HOL Engineering & Design

HOL Engineering & Design Welcome to our page. We are here to provide the best design with best quality products and buildings. Thank you for visiting our site.

HOL Architectural & Design Studio creates modern, functional, and inspiring spaces through innovative architecture, interior design, and creative solutions tailored to every client’s vision and lifestyle. Our technicians are here and they will be happy to consult for your new life style. If you want to create your new life style, contact us anytime.

🚀 HOL Engineering & Design Team နဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်!Design ကို စိတ်ဝင်စားပြီး Creative Idea တွေကို အကောင်အထည...
22/06/2026

🚀 HOL Engineering & Design Team နဲ့အတူ လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်!

Design ကို စိတ်ဝင်စားပြီး Creative Idea တွေကို အကောင်အထည်ဖော်ရတာ ကြိုက်လား? 🏡✨

HOL Engineering & Design မှာတော့ အိမ်၊ ဆိုင်နဲ့ Commercial Space တိုင်းကို အလှအပနဲ့ Functionality ကို ပေါင်းစပ်ပြီး အကောင်းဆုံး ဖန်တီးပေးနေပါတယ်။ 🏡✨

သင်ဟာ Design ပိုင်းကို ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး အဖွဲ့နဲ့ ပူးပေါင်းအလုပ်လုပ်ရတာကို နှစ်သက်သူ ဆိုရင်တော့ ဒီအခွင့်အရေးက သင့်အတွက်ပဲ ဖြစ်ပါတယ်။ 💪🏼✨

👩‍💼 Junior Designer / Architect

လိုအပ်ချက်များ

* B.Arch (သို့) Design နှင့်သက်ဆိုင်သော ဘွဲ့ရရှိထားသူ
* သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိသူ
* AutoCAD, SketchUp, V-Ray ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ
* Working Drawings များ ရေးဆွဲနိုင်သူ
* Site Visit များ သွားလာနိုင်သူ
* Creative Thinking ရှိပြီး သင်ယူလိုစိတ်ပြင်းပြသူ

👨‍💼 Senior Designer / Architect

လိုအပ်ချက်များ

* B.Arch (သို့) Design နှင့်သက်ဆိုင်သော ဘွဲ့ရရှိထားသူ
* သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၆) နှစ်ရှိသူ
* AutoCAD, SketchUp, V-Ray ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ
* Working Drawings များကို အရည်အသွေးမြင့်စွာ ရေးဆွဲနိုင်သူ
* Design Presentation ပြုလုပ်နိုင်ပြီး Client များနှင့် ကောင်းမွန်စွာ ဆက်သွယ်ညှိနှိုင်းနိုင်သူ
* Site Visit နှင့် Project Coordination များ ဆောင်ရွက်နိုင်သူ
* Creative Idea များဖြင့် Team ကို ဦးဆောင်နိုင်သူ

🌟 Design ကို Passion အဖြစ် ယုံကြည်ပြီး လက်တွေ့ဘဝထဲက Space တွေကို ပိုလှပ၊ ပိုအသုံးဝင်အောင် ဖန်တီးချင်တယ်ဆိုရင် HOL Team က သင့်ကို ကြိုဆိုနေပါတယ်။

* Space တိုင်းမှာ Style ရှိဖို့ HOL နဲ့ ပုံဖော်စို့။

လျှောက်ထားလိုသူတွေအနေနဲ့ ကိုယ်ရေး အကျဉ်း (CV) ကို မျှော်မှန်းလစာ နှင့်တကွ email(သို့) page messenger (သို့) viber တို့ကို ပေးပို့ပြီး လျှောက်ထားနိုင်ပါတယ်ရှင်။
HOL Design team နဲ့ တူတူ အကောင်းဆုံး interior design တွေကို ဖန်တီးဖို့ အခုပဲ လျှောက်ထားလိုက်ပါတော့နော်။

