စီးပွားရေးအခွင့်အလမ်းရှာဖွေမယ်

  • Home
  • Myanmar
  • Yangon
  • စီးပွားရေးအခွင့်အလမ်းရှာဖွေမယ်

စီးပွားရေးအခွင့်အလမ်းရှာဖွေမယ် Kyaw kyaw htun

05/10/2020

Page လေးလဲ အသက်မသွင်းရတာတော်တော်ကြာပီ
ဘာမှမလုပ်ဖြစ်တော့ ဘာမှလဲမတွေးမိဘူး ဘာမှမရေးထြစ်ဘူးလေ

E,S,B and I လူတော်တော်များများလဲ သိတယ် စီးပွားရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်စာအုပ်တော်တော် များများမှာလဲ သင်တို့ မြင်တွေ့ရဖူး...
26/02/2020

E,S,B and I လူတော်တော်များများလဲ သိတယ် စီးပွားရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်စာအုပ်တော်တော် များများမှာလဲ သင်တို့ မြင်တွေ့ရဖူးပါလိမ့်မယ်...
ဒီနေ့ ပြောမဲ့အကြောင်းအရာကတော့ လူတော်တော်များများ သတိထားမိချင်မှ သတိထားမိလိမ့်မယ်ထင်တယ်...ကျွန်တော် ထုတ်နှုတ်ထားတဲ့ အကျည်းချုပ်ဖြစ်သလို အလွယ်တကူ သိနိုင်မဲ့နည်းလမ်းလေး တစ်ခုကို မိတ်ဆွေတို့ကိုမျှဝေပေးပါမယ်...
အရင်ဆုံး သိထားရမှာကတော့ E,S,B and I ဇယားလေားဖြစ်ပါတယ်... ဆက်ကြည့်ရအောင်ဗျာ

E. S

B. I
E=Employees ( ဝန်ထမ်း )
S=small business (တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်း)
B=Big business (စီးပွားရေးလုပ်ငန်းကြီး)
I= investment (ရင်းနှီးမြှုပ်နှံသူ)
ကမ္ဘာ ပေါ်မှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းလေးခုကိုအကျည်းချုပ်ဖော်ပြထားတာဖြစ်ပါတယ်...
လက်ရှိမှာ ကိုယ်ကဘယ်ရောက်နေလဲ ဘယ်လိုဆက်ပြီးကိုယ့်ဘဝကိုတိုးတက်ဖို့လုပ်ဆောင်မလဲဆိုတာ တစ်ဆင့်ပြီးတစ်ဆင့်လေ့လာ နိုင်ပါလိမ့်မယ်...
ကိုယ်လက်ရှိရွေးချယ်ထားတာ လခစားဝန်ထမ်းဆိုပါစို့ လခနည်းသူရှိသလို အင်မတန်များတဲ့လူတွေကိုလဲ တွေ့ရပါလိမ်မယ် အဲ့လိုအချိန်မှာ နည်းသူက များသူကိုအားကျသလို များသူကလဲ ထိုနည်းတူစွာ လိုအပ်ချက်တစ်ခုခုအတွက် အားမလိုအားမရဖြစ်နေပါလိမ့်မယ် တကယ်တော့ ဒီလူ နှစ်ဦးစလုံးဟာ E ထဲမှာ နစ်မြှုတ်နေတယ်ဆိုတာ သတိမပြုမိပဲ တစ်ရက်ပြီးတစ်ရက်အချိန်ကုန်သွားရင်း ကိုယ်ရည်ကိုယ်သွေးနဲ့အရည်အချင်းတွေကို တစ်ခြားလူတစ်ယောက်ကောင်းစားဖို့ ကျိုးစားနေရသလိုပါပဲ...
ဥပမာပြောရ ရင် ဂိမ်းတစ်ခုမှာ level တော်တော်များများတက်ခဲ့ပေမဲ့ တကယ့် change and choice လုပ်ရမဲ့အချိန်မှာ ကောင်းမွန်တဲ့ level မှာရပ်တန့်နေသလိုပါပဲ...
Change and choice ကကလူတစ်ယောက်အတွက် ဘယ်လောက်တောင်အရေးကြီးလဲ?

