Ideal Home

Ideal Home Construction & Interior Solutions

🙏🙏🙏 ဆုတောင်းပြည့် ရွှေမော်ဓေါ စေတီတော်မြတ်ကြီး၏ သံဘောင်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးစီးခြင်း...
03/08/2026

🙏🙏🙏 ဆုတောင်းပြည့် ရွှေမော်ဓေါ စေတီတော်မြတ်ကြီး၏ သံဘောင်များ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးစီးခြင်း။

မြတ်စွာဘုရားရှင်၏ ဆံတော်ဓာတ်တော်များ ကိန်းဝပ်စိမ့်ဝင်တော်မူရာ၊ သထုံဘုရင် သမလနှင့် ဝိမလ မင်းညီနောင်တို့ စတင်တည်ထားကိုးကွယ်ခဲ့သည့် နှစ်ပေါင်း ၂,၆၀၀ ကျော် သမိုင်းဝင် ပဲခူးမြို့၏ ကျက်သရေဆောင် "ဆုတောင်းပြည့် ရွှေမော်ဓေါ စေတီတော်မြတ်ကြီး" ၏ နှစ် (၇၀) ကျော် သက်တမ်းရှိ လှိုင်ဂူအတွင်းမှ သံဘောင်များအား ဆေးအဟောင်းများ ချွတ်ခြင်း နှင့် ရာသီဥတုဒဏ်ခံ မရိန်းဆေး (Marine Paint) သုတ်လိမ်း ထိန်းသိမ်းခြင်း လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

ခေတ်အဆက်ဆက် ငလျင်ဒဏ်များကြောင့် ပျက်စီးခဲ့ရသော်လည်း ၁၃၁၅ ခုနှစ်တွင် ခေတ်မီ အင်ဂျင်နီယာ နည်းပညာသုံး သံဘောင်များဖြင့် ခိုင်ခံ့စွာ ပြန်လည်တည်ဆောက်ခဲ့သော စေတီတော်မြတ်ကြီး၏ သမိုင်းဝင် တည်ဆောက်ပုံများ ရေရှည်ခိုင်ခံ့တည်မြဲရေးအတွက် သာသနာပြု ကုသိုလ်တော်အဖြစ် ပါဝင်ခွင့်၊ ပြုပြင်ခွင့် ရရှိခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါသည်။

ဤလုပ်ငန်းစဉ်ကြီး အစစအရာရာ အဆင်ပြေချောမွေ့စွာ ပြီးစီးအောင်မြင်ရေးအတွက် နီးကပ်စွာ လမ်းညွှန်ပံ့ပိုးပေးကြသော စေတီတော်ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများ၊ လက်တွဲဆောင်ရွက်ခဲ့ကြသော မိတ်ဖက်အဖွဲ့အစည်းများ၊ Sub-Contractor များနှင့် ပင်ပန်းဆင်းရဲခံကာ တာဝန်ကျေပွန်စွာ လုပ်ဆောင်ပေးခဲ့ကြသော အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သား ရဲဘော်များအားလုံးကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါသည်။

စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် ဤကောင်းမှုကုသိုလ်စုတို့၏ အကျိုးဆက်ကြောင့် အားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း စေတနာအပြည့်ဖြင့် မျှဝေလိုက်ရပါသည်ခင်ဗျာ...။🙏🙏🙏

03/08/2026

Celebrating my 11th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

13/07/2026

🤝 လက်တွဲညီညီနဲ့ 🤝
ဖန်တီးနေတဲ့ လုပ်ငန်းခွင်

ကျွန်တော်တို့ Ideal Home ကို ယုံကြည်စိတ်ချစွာနဲ့ ဒီ ၃ ထပ်ခွဲ RC အဆောက်အဦးကြီးကို စိတ်တိုင်းကျ ဖန်တီးတည်ဆောက်ခွင့်ပေးခဲ့တဲ့ အိမ်ရှင်မိသားစုအားလုံးကို အထူးပင် ကျေးဇူးတင်ရှိရုံတင်မကဘဲ မိသားစုဝင်အသီးသီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နဲ့ ပြည့်စုံကာ စီးပွားလာဘ်သပ္ပကာများ ဒီထက်မက တိုးပွားကြပါစေကြောင်း ရှေးဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 🙏❤️

အဆောက်အဦးတစ်ခု စတင်တည်ဆောက်ချိန်ကစလို့ လုပ်ငန်းခွင် အမြန်ဆုံးနဲ့ အကောင်းမွန်ဆုံး ပြီးမြောက်အောင်မြင်ဖို့အတွက် မိမိတို့ တာဝန်ယူထားတဲ့ ကဏ္ဍအသီးသီးကနေ နေပူမရှောင်၊ မိုးရွာမရှောင် တစိုက်မတ်မတ် ကြိုးစားပေးကြတဲ့ Sub-contractors အဖွဲ့သားများ အားလုံးကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

