08/01/2025
#အိမ်ဆောက်သောကန်ထရိုက်များ
- တက်စျေးလဲရှိသလို error တွေပေါင်းစုံနဲ့ပါ အလုပ်သမား ပြသနာ ၊ ဝန်ထမ်းကိစ္စ၊ ငွေကြေးပြသနာ ၊ ပစ္စည်း ပြသနာ၊ ဒေသပြသနာ ၊ အလုံးစုံကို အိမ်တစ်လုံးဖြစ်ဖို့ ၆ လဝန်းကျင်ဆောက်ကြရပါတယ်။
- အိမ်ရှင်တိုင်းလဲ မမှန်ပါဘူး ကန်ထရိုက်တိုင်းလဲမဆိုးပါဘူး ၊ တည်ဆောက်နေသူတိုင်းကြုံရတာပဲ
- မင်းလက်ရာကောင်းလို့ဆိုပြီး ဘယ်သူမှငွေပိုမပေးပါဘူး အပိုလုပ်ငန်းပဲတောင်းကြတာပါ😂
- ကန်ထရိုက်တွေ အပိုလုပ်ပေးတာကိုမမြင်ပါဘူးနော် 90% သော အိမ်ရှင်တွေက ၊ သူတို့ပေးတာဆိုရင်တော့ မှတ်ထားပါပြီ အမြဲပြောပါတော့မယ်
- ရူံးလို့ ခက်ခဲသွားတဲ့ကန်ထရိုက်တွေမနည်းပါဘူး ၊ မှန်နေလဲ ပြန်ပြောမရလို့ ရပ်နားလိုက်ရတဲ့ ကန်ထရိုက်တွေလဲ ဒုနဲ့ဒေးပါ
သိသိရက်နဲ့ လုပ်ပေးလိုက်ရတာတွေလဲရှိပါတယ်
အဓိကတော့ ညှိနိူင်းကြဖို့ပါပဲ
ဆောက်လုပ်ရေးသမားကို အနိုင်ကျင့်ပီး ဆောက်တဲ့အိမ်တွေလဲ နေရတာအဆင်ပြေမယ်ထင်ကြပါသလား
- ကျနော့်အပေါ်နားလည်ပေးတဲ့အိမ်ရှင်တွေရှိသလို အနိုင်ကျင့်တဲ့သူတွေလဲရှိပါတယ်
- ခုကာလကတော့ ကန်ထရိုက်တိုင်းရုန်းကန်နေကြရတာပါပဲ
ညီအကိုတို့ ဖိုက်တင်းပါ အမြဲ ငြိမ်မခံနေကြပါနဲ့
ကျနော်ဆိုရှေ့မှာ ခံခဲ့ရတော့ နောက်အိမ်တွေမှာပါ အခက်ကြုံရတာပါ။
ကျနော့်ကြောင့် ကြန့်ကြာသွားတဲ့လုပ်ငန်းတွေအတွက်တော့ တောင်းပန်ပါတယ်ဗျ
ပြန်ကြိုးစားပြင်ဆင်ပေးပါမယ်ခင်ဗျာ
ကျေးဇူးတင်ရှိပါသည်။
ကို့အပေါ် အကျင့်ယုတ်ရင်တော့ တန်ပြန် ပြန်ပေးပါမည် 🙏