Asia Concrete Products Co., Ltd.

Asia Concrete Products Co., Ltd. Ready-Mix Concrete
Plant Service
Production and Piling Service We Value Your Time, Investment & Satisfaction.

17/09/2026

The Builders' Talk Part 2 — Test Pile & Pile Load Test: Design ကို Ground မှာ သက်သေပြခြင်း

🏗️ M-Tower Foundation Construction Experience | Part 2

Working Pile အများကြီး စတင်မတည်ဆောက် အရေးကြီးဆုံး မေးခွန်းတစ်ခုရှိပါတယ်။

“Design လုပ်ထားတဲ့ Pile က Actual Ground Condition မှာ လိုအပ်တဲ့ Load ကို တကယ်သယ်နိုင်ပါသလား?”

Drawing နဲ့ Calculation က Design Assumption ကို အခြေခံထားတာပါ။

ဒါပေမယ့် Soil ဟာ Factory က ထုတ်တဲ့ Product မဟုတ်ပါဘူး။ Location အလိုက် Soil Layer, Strength, Groundwater နဲ့ Geological Condition တွေ ပြောင်းနိုင်ပါတယ်။

ဒါကြောင့် M-Tower မှာ Ultimate Load Test – UPT1 နဲ့ Working Load Test – WPT1 & WPT2 ကို ပြုလုပ်ခဲ့ပါတယ်။

Pile Load Test ကို ကြည့်ရင် Hydraulic Jack တစ်ခုနဲ့ Pile ကို ဖိချလိုက်တာလောက် မဟုတ်ပါဘူး။

Reaction System တစ်ခုလုံး တည်ဆောက်ရပါတယ်။

Test Setup အတွက် Pile Cap, Concrete Blocks, Transfer Ring, Load Cell, 1000-Ton Hydraulic Jack နဲ့ Reference Beam တို့ကို အသုံးပြုထားပါတယ်။

Measurement နဲ့ Monitoring အတွက်လည်း Pressure Manifold, Data Logger, Linear Variation Displacement Transducer နဲ့ Hydraulic Pressure Pump တွေကို တပ်ဆင်ခဲ့ပါတယ်။

Pile ရဲ့ Behavior ကို ပိုမိုနားလည်နိုင်ဖို့ Retrievable Extensometer, Concrete Strain Gauges နဲ့ Rebar Strain Meters (Sister Bars) တွေကိုလည်း အသုံးပြုထားပါတယ်။

ဒီ Instrumentation တွေ ဘာကြောင့်လိုတာလဲ?

Pile Head Settlement တစ်ခုတည်း သိရုံမလုံလောက်နိုင်ပါဘူး။

Load တင်လိုက်တဲ့အခါ Pile က ဘယ်လောက် Deformation ဖြစ်သလဲ၊ Load Transfer Behavior ဘယ်လိုရှိသလဲ၊ Pile Response က Design Expectation နဲ့ ကိုက်ညီသလားဆိုတာ စောင့်ကြည့်ဖို့ လိုပါတယ်။

Pile Load Test ဟာ Quality Test တစ်ခုတင်မဟုတ်ဘဲ Project Risk Reduction Tool တစ်ခု ဖြစ်ပါတယ်။

Working Pile ရာနဲ့ချီဆောက်ပြီးမှ Problem တွေ့တာထက် Test Pile Stage မှာ Problem ရှာတွေ့တာက Project အတွက် Cost, Time နဲ့ Structural Risk အားလုံးကို အများကြီး လျှော့ချပေးနိုင်ပါတယ်။

ဒီ Project ကနေ ကျွန်တော်ယူခဲ့တဲ့ Lesson ကတော့ —

“Testing consumes time, but failure consumes much more time.”