လူကြီးမင်းတို့ရဲ့ ကျွမ်းကျင်တဲ့ လက်ရာတွေ၊ စေတနာပါတဲ့ ချွေးစက်တွေကြောင့်သာ လုပ်ငန်းခွင်ဟာ ချောချောမွေ့မွေ့နဲ့ ခရီးတွင်ခဲ့ရတာပါ။

အားလုံးပဲ အန္တရာယ်ကင်းဘေးရှင်းပြီး လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ကြပါစေ။ 👷‍♂️🔨⚡





22/06/2026

"ဘာလို့ အိမ်တစ်အိမ်မှာ Interior Design က
ဒီလောက်အရေးပါရတာလဲ? 🤔

၁။ နေရာကျယ်သွားသလို ခံစားရစေတယ် -
Space အသုံးချမှုမှန်ရင် အခန်းကျဉ်းလေးတောင် ကျယ်ကျယ်ဝန်းဝန်းနဲ့ နေလို့ကောင်းသွားရော။
၂။ စိတ်ဖိစီးမှု လျော့ကျစေတယ် -
အရောင်အသွေးနဲ့ မီးအလင်းအမှောင် သုံးတတ်ရင် အိမ်ပြန်ရောက်တာနဲ့ အမောပြေစေတယ်။
၃။ ကိုယ့်ရဲ့ Identity ကို ပြသတယ် -
ကိုယ်က ဘယ်လိုလူလဲဆိုတာ ကိုယ့်အိမ်ရဲ့ ဒီဇိုင်းက ပြောပြနေတာပါ။

အိမ်ဆိုတာ တစ်သက်လုံးနေသွားရမယ့်နေရာမို့
သေချာလေး ပြင်ဆင်သင့်တယ်မလား။ ❤️

အိမ်တစ်အိမ်ရဲ့ အသက်က Interior Design ပါပဲ။ 🛋️✨
လှပဖို့တင်မကဘဲ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ကောင်းမွန်တဲ့ energy တွေပေးနိုင်ဖို့ Interior Design က အဓိက ပံ့ပိုးပေးပါတယ်။
အပြင်မှာ ဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ ကိုယ်စိတ်ကြိုက်ပြင်ဆင်ထားတဲ့ အိမ်လေးထဲခြေချလိုက်တာနဲ့ အားလုံး fresh ဖြစ်သွားတာမျိုးပေါ့။ 🌿
မိတ်ဆွေတို့ကော ကိုယ့်အိမ်လေးကို ဘယ်လိုဒီဇိုင်းမျိုးနဲ့ ပြင်ဆင်ချင်လဲ?

ကွန်မန့်မှာ ပြောခဲ့ပေးဦးနော်။ 👇

29/01/2026

🏠Ideal Home မှ တာဝန်ယူ လုပ်ကိုင်နေသော Project တခုရဲ့ လုပ်ငန်းအဆင့်ဆင့် ပုံတွေ ဖြစ်ပါတယ်။

🏠လူကြီးမင်းတို့ အိမ်အတွက် လိုအပ်ပါက 09975837898 သို့ ဆက်သွယ်နိုင်ပါတယ်။



မင်္ဂလာမြေတူး၊ နှစ်သစ်ဦးအာရုံတက်စ၊ ရွှေခြည်အောက်တွင်သန့်စင်မင်္ဂလာ၊ နံနက်ခါဝယ်နံ့သာပန်းဆီ၊ ကန်တော့ပွဲနှင့်ဘေးရန်ကင်းကွာ၊...
29/01/2026

မင်္ဂလာမြေတူး၊ နှစ်သစ်ဦး

အာရုံတက်စ၊ ရွှေခြည်အောက်တွင်
သန့်စင်မင်္ဂလာ၊ နံနက်ခါဝယ်
နံ့သာပန်းဆီ၊ ကန်တော့ပွဲနှင့်
ဘေးရန်ကင်းကွာ၊ နတ်လူသာဓုခေါ်စေကြောင်း။

မြေဆီလွှာထက်၊ ဘက်ဟိုးစက်ဖြင့်
သယ်ပိုးတူးဆွ၊ လုပ်ငန်းစပြီ
ခိုင်ခံ့အုတ်မြစ်၊ အဆောက်အအုံသစ်ဖို့
အောင်စည်ရိုက်ခတ်၊ မင်္ဂလာမြတ် နေ့ရက်ပါတည်း။
………

🏠လက်ရှိ လုပ်ကိုင်နေသော Project တခုရဲ့ လုပ်ငန်းအဆင့်ဆင့် ပုံတွေ ဖြစ်ပါတယ်။

🏠လူကြီးမင်းတို့ အိမ်အတွက် လိုအပ်ပါက 09975837898 သို့ ဆက်သွယ်နိုင်ပါတယ်။



28/01/2026

🏠AYA Sompo Insurance Company ရုံးချုပ်မှာ Composite လုပ်ငန်း လုပ်ဆောင်ပုံ တွေဖြစ်ပါတယ်။




Address

No 534, Sein Pan Street, 40 Ward, North Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959975837898

Alerts

Be the first to know and let us send you an email when Ideal Home posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ideal Home:

Shortcuts

Share