Solar Arrman

Solar Arrman Solar / Inverter / Battery Sale & Installation

နှစ်ဟောင်းမှာ ကိုယ့်အိမ်၊ လုပ်ငန်းရဲ့လျှပ်စစ်စွမ်းအင်မလုံလောက်မှုကြောင့် သောကပင်လယ်ဝေခဲ့ရတဲ့ မိတ်ဆွေတွေအတွက် TW Bifacial...
21/01/2026

နှစ်ဟောင်းမှာ ကိုယ့်အိမ်၊ လုပ်ငန်းရဲ့လျှပ်စစ်စွမ်းအင်မလုံလောက်မှုကြောင့် သောကပင်လယ်ဝေခဲ့ရတဲ့ မိတ်ဆွေတွေအတွက် TW Bifacial Module Solar လာပါပြီနော်……💁‍♀️☀️
မိတ်ဆွေတို့နေအိမ်ကို အချိန်တိုင်းမှာလျှပ်စစ်စွမ်းအင်ပြည့်ဝနေစေဖို့အတွက် အကောင်းဆုံးသော ဝန်ဆောင်မှုတွေကို ပေးမယ့် TW solar. အရည်အသွေးပိုင်း နည်းပညာပိုင်းလည်း ယုံကြည်စိတ်ချရဆုံး ဖြစ်တဲ့အပြင် အာမခံလည်း (၁၂) နှစ် ပါဝင်တာဖြစ်တဲ့အတွက် လုပ်ငန်းသုံးအတွက်လား? အိမ်သုံးအတွက်လား? စိတ်ချလက်ချတပ်ဆင်အသုံးပြုနိုင်ပါတယ်ရှင့်။…✨💪



Solar Arrman ရဲ့ ရောင်းချသမျှကို တပ်ဆင်ပေးနေတဲ့ KSLM Engineering Co.,Ltd ရဲ့ ၁၀နှစ်ပြည့်ပွဲ အမှတ်တရပုံလေးတွေ ဖြစ်ပါတယ်။
30/11/2025

Solar Arrman ရဲ့ ရောင်းချသမျှကို တပ်ဆင်ပေးနေတဲ့ KSLM Engineering Co.,Ltd ရဲ့ ၁၀နှစ်ပြည့်ပွဲ အမှတ်တရပုံလေးတွေ ဖြစ်ပါတယ်။

ဆိုလာအင်ဗာတာ  ( အပိုင်း ၂ )ဆိုလာအင်ဗာတာ တွေက ဘာတွေလုပ်ပေးသလဲ အထက်ပါဖော်ပြထားသည်အတိုင်း PV အင်ဗာတာများကိုဆိုလာစွမ်းအင်စနစ...
07/06/2025

ဆိုလာအင်ဗာတာ ( အပိုင်း ၂ )

ဆိုလာအင်ဗာတာ တွေက ဘာတွေလုပ်ပေးသလဲ

အထက်ပါဖော်ပြထားသည်အတိုင်း PV အင်ဗာတာများကိုဆိုလာစွမ်းအင်စနစ် တစ်ခုလုံး၏ဦး‌‌‌နှောက်များလို့ယူဆထားကြသည်။ အင်ဗာတာများပါဝင်ဆောင်ရွက်ခြင်းမရှိပါက စနစ်တစ်ခုလုံးကောင်းစွာအလုပ်မလုပ်နိုင်ဟုဆိုလိုခြင်းဖြစ်သည်။အောက်တွင်ဆက်လက်ဖော်ပြမည်အကြောင်းအရာများသည်ဆိုလာအင်ဗာတာတို့၏မရှိမဖြစ်အ‌ရေးပါလှသောတာဝန်နှင့်ဝတ္တရား တို့အကြောင်းဖြစ်ပေသည်။
၁။ DC မှ AC သို့ပြောင်းပေးခြင်း။

DC မှ AC သို့ပြောင်းပေးခြင်းသည် ဆိုလာအင်ဗာတာ၏ အခြေခံလုပ်ဆောင်ချက်တစ်ခုဖြစ်၏။ ထိုလုပ်ဆောင်ချက်က လူနေအိမ်များနှင့် လုပ်ငန်းသုံးအဆောက်အအုံများအတွက်လိုအပ်သော လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာတွင်ကူညီပေးရန်ဖြစ်သည်။

၂။ လျှပ်စစ်စွမ်းအင်ကိုအများဆုံးထွက်ရှိအောင်ဆောင်ရွက်ပေးခြင်း။

ဆိုလာအင်ဗာတာတို့သည် ဆိုလာပြားတစ်ချပ်စီကထွက်ရှိလာသောအများဆုံးဗို့အားကိုသိရှိနိုင်ရန် ဆိုလာပြားအစုအဝေး ( Solar Array )တစ်ခုလုံးကထွက်ရှိသောဗို့အားကိုအဆက်မပြတ်စောင့်ကြည့်နေပေးသည်။ ဘေးပတ်ဝန်းကျင်အခြေအနေတစ်ခုကြောင့်ဆိုလာပြားပေါ်အရိပ်ကျခြင်းဖြစ်‌ပေါ်လာပါက အင်ဗာတာတို့သည် ဆိုလာပြားအစုအဝေးတစ်ခုလုံး၏ ထွက်ရှိလာသောအမြင့်ဆုံးဗို့အားတွင်ပြသနာတစ်စုံတစ်ရာဖြစ်နေသည်ဆိုသည်ကိုချက်ချင်းသိနိုင်ပြီးထိုမှတဆင့်ထွက်ရှိသောဆိုလာစွမ်းအင်ထုတ်လွှတ်မှုပမာဏကိုလည်းလျှော့ချပေးသည်။

