21/06/2026
အိမ်ဆောက်ရင် အိမ်ရှင်တွေ "အမေးဆုံး"အချက် (၂) ချက်
ဒီရက်ထဲ အိမ်ဆောက်ဖို ပြင်ဆင်နေတဲ့ အိမ်ရှင်တော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်းက Foundation ဘယ်လောက်တူးမှာလဲ။ သံချောင်းဘယ်နှချောင်း သုံးမှာလဲဆိုတာပါပဲ။
ဒါကြောင့် ကျွန်တော်တို့ RegalAlliance ကနေ အိမ်ရှင်တိုင်းသိချင်နေကြတဲ့ ဒီမေးခွန်းနှစ်ခုကို မျှဝေပေးသွားပါ့မယ်။
ဒီမေးခွန်းနှစ်ခုအတွက် အဖြေအမှန်ကတော့ "ဘယ်အင်ဂျင်နီယာမှ ပုံသေ အဖြေပေးလို မရပါဘူး" ဆိုတာပါပဲ။
"ဘေးအိမ်က ၅ ပေပဲ တူးတာပဲ၊ ငါလည်း ၅ ပေတူးမယ်" ၊ "၃ ထပ်အိမ်ဆို သံချောင်း ဒီလောက်ပဲ သုံးနေကျ" ဆိုတဲ့ မှန်းဆချက်တွေက အင်ဂျင်နီယာစံနှုန်းအရ လုံးဝအန္တရာယ်ရှိပါတယ်။
ဘာလိုလဲဆိုတော့ အိမ်တစ်လုံးရဲ့ အုတ်မြစ်ဟာ တကယ့် Structural Design (အဆောက်အအုံ တည်ဆောက်ပုံ တွက်ချက်မှု) ပေါ်မှာပဲ မူတည်လို ဖြစ်ပါတယ်။
မြေအမျိုးအစားချင်း မတူလို
ကိုယ့်မြေကွက်က နုန်းမြေလား၊ ရွှစေးလား၊ မြေမာလားပေါ် မူတည်ပြီး တူးရမယ့်အနက်က ၅ ပေကနေ ၈ ပေအထိ ပြောင်းလဲသွားနိုင်ပါတယ်။
အိမ်ရဲ့ အလေးချိန် (Load) မတူလို
အိမ်ချင်းတူတူပဲ ၂ ထပ်ဆောက်ရင်တောင် အမိုးကို သွပ်မိုးမလား၊ ကွန်ကရစ် Slab လောင်းမလားပေါ် မူတည်ပြီး မြေအောက်က ခံရမယ့် Load ချင်း တခြားစီမို သံချောင်းအရေအတွက်ချင်း လုံးဝ မတူနိုင်ပါဘူး။
တိုင်အကွာအဝေးမတူလို
အိမ်အတွင်းခန်း ကျယ်ကျယ်ဖွဲချင်လို တိုင်အကွာအဝေး ကျဲကျဲဆောက်တဲ့အိမ်တွေဟာ တိုင်တစ်တိုင်ချင်းစီပေါ် ကျမယ့် အလေးချိန်က ပိုများတဲ့အတွက် သံချောင်းကို ပိုစိတ်ပြီး ပိုကြီးကြီးမားမား တွက်ချက်ထည့်သွင်းရပါတယ်။
ဒါကြောင့်လည်း ကန်ထရိုက်တာတွေရဲ့ ပါးစပ်ပြော မှန်းဆချက်တစ်ခုတည်းနဲ့ အုတ်မြစ်ချတာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်အိမ်မြေကွက်ရဲ့ အနေအထားကို Structural Engineerက သေသေချာချာ ဒေတာတွက်ချက်ပေးတဲ့ Blueprint (ပုံစံစာရွက်) အတိုင်း ဆောက်လုပ်တာကသာစိတ်ချရဆုံး ဖြစ်ပါတယ်။
အပေါ်ယံအလှအပတင်မကဘဲ မြေအောက်အုတ်မြစ်ကစလို ခေတ်မီအင်ဂျင်နီယာစံနှုန်း တိတိကျကျနဲ့ စိတ်ချရတဲ့ အိပ်မက်အိမ်လေးကို ပုံဖော်ဖို Regal Alliance အမြဲ အသင့်ရှိနေပါတယ်။
𝐑𝐞𝐠𝐚𝐥 𝐀𝐥𝐥𝐢𝐚𝐧𝐜𝐞 - 𝑫𝒐𝒏𝒆 𝒃𝒚 𝑯𝒆𝒂𝒓𝒕 & 𝑩𝒆𝒏𝒆𝒗𝒐𝒍𝒆𝒏𝒄𝒆 ❤️
ဆက်သွယ်ရန်
09449111144 , 09782951939
𝑶𝒏𝒍𝒊𝒏𝒆 ကတစ်ဆင့် ဆက်သွယ်ရန်
https://linktr.ee/RegalAlliance
𝐀𝐝𝐝𝐫𝐞𝐬𝐬 : No 383, Shin Saw Pu Street(2), (16) Ward, Shwe Pauk Kan Township . Yangon.