
Company Office Staff များနဲ့ Residence နေထိုင်သူများအတွက် Card တစ်ခုပေးထားပြီး အဲဒီ Card နဲ့မှ Turnstile ကပွင့်သွားပါမယ်။
3. Elevator Access Control System
မိမိ Company သို့မဟုတ် မိမိ နေထိုင်ရာ အခန်း ရှိတဲ့ အလွှာကို သာ ဓါတ်လှေကားနံပါတ်နှိပ်လို့ရပြီး ကျန်တဲ့အလွှာများကို အလွယ်တကူမသွားနိုင်အောင်စီမံထားသောစနစ်တစ်ခုပါ။
4. Visitor Management System
Company Office ကို လာရောက်သူ သို့မဟုတ် Residence ကိုလာရောက်သူ Visitors များအတွက် Reception မှာ Register လုပ်ပြီး Visitor Card ထုတ်ပေးလိုက်ပါတယ်။ အဲဒီ Visitor Card နဲ့ သွားနိုင်တဲ့အလွှာ သွားနိုင်တဲ့ အခန်းတွေကို သတ်မှတ်ပေးပြီး Visitor ကို Monitor လုပ်တဲ့စနစ်ပါ။
5. Access Control System for Company Office and Non-Residence
Company Office တွေမှာသုံးတဲ့ Access Control System မှာကတော့ သုံးမယ့် Company ရဲ့ တံခါး Type နဲ့ Requirement ကိုမူတည်ပါမယ်။
Glass Door ( Swing or Slide ), Wooden Door , Metal Door ကိုမူတည်ပြီး Lock type ကို ရွေးချယ်ရမှာပါ။ Office Access Control System ဖြစ်တဲ့အတွက် Computer နဲ့ ချိတ်ဆက်နိုင်တဲ့ System ဖြစ်ရပါမယ်။ Time attendance အတွက်ပါ သုံးနိုင်ရပါမယ်။ Finger , Face , Pin or Card နဲ့ ၀င်နိုင် တဲ့ Reader ဖြစ်ရပါမယ်။
6. Access Control System for Residence
Residence တွေမှာသုံးတဲ့ Access Control System ကတော့ ဘယ်သူနဲ့မှချိတ်ဆက်စရာမလိုပါ။ Privacy အတွက်ပါ။ Standalone type ကအကောင်းဆုံးပါပဲ။ Card ၃၀ လောက်ထိကို Register တစ်ခါပဲလုပ်လို့ရပြီး နောက်တစ်ခါ ထပ်လုပ်တာနဲ့ ပြီးခဲ့တဲ့ Card တွေပါ ဖျက်ပြီးသားဖြစ်သွားပါမယ်။ Card ကို Computer နဲ့ ချိတ်ဆက်စရာမလိုပဲ မိမိ Pin number နဲ့ပဲ အလွယ်တကူ Register လုပ်လို့ရနိုင်မယ့် စနစ်ဖြစ်ရပါမယ်။
ဒီစနစ်တွေအားလုံးကိုတပ်ဆင်တဲ့အခါမှာလဲ Card တစ်ခုတည်းနဲ့ အားလုံးအတွက်သုံးမှာလား။ ဒါမှမဟုတ် Car Parking System အတွက် Parking Card နဲ့ Access Card ကို ခွဲမှာလားဆိုတာတွေပါစဉ်းစားရမှာပါ။ အများစုကတော့ Car Parking Card ကို Car ထဲမှာပဲအမြဲ ထားပြီး Access Card ကိုသာ All in one အတွက်သုံးပါတယ်
ဘယ်လိုပဲဖြစ်ဖြစ် ဒီစနစ်တွေကို သုံးတဲ့အခါ ဘယ် Card Type ကိုသုံးမှာလဲဆိုတာအရေးကြီးဆုံးပါ။ Access Card Type နဲ့ System တွေကတော့ အမျိုးမျိုး ရှိပါတယ်။ Reader တွေနဲ့ အဆင်ပြေတဲ့ Card Type တွေပဲသုံးရတာများပါတယ်။ဈေးကွက်ထဲမှာ အများဆုံး အသုံးများတဲ့ Card Type နဲ့ Access Reader တွေကတော့
1. RFID Card ( 125kHz ) ( For Access Control Reader )
2. Mifare Card ( 13.56MHz ) ( For Access Control Reader )
3. UHF Card ( Ultra High Frequency Card) ( For Car Park Long Range Reader )
ဒါကြောင့် မိမိတပ်ဆင်ထားတဲ့ Access Reader ရဲ့ Frequency က ဘယ် Card type နဲ့ အဆင်ပြေလဲဆိုတာအရေးကြီးပါမယ်။ Building တစ်ခုထဲမှာ Access Reader type မတူတာတွေ တပ်ဆင်မိသွားရင် User တစ်ယောက်ဟာ ဒီ Building ကို Card အများကြီးကိုင်ပြီးဝင်ရတဲ့ အခက်အခဲတွေဖြစ်သွားနိုင်ပါတယ်။
အသေးစိတ်ကို အောက်ပါအတိုင်းဆက်သွယ်နိုင်ပါတယ်။
Phone : 09450032113
email : [email protected]
[email protected]
website : www.mtechengineer.com