၃. လျှပ်စစ်ဓါတ်အားကွန်ရက်ဖြင့်ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း

အသစ်ထွက်ရှိလာသောနည်းပညာမြင့်အင်ဗာတာတို့တွင် လျှပ်စစ်ဓါတ်အားကွန်ရက် ( Grid )ကိုကူညီထောက်ပံပေးနိုင်ဖို့အတွက်လုပ်ဆောင်ချက်တစ်ခုအနေဖြင့် ကွန်ရက်ဖြင့်ဆက်သွယ်‌ဆောင်ရွက်နိုင်ရန် one way communication ( တစ်ဘက်ကသာပြောဆိုဆက်သွယ်လို့ရသောဆက်သွယ်ရေး ) မှ Two way communication (အပြန်အလှန်ဆက်သွယ်ပြောဆိုနိုင်သောဆက်သွယ်ရေး) သို့အဆင့်မြင့်တင်ထားသည်။ အဆင့်မြင့်ထိန်းချုပ်ဆော့ဝဲလ် များအတွက်လိုအပ်သော အချက်အလက်ဖြစ်သည် ဗို့အား၊ ကြိမ်နှုန်း၊ ထိန်းချုပ်ခြင်းနှင့်ဆက်သွယ်ခြင်း စသည်တို့နှင့်စပ်လျဥ်း၍ ကွန်ရက်ကိုထောက်ပံ့ကူညီပေးနိုင်သောလုပ်ဆောင်ချက်တို့ကို smart inverter တို့ကဆောင်ရွက်ပေးနိုင်သည်။
လျှပ်စစ်ကွန်ရက်ကိုထောက်ပံ့ပေးနိုင်သောလုပ်ဆောင်ချက်များထဲမှတစ်ခုက တော့ ဗို့အားအတက်အကျအ‌ပြောင်းအလဲအခြေအနေတွင်ကွန်ရက်ကိုကြံကြံခံကချိတ်ဆက်ထားနိုင်ခြင်းစွမ်းရည်ဖြစ်သည်။ဗို့အားအတက်အကျအပြောင်းအလဲဖြစ်ပေါ်လာပါက stand by mode အသင့်အနေအထားအခြေအနေသို့ပြောင်းလဲပေးပြီး ထိုကဲ့သို့ပြသနာဘယ်လောက်ကြာကြာဆက်လက်ဖြစ်ပွားနေမလဲဆိုတာကိုစောင့်ကြည့်နေသည်။ထိုကဲ့သို့ ပြသနာဆက်လက်ဖြစ်ပွားနေပါကအင်ဗာတာကို ‌အော်တိုပိတ်ချပစ်လိုက်သည်။

၄။ စွမ်းအင်ထုတ်လုပ်မှုပမာဏကိုအစီရင်ခံခြင်း။

ဆိုလာစွမ်းအင်တစ်ခုလုံး၏စွမ်းအင်ထုတ်လုပ်မှုပမာဏကို စောင့်ကြပ်ကြည့်ရှုဖို့ရာဆိုလာအင်ဗာတာတို့ကဆောင်ရွက်ပေးသည်။နောက်ဆုံးပေါ်နည်းပညာမြင့်အင်ဗာတာတို့တွင် ဆက်သွယ်ရေးစွမ်းဆောင်ရည်အနေဖြင့် ဝိုင်ဖိုင် , အီသာနက်ကေဘယ် နှင့် ဘလူးတုတို့မှတဆင့်ဆက်သွယ်ဆောင်ရွက်နိုင်ပြီး စနစ်အတွင်းဖြစ်ပေါ်နေသောပြသနာအချက်အလက်များ ၊ စွမ်းအင်ထုတ်လွတ်မှုကျဆင်းမှုများ နှင့် အပြစ်ရှာဖွေခြင်းတို့ကို အသုံးပြုသူတို့၏ ဖုန်း၊ကွန်ပျုတာတို့မှတဆင့်ကြည့်ရှုဆောင်ရွက်နိုင်သည်။

ဆက်လက်‌ဖော်ပြပါအုံးမည့်။

ဆိုလာအားမာန် Engineering Team

ဆိုလာအင်ဗာတာ  ( အပိုင်း ၁ )ဆိုလာအင်ဗာတာဆိုတာ ဘာလဲ ၊ ဘယ်လိုအလုပ်လုပ်သလဲPV အင်ဗာတာလိုလူသိများသော ဆိုလာအင်ဗာတာတို့သည်ဆိုလာစ...
01/06/2025

ဆိုလာအင်ဗာတာ ( အပိုင်း ၁ )

ဆိုလာအင်ဗာတာဆိုတာ ဘာလဲ ၊ ဘယ်လိုအလုပ်လုပ်သလဲ

PV အင်ဗာတာလိုလူသိများသော ဆိုလာအင်ဗာတာတို့သည်ဆိုလာစွမ်းအင်စနစ်တွင်အလွန်အရေးပါသောအခန်းကဏ္ဍ ကပါဝင်ဆောင်ရွက်ပေးသည်။ ဆိုလာအင်ဗာတာများကို စနစ်တစ်ခုလုံး၏ ဦး‌နှောက် လို့လည်းအများစုကတင်စားခေါ်ဝေါ်ကြသည်။ သူ၏အဓိကလုပ်ဆောင်ချက်မှာ တိုက်ရိုက် ( Direct Current ) လျှပ်စီး ကို ပြန်လှန်( Alternating Current ) လျှပ်စီးသို့ပြောင်းလဲပေးခြင်းဖြစ်ပေသည်။ တိုက်ရိုက် ( Direct Current ) ဆိုသည်မှာ လျှပ်စီးပတ်လမ်းတစ်ခု ( Circuit )အတွင်း Direction တစ်ခုတည်းကိုသာ စီးဆင်းပေးခြင်း ဖြင့် လျှပ်စစ်စွမ်းအင် ကိုပေးစွမ်းသောလျှပ်စစ်စွမ်းအားတစ်မျိုးဖြစ်သည်။ ဆိုလာအင်ဗာတာတွေဘယ်လိုအလုပ်လုပ်သလဲ ဘာတွေ လုပ်ပေးသလဲဆိုတာ ကိုအောက်ပါအတိုင်းဆက်လက်ဖော်ပြသွားပါမည်။