Office Location: 1101, Tower A, Kanbae Butaryone Street, Kanbae Towers Condo, Yankin Township, Yangon.
Working hours - 9am to 5pm Monday to Friday
Email: [email protected]
Ph: 09774741526 or Viber : 095198069

📣 HOL Engineering & Design Team မှ အလုပ်အကိုင်ခေါ်ယူခြင်း သင်ဟာ အလုပ်ကို ကြိုးစားသူတစ်ဦးဖြစ်ပြီး Marketing ကို စိတ်ဝင်စာ...
22/06/2026

📣 HOL Engineering & Design Team မှ အလုပ်အကိုင်ခေါ်ယူခြင်း

သင်ဟာ အလုပ်ကို ကြိုးစားသူတစ်ဦးဖြစ်ပြီး Marketing ကို စိတ်ဝင်စားတဲ့သူလား? 🫵🏼🤓
အဲ့တာဆိုရင်တော့ ဒီ Job Offer ကသင့်အတွက်ပဲဖြစ်ပါတယ်။

🤝🏼 HOL Engineering & Design Team သည် client များအား ပိုမိုကောင်းမွန်သော service များ ဆက်လက်ပေးနိုင်ရန်အတွက် အခုဆို
Senior Sales & Marketing Position နှင့် Junior Sales & Marketing Position များကို အလုပ်အကိုင်ခေါ်ယူနေပါသည်။

Please read the job descriptions and specifications below:

👩🏻‍💻 Position :
1. Junior Sales & Marketing
2. Senior Sales & Marketing

For Senior Sales & Marketing Role:
✅ Job Specification 🎓
1. ဘွဲ့ရပြီးသူ (Any Graduate)
2. လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၅ နှစ်
3. Communication & Negotiation Skill ကောင်းမွန်သူ
4. Pre-Intermediate Level English အသုံးပြုနိုင်သူ
5. အသက် ၃၇ နှစ်အောက်
6. Microsoft Office Applications များကို ကောင်းမွန်စွာ အသုံးပြုနိုင်သူ

💼 Construction Field အတွေ့အကြုံရှိသူကို ဦးစားပေးမည်

✅ Job Description 👩🏻‍💻
1. Market Research ပြုလုပ်ခြင်း နှင့် Marketing Plan ရေးဆွဲခြင်း
2. Marketing Team နှင့် ပူးပေါင်း၍ Target များ ပြည့်မီအောင် ဆောင်ရွက်ခြင်း
3. Social Media Marketing ကို Support ပေးခြင်း
4. Customer Inquiry များကို ကိုင်တွယ်ခြင်း နှင့် Team နှင့်အတူ Lead Follow-up ဆောင်ရွက်ခြင်း
5. Marketing Head မှ တာဝန်ပေးအပ်သော အခြား Marketing Tasks များ ဆောင်ရွက်ခြင်း

For Junior Sales & Marketing Role :
✅ Job Specification 🎓
1. သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (၁) နှစ်နှင့်အထက်ရှိသူ
2. (Interior Decoration / Design ပိုင်းအတွေ့အကြုံရှိပါက ဦးစားပေးစဉ်းစားပါမည်)
3. လူမှုဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သူ
4. အလုပ်အပေါ် တာဝန်ယူစိတ်ရှိပြီး လိုအပ်ပါက အချိန်ပို ဆောင်ရွက်နိုင်သူ

⸝
📍 လုပ်ငန်းတည်နေရာ — 1101, Tower A, Kanbae Butaryone Street, Kanbae Towers Condo, Yankin Township, Yangon.

