Thu Nandar Electrical Sales & Services

Thu Nandar Electrical Sales & Services ဆိုလာအပါအဝင်လျှပ်စစ်မီးလိုင်းနှင့်သက်ဆိုင်‌သောပစ္စည်းများရောင်းဝယ်ခြင်း၊တပ်ဆင်ပေးခြင်း၊စစ်ဆေးပေးခြင်း၊တွက်ချက်ပေးခြင်း

အင်ဂျင်နီယာများဦးစီး၍ လျှပ်စစ်ပစ္စည်းများရောင်းချရင်း Customer များ၏လိုအပ်ချက်နှင့် အခက်အခဲများကို ဖြေရှင်းရန်

သီတင်းကျွတ်လက်ဆောင်အဖြစ် တကူးတက ဆိုင်သို့ လာရောက်ပေးခဲ့သော LVTOPSUN အဖွဲ့ဝင်များ နှင့် Solar Power အား ကျေးဇူးအထူးတင်ရှိ...
29/09/2026

သီတင်းကျွတ်လက်ဆောင်အဖြစ် တကူးတက ဆိုင်သို့ လာရောက်ပေးခဲ့သော
LVTOPSUN အဖွဲ့ဝင်များ နှင့် Solar Power အား ကျေးဇူးအထူးတင်ရှိပါသည်။
လူကြီးမင်းတို့၏ လုပ်ငန်းများ ဆထက်တပိုးတိုးတက်အောင်မြင်ကြ၍ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ ကျန်းမားခြင်း နှင့် ပြီးပြည့်စုံကြပါစေလို့ သုနန္ဒာလျှပ်စစ်မိသားစုမှာ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာ။

Deye 50KW HV inverter  လိုမျိုး ဆိုလာများများ တပ်ဆင်လို့ရတဲ့ Project အကြီးတွေ တစ်ခုပြီးတစ်ခု အောင်မြင်စွာတပ်ဆင်ပြီးစီးခဲ...
27/09/2026

Deye 50KW HV inverter လိုမျိုး ဆိုလာများများ တပ်ဆင်လို့ရတဲ့ Project အကြီးတွေ တစ်ခုပြီးတစ်ခု အောင်မြင်စွာတပ်ဆင်ပြီးစီးခဲ့ပေမဲ့ ဒီ Project တွေရဲ့ နောက်ကွယ်မှာ Supervision က အလွန်အရေးကြီးတဲ့အကြောင်း CNA သတင်းကထုတ်ပြန်တဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ကြရင်ဖြင့် သိရှိသွားမည်ဟု ထင်မြင်မိပါတယ်။
HV Inverter တွေရဲ့ အခြေခံ Max Voltage က DC 1000V ပါ။
DC က အန္တရာယ်မပေးနိုင်ဘူးလားလို့မေးရင် ပေးနိုင်ပါတယ်ဗျာ။
မီးလောင်နိုင်သလို လူကိုလည်း အသက်အန္တရာယ်ပေးနိုင်ပါတယ်။
OSHA က 50–100 V DC အတွင်းမှာတောင် serious injuries ဖြစ်ခဲ့တဲ့ documented cases ရှိကြောင်း ဖော်ပြထားပါတယ်။
CNA သတင်းကထုတ်ပြန်တဲ့ သတင်း link ကို Comment မှာချပေးထားပါတယ်။
မိတ်ဆွေအပေါင်း အန္တရာယ်အမျိုးမျိုးမှ လွှတ်ကင်းနိုင်ကြပါစေ။ 🙏

SOLAR PV ELECTRICAL SAFETY CASE STUDY-POST 1
-------------------------------------------------
Singapore Expo Rooftop Electrocution Incident

Solar PV Installation လုပ်ငန်းခွင်မှာ
“DC ဖြစ်လို့ အန္တရာယ်နည်းတယ်” ဆိုတဲ့ အယူအဆဟာ ဘယ်လောက်အန္တရာယ်ရှိနိုင်သလဲ?

