SG Pann Ayeyar Concrete

SG Pann Ayeyar Concrete Concrete Contractor

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှသည် စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး ဘေးဥပါဒ်အပေါင်းမှ ကင်းဝ...
29/07/2026

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှသည် စိတ်၏အေးချမ်းခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး ဘေးဥပါဒ်အပေါင်းမှ ကင်းဝေးကြပါစေ။ လှူသမျှကုသိုလ် အစုစုတို့ကြောင့် လိုအာဆန္ဒမှန်သမျှ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

အားလုံးပဲ မင်္ဂလာပါ 🙏SG Pann Ayeyar Page မှ ကြိုဆိုလိုက်ပါတယ်ရှင့်။ 🌧️ မိုးရာသီမှာ လူကြီးမင်းတို့သုံးမည့် ပစ္စည်း အရည်အသ...
23/07/2026

အားလုံးပဲ မင်္ဂလာပါ 🙏SG Pann Ayeyar Page မှ ကြိုဆိုလိုက်ပါတယ်ရှင့်။
🌧️ မိုးရာသီမှာ လူကြီးမင်းတို့သုံးမည့် ပစ္စည်း အရည်အသွေးကို ထိန်းသိမ်းပေးနိုင်သည့် ကွန်ကရစ်အမျိုးအစားကို ရွေးချယ်မည်ဆိုပါက SG Pann Ayeyar Concrete ကို သတိရနေလိုက်ပါနော်။

မိုးရွာတဲ့ရာသီဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အခက်အခဲတွေရှိနိုင်ပေမယ့် အရည်အသွေးကောင်းတဲ့ Concrete နဲ့ စနစ်တကျလုပ်ဆောင်မယ်ဆိုရင် ခိုင်မာပြီး ကြာရှည်ခံတဲ့ အဆောက်အဦကို တည်ဆောက်နိုင်ပါတယ်။

🏗️ SG Pann Ayeyar Concrete Company မှ Ready-Mix Concrete များကို အရည်အသွေးစံချိန်မီ ထုတ်လုပ်ပေးလျက်ရှိပြီး Project တိုင်းအတွက် ယုံကြည်စိတ်ချစွာ ဝန်ဆောင်မှုပေးနေပါသည်။

🌦️ မိုးရာသီမှာ Concrete လောင်းတဲ့အခါ
✅ ရာသီဥတုအခြေအနေကို ကြိုတင်စစ်ဆေးပါ။
✅ လောင်းပြီးနောက် မိုးရေတိုက်ရိုက်မထိအောင် ကာကွယ်ပါ။
✅ အရည်အသွေးကောင်းတဲ့ Concrete ကို အသုံးပြုပါ။

မိုးရာသီမှာလည်း အရည်အသွေးမပျက်၊ ယုံကြည်မှုမလျော့ — SG Pann Ayeyar Concrete Company နဲ့အတူ သင့်စီမံကိန်းကို ခိုင်မာစွာ အကောင်အထည်ဖော်ဆောင်လိုက်ပါ။ 🌧️💙

Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Gabion Box Application ...
17/07/2026

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Gabion Box Application ပဲဖြစ်ပါတယ်။

Credit: Sayar Swe Hlaing Oo

Gabion Box ဆိုသည်မှာ Galvanized Steel Wire Mesh ဖြင့်ပြုလုပ်ထားသော Rectangular Box တစ်ခုဖြစ်ပြီး၊ အတွင်းပိုင်းတွင် Stone (Rocks) သို့မဟုတ် Crushed Rock များဖြင့် ဖြည့်တင်းအသုံးပြုပါတယ်။ Gabion Box များကို Construction, Erosion Control, And Landscaping လုပ်ငန်းများအတွက် အောက်ပါအတိုင်း အသုံးပြုနိုင်ပါတယ်။