ဆိုလာအင်ဗာတာဆိုတာဘာလဲ ဘာကြောင့်အရေးပါသလဲ

ဆိုလာအင်ဗာတာတိုသည် ဆိုလာစနစ်တစ်ခုအတွင်းမရှိမဖြစ်အရေးပါသောအရာဝတ္တုများထဲမှာ တစ်ခုဖြစ်သည်။ဆိုလာပြားမှထွက်ရှိလာသောလျှပ်စစ်စွမ်းအင်ကိုလူနေအဆောက်အဦးများနှင့်စီးပွားဖြစ်အဆောက်အဦးများ တွင်အသုံးပြုနိုင်သောလျှပ်စစ်စွမ်းအင်အဖြစ်သို့အင်ဗာတာမှ ပြောင်းလဲပေးသည်။

ဆိုလာအင်ဗာတာတွေဘယ်လိုအလုပ်လုပ်ပေးသလဲ။

ဆိုလာပြားမှထွက်ရှိလာသော DC လျှပ်စီးကိုလက်ခံရယူပြီး AC 240 Volt သို့ပြောင်းလဲထုတ်ပေးသည်။အိမ်သုံးအီလက်ထရွန်နစ်ပစ္စည်းအများစုသည် AC လျှပ်စီးပေါ်တွင်အလုပ်လုပ်သည်။ DC လျှပ်စီးတွင်အလုပ်လုပ်လေ့မရှိပေ။
နည်းပညာသဘောတရားအားဖြင့်ဖော်ပြမည်ဆိုပါက နေ၏အလင်းရောင်သည် ဆိုလာပြားများပေါ်သို့ကျ‌ရောက်သည်။ ထိုဆိုလာပြားများဆိုသည်မှာ ခရစ္စတယ်လိုင်းစီလီကွန်ပါဝင်သောဆီမီးကွန်ဒက်တာအလွှာ တို့ဖြင့်ဒီဇိုင်းပြုလုပ်ထားသောအလင်းဗိုအားဆဲလ်တို့ဖြစ်သည်။ထိုအလွှာများကို positive layer နှင့် negative layer တို့ကို junction တစ်ခုကပေါင်းစပ်ထားသောအလွှာဖြစ်သည်။
၎င်းအလွှာတို့သည်နေ၏အလင်းရောင်ကိုစုပ်ယူပြီး ဆိုလာစွမ်းအင်ကို အလင်းဗိုအားဆဲလ်အဖြစ်သို့ပြောင်းလဲပေးသည်။ထိုစွမ်းအင်သည် အလုပ်လုပ်ပြီးအီလက်ထရွန်တို့အချင်းချင်းတိုက်မိက အီလက်ထရွန်ဆုံးရှူံးမှုဖြစ်ပေါ်စေသည်။ ထိုဆုံးရှူံးသွားသောအီလက်ထရွန်တို့သည် positive layer နှင့် negative layer ကြားရွှေ့ရှားသွားပြီး DC Current လို့ခေါ်သောလျှပ်စစ်စွမ်းအင်ကိုထုတ်လွတ်ပေးသည်။
ထိုစွမ်းအင်ကိုထုတ်လွှတ်ပေးပြီးနောက် အင်ဗာတာဆီသို့ပို့လွှတ်ပေးသည်။ သို့မဟုတ် ညပိုင်းတွင်လျှပ်စစ်စွမ်းအင်ကိုအသုံးပြုနိုင်ရန်အတွက်ဘက်ထရီတွင်သိုလှောင်သိမ်းဆည်းဖို့ရာပို့လွှတ်ပေးသည်။
ထွက်ရှိလာသောဆိုလာစွမ်းအင်ကို အင်ဗာတာသို့ပို့သောအခါ DC format အဖြစ်သာပို့လွှတ်ပေးသည်။သို့ပေမယ် သုံးစွဲသူ customer တို့က AC လျှပ်စီးသာလိုအပ်သောကြောင့် အင်ဗာတာမှ DC current ကိုလက်ခံရယူပြီး သူ၏စနစ်အတွင်းအလုပ်လုပ်ကာ AC လျှပ်စီးကို ထွက်ရှိလာအောင်ပြောင်းလဲပေးခြင်းဖြင့်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖော်ပြပါအုံးမည်။
ဆိုလာအားမာန် Engineering Team

ရေပေါ်ဆိုလာစွမ်းအင်စနစ်Floatovoltaics  လို့ တစ်ခါတရံခေါ်သော ရေပေါ်ဆိုလာစွမ်းအင်စနစ်သည် ရေပေါ်တွင် တပ်ဆင်ထားသောဆိုလာပြားအ...
12/04/2025