2023 ခုနှစ် June 12 ရက်နေ့မှာ Singapore Expo Hall 4B ရဲ့ Rooftop ပေါ်မှာ Solar PV Installation နဲ့ဆက်စပ်တဲ့ အလုပ်လုပ်နေစဉ် အလုပ်သမားတစ်ဦး Electrocution ဖြစ်ပြီး သေဆုံးခဲ့ပါတယ်။

တရားရုံးမှတ်တမ်းအရ—

🔹 Installation Drawing မှာ PV String တစ်ခုကို 20 Modules ထက်မပိုရန် သတ်မှတ်ထားခဲ့ပါတယ်။
🔹 လက်တွေ့ Installation မှာတော့ 79 PV Modules ကို Series တစ်ကြောင်းတည်း ချိတ်ဆက်ထားခဲ့ပါတယ်။
🔹 နောက်ပိုင်းမှာ PV Cable တစ်ချောင်း Damaged / Exposed ဖြစ်နေတဲ့အခြေအနေကို တွေ့ရှိခဲ့ပါတယ်။
🔹 အဲဒီ Cable ကို ကိုင်တွယ်နေစဉ် Electrical Shock ဖြစ်ပြီး အလုပ်သမား သေဆုံးခဲ့ပါတယ်။
ဒီဖြစ်စဉ်ကို “Worker က Cable ကို ကိုင်မိလို့” ဆိုပြီး အဆုံးသတ်မထားသင့်ပါဘူး။

Engineering အမြင်နဲ့ဆိုရင် မေးခွန်းတွေ အများကြီးရှိပါတယ်—
---------------------------------------------------
👉Installation Drawing နဲ့ Actual Installation ကို ဘာကြောင့် မတိုက်စစ်ခဲ့တာလဲ?

👉Damaged PV Cable ကို တွေ့ပြီးနောက် ဘာကြောင့် Safe Isolation မလုပ်မီ ကိုင်တွယ်နိုင်ခဲ့တာလဲ?

👉Supervisor ရဲ့ Verification & Safety Control ဘယ်နေရာမှာ ပျက်ကွက်ခဲ့တာလဲ?

ဒီ Case Study Series မှာ အဆင့်လိုက်—

Incident → Causal Chain → 5-Why Root Cause Analysis → Corrective & Preventive Action (CAPA) → PV DC Safety Checklist

အထိ ခွဲခြမ်း၍ ဆက်လက်ဆွေးနွေးသွားဖို့ရှိပါတယ်။
စိတ်ဝင်စားရင် Post 7 အထိတင်သွားမှာဖြစ်လို့ Like & Follow လုပ်ထားကြပါ။

“Don't Assume. Verify.”

Solar PV Installation မှာ
What we think is safe ≠ What we have verified to be safe.

📌 Source: CNA — Singapore Court Report

TND Knowledge Sharing
Engineering Knowledge • Practical Safety • Field Experience

26/09/2026

🟢 Koryo Cable Coil
အရည်အသွေးကောင်းမွန်သော ကိုရီးယားနည်းပညာဖြင့် ထုတ်လုပ်ထားသည့် Koryo Cable Coil များကို ဈေးနှုန်းသက်သာစွာဖြင့် လက်လီ / လက်ကား ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။
📞 09 959 200003
📍 No.22, Thu NanDar Main Road, (J) Ward, North Okkalapa, Yangon.
သုနန္ဒာလျှပ်စစ်ပစ္စည်းဆိုင် (THUNANDAR ELECTRIC SALES & SERVICES)
ဝယ်ယူအားပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏

⚠️ Cable Coil တွေကို ဘာကြောင့် လိမ်လည်သူတွေ Target ထားကြတာလဲ?လျှပ်စစ်ပစ္စည်းတွေထဲမှာ Cable Coil တွေလည်း လိမ်လည်သူတွေ မျက...
25/09/2026

⚠️ Cable Coil တွေကို ဘာကြောင့် လိမ်လည်သူတွေ Target ထားကြတာလဲ?