1. Retaining Wall Construction
Gabion Box များကို Retaining Wall အဖြစ် အသုံးပြုနိုင်ပါတယ်။ Retaining Wall တွေမှာ Slope Stability ကို မြှင့်တင်ရန်၊ Soil Erosion ကို ကာကွယ်ရန် နှင့် Flood Protection အတွက် Gabion Box များအသုံးပြုနိုင်ပါတယ်။ Gabion Box များသည် Flexible Structure ဖြစ်သောကြောင့် Rigid Retaining Wall တွေကဲ့သို့ ကွဲအက်ခြင်း၊ ကျိုးပဲ့ခြင်းများမရှိဘဲ Earth Pressure ကို အလိုက်သင့် ထိန်းသိမ်းနိုင်စေပါတယ်။

2. Erosion Control (Riverbank And Coastal Protection)
Gabion Box များကို River Bank, Coastal Area နှင့် Slope တွေကို Erosion မဖြစ်စေရန် အသုံးပြုကြပါတယ်။ Water Flow နှင့် Tidal Wave Entergy ကို လျော့နည်းပြန့်နှံ့ Fiffuse ဖြစ်စေပါတယ်။

3. Road Embankment And Bridge Protection
Gabion Box များကို Road Embankment Slope နှင့် Bridge Abutment များကို Erosion မဖြစ်စေရန် အသုံးပြုတည်ဆောက်ကြပါတယ်။ Scour Protection အတွက် လည်း အသုံးပြုနိုင်ပြီး၊ Structural Stability ကို တိုးတက်စေပါတယ်။

4. Landscaping Design
Gabion Box များကို Decorative Feature အဖြစ် Park, Garden, နှင့် Outdoor Seating Area များတွင် အသုံးပြုနိုင်ပါတယ်။ Gabion fences, benches, and walls များအဖြစ် ပတ်၀န်းကျင်လှပမှု (Aesthetic View) အတွက် Design ပြုလုပ်နိုင်ပါတယ်။

5. Drainage And Culvert Works
Drainage System များတွင် Gabion Box များကို Install ပြုလုပ်၍ Water Flow Direction ကို Control လုပ်ရန်နှင့် Erosion ကို ကာကွယ်ရန် အသုံးပြုကြပါတယ်။ Culvert Inlet နှင့် Outlet တွေမှာလည်း Erosion Protection အတွက်အသုံးဝင်ပါတယ်။

Gabion Box ၏ အားသာချက်များ
=======================
Durability - Galvanized Steel Mesh များသည် ပင်လယ်ဆားငန်ရေကြောင့် Corrosion ဖြစ်မှုကို ခံနိုင်ပြီး Structure Stability ကို အချိန်ကြာကြာ ထိန်းသိမ်းပေးနိုင်ပါတယ်။ Flexibility - Gabion Box များသည် Structural Damage နည်းပါးပြီး Differential Settlement ကို ခံနိုင်ရည်ရှိပါတယ်။ Cost-Effectiveness - Construction Cost ကို လျော့ကျစေပြီး Locally Available Material များဖြင့် လွယ်ကူလျင်မြန်စွာ တည်ဆောက်နိုင်ပါတယ်။Permeability - Water Drainage ကောင်းမွန်စေသည့်အတွက် Hydrostatic Pressure ကို လျှော့ချပေးပြီး Structural Failure ဖြစ်ပွားမှုလျော့နည်းစေပါတယ်။

SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Safety အကြောင်းတစ်စေ့တစ...
15/07/2026

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Safety အကြောင်းတစ်စေ့တစောင်း ပဲဖြစ်ပါတယ်။

Credit: Sayar Jack

Safety ဆိုတဲ့ခေါင်းစဉ်အောက်မှာ လူတော်တော်များများဟာ တစ်ခြားအရာတွေကို ဂရုတစိုက် လုပ်ဆောင်ကြပေမယ့် Noise(ဆူညံသံ)တွေ နေ့စဉ်ခံနေရတာကိုတော့ သတိမထားမိကြပါဘူး။ သတိထားနိုင်ကြဖို့ ရည်ရွယ်ရေးသားလိုက်ရပါတယ်။

"Noise Level"
(1) လူတစ်ယောက် တစ်နေ့မှာ ဆူညံသံတွေကို ဘယ် Level အထိခံနိုင်လဲ။
(2) ဆူညံသံတွေကို Level ကျော်လွန်ပြီး ခံရရင် လူတွေမှာ ဘယ်လို Effect တွေခံရနိုင်လဲ။
(3) ဆူညံသံတွေမှ ကာကွယ်ရန် ဘာတွေလုပ်ဆောင်သင့်လဲ။
ဒီအချက်(၃) ချက်ကိုဆွေးနွေးကြည့်ပါမယ်။