⏰ အလုပ်ချိန်
• တနင်္လာနေ့မှ သောကြာနေ့အထိ — မနက် ၉:၀၀ မှ ညနေ ၅:၀၀ အထိ
• စနေ၊ တနင်္ဂနွေနေ့ နှင့် အများပြည်သူပိတ်ရက်များ — ပိတ်ပါသည်

⸝
လျှောက်ထားရန် -
CV (Expected Salary ပါရှိရပါမည်) ကို
📧 [email protected] သို့ Email ပို့ရန်
(သို့မဟုတ်)
📱 09-5198069 , 09-752741526 (Viber) သို့ ပို့နိုင်ပါသည်။

Important Note:

• Appointment များရှိတဲ့အခါ သွားရောက်နိုင်သူ ဖြစ်ရပါမယ်။ Market Research လိုအပ်လာပါက အပြင်သွားပြီး လုပ်ကိုင်နိုင်သူ ဖြစ်ရပါမယ်နော်။

Join Us Now:
🌱 HOL Engineering & Design Team နှင့်အတူ တိုးတက်လိုသူများ အမြန်ဆုံး လျှောက်ထားနိုင်ပါသည်။

🏠 Why Your Home Feels Smaller Than It Isတချို့အိမ်တွေက အကျယ်ကြီးမဟုတ်လည်း မဟုတ်ဘူး… ဒါပေမဲ့ အိမ်ထဲဝင်လိုက်တာနဲ့ “ကျဉ်းနေ...
18/06/2026

🏠 Why Your Home Feels Smaller Than It Is

တချို့အိမ်တွေက အကျယ်ကြီးမဟုတ်လည်း မဟုတ်ဘူး… ဒါပေမဲ့ အိမ်ထဲဝင်လိုက်တာနဲ့ “ကျဉ်းနေသလို” ခံစားရတတ်ပါတယ် 🥹
တကယ်တော့ problem က room size မဟုတ်ပဲ design choices တွေကြောင့် ဖြစ်နေတတ်ပါတယ်။

HOL Team က အိမ်တွေ design လုပ်ရင်း အများဆုံးတွေ့ရတဲ့ reasons တွေက —

✨ Furniture တွေ အရမ်းကြီးနေတာ
Sofa ကြီးကြီး၊ table ကြီးကြီးတွေက stylish ဖြစ်ပေမဲ့ room size နဲ့မလိုက်ရင် space ကိုပိတ်သွားစေပါတယ်။ Walking space နည်းသွားတာနဲ့ room က ချက်ချင်းကျဉ်းသလိုခံစားရပါတယ်။

✨ အလင်းရောင်မလုံလောက်တာ
Natural light မဝင်တဲ့အခန်းတွေက darker & heavier feel ဖြစ်စေပါတယ်။ Curtain အထူကြီးတွေ၊ lighting မကောင်းတာတွေကလည်း room ကိုပိုပိတ်သလိုမြင်စေတတ်ပါတယ် ☀️

✨ ပစ္စည်းများပြီး clutter ဖြစ်နေတာ
တခါတလေ room ကျဉ်းတာမဟုတ်ဘူး… ပစ္စည်းတွေများလွန်းတာ
Storage မရှိရင် everything starts looking crowded. Organized ဖြစ်သွားတာနဲ့ space က instantly ပိုရှင်းပြီး breathable feel ဖြစ်လာပါတယ်။

✨ Color tone တွေမှောင်လွန်းတာ
Dark colors တွေက cozy feel ပေးပေမဲ့ သုံးတာများသွားရင် room ကိုပိုကျဉ်းသလိုမြင်စေပါတယ်။ Soft neutral colors တွေကတော့ space ကိုပို open & airy feel ဖြစ်စေပါတယ် 🤍

✨ Mirror placement မှားနေတာ 🪞
Mirror တွေက decoration တင်မဟုတ်ပါဘူး။ မှန်ကန်တဲ့နေရာမှာထားရင် light ကို reflect လုပ်ပေးပြီး room ကို ပိုကျယ်သလိုခံစားရစေပါတယ်။

Sometimes, your home doesn’t actually need more space — it just needs better design ✨

HOL Team က functionality နဲ့ aesthetic ကို balance ဖြစ်အောင် design လုပ်ပေးပြီး space တိုင်းကို comfortable & spacious feel ရအောင် ဖန်တီးပေးပါတယ် 🤍

HOL Team နဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်မက်များကို အခုပဲ အကောင်အထည်ဖော်လိုက်ကြမယ် 🙌🏻