မေး· ဘဝဆိုတာဘာလဲ?
ဖြေ. မွေးဖွားခြင်းနဲ့သေဆုံးခြင်းရဲ့ကြားကာလတစ်ခုဟာ {ဘဝ} ဖြစ်တယ်.
လူတစ်ယောက် မွေးဖွားလာခဲ့တယ် born (B) သေဆုံးခြင်း Death(D)
B နဲ့ D ကြားမှာ စကားလုံးတစ်ခုပဲရှိတယ် C (choice ang change) တကယ့်ဘဝအစစ်က life မဟုတ်ဘူး life ဆိုတဲ့ဘဝက စကားလုံးတစ်လုံးသက်သက်ပဲရှိတယ် နေ့စဉ်နေထိုင်မှု ဘဝမှာ အမြဲတမ်းရွေးချယ်နေရတယ် ပြောင်းလဲနေရတယ်...
မျက်လုံးနှစ်လုံးပွင့်ထဲက စတင်ရွေးချယ်ရတယ်
ဥပမာ ဖုန်းအရင်ကိုင်ရမလား မျက်နှားအရင်သစ်ရမလား ဆိုတာတွေပေါ့
ကျွန်တော်တို့ ရွေးချယ်မှုတွေ ပြောင်းလဲမှုတွေနဲ့ပြည့်နေတဲ့ဘဝ တစ်ခုမှာ ပြောင်းလဲဖို့မကြောင့်သင့်သလို ရွေးချယ်ဖို့လို့ ကြောက်နေလို့မရပါဘူး...
ဘဝတစ်ခုတိုင်းတက်အောင်မြင်ချင်ရင် ရွေးချယ်မှု မှန်ကန်ပြီး ပြောင်းလဲမှု ကို ရဲရင့်စွာလုပ်ကိုင်နိုင်မှ လူတစ်ယောက် ကြိမ်သေပေါက် အောင်မြင်မှု ကို ရနိုင်ပါလိမ့်မယ်..
အရင်ကရေဒီယိုပြင်ပြီးအသက်မွေးဝမ်းကျောင်းလုပ်နေသူတစ်ယောက်ဟာ အခု အချိန် ရေဒီယိုပြင်စားနေရင် အလုပ်ဖြစ်ပါ့မလား...ခုခေါတ်TV ရေခဲသေတ္တာ ကွန်ပြုတာ တို့ကို ပြောင်းလဲပြင်ဆိုင်နိုင်မှ သာလျှင် ထိုလူပြောင်းလဲ ပြုပြင်နိုင်မှသာလျှင် အကျိုးဖြစ်မှာပဲဖြစ်ပါလိမ့်မယ်...
ကျွန်တော်တို့အားလုံးသိထားတဲ့ နည်းလမ်း နည်းစနစ်တွေကိုကျော်လွနိပြီး ဂိမ်းတစ်ခုလို level တစ်ဆင့်ပြီး တစ်ဆင့်တက်နိုင်မှသာ အောင်မြင်တိုးတက်ကြီးပွားချမ်းသာ လိမ့်မယ်ဆိုတာ E နေရာကနေ S နေရာ ရောက်အောင် S နေရာမှ B နေရာရောက်အောင် Bနေရာမှ တဆင့် အောင်မြင်ကြီးပွားမည့် Investment တစ်ဦးဖြစ်အောင် မဆုပ်မနစ်ကျိုးစားအားထုပ်ဖို့လိုအပ်ပါတယ်...
ဒါကြောင့် အကျိုးဖြစ်ထွန်းစေမဲ့ အသိရစရာတွေကို ကျွန်တော် page မှာ အကျိုးရှိစွာ အသုံးတည့်မည့်လူတွေအတွက် အကျိုးဖြစ်ထွန်းစေလိုသော စိတ်ဖြည့် သင်ယူခဲ့ဖူးသော အတွေ့အကြုံများအားမျှဝေပေးလိုသောကြောင့် စိတ်ပါဝင်စားသူတိုင်း live and see first လုပ်ပေးထားကြပါ နောက်ထပ်လဲ အကျိုးရှိစေမဲ့ အရာတွေ ဆက်လက်မျှဝေသွားပါမည်... အကျိုးရှိနိုင်ကြပါစေ

