
Construction & Infrastructure Task Force CITF ဆောက်လုပ် ရေးနှင့် အခြေခံ အဆောက် အအု Construction & Infrastructure Task Force (CITF)

မြန်မာ-ထိုင်းနယ်စပ် ဆင်ခွန်းဂိတ်တောင်ခြေဈေး၌ မြန်မာနိုင်ငံထွက် သစ်ခွပန်းများ အဖမ်းအဆီးကြောင့် အရောင်းအဝယ်ကျဆင်းနေ
10/08/2019

မြန်မာ-ထိုင်းနယ်စပ် ဆင်ခွန်းဂိတ်တောင်ခြေဈေး၌ မြန်မာနိုင်ငံထွက် သစ်ခွပန်းများ အဖမ်းအဆီးကြောင့် အရောင်းအဝယ်ကျဆင်းနေ

RelatedPosts သောင်ရင်းမြစ်ရေ ကျဆင်းသွားသောကြောင့် မြဝတီမြို့မှ ရေ ဘေးရှောင် August 10, 2019 တိုင်းဒေသကြီးနှင့်ပြည်နယ်သုံးခ.....

UEHRDကကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးမစ်ရှင်၏အစီရင်ခံစာကို ပြတ်သားစွာပယ်ချ
08/08/2019

UEHRDကကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေးမစ်ရှင်၏အစီရင်ခံစာကို ပြတ်သားစွာပယ်ချ

23/03/2019
UEHRD  ၏ အစသည် အင်မတန်ကောင်းခဲ့၊ လုပ်ငန်းခရီးစဉ်တစ်လျှောက် အခက်အခဲများ ကြုံနေရသော်လည်း နောက်ဆုံးမှာ အောင်မြင်ရမည်ဟုယုံကြ...
19/10/2018

UEHRD ၏ အစသည် အင်မတန်ကောင်းခဲ့၊ လုပ်ငန်းခရီးစဉ်တစ်လျှောက် အခက်အခဲများ ကြုံနေရသော်လည်း နောက်ဆုံးမှာ အောင်မြင်ရမည်ဟုယုံကြည်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
------------------------------------------------------------------------------
နေပြည်တော်၊ အောက်တိုဘာ ၁၈- UEHRD ၏ အစသည်
အင်မတန်ကောင်းခဲ့ပြီး လုပ်ငန်း ခရီးစဉ်တစ်လျှောက် အခက်အခဲ များကြုံနေရသော်လည်း နောက် ဆုံးမှာ အောင်မြင်ရမည်ဟုယုံကြည် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကပြောကြားလိုက်ကြောင်း သိရသည်။

အောက်တိုဘာ ၁၈ ရက်က ညနေ ၃ နာရီက နေပြည်တော် အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပပြုလုပ်သည့် ရခိုင်ပြည် နယ်လူသားချင်းစာနာမှုကူညီ ထောက်ပံ့ပေးရေး၊ ပြန်လည်နေ ရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း တစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်း အနားတွင် ယင်းကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က "ဒီနေ့ဟာဆိုရင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် ပြည်ထောင် စုတစ်ဝန်းလုံးပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တဲ့ (၁) နှစ်ပြည့်နှစ် ပတ်လည်အခမ်းအနားဖြစ်ပါ တယ်။ အင်္ဂလိပ်လိုကတော့ UEHRD ပေါ့။ ပထမစတာက တော့ ပြည်ထောင်စုနဲ့ စတာပေါ့။ အဲဒါက အဓိကပါပဲ။ ပြည်ထောင် စုကနေပြီးတော့ ပြည်ထောင်စုစိတ် ဓာတ်နဲ့ လိုအပ်တဲ့ကိစ္စတွေမှာ ၀ိုင်း ၀န်းပြီးပံ့ပိုးတယ်။ အရေးကြီးရင် သွေးစည်းတယ်ဆိုတာကို ပြတဲ့ သဘောနဲ့ UEHRD ကို ထူ ထောင်ခဲ့တာဖြစ်ပါတတယ်။ UEHRD ရဲ့ အလုပ်ကလည်း အင် မတန်မှ အရေးကြီးပါတယ်။ ရခိုင် ပြည်နယ်အတွက်သာမဟုတ်ပါ ဘူး။ ပြည်ထောင်စုကြီးတစ်ခုလုံး အတွက် အရေးကြီးပါတယ်။ အ ရေးလည်းကြီးသလို အားလုံးလည်း အင်မတန်မှ ပင်ပင်ပန်းပန်းနဲ့လုပ် ရမယ့်ကိစ္စပါ။