"Noise Induced Deafness"
====================
လုပ်ငန်းခွင်တွေမှာ အရမ်းဆူညံတဲ့အသံတွေနဲ့ အမြဲထိတွေ့နေရခြင်းဟာ နားပင်းခြင်း(Deafness) ကိုဖြစ်စေနိုင်ပါတယ်။ အရမ်းဆူညံတဲ့အသံကို အမြဲထိတွေ့နေရခြင်းကြောင့် အစပိုင်းမှာ မကြာခဏ အသံမကြားရခြင်းတွေ ဖြစ်စေနိုင်ပြီး နောက်ပိုင်းနှစ်တွေကြာလာတဲ့အခါ အသံလုံးဝ မကြားရတော့ပဲ နားပင်းခြင်း(Deafness) အဖြစ်သို့ ရောက်ရှိသွားနိုင်ပါတယ်။ ဒီလိုဖြစ်သွားခြင်းကို ဆူညံသံကြောင့်နားပင်းခြင်း [ Noise Induced Deafness(NID) ] လို့ခေါ်ပါတယ်။ ဆူညံသံတွေကြောင့် နားပင်းခြင်းကို စက်ရုံ အလုပ်သမား(Factory Workers)တွေမှာ အများဆုံးတွေ့ရှိရပါတယ်။ ဒါကြောင့် အရမ်းဆူညံသံ တွေနဲ့ အမြဲထိတွေ့နေရတဲ့ စက်ရုံ အလုပ်သမားတွေဟာ စက်ရုံက စီမံပေးထားတဲ့ ကျန်းမာရေးစစ်ဆေးခြင်း(Health Checking) တွေကို နှစ်စဉ်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

"Occupation At Risk"
================
အလုပ်သမားတစ်ယောက်ဟာ တစ်နေ့မှာ Noise Level-(8dBA) ကို 8-hours ထက်ပိုပြီး နေ့စဉ်ထိတွေ့နေရရင် သူဟာ နားပင်းခြင်းကို ဖြစ်လာနိုင်ပါတယ်။ High Noise Level တွေကို High Speed ကိုအသုံးပြုပြီး လုပ်ဆောင်ရတဲ့ အောက်ပါလုပ်ငန်းလုပ်ဆောင်ခြင်းတွေမှာ တွေ့ရှိရပါတယ်။၎င်းတို့မှာ-
(1) Grinding
(2) Sawing
(3) Drilling တို့ဖြစ်ပါတယ်။
ဒီလိုလုပ်ဆောင်ခြင်းတွေကို Construction လုပ်ငန်းတွေ/ Metal လုပ်ငန်းတွေ/ Woodworking လုပ်ငန်းတွေ/ Shipbuilding လုပ်ငန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ 1996-ခုနှစ်က [Factories (Noise) Regulations ] မှာသတ်မှတ်ခဲ့တဲ့ ခွင့်ပြုထားတဲ့ Noise Level နှင့် Duration ကို အောက်က ဇယားမှာလေ့လာနိုင်ပါတယ်။

" PERMISSIBLE EXPOSURE LEVELS
FOR CONTINUOUS NOISE "
Noise Level/dBA Duration Limit Per Day
85 8 hr
88 4 hr
91 2 hr
94 1 hr
97 30 min
100 15 min
103 7.5 min
106 4 min
109 2 min
112 (or) more less than 1 min