ဘယ်သူမကောင်းဘူး ဘယ်သူကောင်းတယ်ဆိုတာ ဘေးထိုင်ပြီး ပြောနေရမဲ့ ခောတ်မဟုတ်တော့ဘူး...အဓိက ကိုယ်တိုင်ကောင်းဖို့အရေးကြီးတယ်...က...
06/05/2017

ဘယ်သူမကောင်းဘူး ဘယ်သူကောင်းတယ်ဆိုတာ ဘေးထိုင်ပြီး ပြောနေရမဲ့ ခောတ်မဟုတ်တော့ဘူး...အဓိက ကိုယ်တိုင်ကောင်းဖို့အရေးကြီးတယ်...ကျွန်တော် Pageထောင်ပြီးနောက်မှာ အသိမိတ်ဆွေတစ်ချို့တိုးလာခဲ့တယ် သူတို့က စီးပွားရေးစိတ်ဝင်စားကြတဲ့သူတွေကြီးပဲ ကျွန်တော်Post ကိုစိတ်ဝင်တစားမျှော်လင့်နေတဲ့သူတစ်ချို့လဲရှိတယ် အဲ့လိုသိလို့ အရမ်းဝမ်းသာမိတယ် ကျွန်တော်က ဘယ်လိုဆရာမှမဟုတ်ပါဘူး အတွေးအခေါ်ဆရာ စီးပွားရေးဆရာ လုပ်ငန်းရှင်များ ခေါင်ဆောင်ကောင်းများစီမှသင်ကြားသိရသမျှတွေကို မိမိပတ်ဝန်းကျင်အားမျှဝေလိုစိတ်ရှိတဲ့လူတစ်ဦးမျှသာပါ...ဒါကြောင့်ကျွန်တော်ကောင်းတာတွေကြီးပဲမျှဝေသလို တစ်ချို့သတိထားသင့်တဲ့လုပ်ငန်းများရဲ့ အားနည်းချက်နဲ့လူတစ်ချို့ရဲ့ဘဝတွေပျက်ဆီးသွားစေနိုင်တဲ့ လုပ်ငန်းတစ်ချို့ကိုလဲမျှဝေချင်ပါတယ်။
၁ ။ SCL အရှည်ကောက်ကတော့ Saxon Capital Club ပါငွေကြေးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဟုဆိုကာလူတွေကိုလိမ်ညာသွားတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ် ဒီလုပ်ငန်းရဲ့ System က money game ဖြစ်​လို့ဘယ်​သူဖြစ်​ဖြစ်​​မက်​​မော​​လောက်​​စေတယ်​ တစ်​သိန်း​လောက်​ရင်းရင်​ သုံးသိန်း​ကျော်​​လောက်​ပြန်​ရတယ်​ဆို​တော့လူ​တွေကိုမက်​လုံး​ပေးပြီး ​နောက်​ဆုံးလိမ်​ပြီးထွက်​​ပြေးသွားပါတယ်​...အဆိုးဆုံးက သူနဲ့ဆက်​တူအကျိုးတူလုပ်​တဲ့ The. Best International ဆိုတဲ့ MLM ကုမ္မဏီ တစ်​ခုပါပဲ ပူး​ပေါင်းလိမ်​ညာတာဖြစ်​ပါတယ်​ မြန်​မာနိုင်​ငံမှာအခုလိုလုပ်​ငန်း​တွေ​ရှောင်​သင့်​ပါတယ်​ The Best သူ​ဌေးကသူ့ကုမ္မဏီရပ်​တည်​မှုမပျက်​​ရေးအတွက်​အ​ရော်​​ပေးမယ်​ပါးစပ်​ကသာ​ပြောပီးတကယ်​လက်​​တွေ့မှာအ​ရောမ​ပေးခဲ့ပါဘူး အခုထိရှယ်​ယာများထံမှ စိတ်​မ​ကောင်းစရာ စကားတစ်​ချို့ကိုသာကြားပြီးစိတ်​မ​ကောင်းဖြစ်​မိရပါတယ်​ဒါ​ကြောင့်​အလုပ်​တစ်​ခုလုပ်​မည်​ဆိုရင်​သတိထားကြပါလို့​ပြောချင်​ပါသည်​.... အ​ကြောင်းဆုံ သိရန်​ Face book တွင်​ SCLတွင်​​ငွေရင်းနှီးမှုပ်​နှံသူများ Group တွင်​ဝင်​​ရောက်​​လေ့လာနိုင်​ပါသည်​။ မည်​သို့ပင်​ဖြစ်​​စေ ​ငွေ​နောက်​မလိုက်​မိပါ​စေနဲ့ ​ငွေကိုသာ ကိုယ့်​​နောက်​ပြန်​လိုက်​​စေ​အောင်​ ​ကောင်း​သောအရာများပြုလုပ်​ပြီး ရိုးရိုးကျင့်​ မြင့်​မြင့်​ ကြံ မြန်​မာစကားပုံ အတိုး​နေထိုင်းပြီးကြီးပွားတိုးတက်​လမ်းမထက်​တွင်​ ​ဘေးကင်းကင်း​လျှောက်​လှမ်းနိုင်​ပါ​စေ...

