Min Dhama Co., Ltd.

Min Dhama Co., Ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Min Dhama Co., Ltd., Construction Company, 106, Bayint Naung Road, Industrial Zone (4), Shwe Pyi Thar Township, Yangon.

Mindhama is a one-stop service provider specializing in engineering & construction, providing a variety of services with professionals team operating in the National, Commercial, Industrial, infrastructure & Residential sectors across the whole Myanmar.

ခေတ်မီဗိသုကာနှင့် အင်ဂျင်နီယာနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အရည်အသွေးမြင့်မားမှ...
20/08/2026

ခေတ်မီဗိသုကာနှင့် အင်ဂျင်နီယာနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အရည်အသွေးမြင့်မားမှု၊ ဒီဇိုင်းနှင့် အကောင်အထည်ဖော်မှုတို့၏ တိကျမှု၊ နည်းပညာကျွမ်းကျင်မှုနှင့် လုပ်ငန်းဆောင်ရွက်မှု ထိရောက်မြန်ဆန်မှု တို့သည် အောင်မြင်သော Project များအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ ခေတ်မီဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ယုံကြည်စိတ်ချရသော ဆောက်လုပ်ရေးမိတ်ဖက် တစ်ဦးအဖြစ် ရပ်တည်လျက်ရှိသော Mindhama Co., Ltd. သည် နိုင်ငံတကာအဆင့်မီ စက်ယန္တရားများ၊ ခေတ်မီဆောက်လုပ်ရေးနည်းပညာများ၊ ကျွမ်းကျင်မှုမြင့်မားသော အင်ဂျင်နီယာများနှင့် လုပ်ငန်းခွင်အတွေ့အကြုံ ပြည့်ဝသည့် ပညာရှင်များ၏ ကျွမ်းကျင်မှုများကို ပေါင်းစပ်အသုံးပြု၍ အရည်အသွေး မြင့်မားပြီး နိုင်ငံတကာစံချိန်စံညွှန်းများနှင့် ကိုက်ညီသော Pre-Engineered Building System ဖြင့် One-Stop Service ကို ပေးအပ်လျက်ရှိပါသည်။

Project ၏ ဒီဇိုင်းနှင့် အင်ဂျင်နီယာဆိုင်ရာ ဖြေရှင်းချက်များမှစ၍ ထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်းနှင့် အပြီးသတ် အကောင်အထည်ဖော်ခြင်းအထိ လုပ်ငန်းစဉ်တစ်လျှောက်လုံးကို စနစ်တကျ ပေါင်းစပ်ဆောင်ရွက်ပေးခြင်းဖြင့် ခိုင်ခံ့မှု၊ အရည်အသွေး၊ တိကျမှုနှင့် အချိန်မီ ပြီးစီးမှု တို့ကို အလေးထားကာ လူကြီးမင်းတို့၏ Project များအတွက် အကောင်းဆုံးရလဒ်များ ရရှိစေရန် တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါသည်။

လူကြီးမင်းတို့၏ လက်ရှိနှင့် အနာဂတ် Project များကို ခေတ်မီနည်းပညာ၊ အရည်အသွေးမြင့်မားမှု၊ ခိုင်ခံ့ကြံ့ခိုင်မှုနှင့် အလှအပဆိုင်ရာ ဒီဇိုင်းကောင်းမွန်မှု တို့ဖြင့် အဆင့်မြင့်စွာ အကောင်အထည်ဖော်နိုင်ရန် Mindhama Co., Ltd. က ယုံကြည်စိတ်ချရသော ဆောက်လုပ်ရေးမိတ်ဖက်အဖြစ် အစဉ်တစိုက် ပံ့ပိုးပေးလျက်ရှိပါသည်။

Mindhama Co., Ltd. — Your Reliable Partner

Website: www.mindhama.com
Hotline: +95 9 965333666










အဆောက်အဦ၏ ကြံ့ခိုင်မှုသည် ခိုင်မာသော အုတ်မြစ်မှ စတင်သကဲ့သို့ပင်၊ အောင်မြင်သော စီမံကိန်းတစ်ခု၏ အနှစ်သာရသည် "ဘေးကင်းလုံခြ...
14/08/2026