"Presentation"
===========
အစောပိုင်းခေတ်ကာလ တွေမှာ (Hearing Loss) ဖြစ်နေတဲ့ လူတွေကို (Hearing Test) တစ်ခုနဲ့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။ (Hearing Loss) ဖြစ်နေတဲ့ အလုပ်သမားတွေဟာ သူတို့ကိုယ်သူတို့ (Hearing Loss) ဖြစ်နေတယ်ဆိုတာ သတိမထားမိကြပါဘူး။ ဒါပေမဲ့ သီချင်းနားထောင်တဲ့အခါမှာ သူတို့ဟာ အသံကို ဟိုးအရင်တုန်းကလောက် ကြည်ကြည်လင်လင် မကြားရတာကိုတော့ သတိထားမိကြပါတယ်။ သူတို့ထဲက အချို့တွေကတော့ နားနဲ့အရမ်းကပ်ပြီး ဖုန်းပြောတာတွေ/သီချင်းသံ အကျယ်ကြီး နားထောင်တာတွေကြောင့် (Hearing Loss) ဖြစ်လာတာတွေကို တွေ့ရှိရပါတယ်။ သူတို့တွေဟာ ပုံမှန်စကားပြောဆိုတဲ့အခါမှာတောင် မကြားရတော့ပဲ အခက်အခဲတွေရှိလာပါတယ်။ ပြီးတော့ အလုပ်သမားတွေဟာ သူတို့အသံကိုယ်တောင် သူတို့ ကြည်ကြည်လင်လင် မကြားရပဲ ဖြစ်လာပါတယ်။ ဒါကြောင့် သူတို့တွေဟာ အသံကျယ်ကျယ်နဲ့ စကားပြောဆိုလာကြပါတယ်။ သူတို့တွေဟာ တံခါးဘဲလ်တီးတာတွေ/ဖုန်းပြောတာတာတွေမှာ မကြားရတော့ပဲ အခက်အခဲဖြစ်လာပါတော့တယ်။ ဒီအကျိုးသက်ရောက်မှုတွေက သူတို့ရဲ့ (Social And Family Lives) တွေမှာ ပြသနာဖြစ်လာပါတယ်။

"Prevention"
==========
1996 ခုနှစ်က [ Factories(Noise) Regulations] မှာ လုပ်ဆောင်ရမယ့် ကာကွယ်ခြင်းနည်းလမ်းတွေကို သတ်မှတ်ခဲ့ပါတယ်။ လည်ပတ်နေပြီး စက်ရုံတစ်ခုအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေကို ထပ်ပြီးဝယ်ယူတဲ့အခါ အရမ်းဆူညံတဲ့အသံကို မထုတ်လွှတ်တဲ့ စက်တွေကိုဝယ်ယူသုံးစွဲဖို့ သတ်မှတ်ခဲ့ပါတယ်။ တကယ်လို့ ရှိပြီးသား စက်တွေဟာ အရမ်းဆူညံတဲ့ စက်ဖြစ်ခဲ့ရင် အောက်ပါနည်းလမ်းတွေသုံးပြီး လျော့ချပေးရပါမယ်။၎င်းတို့မှာ-
(a) Construction of encloser
(b) Construction of noise barrier
(c) Installation of silencers တို့ဖြစ်ပါတယ်။
တကယ်လို့ ဒီလို လုပ်ဆောင်ခြင်းတွေက ဆူညံသံတွေကို ခွင့်ပြုနိုင်တဲ့ Noise Level အထိ မလျော့ချနိုင်ရင် သင့်တော်တဲ့ (Hearing Protectors) တွေကို စီမံပေးရပါမယ်။ ပြီးတော့ (Hearing Protectors) တွေကို နည်းလမ်းမှန်မှန်ကန်ကန်နဲ့ တပ်ဆင်ထားရပါမယ်။

SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

Ready Mix Concrete နဲ့ Site Mix Concrete ဘယ်ဟာ ပိုကောင်းလဲ❓❓Construction များ၊ Project များ၊ လမ်းတံတားများစတဲ့တည်ဆောက်မှ...
14/07/2026

Ready Mix Concrete နဲ့ Site Mix Concrete ဘယ်ဟာ ပိုကောင်းလဲ❓❓Construction များ၊ Project များ၊ လမ်းတံတားများစတဲ့တည်ဆောက်မှုတစ်ခုပြုလုပ်တဲ့အခါမျိုးမှာ Ready Mix Concrete (ဒါမှမဟုတ်) Site Mix Concrete ကို မဖြစ်မနေ ရွေးချယ်ရပါတယ်။✅✅