လျှပ်စစ်ပစ္စည်းတွေထဲမှာ Cable Coil တွေလည်း လိမ်လည်သူတွေ မျက်စိကျတတ်တဲ့ ပစ္စည်းတစ်မျိုးပါ။

ဘာကြောင့်လဲဆိုတော့—

💰 တန်ဖိုးရှိတဲ့ပစ္စည်း ဖြစ်တယ်
🔄 ပြန်ရောင်းရလွယ်တယ်
🏠⚡ အမြဲအသုံးတည့်တဲ့ပစ္စည်း ဖြစ်တယ်

ဒါကြောင့် ဆိုင်ရှင်တွေအနေနဲ့ Online ကနေ Order မှာယူတဲ့အခါ အထူးသတိထားစေချင်ပါတယ်။

🚨 လိမ်လည်ပုံတစ်မျိုးက ဒီလိုပါ

တချို့သူတွေက ဆိုင်ကရောင်းတဲ့ Cable Coil တွေရဲ့ ဓာတ်ပုံတွေကိုယူပြီး ပိုင်ရှင်တွေကို ပြပါတယ်။

“ဒီပစ္စည်းကို အပြင်ဈေးထက် သက်သာအောင် ရပါမယ်”

ဆိုပြီး ဆွဲဆောင်ပါတယ်။

ပိုင်ရှင်က သဘောကျပြီး Order တင်လိုက်ရင်—

“ပစ္စည်းရောက်တာနဲ့ ငွေလွှဲပေးပါမယ်” ဆိုပြီး ဆိုင်ကို ပြန်မှာပါတယ်။

ဆိုင်ဘက်ကိုတော့—

“ဒီလိပ်စာကို ပို့ပေးပါ။ ပစ္စည်းရောက်တာနဲ့ ငွေချေပါမယ်”

ဆိုပြီး ပစ္စည်းပို့ခိုင်းပါတယ်။

အဲဒီအချိန်မှာ ဆိုင်က ပစ္စည်းမပို့ခင် ပိုင်ရှင်ဘက်က ငွေလက်ခံပြီးသား ဖြစ်နေတတ်ပါတယ်။

ဆိုင်က ပစ္စည်းပို့ပြီး ဖုန်းဆက်ငွေတောင်းတဲ့အချိန်မှာတော့...

📵 ဖုန်းဆက်မရတော့ပါဘူး။

အဲဒီလိုနဲ့ ဆိုင်ဘက်က ပစ္စည်းရော၊ ငွေရော ဆုံးရှုံးနိုင်ပါတယ်။

🚨 နောက်ထပ်နည်းတစ်မျိုးက...

အစမှာတော့—

“ဒီလိပ်စာကို လာပို့ပေးပါ”

ဆိုပြီး မှာထားပါတယ်။

ဆိုင်က ပစ္စည်းတင်ပြီး လမ်းကြောင်းပေါ်ရောက်တဲ့အချိန်မှာ—

“အဲဒီအထိမလာတော့နဲ့။ နီးစပ်ရာနေရာကို ချထားပေးပါ။ ငွေလာချေပေးမယ်”

ဆိုပြီး လမ်းမှာနေရာပြောင်းခိုင်းပါတယ်။

ပစ္စည်းသွားပို့ပြီး ငွေသွားယူတဲ့အချိန်မှာတော့...

လူလည်းမတွေ့၊ ဖုန်းလည်းပိတ်၊ ပစ္စည်းလည်းဆုံး။

ဒီလိုအခြေအနေမျိုးတွေ ဖြစ်နိုင်ပါတယ်။

⚠️ နောက်ထပ် သတိထားရမယ့်အချက်

တချို့ Order တွေက ဆိုင်ဘက်က စဉ်းစားချိန်မရအောင် အလောတကြီး လုပ်ခိုင်းတာမျိုးတွေ ရှိပါတယ်။ 😁

ဈေးနှုန်းကို သေချာမညှိဘူး
အစမှာပြောတဲ့ Order နဲ့ နောက်ဆုံးမှာယူတဲ့ Order မတူဘူး
ပစ္စည်းအရေအတွက် ခဏခဏပြောင်းတယ်
အရှေ့အနောက်အစီအစဉ် မကျဘူး
“အရေးကြီးလို့ အမြန်ပို့ပေးပါ” ဆိုပြီး ဖိအားပေးတယ်
ပစ္စည်းအရောက်ငွေချေ (Cash on Delivery – COD) ပုံစံနဲ့ပဲ အမြန်မှာတယ်