အဆောက်အဦ၏ ကြံ့ခိုင်မှုသည် ခိုင်မာသော အုတ်မြစ်မှ စတင်သကဲ့သို့ပင်၊ အောင်မြင်သော စီမံကိန်းတစ်ခု၏ အနှစ်သာရသည် "ဘေးကင်းလုံခြုံသော လုပ်ငန်းခွင်ယဉ်ကျေးမှု" (Safety Culture) အပေါ်တွင် အခြေခံပါသည်။ အထူးသဖြင့် ရာသီဥတုအပြောင်းအလဲနှင့်အတူ စိန်ခေါ်မှုများပြားလှသော မိုးရာသီကာလအတွင်း လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးသည် ကျွန်ုပ်တို့၏ အလေးထားရမည့် အဓိကကဏ္ဍတစ်ခု ဖြစ်လာပါသည်။

Mindhama Co., Ltd. အနေဖြင့် စီမံကိန်းများထက် ကျွန်ုပ်တို့၏ အင်ဂျင်နီယာများနှင့် လုပ်သားထု၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ပိုမိုဦးစားပေး လုပ်ဆောင်လျက်ရှိပြီး မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် မတော်တဆမှုများ၊ လုပ်ငန်းခွင်ထိခိုက်မှုများ၊ လျှပ်စစ်အန္တရာယ်ရှိမှုများနှင့်အတူ ဆိုးဝါးသော ရာသီဥတု အခြေအနေ၊ သဘာဝဘေးများအတွက် မျက်ခြေမပြတ် အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းမီ ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများ (International Safety Protocols) နှင့်အညီ လုပ်ငန်းခွင်အတွင်း PPE ဝတ်ဆင်မှုမှအစ အမြင့်ပိုင်းလုပ်ငန်းခွင် ဘေးကင်းရေးအထိ တိကျစွာ စစ်ဆေးဆောင်ရွက်သည့်အပြင်၊ လုပ်သားတိုင်း ဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်း ကာကွယ်နိုင်စေရန် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းစဉ်များ၊ အလေ့အထများ (Safe Work Procedure/Safe Work Practice) အတွက် စဉ်ဆက်မပြတ် လေ့ကျင့် သင်ကြားပေးမှုများအဖြစ် နေ့စဉ် Safety Toolbox Talk များ ပြုလုပ်၍ ဘေးမကင်း မလုံခြုံသည့် အပြုအမှု၊ အခြေအနေ (Unsafe Act/Unsafe Condition) များကို ဖော်ထုတ် သတိပေး ပြောကြားခြင်း၊ အခြားလုပ်ငန်းခွင်များမှ မတော်တဆမှုဖြစ်စဉ်များကို သင်ခန်းစာယူ နိုင်စေရေး မျှဝေပေးခြင်းတို့ကို အစဉ်အလေးထား လုပ်ဆောင်နေပါသည်။

“Quality results come from safe hands" ဟူသော ဆောင်ပုဒ်နှင့်အညီ ကျွန်ုပ်တို့ တည်ဆောက်လိုက်သော အဆောက်အဦတိုင်းသည် ခိုင်ခံ့ရုံသာမက ဝန်ထမ်းတိုင်း၏ ဘေးကင်းလုံခြုံမှုကိုပါ အာမခံနိုင်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တည်ဆောက်ထားသော အထင်ကရ ပြယုဂ် လက်ရာမွန်များပင် ဖြစ်ပါတော့သည်။

Mindhama Co., Ltd. Your Reliable Partner …

Website: www.mindhama.com Hotline: +95 9 965333666









Health & Safety NoticeOur Commitment to a Safe and Healthy WorkplaceAt Mindhama Co., Ltd., the safety, health, and well-...
06/08/2026

Health & Safety Notice

Our Commitment to a Safe and Healthy Workplace

At Mindhama Co., Ltd., the safety, health, and well-being of our employees are our highest priorities. We firmly believe that every accident is preventable and that creating and maintaining a safe workplace is a shared responsibility of every employee.