💌 Contact us now to inquire about your next project, whether it’s luxurious or any style you wish!
Phone number: 09774741526

16/06/2026

HOL ရှိရင် လူကြီးမင်းတို့ စိတ်ပူတာတွေ အားလုံးအဆင်ပြေသွားစေရမယ် 😎

HOL အတွက် Design ဆိုတာ လှပတဲ့ပုံတစ်ပုံ ဖန်တီးတာထက် ပိုပါတယ်။
သင့်ရဲ့ lifestyle၊ comfort နဲ့ နေထိုင်မှုပုံစံကို နားလည်ပြီး အမှန်တကယ်အသုံးဝင်တဲ့ space တစ်ခုကို ဖန်တီးပေးတာပါ။

🤍 Client ကို အရင်နားထောင်တယ်
🎯 Function နဲ့ Purpose ကို ဦးစားပေးတယ်
⚖️ Beauty နဲ့ Practicality ကို Balance လုပ်တယ်
⏰ Timeline ကို တန်ဖိုးထားပြီး Commitment အတိုင်း အချိန်မီ အကောင်အထည်ဖော်တယ်
✨ Detail အသေးစိတ်တိုင်းကို စေတနာအပြည့်နဲ့ ဂရုစိုက်တယ်

HOL နဲ့အတူ Design တစ်ခုတည်း မဟုတ်ဘဲ သင့်ဘဝနဲ့ ကိုက်ညီတဲ့ အိမ်မက်ကို အကောင်အထည်ဖော်လိုက်ပါ။ 🏡

💌 Contact us now to inquire about your next project, whether it’s luxurious or any style you wish!
Phone number: 09774741526

Project: White Lotus Spa DesignDesign by – HOL Engineering & DesignOur project idea:A tranquil and luxurious spa interio...
15/06/2026

Project: White Lotus Spa Design
Design by – HOL Engineering & Design

Our project idea:

A tranquil and luxurious spa interior design inspired by zen elements and modern elegance. The concept focuses on creating a peaceful sanctuary through warm lighting, natural textures, and calming spatial flow.

What our client want:

The client wanted a spa that feels relaxing, premium, and functional, with private treatment spaces, efficient service zones, and a luxurious atmosphere that enhances the guest experience.

What we created:

At HOL, we brought this vision to life through the use of natural wood finishes, stone textures, bamboo-inspired details, and warm ambient lighting to create a serene environment. We incorporated LED staircase lighting, elegant treatment rooms, custom pedicure stations, and marble flooring to elevate both comfort and functionality.

Zen Inspiration + Luxury + Functionality ကို ပေါင်းစပ်ထားသော Spa Design ဖြစ်ပါသည် 🌿✨🤎

Got a new project in mind? Let’s make it stylish and modern together! 💫
Message HOL Engineering & Design anytime — we’re happy to bring your ideas to life!! 🫶🏻👩🏻‍💻
Phone number: 09774741526

🪞✨ အိပ်ခန်းထဲမှာ Mirror တွေကို ဘယ်နေရာမှာထားရမလဲ စဉ်းစားနေတာလား? 🫵🏼😎 စိတ်မပူပါနဲ့ HOL Team ကနေ mirror ကို ဘယ်နားထားရင်ဘယ...
11/06/2026

🪞✨ အိပ်ခန်းထဲမှာ Mirror တွေကို ဘယ်နေရာမှာထားရမလဲ စဉ်းစားနေတာလား? 🫵🏼😎 စိတ်မပူပါနဲ့ HOL Team ကနေ mirror ကို ဘယ်နားထားရင်ဘယ်လိုအခန်း

Mirror တွေဟာ အိပ်ခန်းကို ပိုတောက်ပပြီး ပိုကျယ်ဝန်းသလိုခံစားရအောင် လွယ်လွယ်ကူကူလုပ်ပေးနိုင်တဲ့ design trick တစ်ခုပါ။ ဒါပေမယ့် နေရာချထားမှုက အရေးကြီးပါတယ်။