ဒီလို အလောတကြီးလုပ်ခိုင်းတာ တွေရှိရင် ဆိုင်ဘက်က ခဏရပ်ပြီး ပြန်စစ်ဆေးသင့်ပါတယ်။

😄 ဆက်ပြောရင် လိမ်နည်းတွေ အများကြီးရှိသေးတယ်...

ဒါပေမယ့် ဒီလောက်နဲ့ပဲ ရပ်လိုက်ပါမယ်။

ဆက်ပြောရင် အဲဒီနည်းတွေကို လိုက်လုပ်နေမှာစိုးလို့ပါ။ 😂

🛡️ ပိုင်ရှင်တွေအနေနဲ့ ဘာတွေစစ်သင့်လဲ?

Online ကနေ ပစ္စည်းဝယ်တဲ့အခါ ဈေးသက်သာတာတစ်ခုတည်းကို မကြည့်ပါနဲ့။

ဝယ်မယ့်သူဘက်က—

ဆိုင်အတည်တကျရှိလား?
Page က ဘယ်လောက်ကြာပြီလဲ?
ဆိုင်လိပ်စာ ရှိလား?
ဆိုင်ဖုန်းနံပါတ် ရှိလား?
အရင်ဝယ်ဖူးတဲ့ Customer တွေရဲ့ အချက်အလက်တွေ စစ်လို့ရလား?

မယုံသေးရင် Page Messenger ကနေချည်း မဆက်သွယ်ဘဲ ဆိုင်ရဲ့ Official Phone Number ကို ကိုယ်တိုင်ဆက်ပြီး စစ်ဆေးပါ။

အရေးကြီးဆုံးကတော့—

ယုံကြည်စိတ်ချရတဲ့ Source ကနေ ဝယ်ယူပါ။

🏪 ဆိုင်ရှင်တွေအနေနဲ့လည်း...

တစ်ကြိမ်တစ်ခါမှ မဝယ်ဖူးတဲ့ Customer အသစ်တစ်ယောက်က ဖုန်းဆက်ပြီး တန်ဖိုးကြီးတဲ့ပစ္စည်းကို အလောတကြီးမှာယူလာရင် Order ကို ပေါ့ပေါ့ဆဆ မလုပ်ဘဲ—

ပစ္စည်းတန်ဖိုးအလိုက် ကိုယ့်ဆိုင်ရဲ့ Verification / Credit Policy တွေကို တင်းကျပ်စွာထားပြီး စစ်ဆေးပြီးမှ ရောင်းချဖို့ အကြံပြုချင်ပါတယ်။

🟢 Koryo Cable Coil

အရည်အသွေးကောင်းမွန်သော ကိုရီးယားနည်းပညာဖြင့် ထုတ်လုပ်ထားသည့် Koryo Cable Coil များကို ဈေးနှုန်းသက်သာစွာဖြင့် လက်လီ / လက်ကား ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။

📞 09 959 200003

📍 No.22, Thu NanDar Main Road, (J) Ward, North Okkalapa, Yangon.

သုနန္ဒာလျှပ်စစ်ပစ္စည်းဆိုင် (THUNANDAR ELECTRIC SALES & SERVICES)

ဝယ်ယူအားပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏

☀️ မီးပျက်တိုင်း စိတ်ပူနေရတာကို ဒီလိုဖြေရှင်းလိုက်ပါအိမ်မှာ Aircon + မီး + ပန်ကာ + TV + Wi-Fi Router တွေကို မီးပျက်ချိန်...
24/09/2026