To foster a strong safety culture and ensure a safe working environment for everyone, all employees are required to comply with the following Safety Protocols at all times.

Mindhama Co., Ltd. တွင် ကျွန်ုပ်တို့၏ ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးသည် အရေးကြီးဆုံးသော ဦးစားပေးလုပ်ငန်း ဖြစ်ပါသည်။ မတော်တဆမှုမှန်သမျှကို ကြိုတင်ကာကွယ်နိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပြီး ဘေးကင်းသော လုပ်ငန်းခွင်တစ်ခု ဖြစ်လာစေရန် အဖွဲ့ဝင်တိုင်းတွင် တာဝန်ရှိပါသည်။ ထို့ကြောင့် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ရန် ဝန်ထမ်းအားလုံး အောက်ဖော်ပြပါ ဘေးကင်းရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပေးအပ်ပါသည်။

Safety Protocols / ဘေးကင်းရေး စည်းကမ်းချက်များ

1. Report Unsafe Conditions and Behaviors Immediately

ဘေးအန္တရာယ်ဖြစ်စေနိုင်သော အခြေအနေများ၊ မလုံခြုံသော လုပ်ရပ်များကို တွေ့ရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ပါ။

2. Attend All Mandatory Safety Meetings and Briefings

သတ်မှတ်ထားသော ဘေးကင်းရေး အစည်းအဝေးများ၊ လုံခြုံရေးအသိပညာပေး ဆွေးနွေးပွဲများကို မပျက်မကွက် တက်ရောက်ပါ။

3. Report All Accidents and Near-Miss Incidents Promptly

မတော်တဆမှုများနှင့် မတော်တဆဖြစ်လုနီးပါး ဖြစ်စဉ်များအားလုံးကို နှောင့်နှေးမှု မရှိဘဲ ချက်ချင်း သတင်းပို့ပါ။

4. Support Incident Investigations

ထိခိုက်ဒဏ်ရာရရှိမှု၊ မတော်တဆမှု၊ လုပ်ငန်းခွင်ဆိုင်ရာ နာမကျန်းမှုနှင့် သေဆုံးမှုများနှင့် သက်ဆိုင်သည့် စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းပါဝင်ပြီး တွေ့ရှိချက်များမှ သင်ခန်းစာများကို လေ့လာလိုက်နာပါ။

5. Contribute to Continuous Safety Improvement

ဘေးကင်းရေး စနစ်များ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် အပြုသဘောဆောင်သော အကြံပြုချက်များနှင့် တိုးတက်ရေးအကြံဉာဏ်များကို တက်ကြွစွာ ပေးအပ်ပါ။

6. Always Follow Safe Work Practices

လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသော ဘေးကင်းရေး လုပ်ထုံးလုပ်နည်းများကို အမြဲတမ်း လိုက်နာဆောင်ရွက်ပါ။

7. Promote a Positive Safety Culture

လုပ်ဖော်ကိုင်ဖက်များအား ဘေးကင်းရေး စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်နိုင်စေရန် အားပေးတိုက်တွန်းပြီး အပြန်အလှန် သတိပေး ကူညီပါ။

8. Participate in Regular Safety Inspections

ပုံမှန် ဘေးကင်းရေး စစ်ဆေးမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး လိုအပ်သလို ပူးပေါင်းကူညီပါ။

Working Together for an Accident-Free Workplace

Safety is not a one-time activity—it is a continuous commitment that requires the awareness, responsibility, and active participation of every individual. By following these safety protocols, we not only protect ourselves but also safeguard our colleagues and help ensure that everyone returns home safely to their families every day.

Let us work together to build and sustain a Zero Accident Culture at Mindhama Co., Ltd., where safety is a core value embedded in everything we do.

