HtooThit အမျိူးသားအမျိူးသမီး အတတ်သင် ကားမောင်းသင်တန်း

  • Home
  • Myanmar
  • Yangon
  • HtooThit အမျိူးသားအမျိူးသမီး အတတ်သင် ကားမောင်းသင်တန်း

HtooThit အမျိူးသားအမျိူးသမီး အတတ်သင် ကားမောင်းသင်တန်း Phလေးဆက်ရုံ Massageလေးပို့ပေးရုံနှင့်
သင်တို့ရှိရာအိမ်အရောက် ဝန်ဆောင်မှုပေးပါသည်။
(307)

ရုတ်တရက် ဘရိတ်ပေါက်သွားခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ?ကားမောင်းနေရင်း ဘရိတ်ပေါက်တာဟာ ထိတ်လန့်တုန်လှုပ်ခြောက်ခြားစရာဖြစ်ပြီး ဘယ...
30/08/2026

ရုတ်တရက် ဘရိတ်ပေါက်သွားခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ?

ကားမောင်းနေရင်း ဘရိတ်ပေါက်တာဟာ ထိတ်လန့်တုန်လှုပ်ခြောက်ခြားစရာဖြစ်ပြီး ဘယ်သူမှ ကြုံချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် မတော်တဆ ကြုံလာခဲ့ရင် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ သိထားမှသာ ဘေးအန္တရာယ်ကင်းမှာဖြစ်ပါတယ်။

ဒါကြောင့် ချစ်မိတ်ဆွေများအတွက် ကားမောင်းနေရင်း ရုတ်တရက် ဘရိတ်ပေါက်သွားခဲ့ရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ အကြောင်းအရာလေးကို မျှဝေပေးလိုက်ပါတယ်။

ဘရိတ်ပေါက်တာဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ ဥပမာ - hydraulic ပြဿနာ၊
ဘရိတ်ရှုးတွေပါးတာ နဲ့ စက်ပစ္စည်းဆိုင်ရာ ချို့ယွင်းချက်တွေပါ။ ဒီလို ဘရိတ်ပေါက်တဲ့ အရေးပေါ်ကိစ္စမျိုးမှာ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို ကြိုတင် သိရှိထားရင် အသက်အန္တရာယ်ဘေးကနေ လွတ်ကင်းနိုင်မှာပါ။

စိတ်ငြိမ်ငြိမ်ထားပါအရေးအကြီးဆုံး နဲ့ ပထမဆုံး လုပ်ရမယ့်အချက်က စိတ်ငြိမ်ငြိမ်ထားဖို့ပါ။ အကြောက်လွန်တာဟာ ဆုံးဖြတ်ချက် အမှားတွေဖြစ်စေပြီး မတော်တဆဖြစ်နိုင်ခြေကို ပိုများစေပါတယ်။ အသက်ကိုပြင်းပြင်းရှုပြီး ဖိအားတွေလျော့အောင်ပြုလုပ်ပါ။

အရေးပေါ်အချက်ပြမီးတွေသုံးပါသင့်ကားမှာ ပြဿနာတစ်ခုခုဖြစ်နေကြောင်း တခြား ကားတွေ သိဖို့အတွက် အရေးပေါ်အချက်ပြမီးတွေကိုသုံးပါ။ ဒီလို သုံးခြင်းကြောင့် တခြားကားတွေက သတိထားမိပြီး တိုက်မိနိုင်မယ့် အန္တရာယ်ကို လျော့ကျစေမှာပါ။

ဂီယာချိန်းပါManual ကားဆိုရင် ဂီယာအသေးကို ချိန်းရမှာဖြစ်ပြီး Auto ကားတွေမှာဆိုရင်တော့ gear selector ကို အနိမ့်ကို ပြောင်းတာက ကားကို တဖြေးဖြေး အရှိန်လျော့သွားစေနိုင်ပါတယ်။