1. ပြတင်းပေါက် (Window) ရှေ့တည့်တည့်
သဘာဝအလင်းကို အခန်းတစ်ခန်းလုံးပြန်လင်းအောင် ရောင်ပြန်ပေးပါတယ်။ အမှောင်ထောင့်တွေကို လျော့ပြီး ပိုလင်းလက်၊ ပိုလေဝင်လေထွက်ကောင်းသလိုခံစားရစေပါတယ်။
2. Dressing Table အနီး သို့မဟုတ် အပေါ်ဘက်
အသုံးဝင်မှုလည်းရှိပြီး အခန်းထဲမှာ depth (အလွှာခံစားမှု) ကို တိုးစေပါတယ်။ အခန်းကို flat မဖြစ်ဘဲ ပိုစိတ်ဝင်စားဖွယ်ကောင်းအောင်လုပ်ပေးပါတယ်။
3. Wardrobe အနီး Full-Length Mirror
အပေါ်ဘက်အမြင်ကို မြှင့်တင်ပေးပြီး ceiling ပိုမြင့်သလိုခံစားရစေပါတယ်။ အခန်းတစ်ခုလုံးကိုလည်း ပိုကျယ်ဝန်းသလို ထင်မြင်စေပါတယ်။
4. အလွတ်နံရံ (Blank Wall) ပေါ်
တကယ်မရှိတဲ့နေရာတစ်ခုရှိသလို illusion ဖြစ်စေပြီး အခန်းကို ပိုကြီးသလိုခံစားရစေပါတယ်။
5. အလင်းရောင်အနီး
မီးအလင်းကို ပြန်ရောင်ပြန်ပေးတာကြောင့် အခန်းတစ်ခုလုံး ပိုတောက်ပပြီး airy ဖြစ်စေပါတယ်။

✨ Mirror တွေက ဘာကြောင့် အခန်းကို ပိုကျယ်သလိုခံစားရစေသလဲ

• အလင်းကို ပြန်ရောင်ပြန်ပေးလို့ အခန်းပိုလင်းလာတယ်
• Depth illusion ဖြစ်စေပြီး နေရာပိုရှိသလိုထင်ရတယ်
• ပြတင်းပေါက်၊ open space တွေကို ပြန်ထင်ဟပ်စေပြီး အမြင်ပိုကျယ်စေတယ်
• အလေးအနက်ရှိတဲ့ furniture တွေကို balance လုပ်ပေးတယ်

Design Tip
Mirror တွေကို အမှိုက်ပုံ၊ ရှုပ်ပွနေတဲ့နေရာတွေမဟုတ်ဘဲ အလင်းရောင်ကောင်းကောင်းရတဲ့ သန့်ရှင်းတဲ့မြင်ကွင်းတွေကို ပြန်ထင်ဟပ်အောင်ထားရင် အခန်းက ပိုငြိမ်းချမ်းပြီး spacious ခံစားရစေပါတယ်။

HOL Team နဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်မက်များကို အခုပဲ အကောင်အထည်ဖော်လိုက်ကြမယ် 🙌🏻

💌 Contact us now to inquire about your next project, whether it’s luxurious or any style you wish!
Phone number: 09774741526

Project: Home Exterior DesignDesign by – HOL Engineering & DesignOur project idea:A modern contemporary residence with b...
08/06/2026

Project: Home Exterior Design
Design by – HOL Engineering & Design

Our project idea:

A modern contemporary residence with bold geometry, clean lines, and integrated lighting, designed to feel spacious, elegant, and visually striking.

What our client want:

The client wanted a minimal yet unique home with strong architectural identity, maximum natural light, efficient space usage, and a powerful night-time appearance.

What we created:

At HOL, we developed a modern statement design using charcoal grey cladding, warm wood accents, and black framing for a balanced contemporary look. We introduced asymmetrical façade elements, an arched rooftop terrace, and integrated LED lighting to enhance both day and night aesthetics.