ရေပေါ်ဆိုလာစွမ်းအင်စနစ်
Floatovoltaics လို့ တစ်ခါတရံခေါ်သော ရေပေါ်ဆိုလာစွမ်းအင်စနစ်သည် ရေပေါ်တွင် တပ်ဆင်ထားသောဆိုလာပြားအစုအဝေးကိုခေါ်ပါသည်။ ဆိုလာပြားများတပ်ဆင်နိုင်သော structure ကိုထည်ပေါ်တွင် ရေပေါ်တွင်ပေါ်စေနိုင်သောပလပ်စတစ်ဘောရာ နှင့် ကေဘယ်ကြိုးများပါဝင်သည်။ထို ဆိုလာပြားများတပ်ဆင်ထားသောstructure ကိုရေထဲတွင်ထားပြီးလျှပ်စစ်ဓါတ်အားထုတ်ယူလေ့ရှိသည်။
တပ်ဆင်ထားရှိနိုင်သောရေကန်အမျိုးအစားများကတော့ရေလှောင်ကန်ကြီးများ၊ ဆည်တမံများ၊ စိုက်ပျိုး‌ရေးသုံးရေနုတ်မြောင်ကြီးများ ၊ရေနက်ကွင်းကြီးများ နှင့်စွန့်ပစ်မြေစာကန်ကြီးများတို့ဖြစ်ပေသည်။
ဤကဲ့သို့တပ်ဆင်အသုံးပြုနိုင်သော စနစ်က မြေပြင်ပေါ်တွင်တပ်ဆင်အသုံးပြုရသောဆိုလာစွမ်းအင်စနစ်ထက်များစွာအားသာချက်များရှိသည်။
မြေပြင်ပေါ်တွင်တပ်ဆင်အသုံးပြုရခြင်းကြောင့်မြေငှားခကုန်ကျစရိတ်ထက်ရေမျက်နှာပြင်ပေါ်တွင်တပ်ဆင်ရခြင်းကကုန်ကျငွေသက်သာစေသည်။ထိုအပြင်ရေပေါ်တွင်တပ်ဆင်အသုံးပြုရသော structure အတွက် စည်းမျဥ်းနှင့်လုပ်ထုံးလုပ်နည်းမှာလည်း ပို၍နည်းပါးပေသည်။
ကန်ထဲရှိရေက ဆိုလာပြားများကိုအေးမြစေသောကြောင့် ကုန်းပေါ်တွင်တပ်ဆင်အသုံးပြုသောဆိုလာစွမ်းအင်ထက်ရေပေါ်တွင်တပ်ဆင်အသုံးပြုသောဆိုလာစွမ်းအင်ကစွမ်းဆောင်ရည်မြင့်မားစွာထုတ်လွှတ်ပေးနိုင်သည်။ထိုဆိုလာပြားများတွင်သံချေးတက်ခြင်းကိုကာကွယ်ပေးနိုင်ရန်အထူးထုတ်လုပ်ထားဆေးသားတစ်မျိုးသုတ်လိမ်းထားသည်။
ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာစျေးကွက်သည် ၂၀၁၆ ကတည်းကလျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့သည်။၂၀၀၇ခုနှစ်နှင့် ၂၀၁၃ ကြားတွင် စွမ်းအင်ထုတ်လုပ်မှုအနည်းဆုံး KWP နှင့် ပထမဆုံး plant အခု ၂၀ ကို တည်ဆောက်ခဲ့ကြသည်။တပ်ဆင်နိုင်သောဆိုလာစွမ်းအင်ပမာဏမှာ ၂၀၂၀ ခုနှစ်တွင် ၃ Giga Watt မှ ၂၀၂၂ ၁၃ Giga Watt အထိတိုးတက်တပ်ဆင်နိုင်လာခဲ့သည်။ ထိုတပ်ဆင်နိုင်မှုသည် မူလက ၂၀၂၅ တွင် အများဆုံး ၁၀ Giga Watt သာတပ်ဆင်နိုင်မည့်ဟုမျှော်မှန်းချက်ထက်များစွာသာလွန်ခဲ့သည်။ရေမျက်နှာပြင်၏ ၁၀ ရာခိုင်နှုန်းသာဆိုလာပြားများနှင့်တပ်ဆင်ဖုံးလွှမ်းနိုင်မည်ဆိုပါက Giga Watt ၄၀၀၀ ကျော်ရေပေါ်ဆိုလာတပ်ဆင်အသုံးပြုရန်သင့်တော်သော ရေလှောင်ကန် ၆၆၀၀ ကျော်ရှိသည်ဟုကမ္ဘာဘဏ်ကခန့်မှန်းထားခဲ့သည်။
ကမ္ဘာပေါ်တွင်အခြားသောတိုင်းပြည်နိုင်ငံများထက်အမေရိကန်နိုင်ငံ က ရေပေါ်ဆိုလာစွမ်းအင်စနစ်တပ်ဆင်အသုံးပြုနိုင်ခြေပိုများသည်။ ‌ဤကဲ့သိုဆိုလာစွမ်းအင်တပ်ဆင်အသုံးပြုရန်သင့်တော်သောရေကန်အမျိုးအစားများသည်အမေရိကန်နိုင်ငံတလွှားကောင်းစွာဖြန့်ကျက်တည်ရှိနေခြင်းကြောင့်လည်းဖြစ်သည်။ယေဘုယျအားဖြင့်အမေရိကန်နိုင်ငံ၏အရှေ့တောင်ဘက်နှင့်တောင်ဘက်တွင် ရေအမြောက်အများဆန့်ဝင်သောရေလှောင်ကန်မြောက်များစွာတည်ရှိသည်။
ဤစနစ်၏ကုန်ကျစရိတ်သည်မြေပြင်ပေါ်တွင်တပ်ဆင်အသုံးပြုရသောဆိုလာစွမ်းအင်စနစ်ထက် ၁၀-၂၅ % သာပိုမိုကုန်ကျနိုင်သည်။ အမျိုးသားပြည့်ဖြိုးမြဲစွမ်းအင်းဓါတ်ခွဲခန်းရှိသုတေသနပညာရှင်များ၏အဆိုအရ ဤကဲ့သို့ပိုမိုကုန်ကျရခြင်းမှာ ဆိုလာပြားများကို‌ရေပေါ်တွင်ခိုင်မြဲစေရန်အတွက် ချည်နှောင်ရသော ကျောက်ချစနစ် ( Anchoring system ) တပ်ဆင်ရန်လိုအပ်ခြင်းကြောင့်ဖြစ်ပေသည်။