ဘေးကင်းလုံခြုံရေးဆိုသည်မှာ အစဉ်တစိုက် ဂရုပြုဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ ဤလမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် မိမိကိုယ်တိုင်ကို ကာကွယ်ရုံသာမက လုပ်ဖော်ကိုင်ဘက်များ မိသားစုထံ နေ့စဉ်ဘေးကင်းစွာ ပြန်ရောက်နိုင်ရေးကိုလည်း ကူညီရာရောက်ပါသည်။

Mindhama Co., Ltd. တွင် မတော်တဆမှု ကင်းစင်သော ယဉ်ကျေးမှုတစ်ခု တည်ဆောက်နိုင်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါစို့။

"Safety is Everyone's Responsibility. Every Action Matters. Every Day."

Bridging the Future of EngineeringEmpowering the Next Generation of WYTU Engineers Through Industry ExperienceYangon, My...
30/07/2026

Bridging the Future of Engineering
Empowering the Next Generation of WYTU Engineers Through Industry Experience

Yangon, Myanmar — Demonstrating its unwavering commitment to developing future engineering professionals, Min Dhama Co., Ltd. proudly welcomed students from Yangon Technological University (WYTU) for a comprehensive educational site visit, providing an immersive learning experience that connects academic excellence with real-world industrial practice.

The visit reflects the company's ongoing commitment to strengthening industry–academia collaboration and preparing young engineers to meet the evolving demands of the engineering and construction sectors.

Throughout the program, students explored modern manufacturing operations, observed advanced engineering technologies in action, and gained firsthand insights into industrial safety standards, quality management systems, and efficient production processes. Guided by experienced engineering professionals, participants witnessed how innovative ideas are transformed into practical engineering solutions through teamwork, precision, and continuous improvement.

More than a facility tour, the visit served as a platform for inspiration—encouraging students to envision their future roles as engineers who will design, build, and shape tomorrow's infrastructure. By experiencing the realities of a professional engineering environment, students were able to bridge the gap between classroom theory and industrial application while gaining valuable perspectives on career opportunities and professional development.

"Today's students are tomorrow's innovators, problem-solvers, and industry leaders. By opening our doors to aspiring engineers, we hope to inspire curiosity, strengthen practical knowledge, and empower the next generation to build a smarter and more sustainable future."

Min Dhama Co., Ltd. believes that meaningful collaboration between universities and industry is essential to cultivating highly skilled engineering talent. The company remains dedicated to supporting educational initiatives that promote innovation, technical excellence, and lifelong learning while contributing to the sustainable growth of Myanmar's engineering community.
Growing Together, we are bridging the future of engineering—one generation at a time.

ထူးမြတ်လှသည့် ဝါဆိုလပြည့်နေ့ အခါသမယတွင် ရဟန်းရှင်လူ ပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စု...
29/07/2026

ထူးမြတ်လှသည့် ဝါဆိုလပြည့်နေ့ အခါသမယတွင် ရဟန်းရှင်လူ ပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း Mindhama Co., Ltd. မိသားစုက ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ခေတ်မီဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် အချိန်တိကျမှုနှင့် ရေရှည်ခိုင်ခံ့မှု (အရည်အသွေး) သည် စီမံကိန်းတစ်ခု၏ အောင်မြင်မှုကို ...
21/07/2026

ခေတ်မီဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတွင် အချိန်တိကျမှုနှင့် ရေရှည်ခိုင်ခံ့မှု (အရည်အသွေး) သည် စီမံကိန်းတစ်ခု၏ အောင်မြင်မှုကို ဆုံးဖြတ်ပေးသည့် အဓိကသော့ချက်များဖြစ်ပါသည်။ သံမဏိ (Steel Structure) ကိုအသုံးပြု၍ဆောက်လုပ်ခြင်းသည် လုပ်ငန်းခွင်အတွင်း ကြန့်ကြာမှုများကို လျော့ချပေးနိုင်သည့်အပြင်ရာသီဥတုအခြေအနေ အမျိုးမျိုးတွင်လည်း ဆောက်လုပ်နိုင်ပါသည်။ ထို့ကြောင့် ကမ္ဘာ့အဆင့်မီ ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်ဆန်တိကျပြီး စိတ်ချရသည့် သံမဏိတည်ဆောက်မှုစနစ် (Steel structure Construction System) ကို အဓိကရွေးချယ် အသုံးပြုလာကြခြင်း ဖြစ်သည်။