Large glass openings were added to maximize daylight and create bright, open interiors while maintaining privacy and elegance.

Modern design + function + identity ကို ပေါင်းစပ်ထားသော ဒီဇိုင်းဖြစ်ပါသည် 🏡✨🖤

Let’s bring your dream projects to life with the HOL Team 🙌🏻

💌 Contact us now to inquire about your next project, whether it’s luxurious or any style you wish!
Phone number: 09774741526

အိမ်တံခါးဖွင့်လိုက်တဲ့ first impression က design မှာတကယ်ကို အရေးကြီးဆုံးအပိုင်းတစ်ခုပါ ✨🏡ဘာလို့လဲဆိုတော့ အိမ်ထဲဝင်လိုက်တ...
06/06/2026

အိမ်တံခါးဖွင့်လိုက်တဲ့ first impression က design မှာတကယ်ကို အရေးကြီးဆုံးအပိုင်းတစ်ခုပါ ✨🏡

ဘာလို့လဲဆိုတော့ အိမ်ထဲဝင်လိုက်တဲ့ “ပထမ ၅ စက္ကန့်” ကပဲ လူတစ်ယောက်ရဲ့ feeling ကိုဆုံးဖြတ်ပေးသွားလို့ပါ။
အဲဒီ moment မှာပဲ “ကျယ်တယ် / ကျဉ်းတယ်”, “နွေးထွေးတယ် / အေးစက်တယ်”, “သန့်ရှင်းတယ် / ရှုပ်တယ်” ဆိုတဲ့ perception တွေ ဖြစ်သွားပါတယ်။

Design မှာ first impression ကောင်းဖို့ဆိုရင် အဓိကအချက်တွေက —

✨ Entrance ကိုရှင်းရှင်းလင်းလင်းထားခြင်း
တံခါးဖွင့်လိုက်တာနဲ့ အတားအဆီးများများမမြင်ရဘဲ space flow ကောင်းနေဖို့လိုပါတယ်။ အဲဒါက instantly “ကျယ်တယ်” ဆိုတဲ့ခံစားချက်ကိုပေးပါတယ်။

✨ Lighting ကအဓိက
အလင်းရောင်ကောင်းရင် အိမ်တစ်ခုလုံးကို ပိုနွေးထွေးပြီး welcoming feel ဖြစ်စေပါတယ်။ Dark entrance ကတော့ mood ကိုချက်ချင်းလေးလံစေတတ်ပါတယ် ☀️

✨ Color & Material harmony
Soft tones, natural wood, neutral palette တွေက first impression ကို calm & elegant ဖြစ်စေပါတယ်။

✨ Small styling details
Mirror တစ်ချပ် 🪞, plant လေးတစ်ပင် 🌿, console table လေးတစ်ခုတောင် entrance ကို “design space” လိုခံစားရစေပါတယ်။

တကယ်တော့ အိမ်ကောင်းတစ်လုံးဆိုတာ အတွင်းပိုင်းအလှတင်မဟုတ်ပါဘူး —
ဝင်လာတဲ့အချိန်မှာ “feel good” ဖြစ်သွားစေတဲ့ design ပါပဲ 🤍

HOL Team နဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်မက်များကို အခုပဲ အကောင်အထည်ဖော်လိုက်ကြမယ် 🙌🏻

💌 Contact us now to inquire about your next project, whether it’s luxurious or any style you wish!
Phone number: 09774741526

Project: Lush & Blooms Florist Shop DesignDesign by – HOL Engineering & Design 🌸✨Our project idea:A bright and modern fl...
04/06/2026

Project: Lush & Blooms Florist Shop Design
Design by – HOL Engineering & Design 🌸✨

Our project idea:

A bright and modern florist shop interior designed to feel fresh, soft, and welcoming while letting the flowers become the main highlight of the space 🤍💐

What our client want:

The client wanted a trendy and elegant flower shop with organized display areas, cozy customer seating, and a clean modern atmosphere.