Handbrake သုံးပါHandbrake သုံးတဲ့အခါ အလောတကြီးနဲ့ ရုတ်တရက်ဆွဲလို့မရပါဘူး။ ဂရုတစိုက်နဲ့ ဖြေးဖြေးလေး ဆွဲဖို့လိုပါတယ်။ မဟုတ်ရင် ကားကချော်ပြီး တိမ်းမှောက်သွားနိုင်ပါတယ်။ သတိထားရမှာက ကားကို အပြည့်အ၀ ထိန်းနိုင်တုန်းမှာ handbrake သုံးဖို့ပါပဲ။

ဘရိတ်ပြားကို နင်းပါဘရိတ်ပြားကို ဆက်တိုက် ထပ်ခါတလဲလဲ နင်းလိုက် လွှတ်လိုက် လုပ်ခြင်းက ဘရိတ်အပေါ်မှာ ဖိအားသက်ရောက်စေပြီး ဘရိတ်ကို ပြန်သုံးလို့ရစေနိုင်ပါတယ်။

အရေးပေါ်ဘရိတ်သုံးပါခုနောက်ပိုင်းထွက် မော်ဒယ်မြင့်ကားတွေမှာ အရေးပေါ်ဘရိတ်ဆိုပြီး ပုံမှန်ကားဘရိတ်နဲ့မတူဘဲ သပ်သပ်ခွဲခြားပါတတ်ပါတယ်။ ဒီအရေးပေါ်ဘရိတ်ကို ငြင်ငြင်သာသာ သုံးပြီးကားကိုအရှိန်လျော့သွားအောင်လုပ်လို့ရပါတယ်။ handbrake လိုပဲ ရုတ်တရက်ချက်ချင်းကောက်ဆွဲလို့မရပါဘူး။ တိမ်းမှောက်သွားနိုင်ပါတယ်။

ပတ်ဝန်းကျင်က ပစ္စည်းတွေကို အသုံးချပါလမ်းပေါ်မှာ ရုတ်တရက် ဘရိတ်ပေါက်သွားတဲ့အခါ ဘေးပတ်ဝန်းကျင်က ပစ္စည်းတွေနဲ့ ကားအရှိန်လျော့အောင် လုပ်လို့ရပါတယ်။ ဥပမာ ချုံပုတ်တွေ၊ သဲပြင်တွေ ၊ ထိခိုက်မှုမပြင်းနိုင်တဲ့အရာမျိုးတွေ ဝင်တိုက်လိုက်တာမျိုးပါ။

အနှစ်ချုပ်ရရင် ကားမောင်းနေရင်း ဘရိတ်ပေါက်တာမျိုးဟာ ထိတ်လန့်စရာကောင်းတဲ့ အတွေ့အကြုံမျိုးပါ။ ဒါပေမယ့် စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အပေါ်မှာ ဖော်ပြခဲ့တဲ့အချက်လေးတွေကို လုပ်မယ်ဆိုရင် အန္တရာယ်ကင်းနိုင်ခြေပိုများမှာပါ။

အမှန်တကယ်တော့ မဖြစ်ခင် ကြိုတင်ကာကွယ်တာပိုကောင်းပါတယ်။ ဒါကြောင့် ဒီလိုအရေးပေါ်ကိစ္စမျိုးကနေ ရှောင်ရှားဖို့ ကားကို ပုံမှန်ပြုပြင်ထိန်းသိမ်းတာ အကောင်းဆုံးဖြစ်ပါတယ်။

သင်တန်းသူသင်တန်သားများအတွက်ပြန်လည်မျှဝေခြင်းဖြစ်သည်။

ကားမောင်းသင်မယ်ဆို
ကို
Phလေးသာဆက်ပီးစာရင်းသွင်းလိုက်ပါ
ကောင်းမွန်တဲ့ဝန်ဆောင်မှုများသင်ဆီအရောက်လိုက်ပါလိမ့်မယ်။

၅ရက်သင်တန်းကြေးသီးသန့်450000
တနေ့၂နာရီ ၅ရက် သင်ကြားပေးသည်
အိမ်အကြိုအပို့ဝန်ဆောင်မှုပေးသည်။