Construction Schedule မြန်ဖို့ Testing ကို ကျော်လွှားတာဟာ Progress မြန်တာမဟုတ်ပါဘူး။
Verified Work ကသာ Real Progress ဖြစ်ပါတယ်။

နောက်အပိုင်းမှာ Deep Basement ကို ကာကွယ်ပေးခဲ့တဲ့ 700 mm Diaphragm Wall
Construction ကို ဆက်လက်မျှဝေပါမယ်။

17/09/2026

The Builders' Talk Part 1 — M-Tower Project နှင့် Foundation Engineering စတင်ခြင်း

🏗️ M-Tower Foundation Construction Experience | Part 1

အဆောက်အဦအမြင့်ကြီးတစ်လုံး ပြီးစီးသွားတဲ့အခါ လူအများမြင်ရတာက မြေပြင်အထက်က Architecture, Façade နဲ့ Building Form ဖြစ်ပါတယ်။
ဒါပေမယ့် Civil Engineer တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် အဆောက်အဦကြီးတစ်လုံးရဲ့ အရေးကြီးဆုံး Engineering Story က မြေပြင်အောက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
M-Tower Commercial Office Building Project မှာ ကျွန်တော်တို့အတွက် အဓိက Engineering Challenges တွေဟာ Deep Foundation နဲ့ Deep Basement Construction ပိုင်းမှာ ရှိခဲ့ပါတယ်။
Project Information အရ Building မှာ Basement 4 ထပ်၊ Ground Above 26 Storeys ပါဝင်ပြီး Construction Area က 61,814 m² ဖြစ်ပါတယ်။ Basement ကို RC Frame / Shear Wall Structure အဖြစ်၊ Above Ground ကို Steel Structure အဖြစ် စီစဉ်ထားပါတယ်။ Excavation Depth က 13.9 m ရှိပါတယ်။

Foundation နဲ့ Basement Construction အတွက် အဓိက System တွေကတော့:
Soil Retaining System — 700 mm thick Diaphragm Wall
Foundation — RC Bored Pile Ø1000 mm & Ø1200 mm
Pile Embedded Level — Raft Foundation အောက် 53 m ခန့်
Pile Capacity — Ø1000 mm အတွက် 594 Ton, Ø1200 mm အတွက် 800 Ton
Basement Excavation — 13.9 m
Temporary Support — 4 Layers Strutting System
ဒီလို Deep Basement Project တစ်ခုမှာ Foundation Work ဆိုတာ “Pile Drilling လုပ်၊ Concrete လောင်း” ဆိုရုံနဲ့ မပြီးပါဘူး။

အလုပ် Sequence တစ်ခုချင်းစီဟာ နောက်တစ်ခုကို တိုက်ရိုက်သက်ရောက်ပါတယ်။
Pile Capacity ကို Test လုပ်မထားဘဲ Production Piling ကို ယုံကြည်စိတ်ချစွာ စလို့မရပါဘူး။
Diaphragm Wall မပြီးဘဲ Deep Excavation ကို စလို့မရပါဘူး။
Strut မတပ်ဘဲ နောက်တစ်ဆင့် ပိုနက်အောင် Excavation ဆက်လုပ်လို့မရပါဘူး။
ဒါကြောင့် Project Director တစ်ယောက်အနေနဲ့ ကျွန်တော်အမြဲတမ်းကြည့်ခဲ့ရတာက Individual Activity တစ်ခုချင်းမဟုတ်ဘဲ Overall Construction Sequence, Interface, Risk နဲ့ Load Transfer ဖြစ်ပါတယ်။

Foundation Construction ရဲ့ အဓိက Principle တစ်ခုက —
“မြေကြီးကို မယုံကြည်ခင် Test လုပ်ရမယ်၊
မြေကြီးကို မတူးခင် Support လုပ်ရမယ်၊
နောက်တစ်ဆင့် မသွားခင် လက်ရှိအဆင့် Stable ဖြစ်ကြောင်း သေချာရမယ်။”
M-Tower Foundation Construction အကြောင်းကို ဒီ Series မှာ Step-by-Step မျှဝေသွားပါမယ်။
နောက်အပိုင်းမှာတော့ Foundation Work စတင်ရာမှာ အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ Test Pile & Pile Load Test အကြောင်း ဆက်လက်မျှဝေပါမယ်။

To be continued…
The Builders' Talk Part 2 — Test Pile: Design Assumption ကို Ground မှာ သက်သေပြခြင်း