What we created:

At HOL, we brought this vision to life through soft white tones, warm lighting, gold details, custom shelving, and stylish floral displays to create a charming and functional space. ✨

The neutral palette allows the colorful flowers to truly stand out while keeping the shop feeling bright, cozy, and Instagram-worthy 🌷🫶🏻

Fresh vibes + Modern elegance + Functional design 🌸🤍

Got a new project in mind? Let’s make it stylish and modern together! 💫
Message HOL Engineering & Design anytime — we’re happy to bring your ideas to life!! 🫶🏻👩🏻‍💻
Phone number: 09774741526

🚿 Minimal Bathroom Decor Ideas ✨Minimal bathroom ဆိုတာ “ဘာမှမရှိတဲ့အခန်း” မဟုတ်ပါဘူး။တကယ်တော့ သန့်သန့်ရှင်းရှင်းနဲ့ စိတ်...
22/05/2026

🚿 Minimal Bathroom Decor Ideas ✨

Minimal bathroom ဆိုတာ “ဘာမှမရှိတဲ့အခန်း” မဟုတ်ပါဘူး။
တကယ်တော့ သန့်သန့်ရှင်းရှင်းနဲ့ စိတ်ကိုအေးချမ်းစေတဲ့ space လေးတစ်ခုပါ 🤍

အလွယ်လေးနဲ့ feel ကောင်းအောင် ဒီလိုလေးတွေပြောင်းကြည့်ပါ:

🧼 အရင်ဆုံး color ကစပါ
အဖြူ၊ beige၊ light grey လို soft tones တွေရွေးလိုက်ရင်တင် bathroom က ချက်ချင်းပိုသန့်ပြီးပိုကျယ်သလိုခံစားရတတ်ပါတယ်။

🪞 Mirror ကို simple ထားပါ
ရှုပ်ရှုပ်ယှက်ယှက် design မဟုတ်ဘဲ plain mirror လေးဆိုရင်ပဲ clean & calm vibe ရပါတယ်။

🧴 Bottles တွေကိုလည်း နည်းနည်းလေးပြင်ပါ
Shampoo, soap တွေကို random bottles ထဲမထားဘဲ matching containers ထဲထည့်ထားရင် အခန်းကချက်ချင်းပို tidy ဖြစ်သွားပါတယ်။

🌿 အပင်လေးတစ်ပင်ထည့်ကြည့်ပါ
သေးသေးလေးပဲဖြစ်ဖြစ် green plant တစ်ပင်က bathroom ကို fresh & spa လိုခံစားရစေပါတယ်။

🧺 မျက်စိထဲမြင်နေတဲ့ရှုပ်ထွေးမှုလျှော့ပါ
အပြင်မှာပစ္စည်းများများမထားဘဲ baskets, cabinets ထဲမှာထားတာက အရေးကြီးပါတယ်။

🕯️ နောက်ဆုံးလေးက vibe
အနံ့ကောင်းတဲ့ candle သို့မဟုတ် diffuser လေးတစ်ခုရှိရင် bathroom ထဲဝင်တာနဲ့တင် စိတ်အေးသွားစေပါတယ် ✨

တကယ်တော့ minimal bathroom ဆိုတာ အလှဆင်တာထက်
“ဝင်လိုက်တာနဲ့ စိတ်အေးသွားတဲ့နေရာလေး” တစ်ခုဖန်တီးတာပါ 🤍

HOL Team နဲ့အတူ လူကြီးမင်းတို့ရဲ့ အိမ်မက်များကို အခုပဲ အကောင်အထည်ဖော်လိုက်ကြမယ် 🙌🏻

💌 Contact us now to inquire about your next project, whether it’s luxurious or any style you wish!
Phone number: 09774741526

Address

1101, Tower-A, Kanbae Butaryone Street, Kanbae Towers Condo, Yankin Township
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+959774741526

Website

Alerts

Be the first to know and let us send you an email when HOL Engineering & Design posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HOL Engineering & Design:

Share