သံမဏိတည်ဆောက်မှုစနစ်၏ အဓိကအားသာချက်များမှာ

၁။ ဆောက်လုပ်ချိန် ပိုမိုမြန်ဆန်ခြင်း (Speed of Construction)

၂။ ကုန်ကျစရိတ် ထိရောက်မှုနှင့် ကြိုတင်ခန့်မှန်းနိုင်မှု (Cost-Effectiveness & Predictability)

၃။ ပင်မဒေါက်တိုင် သို့မဟုတ် ဝန်ထမ်းဒေါက်တိုင်မျှ ထည့်သွင်းရန်မလိုခြင်းကြောင့် အဆောက် အတွင်း ဧရိယာကို ရာနှုန်းပြည့်အသုံးချနိုင်ခြင်း (Design Flexibility & Clear Span Design)

၄။ ပြင်းထန်သော ငလျင်ဒဏ်ကို အကောင်းဆုံး ကြံ့ကြံ့ခံနိုင်ခြင်း (Seismic Resilient)

၅။ ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုခြင်း (Durability & Sustainability)

၆။ ပြုပြင်ထိန်းသိမ်းရလွယ်ကူခြင်း (Low Maintenance) စသည်တို့ဖြစ်သည်။

လူကြီးမင်းတို့၏ အနာဂတ် Project များကို အဆင့်မြင့်ဆုံး၊ ခိုင်ခံ့မှုအရှိဆုံးများနှင့်အတူ အလှပဆုံး အကောင်အထည်ဖော်ရန်အတွက် သံမဏိကို ရွေးချယ်ပါ။

Mindhama Co., Ltd. Your Reliable Partner …

Website: www.mindhama.com

Hotline: +95 9 965333666

(၇၉) နှစ်မြောက် အာဇာနည်နေ့အား လှိုက်လှဲစွာ ဦးညွှတ်ဂါရဝပြုအပ်ပါသည်။ယနေ့ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် တိုင်းပြ...
19/07/2026

(၇၉) နှစ်မြောက် အာဇာနည်နေ့အား လှိုက်လှဲစွာ ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

ယနေ့ကျရောက်သော (၇၉) နှစ်မြောက် အာဇာနည်နေ့တွင် တိုင်းပြည်အတွက် အသက်ပေးဆပ်သွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကျေးဇူးတရားနှင့် စိတ်ဓာတ်များကို အစဉ်အောက်မေ့ သတိရလျက်ရှိပါသည်။

အာဇာနည်ခေါင်းဆောင်ကြီးများအား Mindhama Co., Ltd. မိသားစုမှ အလေးအမြတ်ထား၍ ဦးညွှတ်ဂါရဝပြုအပ်ပါသည်။

Steel Structure တစ်ခု၏ အရည်အသွေးနှင့် ရေရှည်ခိုင်မာမှုကို Material ရွေးချယ်ခြင်းမှ စတင်ရပါသည်။Steel Structure လုပ်ငန်းမျ...
07/07/2026

Steel Structure တစ်ခု၏ အရည်အသွေးနှင့် ရေရှည်ခိုင်မာမှုကို Material ရွေးချယ်ခြင်းမှ စတင်ရပါသည်။

Steel Structure လုပ်ငန်းများတွင် Material ရွေးချယ်ရာ၌ Material Grade, Strength နှင့် အသုံးပြုမည့်နေရာ တို့ကို အခြေခံ၍ သင့်တော်သော Material ကို ရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။

အသုံးများသော Steel အမျိုးအစား ၂ မျိုးဖြစ်သည့် Hot Rolled Steel နှင့် Cold Rolled Steel တို့သည် သံမဏိထုတ်လုပ်မှုနည်းစနစ်ကွဲပြားသဖြင့် ၎င်းတို့၏ ဂုဏ်သတ္တိများနှင့် အသုံးပြုရန် သင့်တော်သောနေရာများလည်း ကွဲပြားပါသည်။ ထို့ကြောင့် Hot Rolled နှင့် Cold Rolled Steel တို့ကို ရွေးချယ်ရာတွင် အသုံးပြုမည့် လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ ရွေးချယ်အသုံးပြုရန် လိုအပ်ပါသည်။