စီးပွား​ရေးအခွင့်​အလမ်းအတွက်​သတင်း​ကောင်း သတင်း​ပေး ​နောက်​ကျခြင်းအတွက်​​တောင်းပန်​ပါတယ်​ ​သေချာ​အောင်​အ​သေးစိတ်​​...
10/02/2017

စီးပွား​ရေးအခွင့်​အလမ်းအတွက်​သတင်း​ကောင်း သတင်း​ပေး ​နောက်​ကျခြင်းအတွက်​​တောင်းပန်​ပါတယ်​ ​သေချာ​အောင်​အ​သေးစိတ်​​လေ့လာ​နေရ​သေးတာ​ကြောင့်​ပါ ကွန်​ဒိုတန်​ဖိုးက သိန်း၂ထောင်ဝန်းကျင်​ဖြစ်​ပြီး ဒါကို၁၀နှစ်​အရစ်​ကျ​ပေးမယ်​ဆို​တော့ မိတ်​​ဆွေတို့အတွက်​တကယ့်​အခွင့်​အလမ်းတစ်​ခုပဲ မြန်​မြန်​စရင်း​ပေးပြီး ရန်​ကုန်မှာ ပိုင်​ဆိုင်​မှုတစ်​ခု ရ​အောင်​တည်​​ဆောက်​လိုက်​ပါ...တစ်​လကို ၅သိန်းဝန်းကျင်​အရစ်​ကျ​သွင်းရမှာပါ

http://www.imyanmarhouse.com/shine-construction-promotion

တစ်ခါမှ မလျှော့ဖူးတဲ့ လျှော့ဈေးဖြင့် အသင့်နေထိုင်နိုင်ပြီဖြစ်သော ကွန်ဒိုအခန်းများအား (၁၀)နှစ် အရစ်ကျ ဖြင့် ရောင်းပေးမည့် Shine Construction ကွန်ဒိုအထူးအရောင်းပြပွဲ

19/01/2017

ဖုန်းကဒ်တွေမှတ်ပုံတင်ရနိခက်ခဲတဲ့လူများအတွက် ဖုန်းကဒ်မှတ်ပုံတင်ခြင်းကိုလဲလုပ်ပေးပါသည်...
ဆက်သွယ်ရန်-၀၉၇၇၇၅၈၇၅၁၃

ပါမောက္ခဒေါက်တာအောင်ထွန်းသက် မှယနေ့မြန်မာနိုင်ငံ၏စီးပွားရေး သုံးသပ်ချက်ဆွေးနွေးပွဲတွင် ရရှိတဲ့အချက်အလက်အချို့ကိုပထမဆုံးအ...
13/01/2017