UEHRD ကို စပြီး လုပ်ခဲ့တာ တစ်နှစ်ပြည့်ပါပြီ။ တစ် နှစ်ပြည့်သွားတဲ့အခါမှာ ကျွန်မတို့ လုပ်နိုင်တဲ့အကြောင်းရင်းက ကျွန်မတို့ပြည်သူပြည်သားတွေက ၀ိုင်းဝန်းပြီးပံ့ပိုးလို့ ပါ။ သာမန်ပြည် သူတွေက အစပေါ့။ စီးပွားရေးလုပ် ငန်းရှင်ကြီးတွေကတော့ ရက်ရက် ရောရောပေး
ကြတယ်။ ပေးလည်း ပေးနိုင်လို့ပေးကြတယ်။ ကျေးဇူး တင်ပါတယ်။ သာမန်ပြည်သူတွေ ကလည်း တတ်နိုင်သလောက် ထောင်ဂဏန်းလေးပေးတာတွေ လည်း ရခဲ့ပါတယ်။ အဲဒါတွေလည်း အင်မတန်မှ တန်ဖိုးထားပါတယ်။ အဓိကတော့ စေတနာပဲ။ တစ် ယောက်ချင်းတစ်ယောက်ချင်းဟာ ကိုယ့်နိုင်ငံတိုးတက်ရေးအတွက် ကိုယ့်နိုင်ငံလိုအပ်ချက်တွေကို ကျ ရာနေရာကနေ အုတ်တစ်ချပ် သဲ တစ်ပွင့် လုပ်ပေးမယ်ဆိုတဲ့စိတ် ဓာတ်ကို ဒါကို ပြတာလို့ယူဆပါ တယ်။ ကျွန်မပြောချင်တာကတော့ ကျွန်မတို့လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။ ဒီလိုပြောခြင်း အားဖြင့် လုပ်ပေးသမျှကို မကျေ နပ်သေးဘူးလားဆိုတော့ ကျေး ဇူးတင်တယ်ကျေနပ်တယ်လို့တော့ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြီးပြည့်စုံတဲ့အခြေအနေ မရောက်သေးဘူး" ဟု ပြောကြားခဲ့ သည်။

ယင်းအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်က UEHRD ကို ဆက် ကူညီပေးစေလိုကြောင်းပြောကြား ခဲ့ကြောင်းသိရသည်။