☀️ မီးပျက်တိုင်း စိတ်ပူနေရတာကို ဒီလိုဖြေရှင်းလိုက်ပါ
အိမ်မှာ Aircon + မီး + ပန်ကာ + TV + Wi-Fi Router တွေကို မီးပျက်ချိန်မှာ ဆက်သုံးချင်တယ်ဆိုရင် ဒီ Set လေးက စဉ်းစားသင့်တဲ့ Solution တစ်ခုပါ။
🔋 CATL 25.6V 320Ah LiFePO4 Battery
⚡ 3.5kW Anern Hybrid Solar Inverter
ဒီ System လေးနဲ့—
❄️ 1 HP Aircon ≈ 800W
💡 Lighting ≈ 300W
🌀 Fan ≈ 70W
📺 TV ≈ 120W
📡 Wi-Fi Router ≈ 10W
အားလုံးပေါင်း ≈ 1,300W လောက်ကို 5 နာရီနီးပါးအထိ အသုံးပြုနိုင်ပါတယ်။
⭐ ဒီ Inverter ရဲ့ အားသာချက်က Solar Panel ပိုတပ်နိုင်တာပါ
Solar ချပ်တွေ တပ်ထားပြီး နေ့ဘက်မှာ Solar ကနေ Battery အားသွင်းနိုင်သလို၊ အသုံးပြုနေတဲ့ Load ကိုလည်း Solar Power ကနေ တစ်စိတ်တစ်ပိုင်း ဖြည့်ပေးနိုင်ပါတယ်။
☀️ Solar Panel 7 ချပ်အထိ တပ်ဆင်နိုင်တဲ့အတွက်
နောက်ပိုင်း Solar Capacity တိုးချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။
ဒါကြောင့် Battery ကိုပဲ အားကိုးပြီး သုံးရတဲ့ System မဟုတ်ဘဲ Solar + Battery + Inverter ကို ပေါင်းစပ်အသုံးပြုနိုင်တာက အဓိကအားသာချက်တစ်ခုပါ။
🔇 အသံဆူမှာလား?
ဒီအချက်ကို Customer တွေ အများဆုံးမေးကြပါတယ်။
Inverter ရဲ့ Cooling Fan က Load သုံးနေတဲ့အချိန်တိုင်း အမြဲတမ်းဆူနေတဲ့ပုံစံ မဟုတ်ပါဘူး။
ပုံမှန်အသုံးပြုချိန်မှာ အသံနည်းပြီး၊ Solar ကနေ အားသွင်းနေချိန် / Charging လုပ်နေချိန်မှာသာ Cooling Fan လည်ပြီး အသံအနည်းငယ် ကြားရနိုင်ပါတယ်။
အိမ်ထဲမှာထားပြီး အသုံးပြုမယ့်သူတွေအတွက်လည်း စဉ်းစားလို့ရတဲ့အချက်တစ်ခုပါ။
⏱️ အသုံးခံချိန်ကို ခန့်မှန်းကြည့်မယ်ဆိုရင်
Battery Capacity 8.2 kWh
→ 80% DOD အသုံးပြုမယ်ဆို 6.56 kWh
→ Inverter Efficiency 95% ထည့်တွက်ရင် ≈ 6.23 kWh ကို AC Load အတွက် အသုံးချနိုင်ပါတယ်။
Load ≈ 1.3kW ဆိုရင်—
6.23 kWh ÷ 1.3 kW ≈ 4.79 Hours
👉 ခန့်မှန်းအားဖြင့် 4 နာရီ 47 မိနစ်ခန့် အသုံးခံနိုင်ပါတယ်။
❗ Aircon က Compressor အမြဲတမ်း 800W တိတိမစားပါဘူး။ Compressor ON/OFF Cycle ဖြစ်တဲ့အတွက် လက်တွေ့အသုံးခံချိန်က ဒီတွက်ချက်ချက်ထက် ပိုကြာနိုင်ပါတယ်။
🏠 ဘယ်သူတွေအတွက် သင့်တော်လဲ?
✅ မီးပျက်ချိန်မှာ Aircon ဆက်သုံးချင်သူများ
✅ အိမ်မှာ Lighting + Fan + TV + Wi-Fi အမြဲအသုံးပြုသူများ
✅ Solar Panel ထပ်တိုးတပ်ဆင်လိုသူများ
✅ Battery Capacity ကောင်းကောင်းနဲ့ Long Backup လိုချင်သူများ
✅ Generator အသံနဲ့ ဆီဖိုး မသုံးချင်သူများ
မီးပျက်တာကို စောင့်ပြီး အိမ်တစ်အိမ်လုံး မှောင်သွားမှ ဖြေရှင်းတာထက်
ကိုယ့်အိမ်ရဲ့ Load ကိုတွက်ပြီး Solar + Battery System ကို စနစ်တကျ တပ်ဆင်ထားတာ ပိုအဆင်ပြေပါတယ်။ ☀️🔋
📩 မိမိအိမ်မှာ ဘာတွေသုံးမလဲ၊ ဘယ်နှနာရီ Backup လိုချင်လဲ ပြောပေးပါ။
Load ကိုတွက်ပေးပြီး သင့်တော်တဲ့ Inverter + Battery + Solar Panel Size ကို အကြံပြုပေးနိုင်ပါတယ်။
ThuNanDar Electric Sales & Services (TND)
☀️ Solar | 🔋 Battery | ⚡ Inverter | 🔧 Electrical Installation