ပါမောက္ခဒေါက်တာအောင်ထွန်းသက် မှယနေ့မြန်မာနိုင်ငံ၏စီးပွားရေး သုံးသပ်ချက်ဆွေးနွေးပွဲတွင် ရရှိတဲ့အချက်အလက်အချို့ကိုပထမဆုံးအနေနဲ့တင်ပြပေးပါမယ်...
ပထမဆုံး သူနိုင်ငံခြားပညာတော်သင်သွားရောက်ရန်အင်တာဗျူးခဲ့စဉ်က တုန်လှုပ်သွားစေခဲ့တဲ့မေးခွန်းတစ်ခုကိုရှေးဦးစွာတင်ပြပါမယ် ...
"ခင်ဗျာရဲ့ဘကြီးက ဘယ်မှာရှိသလဲ" ဆိုတာပါပဲ ဆရာမယုံနိုင်လောက်အောင် အံ့သြသွားခဲ့တယ်လို့ဆိုပါတယ်...
တကယ်တော့ ဆရာ့ရဲ့ဘကြီးဟာ ဆရာ့အဖေရဲ့အစ်ကို အဲ့အချိန်တုန်းက ပီကင်းမြို့မှာနေပြီး ရေဒီယိုကနေတဆင့် မဆလအစိုးရကိုဝေဖန်နေတဲ့ မြန်မာပြည်ကွန်မြူနစ်ပါတီ ဒုတိယဥက္ကဋ္ဌ သခင်ဗသိန်းတင်။ ဒီမေးခွန်းကြားပြီးချိန်မှာ ဆရာအနေနဲ့ဒီတစ်ခါတော့ အခြေအနေမဟန်ဘူးဆိုတာကို သဘောပေါက်ခဲ့တယ်။ဆရာလဲ မထူးပါဘူးဆိုပြီး "ကျွန်တော်မသိဘူးဆရာ ရေဒီယိုထဲကတဆင့်သူ့အသံကိုကြားရတယ်ဆိုပေမဲ့ ဆရာငယ်စဉ်ဘဝတည်းက သူတော်ခိုသွားကြောင်းရှင်းပြတယ်...တစ်ချို့ဆရာတွေကတော့ဘာသာရပ်နဲ့ဆိုင်တဲ့မေးခွန်းလေးတွေမေးကြတယ် ဒါပေမဲ့ အင်တာဗျူးရဲ့ရလဒ်ကိုဆရာကြိုတင်ခန့်မှန်း မိပြီးသားဖြစ်နေပါပြီ... စီးပွားရေး တက္ကသိုလ်ပြန်ရောက်တော့ ပါမောက္ခချုပ်ဆရာကြီးဒေါက်တာအေးလှိုင်က သူ့ရုံးခန်းကိုခေါ်ပြီး စိတ်ဓာတ်မကျရအောင်အားပေးစကားပြောခဲ့တယ်...
ဆရာကြီးရဲ့ အားပေးစကားတွေကြောင့် စိတ်ဓာတ်မကျပဲ နောက်တစ်ကြိမ်နိုင်ငံခြားပညာတော်သင်လျှောက်ခွင့်ရပြန်တယ် ဒီတစ်ကြိမ်မှာတော့အခြေအနေပြောင်းလဲသွားပြီး နှုပ်ဖြေမှာ လွယ်ကူရိုးရှင်းတဲ့မေးခွန်းတွေနဲ့အရွေးခံခဲ့ရတယ်။
ကံထမ်းလာတာမမြင်ရဖူးဆိုသလိုပဲ အရင်နှစ်ကရွေးချယ်စေလွှတ်ခဲ့တဲ့လူတွေက အရှေ့ဥရောပနိုင်ငံတွေဖြစ်ပြီး ဆရာအရွေးခံခဲ့တဲ့နှစ်က ပထမဆုံး အင်္ဂလန်ကိုစတင်စေလွှတ်ခြင်းအခွင့်အရေးရလာခဲ့တယ်...ဒီလိုနဲ့ဆရာဟာ ၁၉၈၈ အရင်းအခင်းဖြစ်တဲ့ ကာလမှာမြန်မာနိုင်ငံကိုပြန်ရောက်ပြီး ဆရာကြီးဒေါက်တာဦးဖေသိန်းနဲ့ရင်းနှီးပြီး ဆရာဟာကျန်းမာရေးသုတေသန ကိုလုပ်ဆောင်ခဲ့တယ်...ဒီလိုနဲ့ဆရာဟာ ကျန်းမာရေးဌာနမှာ ညွှန်ချုပ်အဖြစ်တာဝန်ယူခဲ့ပါတယ်...