"ဒါကြောင့်မို့လို့ ၀ိုင်းပြီးဆက် ပြီးတော့ ကူညီပါ၊ UEHRD မှာ ဆိုရင် ၀ိုင်းဝန်းပြီး ရန်ပုံငွေနဲ့ပံ့ပိုး တာ ဒါက ပထမအဆင့် တကယ် တော့ ဒီရန်ပုံငွေနဲ့လုပ်ရမယ့်လုပ် ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ ပိုပြီးအ ရေးကြီးပါတယ်။ အဲဒီဘက်မှာ လည်း အားလုံးဝိုင်းဝန်းပြီးတော့ ကူညီစေချင်ပါတယ်။ ဆက်ပြီးလုပ် ရမယ့်ကိစ္စတွေကလည်း အများ ကြီးပါပဲ။ ဒီလုပ်ငန်းဟာလပိုင်းနဲ့ ပြီးမယ့်လုပ်ငန်းမဟုတ်ပါဘူး။ ဒါ ပေမဲ့ ကျွန်မတို့အားလုံးဟာတူညီ
လက်တွဲပြီး လုပ်နေတာမို့စိတ် ဓာတ်ကျစရာမလိုပါဘူး။ စိန်ခေါ်မှု တွေကလည်း အများကြီးရှိနေမှာ ပဲ။ နိုင်ငံရေးစိန်ခေါ်မှု၊ စီးပွားရေး စိန်ခေါ်မှု၊ ဖွံ့ဖြိုးရေးစိန်ခေါ်မှု အမျိုးမျိုးရှိမှာပဲ။ ဒီစိန်ခေါ်မှုတွေ ကျော်လွှားဖို့ဆိုတာကျွန်မတို့ အစ ကောင်းရင် အနှောင်းသေချာတယ် လို့ဆိုသလို UEHRD ရဲ့အစ ဟာ အင်မတန်မှကောင်းခဲ့ပါ တယ်။ ဒီဟာကို ဒီလိုလုပ်ဖို့လိုအပ် နေပြီး အားလုံးကနေ ၀ိုင်းပြီးပံ့ပိုး ပေးပါလို့ပြောလိုက်တာနဲ့ နေ့ချင်း ညချင်းကို ပံ့ပိုးမှုတွေကို ထင်ထင် ရှားရှားမြင်ခဲ့ရပါတယ်။ ဒီလိုကောင်း တဲ့ အစကနေပြီးတော့ ဖြစ်ပေါ် လာတဲ့
လုပ်ငန်းကြီးဟာ ခရီးတစ် လျှောက်မှာ အထစ်အငေါ့တွေနဲ့ ကြုံတွေ့ရမယ့် အခက်အခဲတွေ လည်း ကြုံတွေရမယ်။ ဒါက ဓမ္မ တာပါပဲ။ ဒါပေမဲ့လည်း နောက် ဆုံးကြတော့ အောင်မြင်မှုရမယ် လို့ ကျွန်မ
ယုံကြည်ပါတယ်။ ကျွန် မတို့နိုင်ငံဟာဆိုရင် ဖွံ့ဖြိုးတိုးတက် စနိုင်ငံတစ်ခုလို့ ဒီလိုပဲပြောရပါ လိမ့်မယ်။ ဖွံ့ဖြိုးတိုးတက်စနိုင်ငံ တစ်ခုအနေနဲ့ ဒီလိုစိန်ခေါ်မှုကြီး ကို ရင်ဆိုင်ရတယ်ဆိုတာ နည်းတဲ့ အလုပ်မဟုတ်ပါဘူး။ ဒါပေမဲ့ လည်း စုပေါင်းစည်းလုံးညီညွတ် မှုအင်အားနဲ့တော့ ရင်ဆိုင်နိုင် မယ် ကျော်လွှားနိုင်မယ်ဆိုတာ အထူးပြောနေစရာမလိုပါဘူးလို့ထင်ပါတယ်။ ကျွန်မကတော့ ကိုယ့် ရဲ့ပြဿနာတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင် ဖြေရှင်းတာဟာ အရေးကြီးဆုံးပဲ လို့ထင်ပါတယ်။ ပြဿနာကပြဿ နာမဟုတ်ပါဘူး ဖြေရှင်ပုံဖြေရှင်းနည်းကမှန်ဖို့ပဲလိုပါတယ် " ဟု ထပ် မံပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ၀န်ကြီးများ၊ အစိုးရအဖွဲ့ဝင်အကြီး အကဲများ၊ UEHRD အဖွဲ့ဝင်များ၊ ပြည်နယ် ၊ တိုင်းဝန်ကြီးချုပ်များ၊ စီး ပွားရေးလုပ်ငန်းရှင်းကြီးများ၊ ဖိတ် ကြားထားသူများတက်ရောက်ခဲ့
ကြကြောင်း သိရသည်။

MP/Democracytoday

10/10/2018
29/08/2018

မြန်မာနိုင်ငံ၏ ချမ်းသာမှု ၃၀ ရာခိုင်နှုန်း ပျောက်ဆုံးသွားသဖြင့်
တိုက်ခန်းများရောင်းချပြီး နိုင်ငံခြားငွေရှာရန်မြန်မာနိုင်ငံ လိုင်စင်ရကန်
ထရိုက်တာများအသင်းချုပ်ဥက္ကဋ္ဌ တိုက်တွန်း
++++++++++++++++++++++++++++++++++++++++++++
ရန်ကုန်၊ ဩဂုတ် ၂၈- ဒေါ်လာဈေးတက်မှုနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းမှုကြောင့် မြန်မာပြည်၏ချမ်းသာမှု ၃၀ရာခိုင်နှုန်း ပျောက်
ဆုံးသွားသဖြင့် သယံဇာတပစ္စည်းများ ထုတ်ရောင်းခြင်းထက် တိုက်ခန်းများရောင်းချပြီး နိုင်ငံခြားငွေရှာရန် မြန်မာနိုင်ငံ လိုင်စင်ရကန်
ထရိုက်တာများအ သင်းချုပ်ဥက္ကဋ္ဌ ရွှေသံလွင် ဦးကျော်ဝင်းက တိုက်တွန်းပြောကြားလိုက်သည်။