🎉 ISO 9001:2015 External Audit Successfully Completed! 🎉Asia Concrete Products Co., Ltd. အနေဖြင့် ISO 9001:2015 Quality ...
16/09/2026

🎉 ISO 9001:2015 External Audit Successfully Completed! 🎉

Asia Concrete Products Co., Ltd. အနေဖြင့် ISO 9001:2015 Quality Management System External Audit ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးစီးခဲ့ပါသည်။ ✅

ဤအောင်မြင်မှုသည် ကျွန်ုပ်တို့၏ Quality, Consistency နှင့် Continuous Improvement အပေါ် အစဉ်တစိုက် အလေးထားဆောင်ရွက်နေမှု၏ ရလဒ်တစ်ခုဖြစ်ပါသည်။

ဤ Audit Process တစ်လျှောက်တွင် ကျွမ်းကျင်စွာ စစ်ဆေးအကဲဖြတ်ပေးခဲ့သော External Auditor အား အထူးကျေးဇူးတင်ရှိပြီး၊ Audit အတွက် ပူးပေါင်းပါဝင်ကာ မိမိတို့၏ သက်ဆိုင်ရာတာဝန်များကို တက်ကြွစွာ ဆောင်ရွက်ပေးခဲ့ကြသော Asia Concrete Products Co., Ltd. မှ သက်ဆိုင်ရာတာဝန်ခံများနှင့် ဝန်ထမ်းများအားလုံး ကိုလည်း လေးစားစွာ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။ 👏

ISO 9001:2015 သည် Certificate တစ်ခုရရှိထားရုံသာမက၊ အရည်အသွေးကို စဉ်ဆက်မပြတ် မြှင့်တင်ရန် ကျွန်ုပ်တို့၏ ကတိကဝတ်တစ်ရပ်လည်း ဖြစ်ပါသည်။

"Better Concrete Products for Future Construction"









ယနေ့တွင် ဆရာဦးစန်းကြူမှ Repair Method for Concrete Cracks & Structural Damage, Quality Control for RCC အကြောင်းနှင့်ပတ်သ...
11/09/2026

ယနေ့တွင် ဆရာဦးစန်းကြူမှ Repair Method for Concrete Cracks & Structural Damage, Quality Control for RCC အကြောင်းနှင့်ပတ်သက်၍ အဖိုးတန်သော အသိပညာများ၊ အတွေ့အကြုံများနှင့် လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းကောင်းများကို မျှဝေပို့ချပေးခဲ့ပါသည်။

ဆရာ၏ စိတ်ရှည်စွာ ရှင်းလင်းပို့ချမှုများနှင့် အတွေ့အကြုံများက သင်တန်းသားများအတွက် ဗဟုသုတအသစ်များစွာ ရရှိခဲ့ကြပါသည်။

အချိန်ပေး၍ လာရောက်ပို့ချသင်ကြားပေးခဲ့သော ဆရာအား အထူးကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။



“May your new year of life be filled with happiness, success, and countless reasons to smile.” 💐🎉 Happy Birthday to all ...
28/08/2026

“May your new year of life be filled with happiness, success, and countless reasons to smile.” 💐

🎉 Happy Birthday to all our August Born!
Wishing you a bright and successful year ahead!

— Asia Concrete Products Co., Ltd.

26/08/2026

မေး>>> Batching plant က ကွန်ကရစ်မှာရင် wc ratio ဘယ်​လောက်ဆိုပြီး မှာရမလား?