ဆရာဝေမျှခဲ့တဲ့အထဲမှာ- လူတွေရဲ့ပြောဆိုပြုမူပုံအများစုဟာ ကိုယ်ဘာရမလဲဆိုတဲ့အပေါ်မှာ စစဉ်းစားလေရှိကြတယ်။ မြန်မာစကားမှာပဲကြည့်ကြည့် အင်္ဂလိပ်စကားမှာပဲကြည့်ကြည့် (Give & Take) ပဲအသုံးများပြီး (Take & Give) လို့သုံးခဲပါတယ်။လောကမှာ အလကားဘာမှမရနိုင်ဘူးဆိုတဲ့အတိုင်း ရလိုက်တာယူလိုက်တာကိုပဲမြင်ပေမဲ့ ကိုယ်အဲ့ဒီလိုရဖို့အတွက် တစ်ခုခုပေးလိုက်ရတာကိုသိတဲ့လူနည်းတယ်။ဥပမာ မိန်းမယူတယ် ယောက်ျားယူတယ် ဆိုပြီး အယူကိုအသားပေးသုံးခဲ့ပေမဲ့ မိန်းမယူဖို့ ကိုယ့်ယောက်ျားလူပျိုဘဝကိုပေးလိုက်ရတာဖြစ်သလို ယောက်ျားယူဖို့အတွက် ကိုယ့်အပျိုဘဝကိုပေးလိုက်ရတာ ဖြစ်တယ်။နေရာတော်တော်များများမှာယူဖို့ကိုပဲ စဉ်းစားပြီး အလုပ်တစ်ခုခုလုပ်တော့မယ်ဆိုရင်လဲ အလုပ်ကဘာရမလဲ စစဉ်းစားကြတယ်။ အလုပ်ကိုငါဘာတွေပေးမယ် ဘယ်လိုကျိုးစားမှု ဘယ်လိုအားထုပ်မှုတွေပေးမယ်ဆိုတာ ကို စပြီး စဉ်းစားသူဟာအလွန်နည်းပါးတယ်။ လုပ်ငန်းရှင်တွေလူကြီးတွေဆိုလည်း ဝန်းထမ်းတွေစီကနေ ငါဘာတွေညှစ်ယူမယ်လို့ စဉ်းစားလေ့ရှိတာများတယ်။ယခုစာဖတ်သူတို့ကိုလဲ စီးပွားရေးနဲ့ပတ်သက်လို့ စီးမံခန့်ခွဲမှု အသိပညာတွေ ရစေဖို့အတွက် မျှဝေဖို့ ကျိုးစားခဲ့ပါတယ်။နောက်တစ်ခေါက်မှာတော့ ဆရာ့ရဲ့ ဘဝနဲ့ အိပ်မက်အကြောင်းကိုထပ်တင်ပေးပါမယ် ဆရာ့ကိုအရမ်းလေးစားမိပါတယ် ဒီPage လေးစဖွင့်ချိန်မှာ ကျွန်တော်လေးစားရတဲ့ ဆရာပါမောက္ခ ဒေါက်တာအောင်ထွန်းသက်ရဲ့ ဖျက်သန်းခဲ့ရပုံနှင့် သူ့အတွေးအမြင်ကိုမျှဝေပေးလို့ စာဖတ်သူတို့ကျေနပ်ပါစေ ဆုတောင်းပေးပါတယ်။

Address

682B, Plel Nge Yang 3street, South Dagon
Yangon

Telephone

09782517510

Website

Alerts

Be the first to know and let us send you an email when စီးပွားရေးအခွင့်အလမ်းရှာဖွေမယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share