Ready Mix Concrete - RMC က နည်းပညာမြင့်မားတဲ့ Batching Plant တွေကနေ ထုတ်လုပ်တဲ့အတွက် အရည်အသွေးမြင့်မားမှုရှိခြင်း၊ သိုလှောင်ခြင်း၊ အစောင့်ထားရှိရခြင်း၊ အလေအလွင့်ဖြစ်ခြင်းများအား ထိန်းသိမ်းနိုင်ခြင်း၊ ကုန်ကြမ်းပစ္စည်းများကို ဓာတ်ခွဲခန်းကနေ စနစ်တကျအရည်အသွေးစစ်ဆေးမှုများပြုလုပ်ပေးပါတယ်။ ဒါ့အပြင် Ready Mix Concrete ကိုအသုံးပြုခြင်းဟာ လုပ်ငန်းတိုးတတ်မှုမြန်ဆန်ပြီး လိုအပ်တဲ့ကွန်ကရစ်ပမာဏမြောက်များစွာကို အလွယ်တကူ အော်ဒါမှာယူ ရရှိနိုင်ပါတယ်။💯💯

Site Mix Concrete - Site Mix Concrete ဟာ Hand Made ဖြစ်တဲ့အတွက် အရည်အသွေးအာမခံချက်မရှိခြင်း၊ Manual ဖြစ်တဲ့အတွက် စီမံကိန်းလုပ်ငန်းများပြီးစီးမှုအချိန်ကာလ အလွန်နှေးကွေးစေတဲ့အပြင် ပစ္စည်းစုဆောင်းထားရှိရပြီး ထားသိုပုံ မမှန်ခြင်းကြောင့် အလေအလွင့်များ ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ဖျော်စက်နဲ့ဖျော်နေရတဲ့အတွက် အချိန်၊ လုပ်သားအင်အား၊ ငွေ အကုန်အကျများပြီး လုပ်ငန်းတိုးတတ်မှု နှေးကွေးစေပါတယ်။😇😇

သင်ဆိုရင်ရော သင့်လုပ်ငန်းအတွက် ဘယ်လို Concrete ကိုအသုံးပြုမှာလဲ❓❓

လူကြီးမင်းတို့အသုံးပြုမဲ့ Concrete ကို Comment မှာ မျှဝေပေးခဲ့ပါနော်။💬💬

Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ အရည်အသွေးကောင်း သဲရဲ့ဂု...
11/07/2026

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ အရည်အသွေးကောင်း သဲရဲ့ဂုဏ်သတ္တိများပဲဖြစ်ပါတယ်။

Credit: Sayar Swe Hlaing Oo

ကွန်ကရစ်လုပ်ငန်း၊ အုတ်/ကျောက် စီချောလုပ်ငန်း၊ အဆောက်အဦအတွင်းပိုင်း မြေဖို့ခြင်း စသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် သဲဟာ ဘက်စုံအသုံး၀င်ပြီးအရေးကြီးတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

သန့်ရှင်းမှု၊ မာကြောမှု၊ ဖုန်မှုန့်အမှိုက်သရိုက်နှင့် အော်ဂဲနစ်ပစ္စည်းများ ကင်းရှင်းမှု၊ ရွှံ့နှင့်နုန်း သတ်မှတ်အနည်းဆုံးပမာဏ သာပါ၀င်မှု စသည်တို့ဟာ အရည်အသွေးကောင်းတဲ့ သဲရဲ့ဂုဏ်သတ္တိတွေပဲ ဖြစ်ကြပါတယ်။

Moisture content of sand
====================
သဲဟာ လေထုထဲကရေခိုးရေငွေ့ကို စုပ်ယူမှု အားကောင်းတယ်၊ ရေကိုလည်းစုပ်ယူထားနိုင်လို့ ရာသီဥတု ပတ်၀န်းကျင် အခြေအနေပေါ်မူတည်ပြီး ရေပါ၀င်မှု အစိုဓါတ် ပမာဏ ပြောင်းလဲမှု မြန်တတ်တယ်။ ဒါကြောင့် အစိုဓါတ် (Moisture content of sand) ကို တစ်သမတ်တည်းရှိနေအောင် ထိန်းသိမ်းထားသင့်ပါတယ်။ ကွန်ကရစ်လုပ်ငန်းအတွက် သဲကို နေပူရှိန်နှင့် မိုးရေမထိစေရန် အမိုးအကာအောက်မှာ စုပုံသင့်ပါတယ်။