​ဖြေ>>> water-cement ratio ဘယ်​လောက်နဲ့​ဖျော်​ပေးပါဆိုပြီးမှာ​လေ့မရှိပါဘူး...
အဓိကအချက် ၂ခုနဲ့မှာရတာပါ...ကိုယ်လိုချင်တဲ့ strength (Grade 25/30 စသဖြင့်) ရယ်၊ slump ရယ် ​ပြောရင် ရပါတယ်...ဆိုက်နဲ့ BP ခရီး​ဝေးလွန်းရင်​တော့ retention time 2 နာရီ/ 3 နာရီ လုပ်​ပေးပါ လို့ မှာနိုင်တယ်...
ကျန်တာက​တော့ BP ဘက်က ဆက်လုပ်ပါတယ်... လိုအပ်ချက်အတိုင်း mix design လုပ်၊ trial စမ်းသပ်ပြီးမှ ဆိုက်ကို ပို့​ပေးပါတယ်...ကိုယ်က mix design ​တောင်းကြည့်​ပေါ့...mix design မှာ wc ratio, material composition စတဲ့ အချက်အလက်​တွေ အကုန်ပါပါတယ်....

​မေး>>> ဆိုက်မှာ ​ဖျော်စပ်မယ်ဆိုရင်​ရော?

​ဖြေ>>> Site mix ဆိုရင် wc ratio ကို ​သေချာကြပ်မတ်ထိန်းချုပ်သင့်တယ်...wc ratio များရင် concrete strength ကျတယ်...နည်းရင်လည်း mixing လုပ်ရာမှာ​​တောင် မနှံ့စပ်ဘဲ ဖြစ်တတ်တယ်...well mixed concrete ရဖို့ခက်တယ်...ပုံမှန်အားဖြင့် wc ratio 0.5 ​လောက်ထားပြီး​ဖျော်စပ်သင့်တယ်...​ရေ​တွေအများကြီးထည့်​ဖျော်တာမျိုး ခွင့်မပြုရဘူး...ကွန်ကရစ်​ပျော့​ပျောင်း​စေတဲ့ Admixture တမျိုးမျိုး အချိုးအစားအတိုင်းထည့်နိုင်ရင် ပို​ကောင်းတယ်...

​မေး >>> Site mix မှာ လိုချင်တဲ့ strength ရ​အောင်ဘယ်လိုလုပ်မလဲ?
​ဖြေ>>> Site mix ဆိုရင် ​အစဥ်အဆက်သုံးခဲ့ကြသလို 1:2:4...1:3:6...စတဲ့ volumetric ratio နည်းနဲ့​ဖျော်စပ်ခဲ့ကြတယ်...wc ratio ချိန်ချင်ရင်​တော့ by weight နဲ့ ဘိလပ်​မြေ တစ်အိတ် 50Kg ​နဲ့ အချိုးချပြီး ​ရေကို ချိန်ထည့်သင့်တယ်...
အ​တွေ့အကြုံအရ 1:2:4 site mix ဆိုရင် G20 ​လောက်ပဲ ရနိုင်တယ်...အသုံးများတဲ့ structural concrete G25 ​ဆိုရင်​တော့ 1: 1 1/2: 3 အချိုးမှ ရနိုင်မယ်...

ဒါ​လေးက အကြမ်းဖျင်း နားလည်လွယ်​အောင်​ရှင်းပြတာပါ...Concrete mix design နဲ့ပတ်သက်တဲ့ စာ​တွေ ဆက်လက်ရှာ​ဖွေ​လေ့လာကြည့်ပါ....

(Junior Engineer လူငယ်တစ်​ယောက်နဲ့ အ​မေးအ​ဖြေ)

​ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)



26/08/2026
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့နေ့ထူးနေ့မြတ် အခါသမယမှာ၃၁-ဘုံ၌ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါ အားလုံး ကိုယ်စိ...
29/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
နေ့ထူးနေ့မြတ် အခါသမယမှာ

၃၁-ဘုံ၌ ကျင်လည်ကြကုန်သော
ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါ အားလုံး
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ
ဘေးခပ်သိမ်း ရန်ခပ်သိမ်း
ရောဂါခပ်သိမ်းတို့မှ ကင်းဝေးကြပါစေ
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းတို့မှ ကင်းဝေးကြပါစေ
ဝမ်းနည်းပူဆွေး ငိုကြွေးခြင်းတို့မှ ကင်းဝေးကြပါစေ
စိုးရိမ်သောက ဗျာပါဒတို့မှ ကင်းဝေးကြပါစေ