ရန်ကုန်မြို့ Pan Pacific Hotel တွင် ဩဂုတ် ၂၆ရက်က ပြုလုပ်သည့် စုပေါင်းပိုင်အ ဆောက်အအုံဆိုင်ရာဥပဒေကို လက်တွေ့ အ ကောင်အ
ထည်ဖော်ဆောင်ရွက်နိုင်ရေး ရှင်း လင်းတင်ပြပွဲနှင့် ယနေ့ဆောက်လုပ်ရေးလောက ၌ တွေ့ကြုံနေရသည့် စိန်ခေါ်မှုများနှင့်ပတ် သက်သော ဆွေးနွေးစကားဝိုင်း
တွင် ၄င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

""အခုအချိန် မြန်မာနိုင်ငံမှာ ဒေါ်လာဈေးက လည်း တော်တော်လေး
ဈေးတက်နေပါပြီ။ မြန်မာ ငွေတန်ဖိုးကလည်း တော်တော်ကျနေပြီးတော့ မြန်မာနိုင်ငံရဲ့ ၃၀ရာခိုင်နှုန်းလောက် ချမ်းသာမှု ဟာ ပျောက်သွားပါပြီ။ အဲဒီအတွက်ကြောင့် ဒေါ် လာတွေကို သစ်တွေ ခုတ်ရောင်းမလား၊ သတ္တု တွေ တူးမလား၊ သဘာဝပတ်ဝန်းကျင်တွေ ဖျက် ပြီးတော့မှ လုပ်မလား။ ဒါမှမဟုတ် ကွန်ဒိုမီဒီယံ ဥပဒေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာအ
သင်းကနေပြီးတော့မှ Apart-ment Lawကို ဆောင်ရွက်နေပါတယ်။

နောက် ပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့အဖွဲ့တွေနဲ့ ဆောင်ရွက်နေပါတယ်။ ကွန်ဒိုမီဒီ ယံနဲ့ ကျွန်တော်တို့ Apartment Law
ထွက်လာ တဲ့အခါ အခန်းသုံးလေးသောင်းလောက်ကို ကျွန်တော်တို့က ၄၀ ရာခိုင်နှုန်းလောက် ရောင်း ချလို့ရအောင် ဆောက်လိုက်မယ်ဆိုလို့ရှိရင် တစ် ခန်းကို နှစ်သိန်းသုံးသိန်းနဲ့ တွက်မယ်၊ ဒေါ်လာ ဆယ်ဘီလီယံနဲ့အထက်မှာ နိုင်ငံခြားငွေရနိုင်မယ့် အနေအထား ရှိပါတယ်""ဟု ၄င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်း တိုးတက်စေရန် ဆောက်
လုပ်ရေး လောကသားများအနေဖြင့် သက်ဆိုင်ရာဌာနအသီးသီးကို ဆက်သွယ်ပြော ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း၊ သို့သော်လည်း ဆောက်လုပ်ရေး လောကသားများ လုပ်ငန်းမ ကောင်း၍သာ အသံထွက်သည်ဟု ပြောဆိုသံ များကိုလည်း ပြန်လည်ကြားသိရကြောင်း ၄င်း က ပြောသည်။

""စိန်ခေါ်မှုအခက်အခဲတွေကို ဖြေရှင်းပေးပါ ဆိုပြီးတော့မှ တစာစာကျွန်တော်တို့ ဆောက်လုပ် ရေးလောကကလူတွေ အော်နေကြပါတယ်။

အော်နေတာ နှစ်ခေါက်သုံးခေါက်လည်း မဟုတ်
ပါဘူး။ တော်တော်များပါတယ်။ နည်းလမ်း မျိုးစုံနဲ့ လူကိုယ်တိုင်
လည်း သွားတွေ့လိုက်၊ လွှတ် တော်လည်း တွေ့လိုက်။

