29/08/2026
အခွန်ကိစ္စနဲ့ပဲ စိတ်ညစ်မနေကြပါနဲ့
အိမ်ဆောက်ပြီးပြီ အိမ်ဆောက်နေဆဲအိမ်ရှင်တွေ
အခန့်မသင့်ရင် တရားရုံးရောက်သွားနိုင်တဲ့ ကိစ္စတွေလည်း လာနေပါတယ်
မြို့နယ်၊ ရပ်ကွက်တွေတိုင်းမှာ အိမ်တွေဆောက်တဲ့အခါ
အိမ်ရှင်ကိုယ်တိုင်တင်တင် construction ဘက်ကတင်တင်
Company ဘက်ကတင်တင် များသောအားဖြင့်
တရားမဝင်အိမ်ဆောက်မိန့်တင်ခြင်း၂ခုနဲ့
အိမ်တန်းဆောက်ကြပါတယ်....
ပထမတစ်ခု
ရပ်ကွက်အုချုပ်ရေးမှူးနဲ့ပဲ ညှိပြီး အိမ်တန်းဆောက်ရပါတယ်
ဒုတိယတစ်ခုက
မြို့နယ်စည်ပင်အထိ အိမ်ဆောက်မိန့်တင်ရပါတယ်
မြို့နယ်စည်ပင်က
အိမ်ဆောက်မယ့်နေရာအတိအကျ
ဘေးဘီဝဲယာ အိမ်ရှင်တွေလက်မှတ်
ရပ်ကွက် အုပ်ချုပ်ရေးမှူးလက်မှတ် တို့နဲ့
နားလည်မူ့ပေးပြီး အိမ်တန်းဆောက်ခွင့်ပြုပါတယ်
ဒါပေမယ့် ပထမအချက်ရော ဒုတိယအချက်ရောက
တရားမဝင်ပါဘူး တရားဝင်အိမ်ဆောက်မိန့်ကိုထပ်ရှင်းပြပါမယ်
တရားဝင်အိမ်ဆောက်မိန့်တင်ရင် အနည်းဆုံး၆လလောက်ကြာပါတယ်
တင်ထားဆဲနှင့် အိမ်တန်းဆောက်လို့ရအောင် လုပ်လို့လည်းရပါတယ်
လိုအပ်တာတွေကတော့ designနဲ့ structure တွေ
Location plan နဲ့3Dပုံတွေ ဘေးဘက် ရှေ့နောက်မြေကျန်တွေ
မီးသတ် ထွေအုပ် လက်မှတ်တွေ အိမ်ခွန်တွေ
ရေးရရင်အများကြီးပါ အကုန်လိုအပ်ပါတယ်
Structure designမှာလည်း အိမ်ရှင်တွေရဲ့ဘတ်ဂျက်ပေါ်မူတည်ပြီး
ကျနော်တို့က Isolated footingနဲ့တွက်ပေးတဲ့အခါ
မြို့နယ်စည်ပင်ဘက်က Structure က strip footingနဲ့ထွက်တဲ့အခါ
ကုန်ကျငွေကွာသွားပါတယ် ကွာသွားတဲ့ကုန်ကျငွေကို
အိမ်ရှင်ဘက်က ထပ်ပေးပြီး စည်ပင်က structure အတိုင်းဆောက်မှ
ရမှာပါ မပေးချင်ရင် မဆောက်ပါနဲ့ စည်ပင်ကခွင့်မပြုပါဘူး
အရေးကြီးဆုံးက
မြေစာရင်း ၆လအတွင်းစစ်ထားတဲ့စာရွက်လိုအပ်ပြီး
ပါမစ်ပဲကိုင်ကိုင် ဂရမ်ပဲကိုင်ကိုင်
မိမိအမည်ပေါက်ဖြစ်ဖို့ လိုအပ်ပါတယ်
ပုံစံ၁၀၅/၁၀၆မှာလည်း မိမိအမည်ပေါက်မှ အိမ်ဆောက်မိန့်ခွင့်ပြုပါတယ်
၁၀၀မှာ ၈၀%လောက်က တရားမဝင်အိမ်ဆောက်မိန့်တင်ပြီး
အိမ်ဆောက်ကြတဲ့သူတွေကြီးပါပဲ အချိန်တွေမစောင့်ချင်တာရယ်
အရပ်စာချုပ်ပဲ ရှိတာတွေရယ် အခွန်မပြနိုင်တာတွေရယ်
အကြောင့်အမျိုးမျိုးကြောင့် တရားဝင်အိမ်ဆောက်မိန့်မတင်ကြပါဘူး
ယခုလို ကိစ္စတွေရှိလာမှာ ကြိုသိရင်လည်း တရားဝင်အိမ်ဆောက်မိန့်
တင်ချင်လည်းတင်ကြမှာပါ.......