22/03/2025

Battery Management System အပိုင်း ( ၂ )

ဆိုလာအသုံးပြုမှုစနစ်တွင် ဘက်ထရီစီမံခန့်ခွဲမှုစနစ်က ဘာတွေလုပ်ပေးလဲ။
ဆိုလာအသုံးပြုမှုစနစ်တွင် BMS အခန်းကဏ္ဍ ကိုနားလည်သဘောပေါက်စေရန်အသေးစိတ်လေ့လာကြည်ဖို့ကလည်းမရှိမဖြစ်အရေးပါပေသည်။

ဘက်ထရီပျက်စီးဆုံးရူံးမှူမှကာကွယ်ရန်လုပ်ဆောင်ချက်များ။

လျှပ်စစ်ဗို့အားအတက်အကျကိုကာကွယ်ပေးမှူ၊

BMS ကဘက်ထရီအတွင်းသို့သတ်မှတ်ထားသည်ဗို့အားထက်ကျော်လွန်ဝင်ရောက်မှုမရှိစေရန် နှင့်ဘက်ထရီပျက်စီးဆုံးရှုံးနိုင်ခြေရှိခြင်းမှကာကွယ်ပေးသည်။
လျှပ်စစ်စီးအားအနည်းအများကိုကာကွယ်ပေးမှူ
ဘက်ထရီကလိုအပ်သည်လျှပ်စစ်စီးအားပမာဏထက် ပိုမိုအားသွင်းမိခြင်း နှင့် ဘက်ထရီကပေးစွမ်းနိုင်သည်လျှပ်စစ်စီးအားပမာဏထက်ထုတ်ယူသုံးစွဲမိခြင်းအခြေအနေများမဖြစ်ပေါ်စေရန် BMS စောင့်ကြည့်ထိန်းချုပ်ပေးသည်။

Short Circuit Protection ( ပတ်လမ်းတိုအပြစ်ဖြစ်ခြင်းမှကာကွယ်ပေးခြင်း)
ပတ်လမ်းတိုအပြစ်ဖြစ်ခြင်း မှကာကွယ်ပေးခြင်းလုပ်ဆောင်ချက်သည် ဖြစ်နိုင်ခြေအလားအလာရှိသည်အန္တရာယ် များကိုကာကွယ်ပေးရာတွင်အသက်တမျှအရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။

ဘက်ထရီများကို ဟန်ချက်ထိန်းညှိခြင်း၊

ဘက်ထရီအစုအဝေးတစ်ခုလုံး၏စွမ်းဆောင်ရည် နှင့် လုပ်ဆောင်ချက်အားလုံးကောင်းမွန်နေစေရန် ဘက်ထရီတစ်ခုချင်းစီ၏ဗို့အားပမာဏ ကိုထိန်းညှိစီမံခန့်ခွဲပေးခြင်းနည်းဖြင့် ဘက်ထရီသက်တမ်းကိုဆွဲဆန့်ပေးပြီး ဘက်ထရီအစုအဝေးစနစ်တစ်ခုလုံး၏လုပ်ဆောင်ချက်ကိုအမြင့်ဆုံးအဆင့်ထိBMS ကဆွဲတင်ပေးသည်။

လျှပ်စစ်စွမ်းအင်သိုလောင်ခြင်းကိုစီမံခန့်ခွဲမှု၊

အသုံးပြုနေသောဘက်ထရီကိုလျှပ်စစ်ဓါတ်အားသွင်းဖို့လိုအပ်သည်မလိုအပ်သည်ကို BMS ကတိကျစွာဆုံးဖြတ်ပေးသည်။ ထိုအချက်အလက်သည်သုံးစွဲသူ customer များသိရှိနိုင်ဖို့လွန်စွာအရေးပါလှပေသည်။သို့မှသာမိမိတို့၏ ဘက်ထရီသည်သတ်မှတ်ထားသောအချိန်ကာလအတွင်းစွမ်းအင်မည်မျှကျန်သေးသည်ကိုသိရှိနိုင်ပြီးထိုမှတဆင့် ထိ‌ရောက်သောစွမ်းအင်စီမံခန့်ခွဲဖို့ရာ ဆုံးဖြတ်ချက်ကောင်းများချမှတ်နိုင်မှာဖြစ်ပါသည်။

အပူချိန်ကိုထိန်းညှိခြင်း၊

ဘက်ထရီဆဲလ်တစ်ခုချင်းစီ၏အပူချိန်ကိုစောင့်ကြည့်ခြင်းနှင့်ထိန်းညှိခြင်းကလည်း BMS ၏အရေးကြီးသောလုပ်ဆောင်ချက်ဖြစ်သည်။ ဘက်ထရီအပူလွန်ကဲခြင်းအခြေအနေကိုကာကွယ်‌ပေးခြင်းဖြင့် ဘက်ထရီပျက်စီးဆုံးရှံးနိုင်‌ခြေနှင့်အရည်အသွေးကျဆင်းခြင်းအခြေအနေကို ထိန်းသိမ်း‌စောင့်ရှောက်ပေးသည်။