ဒါပေမဲ့ ဘာသံမှမကြား ရသေးပါဘူး။ ဘာပြန်ကြားရလဲဆိုတော့ ကျွန် တော်တို့ ဆောက်လုပ်ရေးသမားတွေကပေါ့နော် အလုပ်မကောင်းတဲ့အတွက် အော်နေတယ်လို့ ပြောပါတယ်။ အဲဒီလိုလည်း မဟုတ်ပါဘူး။

ဆောက်လုပ်ရေးကဏ္ဍက တော်တော်ကျယ်ပြန့် ပါတယ်။ ဘိလပ်မြေစက်ရုံလည်း ပါမယ်။ သံ ချည်သံကွေးလည်းပါမယ်။ အင်ဂျင်နီယာတွေ လည်းပါမယ်။ အကုန်လုံးအစုံပါမယ်။ အရမ်း ကျယ်ပြန့်တဲ့အတွက် အသံက ပိုကျယ်ပါတယ်။ တခြားကဏ္ဍတွေကလည်း သူ့ဟာနဲ့သူ အခက် အခဲတွေ ရှိပါတယ်""ဟု ၄င်းက ပြောသည်။

ယင်းအပြင် ဆောက်လုပ်ရေး လုပ်ငန်းရှင် များသည် မိမိတို့အကျိုးထက် ၄င်းတို့ရှိ ထောင် နှင့်ချီ ခန့်ထားရသည့်ဝန်ထမ်းများ ရပ်တည်ရေး အတွက် တောင်းဆိုတင်ပြနေရခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။""ကုမ္ပဏီမှာဆိုရင် ဝန်ထမ်းထောင်နဲ့ ချီ ရှိပါတယ်။ ထောင်နဲ့ချီပြီးရှိတဲ့ ဝန်ထမ်းတွေကို အလုပ်ပေးနိုင်အောင်
ဆက်လက်ပြီးတော့မှ သူ တို့ဘဝရပ်တည်နိုင်အောင်လို့ ကြိုး
စားနေတယ် လို့ ကျွန်တော်မြင်ပါတယ်""ဟု ၄င်းက ပြောသည်။

ီDeveloper များ လုပ်ငန်းမကောင်းလျှင် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များလည်း အလုပ်
မကောင်းနိုင်သဖြင့် နိုင်ငံ တော်အတွက် လိုအပ်သောကဏ္ဍ
အသီးသီးတွင် ပါဝင်ကူညီခဲ့ကြသည့် ဆောက်လုပ်ရေးလုပ်ငန်း ရှင်များ၏ အခက်အခဲများအတွက် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ စည်ပင်သာယာနှင့် မြို့ရွာ အိုး အိမ်ဦးစီးဌာနတို့က ကူညီဆောင်ရွက်ပေးရန် လည်း ゞင်းက တိုက်တွန်းပြောကြားခဲ့သည်။

NT

27/06/2018







------------------------------------------------------------------------
(Unicode Version)

ပြည်ပရောက် မြန်မာနိုင်ငံသားများမှ UEHRD စီမံကိန်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်း
(၂၇-၆-၂၀၁၈ ရက်၊ နေပြည်တော်)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများက လှူဒါန်းလာသည့် အောက်ဖော်ပြပါအလှူငွေများအား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်မှ ယနေ့ မွန်းလွဲ ၁၄၀၀ နာရီတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည် -

(က) သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နေ မြန်မာမိသားစုများမှ လှူဒါန်းငွေ သြစတြေးလျ ဒေါ်လာ (၁၅,၀၀၀)

(ခ) ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျဒ္ဒါးမြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၃,၉၀၀)

(ဂ) မြန်မာသံရုံး၊ ဝါရှင်တန်မြို့ရှိ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ အမေရိကန်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် မြန်မာနိုင်ငံသားဟောင်းများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၁၁,၀၀၀)

(ဃ) အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် နေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၂၅၀)

(င) ရခိုင်ပြည်နယ် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သို့မဟုတ် အခြား လိုအပ်သည့် ပညာရေးကဏ္ဍများအတွက် အသုံးပြုရန် မကာအို-မြန်မာကုန်သည်ကြီး များအသင်း (Macau Myanmar Chamber of Commerce) မှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၆၃၅၀)

11/06/2018

Address

No(123) Park Road
Yangon
95

Telephone

+959250092545

Website

Alerts

Be the first to know and let us send you an email when Construction & Infrastructure Task Force CITF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share