၇ရက်သင်တန်းကြေး 630000
တနေ့၂နာရီ၇ရက်သင်ကြားပေးသည်
အိမ်အကြိုအပို့ဝန်ဆောငိမှုပေးသည်။

ဆရာမနဲ့သင်မယ်ဆို

တနေ့၂နာရီ၅ရက်500000

တနေ့၂နာရီ၇ရက်700000

တနေ့၂နာရီ၁၀ရက်1000000ပါရှင့်

မိမိအခြေအနေဆုံးဖြတ်ပီးကြိုက်ရာအတန်းကိုjoinလို့ရပါတယ်ရှင့်

သင်မောင်းသက်တမ်း၃လရှိသူများခလိုင်စင်အမြန်ဝန်ဆောင်မှုပေးသည်။

သင်တန်းတိုင်းတွင်သင်မောင်းလိုင်စင်နှင့်မေးခွန်း၅စုံအခမဲ့ဝန်ဆောင်မှုပေးသည်။

Ph:09799595732 09797249831

အမှတ် ၅၆၃ရွှေစင်၈လမ်း
၄၄ရပ်ကွက် မြောက်ဒဂုံ

29/08/2026
 #ဘက်ထရီကြိုးဖြုတ်မယ်ဆိုရင်......ကားအကြောင်းသိကောင်းစရာကားအတွက် လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ပြု ုပြင်တော့မယ်ဆိုရင...
29/08/2026

#ဘက်ထရီကြိုးဖြုတ်မယ်ဆိုရင်......

ကားအကြောင်းသိကောင်းစရာ
ကားအတွက် လျှပ်စစ်ပိုင်းဆိုင်ရာနဲ့ ပတ်သတ်လို့ပြု ုပြင်တော့မယ်ဆိုရင် ဘက်ထရီကြိုးကို အရင်ဖြုတ်ပါ။ ပါဝါဝင်းဒိုးဆိုရင် ကြိုးမဖြုတ်ခင် မှန်အရင်ချပါ။ ကားထဲမှာ သော့ကို မထားခဲ့ပါနဲ့။ ဘက်ထရီကြိုးဖြုတ်လိုက်တာနဲ့ ပါဝါဝင်းဒိုးတွေဟာ လော့ကျသွားတတ်ပါတယ်။

�ဘက်ထရီကြိုးပြန်တပ်လိုက်လို့ လော့ပြန်ပွင့်တယ်ဆိုတာမရှိပါဘူး။

ဒါကြောင့်မို့ မှန်ချထားပါ၊ သော့ကိုယူထားပါ။

ဘက်ထရီကြိုးဖြုတ်တဲ့နေရာမှာ အမကြိုးကို (-) အရင်ဖြုတ်ရမလား အဖိုကြိုးကို (+) အရင်ဖြုတ်ရမလားဆိုတဲ့ အချက်ရှိပါတယ်။

အမကြိုးကို အရင်စဖြုတ်ပါ။

ဘက်ထရီထဲက လျှပ်စစ်တွေက စထွက်တော့ အမခေါင်းကနေ စတင်ပါတယ်။

လျှပ်စစ်ဖြတ်သန်းစီးဆင်းပြီးတဲ့ အခါမှာတော့ အဖိုခေါင်းကနေလျှပ်စစ် ပြန်ဝင်ပါတယ်။

�ဒီတော့ အဖိုကြိုးကို အရင်သွားဖြုတ်မိရင် အမကနေထွက်နေတဲ့ လျှပ်စီးတွေဟာ ပြန်ဝင်ဖို့ လမ်းမရှိတော့ပဲ ကားကိုယ်ထည်ထဲမှာ ရှိနေပါလိမ့်မယ်။

အဲ့ဒီအချိန်ကားကိုသွားထိမိရင် အကြောအချင်တွေပြေသွားပါလိမ့်မယ်၊ အခန့်မသင်ရင် သေပါသေနိူင်ပါတယ်။ ဒါကြောင့်မို့ အမကြိုးကိုသာအရင်စဖြုတ်ပါ။