ဘက်ထရီအပြစ်ဖြစ်နိုင်ခြေကိုကြိုတင်ထောက်လှမ်းခြင်းနှင့်ပြစ်ချက်ရှာဖွေခြင်း၊

ဘက်ထရီအပြစ်ဖြစ်ခြင်းနှင့်ပုံမှန်မဟုတ်သောအခြေအနေ ဖြစ်မဖြစ်ကိုBMS ကစဥ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရူနေသည်။ ပုံမှန်လုပ်ဆောင်ချက်မှသွေဖည်ခဲ့ပါက အပြစ်ဖြစ်နေသောနေရာတစ်ခုတည်းကိုဖယ်ထုတ်လိုက်ပြီး ကျန် စနစ်တစ်ခုလုံးအပြစ်ဖြစ်ခြင်းကိုကာကွယ်ပေးသည်။ ထပ်မံ၍ အပြစ်ရှာဖွေခြင်းပြုပြင်ထိန်းသိမ်းခြင်းကိုလွယ်ကူစေရန်အတွက် လိုအပ်သောအချက်အလက်များကို BMS ကထောက်ပံ့ပေးသည်။

အချက်အလက်မှတ်တမ်းတင်ခြင်းနှင့်သတင်းပို့ခြင်း၊

ဘက်ထရီ၏လုပ်ဆောင်ချက်အခြေအနေကို မှတ်တမ်းတင်သိမ်းဆည်းခြင်းဖြင့် အရေးကြီးသောအချက်အလက်များနှင့်ဖြစ်စဥ်များကိုမှတ်တမ်းတင်သိမ်းဆည်းပေးသည်။ဆိုလာစွမ်းအင်စနစ်ပိုမိုကောင်းမွန်လာစေရန် အတွက် မှတ်တမ်းတင်သိမ်းဆည်းထားသောအချက်အလက်များသည် လွန်စွာအရေးပါလှပေသည်။ထိုအချက်အလက်များကို အခြေခံ၍ရေရှည်အတွက်ဝေဖန်သုံးသပ်ခြင်း၊ဆိုလာစနစ်အတွင်းဖြစ်ပေါ်ခဲ့သောလျှပ်စစ်ဓါတ်အားသုံးစွဲမှူနှင့်ဆိုင်သောအချက်အလက်များကို ခွဲခြားစိတ်ဖြာနိုင်ခြင်း၊လိုအပ်သောဆုံဖြတ်ချက်များချမှတ်နိုင်ခြင်းတို့ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါအုံးမည်။

ဆိုလာအားမာန် Engineering Team

Battery Management System အမြဲတမ်းပြောင်းလဲတိုးတက်နေသော ဆိုလာစွမ်းအင်နည်းပညာစနစ်တွင် ဘက်ထရီစွမ်းဆောင်ရည်မြင့်မားစေရန် ၊ ...
15/03/2025

Battery Management System

အမြဲတမ်းပြောင်းလဲတိုးတက်နေသော ဆိုလာစွမ်းအင်နည်းပညာစနစ်တွင် ဘက်ထရီစွမ်းဆောင်ရည်မြင့်မားစေရန် ၊ သက်တမ်းရှည်ကြာစေရန်၊ ဘေးကင်းလုံခြုံမှူရှိစေရန်တို့အတွက် Battery Management System ( BMS ) လို့ခေါ်သော ဘက်ထရီစီမံခန့်ခွဲမှုစနစ်က မရှိမဖြစ်အခန်းကဏ္ဍကပါဝင်သည်။

BMS စနစ်ဆိုတာဘာလဲ

ပြန်လည်အားသွင်းအသုံးပြုနိုင်သော ဘက်ထရီများစုပေါင်းတပ်ဆင်ထားသည်ဘက်ထရီအစုအဝေးကို စောင့်ကြည့်ထိန်းချုပ်ကာကွယ်ထိန်းသိမ်းနိုင်ရန် အတွက်BMS သည်အသက်တမျှအရေးကြီးသောပစ္စည်းကိရိယာဖြစ်သည်။ဘက်ထရီသက်တမ်းကြာရှည်စေရန် နှင့် ဘက်ထရီစွမ်း‌ဆောင်ရည်တိုးမြင့်စေရန်အတွက် ဘက်ထရီအတွင်းမှာရှိသောဆဲလ်တစ်ခုခြင်းစီကို BMS ကတက်ကြွစွာစီမံခန့် ခွဲပေးသည်။
BMS ကိုဘက်ထရီအစုအဝေးအတွင်းထဲမှာတပ်ဆင်နိုင်သလို ပြင်ပမှာလည်းတပ်ဆင်အသုံးပြုနိုင်သည်။ ဘက်ထရီအတွင်းပိုင်းတွင်တပ်ဆင်အသုံးပြုသော BMS ကိုလူသုံးကုန်အီလက်ထရောနစ်ပစ္စည်းများတွင်တပ်ဆင်အသုံးပြုမှူများပြီး ဘက်ထရီပြင်ပတွင်တပ်ဆင်အသုံးပြုရသော BMS စနစ်ကို လျှပ်စစ်မော်တော်ယာဥ်များနှင့် လျှပ်စစ်စွမ်းအင်အမြောက်အမြားသိုလှောင်သိမ်းဆည်းသောစနစ်တို့တွင်တပ်ဆင်အသုံးပြုသည်ကိုတွေ့ရှိရသည်။ ထိုအမျိုးအစားနှစ်ခုစလုံးသည် ဘက်ထရီအပူချိန်လွန်ကဲခြင်း၊ လျှပ်စစ်ဓါတ်အားအလွန်အကျွန်ထုတ်ယူသုံးစွဲခြင်းမှကာကွယ်တားဆီးခြင်း၊ ဘက်ထရီကလိုအပ်သည်လျှပ်စစ်ဓါတ်အားပမာဏထက်ပိုမိုအားသွင်းမိခြင်း၊ ဘက်ထရီဆဲလ်များဟန်ချက်ညီအောင်ထိန်းညှိခြင်းတို့ ကိုကာကွယ်ဆောင်ရွက်ခြင်းဖြင့်ဘက်ထရီသက်တမ်းကြာရှည်အောင်ဆောင်ရွက်သောနေရာမှပါဝင်ထမ်းရွက်ပေးသည်။