🔹 Hot Rolled Steel သည် Steel ကို Above Recrystallization Temperature တွင် Rolling လုပ်၍ထုတ်လုပ်ထားသော သံမဏိဖြစ်ပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာ၍ Weldability ကောင်းမွန်သဖြင့် Factory၊ Warehouse၊ Bridge၊ Steel Highrise Building ထုတ်လုပ်ရေးနှင့် အခြား Steel Structure လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပါသည်။

🔹 Cold Rolled Steel သည် Hot Rolled Steel ကို အခန်းအပူချိန်တွင် ထပ်မံ Rolling လုပ်၍ထုတ်လုပ်ထားသော သံမဏိဖြစ်ပါသည်။ Surface Finish ကောင်းမွန်ခြင်းကြောင့် Automotive Parts၊ Furniture၊ Steel Roof & Wall Panels နှင့် အတိုင်းအတာတိကျမှုမြင့်မားသောပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးများပါသည်။

သင့်တော်သော Material ကို မှန်ကန်စွာ ရွေးချယ်အသုံးပြုခြင်းသည် Project ၏ ဒီဇိုင်းလိုအပ်ချက်နှင့် ကိုက်ညီသော Quality နှင့် Efficiency ကို ရရှိစေနိုင်ပါသည်။

အဆောက်အဦတစ်ခုဆောက်လုပ်ရုံတင်သာမက တိကျခိုင်မာသော လက်ရာတစ်ခု ဖြစ်လာစေဖို့ရာ အကောင်းဆုံး သံမဏိအမျိုးအစားများကိုရွေးချယ်ရန် Mindhama Co., Ltd. မှာ ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လိုက်ပါ။

Mindhama Co., Ltd. Your Reliable Partner …

Website: www.mindhama.com
Hotline: +95 9 965333666

Steel Structure အဆောက်အဦများ၏ ကြံ့ခိုင်မှုနှင့် လုံခြုံမှုအရေး ပြောရမည်ဆိုလျှင် လူအများစုသည် Steel Column များ၊ Truss မျ...
27/06/2026

Steel Structure အဆောက်အဦများ၏ ကြံ့ခိုင်မှုနှင့် လုံခြုံမှုအရေး ပြောရမည်ဆိုလျှင် လူအများစုသည် Steel Column များ၊ Truss များ သို့မဟုတ် Roof Structure များသာ အာရုံစိုက်လေ့ရှိကြပါသည်။

သို့သော် အဆောက်အဦတစ်ခုလုံးကို မြေပြင်နှင့် ခိုင်မာစွာ ချိတ်ဆက်ပေးထားသည့် Anchor Bolt များ၏ အရေးပါမှုကိုတော့ မကြာခဏ မေ့လျော့တတ်ကြပါသည်။

Anchor Bolt များသည် Steel Column နှင့် Concrete Foundation ကို ချိတ်ဆက်ပေးသော အရေးကြီးသည့် Structural Component များဖြစ်ပြီး အဆောက်အဦ၏ တည်ငြိမ်မှုအတွက် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

🔹 Structural Load Transfer

အဆောက်အဦ၏ အလေးချိန်များ၊ အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာသော Load များနှင့် အခြား Structural Forces များကို Steel Column များမှတစ်ဆင့် Concrete Foundation သို့ ဘေးကင်းလုံခြုံစွာ လွှဲပြောင်းပေးနိုင်ရန် Anchor Bolt များက ကူညီဆောင်ရွက်ပေးပါသည်။