�ပြန်တပ်ရင်တော့ အဖိုကြိုးကို အရင်ပြန်တပ်ရပါတယ်။ ကြိုး ၂ ကြိုးလုံးကို သေချာစွာပြန်တပ်ပြီးလျှင် အပေါ်ကစွပ်ထားတဲ့ အဖုံးတွေကို သေချာစွာ ပြန်ဖုံးပေးပါ။

ဘက်ထရီမကောင်းရင် အမြန်လဲပါ။

ဘက်ထရီမကောင်းလို့ တွန်းနိူးရတယ်ဆိုတာ ၁ ခါ ၂ ခါ ပဲကောင်းပါတယ်။

အကြိမ်ရေများလာရင် Timing Belt ချော်သွားတတ်ပါတယ်။

စရိတ်နဲနဲကုန်ရမယ့်နေရာမှာ များများမကုန်ရလေအောင် သင့်ကားဘက်ထရီကို ဂရုစိုက်ပါ။

ကားမောင်းသင်မယ်ဆို
ကို
Phလေးသာဆက်ပီးစာရင်းသွင်းလိုက်ပါ
ကောင်းမွန်တဲ့ဝန်ဆောင်မှုများသင်ဆီအရောက်လိုက်ပါလိမ့်မယ်။

၅ရက်သင်တန်းကြေးသီးသန့်450000
တနေ့၂နာရီ ၅ရက် သင်ကြားပေးသည်
အိမ်အကြိုအပို့ဝန်ဆောင်မှုပေးသည်။

၇ရက်သင်တန်းကြေး 630000
တနေ့၂နာရီ၇ရက်သင်ကြားပေးသည်
အိမ်အကြိုအပို့ဝန်ဆောငိမှုပေးသည်။

ဆရာမနဲ့သင်မယ်ဆို

တနေ့၂နာရီ၅ရက်500000

တနေ့၂နာရီ၇ရက်700000

တနေ့၂နာရီ၁၀ရက်1000000ပါရှင့်

မိမိအခြေအနေဆုံးဖြတ်ပီးကြိုက်ရာအတန်းကိုjoinလို့ရပါတယ်ရှင့်

သင်မောင်းသက်တမ်း၃လရှိသူများခလိုင်စင်အမြန်ဝန်ဆောင်မှုပေးသည်။

သင်တန်းတိုင်းတွင်သင်မောင်းလိုင်စင်နှင့်မေးခွန်း၅စုံအခမဲ့ဝန်ဆောင်မှုပေးသည်။

Ph:09799595732 09797249831

အမှတ် ၅၆၃ရွှေစင်၈လမ်း
၄၄ရပ်ကွက် မြောက်ဒဂုံ

ပါကင်ဘရိတ် (ဟန်းဘရိတ်) ပြန်ဖြုတ်ဖို့မေ့ပြီး ကားမောင်းမိရင် ဘာတွေဖြစ်နိုင်သလဲ.....?💥💥💥-----------------------------------...
29/08/2026

ပါကင်ဘရိတ် (ဟန်းဘရိတ်) ပြန်ဖြုတ်ဖို့မေ့ပြီး ကားမောင်းမိရင် ဘာတွေဖြစ်နိုင်သလဲ.....?💥💥💥
------------------------------------------------------------------------------------
ယခုတစ်ခါဖော်ပြပေးမှာကတော့ ပါကင်ဘရိတ် (ဟန်းဘရိတ်) ဆွဲထားပြီး ကားမောင်းမိခဲ့ပါက မော်တော်ကားကို ဘာတွေထိခိုက်နိုင်သလဲ ဆိုတာပါပဲ။

ညှော်စော်နံလာခြင်း

ပါကင်ဘရိတ်ပြန်ဖြုတ်ဖို့မေ့ပြီး ကားမောင်းနေတယ်ဆိုရင် အရင်ဆုံးသတိထားမိမှာကတော့ လီဗာနင်းထားပေမယ့် ကားကသိပ်မပြေးတော့တာပါပဲ။ အဲ့အတိုင်းကြီး ဆက်မောင်းတာကြာလာတာနဲ့အမျှ ညှော်နံ့တွေထွက်လာပါလိမ့်မယ်။ ဒီအနံ့က pads နဲ့ rotors သို့မဟုတ် drums ကြားထဲမှာ ပွတ်တိုက်မှု မတရားများပြီး အပူလွန်ကဲရာကနေထွက်ပေါ်လာတာပါ။