Lab Testing of sand
===============
အရေးကြီး ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ Ready mix concrete ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အသုံးပြုမည့် သဲကို ဓါတ်ခွဲခန်းမှာ အရည်အသွေးစမ်းသပ် ခွင့်ပြုချက်ယူပြီး မှ အသုံးပြုရပါတယ်။ AASHTO-M6/ ASTM-C33 စသည့် Standard များအတိုင်း စမ်းသပ်စစ်ဆေးပြီး သုံးသင့်မသင့် ဆုံးဖြတ်ကြပါတယ်။ ဖေါ်ပြပါ Standard များအရ Sieve analysis ပြုလုပ်ပြီး သတ်မှတ် Grading ထဲ၀င်မ၀င် စစ်ဆေးကြပါတယ်။ နုန်းပါ၀င်မှု (Silt content) 3% ထက်မများရပါ။ ရွှံ့ (Clay lump) ပါ၀င်မှု 3% ထက်မပိုရ (အချောကိုင် Plastering လုပ်ငန်းအတွက် 0.5% ထက်မများရ)။ Fineness Modulus (F.M) 2.05 to 3.05 အတွင်းရှိရပါမယ်။ Specific Gravity (S.G) 2.6 to 2.8 အတွင်းနှင့် ‌ရေစုပ်ယူနိုင်မှု (Absorption) 6 ထက်မများရပါဘူး။ အထက်ပါ တန်ဖိုးများကို Third Party Laboratory များက စမ်းသပ်စစ်ဆေးပြီး Sand sample ကို သုံးသင့်၊ မသင့် မှတ်ချက်ပေးကြပါတယ်။

‌SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

ကွန်ကရစ်လောင်းပြီးတဲ့အခါ Honeycomb ဖြစ်စေတဲ့ အကြောင်းအရင်းများCredit - MyanboxSite တွေထဲ ကွန်ကရစ်လောင်းပြီးလို့ formwork...
10/07/2026

ကွန်ကရစ်လောင်းပြီးတဲ့အခါ Honeycomb ဖြစ်စေတဲ့ အကြောင်းအရင်းများ
Credit - Myanbox

Site တွေထဲ ကွန်ကရစ်လောင်းပြီးလို့ formwork တွေ ခွာလိုက်တဲ့ အခါမှာ တိုင်တွေ၊ ထုတ်တွေ၊ ကြမ်းခင်းတွေမှာဆိုရင် ကျောက်တွေပေါ်ပြီးတော့ မြေပဲယိုပုံစံတွေ ပေါ်နေတတ်ပါတယ်။ အင်ဂျင်နီယာအခေါ်အဝေါ်အရတော့ Honeycomb ဖြစ်တယ်လို့ ပြောကြပါတယ်။ ဒီ Honeycomb တွေက အပြင်ဘက်မှာပေါ်နေရင် ကြည့်ရတာဆိုးပေမဲ့ ပြန်ပြုပြင်လို့ ရပါတယ်။ အတွင်းပိုင်းမှာ လေခိုပြီး ဖြစ်နေရင်တော့ အဆောက်အဦး ခိုင်ခံ့မှု အနည်းငယ်လျော့နည်းနိုင်ပါတယ်။ အတွင်းပိုင်း Honeycomb တွေကတော့ အဆင့်မြင့်ကိရိယာတွေနဲ့သာ စမ်းသပ်လို့ ရပါတယ်။

ကွန်ကရစ်လောင်းချိန်မှာ ကွန်ကရစ်သားက နေရာစုံကို သေသေချာချာ ပျံနှံ့မှု မရှိဘဲ consolidation (စုစည်းမှု) အားနည်းပြီး လေခိုကာ Honeycomb တွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီ Honeycomb ဖြစ်စေတဲ့ အကြောင်းတွေကတော့

🔆 ကွန်ကရစ်လောင်းနေချိန်မှာ vi****or အသုံးပြုတာ မှန်ကန်မှု မရှိရင်လည်း Honeycomb တွေ ဖြစ်ပေါ်စေပါတယ်။