🔹 Resisting Wind Load and Seismic Load

လေပြင်းတိုက်ခတ်ခြင်း သို့မဟုတ် ငလျင်လှုပ်ခတ်ခြင်းများ ဖြစ်ပေါ်လာသည့်အခါ အဆောက်အဦပေါ်တွင် Uplift Force နှင့် Shear Force များ သက်ရောက်လာနိုင်ပါသည်။ Anchor Bolt များသည် အဆိုပါအားများကို ထိန်းချုပ်ပေးပြီး အဆောက်အဦအား Foundation နှင့် မြဲမြံစွာ ချိတ်ဆက်ထားနိုင်စေပါသည်။

🔹 Preventing Overturning

အကျယ်အဝန်းကြီးမားသော Steel Structure များတွင် လေတိုက်နှုန်းမြင့်မားသည့်အချိန်၌ တိမ်းစောင်းလိုသည့် အားများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုအခြေအနေများတွင် Anchor Bolt များသည် Tension Force များကို ခံနိုင်ရည်ရှိစေပြီး အဆောက်အဦ၏ တည်ငြိမ်မှုကို ထိန်းသိမ်းပေးပါသည်။

🔹 Construction Stage Stability

ဆောက်လုပ်ရေးလုပ်ငန်း တည်ဆောက်ဆဲကာလများတွင် Steel Column များကို မှန်ကန်သော Alignment နှင့် Position တွင် ထိန်းထားနိုင်ရန် Anchor Bolt များသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ အဆောက်အဦတစ်ခုလုံး မပြီးစီးသေးမီကာလအတွင်း Structural Frame ၏ Stability ကို ထောက်ပံ့ပေးသော အခြေခံအစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။

Anchor Bolt များသည် သေးငယ်သော အစိတ်အပိုင်းတစ်ခုဟု ထင်ရသော်လည်း Steel Structure တစ်ခုလုံး၏ လုံခြုံမှု၊ တည်ငြိမ်မှုနှင့် ကြာရှည်ခံနိုင်ရည်တို့ကို အဆုံးအဖြတ်ပေးနိုင်သော အရေးကြီးဆုံး Structural Elements များထဲမှ တစ်ခုဖြစ်ပါသည်။

Mindhama Co., Ltd. သည် စီမံကိန်းတိုင်းတွင် Anchor Bolt များ၏ Size၊ Grade နှင့် တပ်ဆင်မှုအပိုင်းကို နိုင်ငံတကာစံနှုန်း (International Engineering Codes) များနှင့်အညီ တိကျသေချာစွာဖြင့် တစ်နေရာတည်း၌ One Stop Service ပေးလျက်ရှိပါသည်။

Mindhama Co., Ltd. Your Reliable Partner …

Website: www.mindhama.com

Hotline: +95 9 965333666

အဆောက်အဦးတစ်ခု ခိုင်မာဖို့အတွက် အုတ်မြစ်က အရေးကြီးသလိုပါပဲ... သားသမီးတိုင်းရဲ့ ဘဝတွေ ခိုင်မာရှင်သန်ဖို့အတွက် ဖေဖေဆိုတာ အ...
21/06/2026

အဆောက်အဦးတစ်ခု ခိုင်မာဖို့အတွက် အုတ်မြစ်က အရေးကြီးသလိုပါပဲ... သားသမီးတိုင်းရဲ့ ဘဝတွေ ခိုင်မာရှင်သန်ဖို့အတွက် ဖေဖေဆိုတာ အခိုင်မာဆုံး အုတ်မြစ်တစ်ခုပါ။

ယနေ့မှာ ကျရောက်တဲ့ ဖခင်များနေ့မှာ မိသားစုအတွက် အစွမ်းကုန် ကြိုးစားပေးနေကြတဲ့ ဖေဖေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပြီး ပျော်ရွှင်စရာ ဖခင်များနေ့ ဖြစ်ပါစေကြောင်း Mindhama Co., Ltd. မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Website: www.mindhama.com Hotline: +95 9 965333666

Address

106, Bayint Naung Road, Industrial Zone (4), Shwe Pyi Thar Township
Yangon
11411

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00

Telephone

+959965333999

Alerts

Be the first to know and let us send you an email when Min Dhama Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Min Dhama Co., Ltd.:

Shortcuts

Share