☀️ မီးပျက်တိုင်း စိတ်ပူနေရတာကို ဒီလိုဖြေရှင်းလိုက်ပါအိမ်မှာ Aircon + မီး + ပန်ကာ + TV + Wi-Fi Router တွေကို မီးပျက်ချိန်...
23/09/2026

☀️ မီးပျက်တိုင်း စိတ်ပူနေရတာကို ဒီလိုဖြေရှင်းလိုက်ပါ

အိမ်မှာ Aircon + မီး + ပန်ကာ + TV + Wi-Fi Router တွေကို မီးပျက်ချိန်မှာ ဆက်သုံးချင်တယ်ဆိုရင် ဒီ Set လေးက စဉ်းစားသင့်တဲ့ Solution တစ်ခုပါ။

🔋 CATL 25.6V 320Ah LiFePO4 Battery
⚡ 3.5kW Anern Hybrid Solar Inverter

ဒီ System လေးနဲ့—

❄️ 1 HP Aircon ≈ 800W
💡 Lighting ≈ 300W
🌀 Fan ≈ 70W
📺 TV ≈ 120W
📡 Wi-Fi Router ≈ 10W

အားလုံးပေါင်း ≈ 1,300W လောက်ကို 5 နာရီနီးပါးအထိ အသုံးပြုနိုင်ပါတယ်။

⭐ ဒီ Inverter ရဲ့ အားသာချက်က Solar Panel ပိုတပ်နိုင်တာပါ

Solar ချပ်တွေ တပ်ထားပြီး နေ့ဘက်မှာ Solar ကနေ Battery အားသွင်းနိုင်သလို၊ အသုံးပြုနေတဲ့ Load ကိုလည်း Solar Power ကနေ တစ်စိတ်တစ်ပိုင်း ဖြည့်ပေးနိုင်ပါတယ်။

☀️ Solar Panel 7 ချပ်အထိ တပ်ဆင်နိုင်တဲ့အတွက်
နောက်ပိုင်း Solar Capacity တိုးချင်တဲ့သူတွေအတွက်လည်း အဆင်ပြေပါတယ်။

ဒါကြောင့် Battery ကိုပဲ အားကိုးပြီး သုံးရတဲ့ System မဟုတ်ဘဲ Solar + Battery + Inverter ကို ပေါင်းစပ်အသုံးပြုနိုင်တာက အဓိကအားသာချက်တစ်ခုပါ။

🔇 အသံဆူမှာလား?