🔆 သံချောင်းတွေနဲ့ Formwork ကြားက cover block တုံးလေးတွေ နည်းနေရင်လည်း ကွန်ကရစ်ပျံနှံ့မှု နည်းပြီး လေခိုကာ Honeycomb ဖြစ်နိုင်ပါတယ်။

🔆 concrete ဖျော်တဲ့အချိန်မှာ water cement ratio မမှန်ရင်လည်း Honeycomb ဖြစ်ပေါ်စေပါတယ်။ ဥပမာ - ရေများသွားခဲ့ရင်လည်း ရေတွေက အပြင်ဘက်ထွက်သွားတဲ့အခါ ရေနဲ့အတူ ဘိလပ်မြေတွေ ပါသွားခဲ့ရင် အထဲမှာ ကျောက်တွေပဲကျန်နေတတ်ပါတယ်။ ရေနည်းသွားခဲ့ရင်လည်း လိုအပ်တဲ့ အနှစ်မရနိုင်တော့ပါဘူး။

🔆 တိုင်နဲ့ထုတ်တန်း ဆုံတဲ့နေရာမှာ သံချောင်းတွေ ရှုပ်ပွအောင် ဆင်ထားခဲ့ပြီး vi****or သေသေချာချာမထိုးခဲ့ရင်လည်း Honeycomb တွေ ဖြစ်ပေါ်နိုင်ပါတယ်။

🔆 ကျောက်အရွယ်အစားကြီးနေရင်လဲ သံချောင်းတွေကြား ပိတ်ဆို့မိပြီး ကွန်ကရစ်သား ဝင်ရောက်မှုကို ပိတ်ထားသလို ဖြစ်တတ်ပါတယ်။ အဲဒီအခါမှာလည်း Honeycomb တွေ ဖြစ်ပေါ်နိုင်ပါတယ်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

မိုးရာသီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အားကိုးရဆုံး - SG Pann Ayeyar Concrete 🌧️🏗️အဆောက်အဦးတစ်ခု ခိုင်ခန့်ဖို့အတွက် "အ...
09/07/2026

မိုးရာသီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အားကိုးရဆုံး - SG Pann Ayeyar Concrete 🌧️🏗️
အဆောက်အဦးတစ်ခု ခိုင်ခန့်ဖို့အတွက် "အချိန်မီပြီးစီးဖို့" နဲ့ "အရည်အသွေး စံချိန်မီဖို့" က အသက်ပါ။ အထူးသဖြင့် မိုးတွင်းဘက်မှာ ကွန်ကရစ်လောင်းရင် မိုးရေဝင်ပြီး အရည်အသွေး ပျက်စီးမှာ၊ သတ်မှတ်ထားတဲ့ ခိုင်ခံ့မှု မပြည့်ဝမှာကို အိမ်ပိုင်ရှင်တွေနဲ့ အင်ဂျင်နီယာတွေ အစိုးရိမ်ဆုံး ဖြစ်ပါတယ်။
SG Pann Ayeyar ရဲ့ အဆင်သင့်ဖျော်စပ်ပြီး ကွန်ကရစ် (Ready-mixed Concrete) က လူကြီးမင်းတို့ရဲ့ စိုးရိမ်မှုအားလုံးကို တာဝန်ယူ ဖြေရှင်းပေးပါတယ်။
🌧️ ရာသီဥတု စိုထိုင်းဆ ဘယ်လောက်ပဲများများ ကွန်ကရစ်သား အခြောက်ညီပြီး အက်ကွဲကြောင်းတွေ မထင်ကျန်စေဖို့ နည်းပညာရှင်ကိုယ်တိုင် အချိုးအစား တိကျစွာ စမ်းသပ် ဖျော်စပ်ပေးထားခြင်း။
👷‍♂️ ကွန်ကရစ်ရဲ့ အပျော့အမာ အနေအထားကိုပါ လုပ်ငန်းခွင်ထဲမှာ စနစ်တကျ ပြန်လည်စစ်ဆေးပေးခြင်း။