အချင်းချင်း မေတ္တာထားနိုင်ကြ၍
မေတ္တာနဲ့သာ ပြုမူ ပြောဆို ဆက်ဆံနိုင်ကြပါစေ။

၁။လုံးစုံများစွာသတ္တဝါ
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊
နှစ်ရပ်များစွာ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊
နှစ်ရပ်များစွာ သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၄။ ဝေးနေနီးနေ၊ နှစ်ထွေများစွာ၊
သတ္တဝါ၊ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊ မဆုံးများစွာသတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၆။ ရှည်တိုအလတ် ၊သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာ ကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၇။ ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊သတ္တဝါ၊
ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၈။ ဆူကြုံအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
ချမ်းသာ ကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

သဗ္ဗီတိယော-အလုံးစုံသော ဘေးရန်တို့သည်၊
ဝိဝဇ္ဇန္တု-ကင်းငြိမ်းကြပါစေကုန်သတည်း။

သောကော- စိုးရိမ်ပူပန်ခြင်းသည်လည်းကောင်း၊
ရောဂေါ- အနာရောဂါအမျိုးမျိုးသည်လည်းကောင်း၊
ဝိနဿတု-မကျမရောက် ကင်းပျောက်ပါ စေသတည်း။

တေ-သင့်အား၊ အန္တရာယာ-ဘေးအန္တရာယ်တို့သည်၊
မာ ဘဝန္တု- မဖြစ်ပါစေကုန်သတည်း။

တွံ-သင်သည်၊ သုခီ- ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိသည်ဖြစ်၍၊ ဒီဃာယုကော-ရှည်သောအသက်ရှိသည်၊
ဘ၀-ဖြစ်ပါစေသတည်း။

🙏🙏🙏ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အလှူတော် ဝါဆိုလ၏ မွန်မြတ်သော အခါသမယတွင် Asia Concrete Products Co., Ltd မှ ဗုဒ္ဓဘာသ...
28/07/2026

🙏🙏🙏ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အလှူတော်

ဝါဆိုလ၏ မွန်မြတ်သော အခါသမယတွင် Asia Concrete Products Co., Ltd မှ ဗုဒ္ဓဘာသာ၏ မွန်မြတ်သော အစဉ်အလာကို ဆက်လက်ထိန်းသိမ်းလျက် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ကြည်ညိုသဒ္ဓါစိတ်ဖြင့် ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

ဤအလှူတော်မှ ရရှိသော ကုသိုလ်ကောင်းမှုများဖြင့် ဝန်ထမ်းမိသားစုများအားလုံး၊ လုပ်ငန်းမိတ်ဖက်များနှင့် ဖောက်သည်များအား ကျန်းမာချမ်းသာ၍ ဘေးအန္တရာယ်ကင်းရှင်းကာ စီးပွားရေးလုပ်ငန်းများ ယခုထက်ပိုမိုအောင်မြင်တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Asia Concrete Products Co., Ltd.

🎉 Happy Birthday to Our July Stars! 🎂On behalf of Asia Concrete Products Co., Ltd, we are pleased to extend our warmest ...
24/07/2026

🎉 Happy Birthday to Our July Stars! 🎂

On behalf of Asia Concrete Products Co., Ltd, we are pleased to extend our warmest birthday wishes to all employees celebrating their birthdays in July.

Your passion, dedication, and commitment inspire us every day. We sincerely appreciate your hard work and the positive impact you make in helping our company grow stronger together.

May your birthday bring you joy, laughter, and cherished moments with your loved ones. Wishing you a year ahead filled with good health, continued success, happiness, and new opportunities to achieve your goals.

Thank you for being a valued member of the Asia Concrete Products Co., Ltd family.

🎁 Happy Birthday! May all your dreams come true and may the year ahead be your best one yet!

With warmest regards,
Asia Concrete Products Co., Ltd

Address

No. 166(A) Seikkanthar Street, Shwepyithar Industrial Zone (3), Insein Township
Yangon
11011

Alerts

Be the first to know and let us send you an email when Asia Concrete Products Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Asia Concrete Products Co., Ltd.:

Shortcuts

Share