ဒီအချက်ကို Customer တွေ အများဆုံးမေးကြပါတယ်။

Inverter ရဲ့ Cooling Fan က Load သုံးနေတဲ့အချိန်တိုင်း အမြဲတမ်းဆူနေတဲ့ပုံစံ မဟုတ်ပါဘူး။

ပုံမှန်အသုံးပြုချိန်မှာ အသံနည်းပြီး၊ Solar ကနေ အားသွင်းနေချိန် / Charging လုပ်နေချိန်မှာသာ Cooling Fan လည်ပြီး အသံအနည်းငယ် ကြားရနိုင်ပါတယ်။

အိမ်ထဲမှာထားပြီး အသုံးပြုမယ့်သူတွေအတွက်လည်း စဉ်းစားလို့ရတဲ့အချက်တစ်ခုပါ။

🔋 Battery Specification

Battery Brand------ CATL
Battery Type--------LiFePO4 (Lithium Iron Phosphate)
Nominal Voltage--- 25.6V
Capacity----------- 320Ah
Energy Capacity----≈ 8.2 kWh
Recommended DOD---- 80%
Usable Energy ------≈ 6.56 kWh

⚡ Inverter Specification

Rated Power-----3.5kW
Type--------Hybrid Solar Inverter
Solar Input---- Solar Panel 7 ချပ်အထိ တပ်ဆင်နိုင်
Application----Home / Small Business
Battery System----- 25.6V LiFePO4
Inverter Efficiency----≈ 95%

⏱️ အသုံးခံချိန်ကို ခန့်မှန်းကြည့်မယ်ဆိုရင်

Battery Capacity 8.2 kWh
→ 80% DOD အသုံးပြုမယ်ဆို 6.56 kWh
→ Inverter Efficiency 95% ထည့်တွက်ရင် ≈ 6.23 kWh ကို AC Load အတွက် အသုံးချနိုင်ပါတယ်။

Load ≈ 1.3kW ဆိုရင်—

6.23 kWh ÷ 1.3 kW ≈ 4.79 Hours

👉 ခန့်မှန်းအားဖြင့် 4 နာရီ 47 မိနစ်ခန့် အသုံးခံနိုင်ပါတယ်။

❗ Aircon က Compressor အမြဲတမ်း 800W တိတိမစားပါဘူး။ Compressor ON/OFF Cycle ဖြစ်တဲ့အတွက် လက်တွေ့အသုံးခံချိန်က ဒီတွက်ချက်ချက်ထက် ပိုကြာနိုင်ပါတယ်။

🏠 ဘယ်သူတွေအတွက် သင့်တော်လဲ?

✅ မီးပျက်ချိန်မှာ Aircon ဆက်သုံးချင်သူများ
✅ အိမ်မှာ Lighting + Fan + TV + Wi-Fi အမြဲအသုံးပြုသူများ
✅ Solar Panel ထပ်တိုးတပ်ဆင်လိုသူများ
✅ Battery Capacity ကောင်းကောင်းနဲ့ Long Backup လိုချင်သူများ
✅ Generator အသံနဲ့ ဆီဖိုး မသုံးချင်သူများ

မီးပျက်တာကို စောင့်ပြီး အိမ်တစ်အိမ်လုံး မှောင်သွားမှ ဖြေရှင်းတာထက်
ကိုယ့်အိမ်ရဲ့ Load ကိုတွက်ပြီး Solar + Battery System ကို စနစ်တကျ တပ်ဆင်ထားတာ ပိုအဆင်ပြေပါတယ်။ ☀️🔋

📩 မိမိအိမ်မှာ ဘာတွေသုံးမလဲ၊ ဘယ်နှနာရီ Backup လိုချင်လဲ ပြောပေးပါ။
Load ကိုတွက်ပေးပြီး သင့်တော်တဲ့ Inverter + Battery + Solar Panel Size ကို အကြံပြုပေးနိုင်ပါတယ်။

ThuNanDar Electric Sales & Services (TND)
☀️ Solar | 🔋 Battery | ⚡ Inverter | 🔧 Electrical Installation

22/09/2026

ဒီနေ့နည်းနည်းအေးလာတယ်နော်

Address

No. 22, Thu Nandar Main Road, J+K Ward, North Okkalarpa Township
Yangon
11301

Opening Hours

Monday 08:30 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 08:30 - 16:00

Telephone

+95959200003

Website

Alerts

Be the first to know and let us send you an email when Thu Nandar Electrical Sales & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thu Nandar Electrical Sales & Services:

Shortcuts

Share