မိုးရွာလို့ လုပ်ငန်းခွင် ကြန့်ကြာမှာကို စိတ်ပူစရာမလိုဘဲ ရာသီမရွေး စိတ်အေးရဖို့ SG Pann Ayeyar Concrete နဲ့ လက်တွဲလိုက်ပါ။
Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

အားလုံးပဲ မင်္ဂလာပါ။🙏SG Pann Ayeyar Page ကနေကြိုဆိုပါတယ်ရှင့်။ယနေ့မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဆောက်လုပ်ရေးလုပ်ငန...
08/07/2026

အားလုံးပဲ မင်္ဂလာပါ။🙏
SG Pann Ayeyar Page ကနေကြိုဆိုပါတယ်ရှင့်။ယနေ့မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွက် အကောင်းဆုံးနဲ့ စံချိန်စံညွှန်းအပြည့်မီဆုံး ကွန်ကရစ်တွေကို ထုတ်လုပ်ပေးဖို့ဆိုတာ တိကျသေချာတဲ့ နည်းပညာနဲ့ အဖွဲ့လိုက်ကြိုးစားမှုတွေ လိုအပ်ပါတယ်။

ကျွန်တော်တို့ SG Pann Ayeyar Co.Ltd မှာဆိုရင်...

⚙️ Automated System (အလိုအလျောက်စနစ်): ခေတ်မီဆန်းသစ်တဲ့ စနစ်ကို အသုံးပြုထားတာကြောင့် ကုန်ကြမ်းအချိုးအစားတွက်ချက်မှုကအစ စက်မှုအမှားအယွင်းမရှိ တိကျသေချာပါတယ်ရှင့်။

🔬 Strict Quality Control: ကွန်ကရစ် အရည်အသွေးပိုင်းကိုလည်း စံချိန်စံညွှန်းအတိုင်း အဆင့်ဆင့် စေ့စေ့စပ်စပ် စစ်ဆေးထိန်းချုပ်ပြီးမှ ထုတ်လုပ်တာမို့ စိတ်ချရမှုအပိုင်းမှာ ၁၀၀% အပြည့်အဝ တာဝန်ယူနိုင်ပါတယ်ရှင့်။

‌SG Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။

Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

Ready Mixed Concrete အရည်အသွေးကောင်းများအတွက် SG Pann Ayeyar ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။အဆောက်အဦ၊ လမ်းတံတားနှင...
07/07/2026

Ready Mixed Concrete အရည်အသွေးကောင်းများအတွက် SG Pann Ayeyar ကို ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါ။
အဆောက်အဦ၊ လမ်းတံတားနှင့် စက်မှုလုပ်ငန်းများအတွက် အရည်အသွေးမြင့် Ready Mixed Concrete များကို SG Pann Ayeyar Co., Ltd မှ စံချိန်စံညွှန်းပြည့်မီစွာ ထုတ်လုပ်ပေးလျက်ရှိပါသည်။
✅ အရည်အသွေးမြင့် ကွန်ကရစ်
✅ အချိန်မီ ပို့ဆောင်ပေးခြင်း
✅ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှု
✅ Project အရွယ်အစားမရွေး ဝန်ဆောင်မှုပေးနိုင်ခြင်း
ခိုင်မာသော အဆောက်အဦတိုင်း၏ အခြေခံမှာ အရည်အသွေးမြင့် Concrete ဖြစ်သည်။
SG Pann Ayeyar Co., Ltd – Strong Foundation, Lasting Quality.
ယနေ့ပဲ ဆက်သွယ်ပြီး သင့် Project အတွက် အကောင်းဆုံး Ready Mixed Concrete ဝန်ဆောင်မှုကို ရယူလိုက်ပါ။

Concrete ဈေးနှုန်းများ သိရှိလိုပါက 09254915998 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။

ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-254915998
Hotline:09-428936771
Address:No. 226(B),Mya Khwar Nyo Street, Industrial Zone,Thaketa Township;Yangon.

Address

226(B), Mya Khwar Nyo Street, Industrial Zone, Tharkayta Township
Yangon

Telephone

+95943110038

Website

Alerts

Be the first to know and let us send you an email when SG Pann Ayeyar Concrete posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SG Pann Ayeyar Concrete:

Shortcuts

Share