မီးထလောင်နိုင်ခြင်း

ပွတ်တိုက်မှုကနေ အပူတွေမတရားထွက်လာ၊ အဲဒီကနေ တစ်ဆင့် ဘရိတ်တွေမတရားပူတက်လာရင်တော့ ပြေးဖို့သာပြင်ထားပါတော့။
ပြောင်ချောလာခြင်း (မှတ်ချက်- ဘရိတ်)
ဒါကတော့ အဖြစ်များဆုံး ပြဿနာတစ်ခုပေါ့။ ဒါပေမဲ့ လျှော့တော့ မတွက်လိုက်နဲ့လေကိုယ့်လူ ဘာလို့လဲဆိုတော့ အဲ့ဒီ မတရားအပွတ်ခံနေရမှုကြီးက ဘရိတ်တွေကို အပူချိန်တက်လာစေပြီး ပြန်အေးသွားတဲ့အချိန်ကျရင် drums/rotors ရော
pads မှာပါ ပြောင်ချောချော ဖြစ်လာစေပြီးတော့ သင့်ကားရဲ့ဘရိတ်စွမ်းဆောင်နိုင်အားကို အကြီးအကျယ်လျှော့ချပစ်ပါလိ့မ်မှာမို့လို့ပါပဲ။ တစ်ခါတလေကျရင် ပုံမှန်လေးကားမောင်းပေးလိုက်တာနဲ့ အဲ့ဒီ ပြဿနာက ပျောက်သွားပြီး ကားရဲ့ ပုံမှန် ဘရိတ် စွမ်းဆောင်ရည်ကို ပြန်ရသွားစေပေမယ့်၊ တစ်ခါတစ်ခါကျရင်လည်း pads တွေနဲ့ rotors/drums တွေကို အစားထိုးမှရတော့မယ့်အထိကို ဆိုးရွားသွားနိုင်ပါတယ်။

အထာမကျတော့တဲ့ E-brake ကေဘယ်ကြိုး
ကားပိုင်ရှင်က အထာကျနေပေမယ့် ကားကို အထာကျကျမမောင်း ရင် ကားပိုင်ရှင်လည်းဂွမ်းမှာပါပဲ။ သင့်ရဲ့ ကား ဘရိတ်ကေဘယ်နဲ့ ဘရိတ် လီဗာ ချိတ်ဆက်ထားတဲ့နေရာက လုံးဝကို အနေအထားကောင်းမွန်ပြီး အထာကျ နေမှ သင့်ပါကင်ဘရိတ်က အလုပ်လုပ်မှာပါ။ အရမ်းကျပ်လွန်းနေရင် သင်ပါကင်ဘရိတ်ကို လွှတ်လိုက်ပေမယ့် ဘရိတ် ကအပြည့်အဝ လွှတ်ချလိုက်မှာမဟုတ်ပါဘူး။ အရမ်းချောင်လွန်းနေရင်လည်း ကိုယ်ဘရိတ်နင်းချလိုက်တဲ့အခါ ထိရောက်တော့မှာမဟုတ်ပါဘူး။
အဲ့လိုဖြစ်လာပြီဆိုရင် ပါကင်ဘရိတ်ကို ပြန်ချိန်ရင်ချိန်၊ မချိန်ရင်တော့ သင်လိုချင်တဲ့ ရပ်တန့်နိုင်စွမ်းအားကို ပေးမှာမဟုတ်တော့ပါဘူး။

ကားမောင်းသင်မယ်ဆို
ကို
Phလေးသာဆက်ပီးစာရင်းသွင်းလိုက်ပါ
ကောင်းမွန်တဲ့ဝန်ဆောင်မှုများသင်ဆီအရောက်လိုက်ပါလိမ့်မယ်။