BMS စနစ်ကိုဘာကြောင့်လိုအပ်တာလဲ

နေစဥ့်ပြောင်းလဲတိုးတက်နေသောဆိုလာစွမ်းအင်အသုံးချနည်းပညာနယ်ပယ်တွင် BMS က ပါဝင်ပစ္စည်းတစ်ခုစီကို ဟန်ချက်ညီထိန်းချုပ်ဆောင်ရွက်နိုင်ရန်အဓိကအရေးပါသော ပစ္စည်းကိရိယာတစ်ခုအဖြစ်ထွက်ပေါ်လာခဲ့သည်။ ဘက်ထရီ၏အခြေအနေကိုစောင့်ကြည်ပေးခြင်း၊ကာကွယ်တားဆီးပေးခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ပေးခြင်းဟုသောနယ်ပယ်တို့တွင် မည်ကာမတ္တဆောက်ရွက်ခြင်းအဆင့်ကိုကျော်လွန်၍နှိုက်နှိုက်ချွက်ချွက်ဆောင်ရွက်ခြင်းနည်းဖြင့်သူ၏တာဝန်ကိုထမ်းရွက်ပေးသည်။

ဘက်ထရီကိုကာကွယ်ပေးခြင်း

BMS ၏ပင်မတာဝန်သည် ဘက်ထရီပျက်စီးခြင်းမှကာကွယ်ပေးရန်ဖြစ်သည်။ ဘက်ထရီကိုသတ်မှတ်ထားသောဘောင်အတွင်းလုပ်ဆောင်နိုင်ရန် ကြီးကြပ်ကွက်ကဲပေးခြင်းဖြင့်လျှပ်စစ်ဓါတ်အားကိုလိုအပ်သည်ထက်ပို၍အားသွင်းမိခြင်း အခြေအနေနှင့် လျှပ်စစ်ဓါတ်အားအလွန်အကျွံထုတ်ယူသုံးစွဲခြင်းအခြေအနေမှကာကွယ်ပေးသည်။ အချိန်တစ်ခုအတွင်းဘက်ထရီစွမ်းဆောင်ရည်ထိန်းညှိပေးခြင်း၊ ဘက်ထရီသက်တမ်းကိုရှည်ကြာစေခြင်း၊တို့ကိုဆောင်ရွက်ရာတွင် ကာကွယ်ခြင်းယန္တရားသည်အသက်တမျှအရေးပါပေသည်။

ဘက်ထရီအခြေအနေကိုစောင့်ကြည့်ခြင်း

ဘက်ထရီတစ်လုံးအတွက်အ‌ရေးကြီးဆုံးသော အချက် ဖြစ်သည် လျှပ်စစ်ဗို့အား ၊ လျှပ်စစ်စီးအား နှင့် အပူချိန်တို့ကို BMS ကအဆက်မပြတ်စောင့်ကြပ်ကြည့်ရူနေသည်။ ပုံမှန်မဟုတ်သောအ‌ခြေအနေ တို့နှင့်တွေ့ကြုံလာပါက ကြိုတင်လက်ဦးမှူယူဆောင်ရွက်နိုင်ရန် သုံးစွဲသူ customer များကို ဘက်ထရီအခြေအနေနှင့်စပ်လျဥ်း၍ အချိန်နှင့်တပြေးညီအသိပေးလျက်ရှိသည်။ ဆိုလာစွမ်းအင်စနစ်နှင့်စပ်လျဥ်း၍ အရေးကြီးသောအချက်အလက်များကို သုံးစွဲသူ customer များထံသို့အချိန်မှီအသိပေးနိုင်ခြင်းဖြင့် မှန်ကန်သောဆုံးဖြတ်ချက်များချမှတ်နိုင်အောင် စွမ်းဆောင်ပေးသည်။

ဆိုလာစနစ်အတွင်းပါဝင်ပစ္စည်းများကြားဆက်သွယ်ဆောင်ရွက်ပေးခြင်း

ပါဝင်ပစ္စည်းအချင်းချင်းဆက်သွယ်နိုင်အောင်ဆောင်ရွက်ပေးခြင်းသည် BMS ၏ အရေးကြီးသောအခန်းကဏ္ဍတစ်ခုလည်းဖြစ်ပေသည်။ ဘက်ထရီ ၊ ဆိုလာပြားနှင့်အခြားပါဝင်ပစ္စည်းအချင်းချင်းဆက်သွယ်ရာတွင်အထစ်အငေ့ါမရှိဘဲဆက်သွယ်နိုင်အောင်ဆောင်ရွက်ပေးသည်။ဤကဲ့သို့ ဆက်သွယ်ရေးကောင်းမွန်အောင်ဆောင်ရွက်နိုင်ခြင်းက လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးခြင်းနှင့် လျှပ်စစ်စွမ်းအင်စီးဆင်းမှုကို အကောင်းဆုံးဖြစ်အောင်စွမ်းဆောင်နိုင်ပြီး ဆိုလာစွမ်းအင်စနစ်တစ်ခုလုံး၏စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးသည်။

ဆက်လက်ဖော်ပြပါအုံးမည်။

ဆိုလာအားမာန် Engineering အဖွဲ့

ပူအိုက်လာမဲ့ နွေရာသီအတွက် ကြိုတင်ပြင်ဆင်မှုလုပ်မယ်ဆိုရင်တော့ 𝐒𝐨𝐥𝐚𝐫 𝐀𝐫𝐫𝐦𝐚𝐧 💡 Package (1)အနေနဲ့ကတော့Solis မှ Solis  ဆိုတဲ့...
15/03/2025