အခုတော့ တရားမဝင်အိမ်ဆောက်တဲ့ အိမ်ရှင်တွေကို
ဖမ်းဆီး တရားစွဲတဲ့ ကိစ္စတွေလာနေပါပြီ
ကိုယ့်အိမ်ကို တရားဝင်အိမ်ဆောက်တာမဟုတ်ဘူးလို့
တိုင်တန်းတဲ့သူရှိတဲ့အခါ အိမ်ဆောက်ပြီးတာကြာပြီဖြစ်ဖြစ်
အိမ်ဆောက်နေဆဲဖြစ်ဖြစ်
တရားဝင်အိမ်ဆောက်မိန့်စာရွက်စာတန်းတွေ မပြနိုင်တဲ့အခါ
အရေးယူခံရနိုင်ပါတယ်
ဒဲ့ပြောရရင်
အောက်ခြေကနားလည်မူ့နဲ့ အိမ်ဆောက်ခွင့်ပြုပေမယ့်
အထက်က ဖမ်းပြီးတရားစွဲပါတယ် အမူ့ဖြစ်တဲ့အခါ
အိမ်ဆောက်ဖို့ ခွင့်ပြုပေးတဲ့သူတွေလည်း
ကိုယ့်ဘက်မှာရှိမှာမဟုတ်ပါဘူး နည်းနည်းတော့ခံပျင်းစရာတွေပါ
အဲဒီတော့
အိမ်ဆောက်နေစဥ်အတွင်း ခဏရပ်ခိုင်းတာတို့
တရားစွဲခံရတာတို့ ကြုံချင်ကြုံရနိုင်ပါတယ်
[ကြုံချင်မှကြုံမှာပါ]
အခက်အခဲကိုကြိုသတိပေးတာပါ အေးဆေးကျော်ဖြတ်ဖြတ်လို့ရပါတယ်
နောက်ဆုံးတရားစွဲခံရရင်တောင် အသနားခံစာတင်ပြီး
ဒဏ်ငွေလောက်နဲ့ပြီးသွားမှာပါ
နောင်တခါ အိမ်ဆောက်ဖို့ရည်ရွယ်ထားတဲ့မိတ်ဆွေများလည်း
ပါမစ်ဖြစ်ဖြစ် ဂရမ်ဖြစ်ဖြစ် ကိုယ့်အမည်ပေါက်
လိုရမယ်ရပြောင်းထားသင့်ပါတယ်
အမည်ပေါက်ပြောင်းတဲ့အခါမှာလည်း
ဝင်ငွေရလမ်းကြောင်းကို စီစစ်ခံယူရမည်ဖြစ်ပြီး
ဝင်ငွေခွန်စီးကြပ်ပြီးစီးကြောင်း အထောက်အထားတင်ပြနိုင်မှသာ
အမည်ပေါက်ပြောင်းလဲလို့ရမှာပါ
ကျနော်ဒီဘက်ရက်တွေမှာ ကျနော့်အိမ်ရှင်တိုင်းအတွက်
စိတ်မညစ်ရအောင် စည်ပင်ရုံးကိစ္စတွေလိုက်လုပ်ပေးနေလို့
Messangerကစျေးနူန်းတွေနဲ့လုပ်ငန်းကိစ္စတွေ
ပြန်မဖြေနိုင်တာရှိရင် ခွင့်လွှတ်ပါခင်ဗျာ.......
မူရင်း