၅ရက်သင်တန်းကြေးသီးသန့်450000
တနေ့၂နာရီ ၅ရက် သင်ကြားပေးသည်
အိမ်အကြိုအပို့ဝန်ဆောင်မှုပေးသည်။

၇ရက်သင်တန်းကြေး 630000
တနေ့၂နာရီ၇ရက်သင်ကြားပေးသည်
အိမ်အကြိုအပို့ဝန်ဆောငိမှုပေးသည်။

ဆရာမနဲ့သင်မယ်ဆို

တနေ့၂နာရီ၅ရက်500000

တနေ့၂နာရီ၇ရက်700000

တနေ့၂နာရီ၁၀ရက်1000000ပါရှင့်

မိမိအခြေအနေဆုံးဖြတ်ပီးကြိုက်ရာအတန်းကိုjoinလို့ရပါတယ်ရှင့်

သင်မောင်းသက်တမ်း၃လရှိသူများခလိုင်စင်အမြန်ဝန်ဆောင်မှုပေးသည်။

သင်တန်းတိုင်းတွင်သင်မောင်းလိုင်စင်နှင့်မေးခွန်း၅စုံအခမဲ့ဝန်ဆောင်မှုပေးသည်။

Ph:09799595732 09797249831

အမှတ် ၅၆၃ရွှေစင်၈လမ်း
၄၄ရပ်ကွက် မြောက်ဒဂုံ


#တစ်ဦးချင်းအတတ်သင်
#ကားမောင်းသင်တန်း
#ယာဉ်မောင်း
#လိုင်စင်
#ဝန်ဆောင်မှု
#ရန်ကုန်
#ကညန
#မော်တော်ယာဥ်သက်တမ်းတိုး
#ယာဥ်မောင်းလိုင်စင်သက်တမ်းတိုး






29/08/2026

ကားမောင်းသင်မယ်ဆို
ကို
Phလေးသာဆက်ပီးစာရင်းသွင်းလိုက်ပါ
ကောင်းမွန်တဲ့ဝန်ဆောင်မှုများသင်ဆီအရောက်လိုက်ပါလိမ့်မယ်။

၅ရက်သင်တန်းကြေးသီးသန့်450000
တနေ့၂နာရီ ၅ရက် သင်ကြားပေးသည်
အိမ်အကြိုအပို့ဝန်ဆောင်မှုပေးသည်။

၇ရက်သင်တန်းကြေး 630000
တနေ့၂နာရီ၇ရက်သင်ကြားပေးသည်
အိမ်အကြိုအပို့ဝန်ဆောငိမှုပေးသည်။

ဆရာမနဲ့သင်မယ်ဆို

တနေ့၂နာရီ၅ရက်500000

တနေ့၂နာရီ၇ရက်700000

တနေ့၂နာရီ၁၀ရက်1000000ပါရှင့်

မိမိအခြေအနေဆုံးဖြတ်ပီးကြိုက်ရာအတန်းကိုjoinလို့ရပါတယ်ရှင့်

သင်မောင်းသက်တမ်း၃လရှိသူများခလိုင်စင်အမြန်ဝန်ဆောင်မှုပေးသည်။

သင်တန်းတိုင်းတွင်သင်မောင်းလိုင်စင်နှင့်မေးခွန်း၅စုံအခမဲ့ဝန်ဆောင်မှုပေးသည်။

Ph:09799595732 09797249831

အမှတ် ၅၆၃ရွှေစင်၈လမ်း
၄၄ရပ်ကွက် မြောက်ဒဂုံ

Address

Bomhu Ba Htoo Road 48 Block North Dagon
Yangon

Telephone

+959799595732

Website

Alerts

Be the first to know and let us send you an email when HtooThit အမျိူးသားအမျိူးသမီး အတတ်သင် ကားမောင်းသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HtooThit အမျိူးသားအမျိူးသမီး အတတ်သင် ကားမောင်းသင်တန်း:

Shortcuts

Share