ပူအိုက်လာမဲ့ နွေရာသီအတွက် ကြိုတင်ပြင်ဆင်မှုလုပ်မယ်ဆိုရင်တော့ 𝐒𝐨𝐥𝐚𝐫 𝐀𝐫𝐫𝐦𝐚𝐧 💡

Package (1)အနေနဲ့ကတော့
Solis မှ Solis ဆိုတဲ့ Customer များအတွက် Solar ထည့်မယ်ဆိုလဲ များများထည့်လို့ရတဲ့ Solis 6kW Inverter နဲ့ Cornex Lifepo4 Battery New Cell ကို အာမခံ ၅နှစ်အပြည့်နဲ့ KTK Electric စက်ရုံက တာဝန်ယူထုတ်လုပ်ထားတဲ့ Omega Lite 280Ah,51.2 V အတွဲလေးပဲ ဖြစ်ပါတယ်။

Package (2) အနေနဲ့ကတော့
INVERTER လို့ ပြောလိုက်ရင် မပါမဖြစ်တဲ့ Growatt 6kW Inverter လေးနဲ့ Omega Lite 280Ah,51.2V အတွဲလေးပဲ ဖြစ်ပါတယ်။

ဒီအတွက် အရည်အသွေးပြည့်ဝပြီး အာမခံချက်အပြည့်ပေးနိုင်တဲ့ Inverter နဲ့ Battery Set တွေကို 𝐒𝐨𝐥𝐚𝐫 𝐀𝐫𝐫𝐦𝐚𝐧 က ရောင်းချပေးနေပါတယ်။

⚡ Solis 6kW Inverter (5years Fully Warranty)

⚡Growatt 6kW Inverter (2years Fully Warranty)

⚡️Omega Lite 280Ah,51.2V Battery (5years Fully Warranty)

Product Set တစ်ခုချင်းစီမှာ Warranty ပါဝင်တဲ့အပြင် Premium Quality Products တွေဖြစ်တာကြောင့် နှစ်ရှည်လများစွာအတွက် အဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းကိုလည်း မှန်ကန်စွာနဲ့ရောင်းချပေးနေတာဖြစ်လို့ Inverter နဲ့ Battery တွဲရက်တွေကို အကောင်းဆုံးဝယ်ယူချင်တယ်ဆိုရင် 𝐒𝐨𝐥𝐚𝐫 𝐀𝐫𝐫𝐦𝐚𝐧 ကိုသာ ဆက်သွယ်လိုက်ပါခင်ဗျာ။

အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များနဲ့ Page Messenger မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ - 09 758 804 001 , 09 758 804 002 , 09 758 804 003 , 09 758 804 004

🏠 လိပ်စာ- အမှတ်( 574/A ) ၊ ခိုင်ရွှေဝါလမ်း ၊ ( 41 ) ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်။


https://www.facebook.com/100081374635833/posts/649000347822447/
11/03/2025

https://www.facebook.com/100081374635833/posts/649000347822447/

တရုတ်နိုင်ငံမှထုတ်လုပ်သည့် ပထမဆုံး ကာဗွန်-၁၄ နျူကလီးယားဘက်ထရီ၏ ရှေ့ပြေးပုံစံကို တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်စုပြည်နယ်တွင် တနင်္ဂနွေနေ့က မိတ်ဆက်ပြသခဲ့သည်။ ထိုဘက်ထရီဖြင့် LED မီးလုံးတစ်ခုကို လေးလနီးပါး အဆက်မပြတ် အသုံးပြုနိုင်ခဲ့သည်။

ထိုဘက်ထရီသည် -၁၀၀℃ မှ ၂၀၀℃ အထိ အပူချိန်ကို ခံနိုင်ရည်ရှိပြီး အလွန်မြင့်မားသည့် စွမ်းအင်သိပ်သည်းဆ ၂၂၀၀mWh/g ရှိကာ နှစ် ၅၀ အတွင်း စွမ်းဆောင်ရည်ကျဆင်းမှု ၅ ရာခိုင်နှုန်း ထက်နည်းသည်။

ထိုဘက်ထရီကို ဦးနှောက် နှင့် ကွန်ပျူတာ ချိတ်ဆက်မှု၊ နှလုံးစက်နှင့် အခြားခန္ဓာကိုယ်အတွင်း ထည့်သွင်းနိုင်သော ကိရိယာများအတွက် ထာဝရစွမ်းအင်ရင်းမြစ်အဖြစ် လည်းကောင်း၊ ကမ္ဘာပေါ်ရှိ အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်များနှင့် အာကာသအတွင်း စူးစမ်းလေ့လာရေးလုပ်ငန်းများအတွက် အဆက်မပြတ်စေသော စွမ်းအင်ထောက်ပံ့မှုအဖြစ် လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။

China unveiled the prototype of its first ultra-long-lifetime carbon-14 nuclear battery in east China's Jiangsu on Sunday. An LED lamp powered by the battery has been operating continuously for nearly four months.

The battery boasts extreme temperature tolerance ranging from -100℃ to 200℃ and an ultra-high energy density of 2200mWh/g, with an expected performance degradation rate of less than 5% over 50 years.

It can provide a permanent energy source for brain-computer interfaces, pacemakers, and other implantable devices, or serve as a continuous power supply for explorations in extreme environments on Earth and deep space.

Address

No. 574 , A , Khine Shwe Wah Street , 41 Ward , North Dagon
Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Solar Arrman posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share