KAUNG MYAT THOR Distribution

KAUNG MYAT THOR Distribution We offer the best quality mixed soil for your plants;especially Adenium.

အတန်း မှန် မှန် မမှန် မှန်၊သင်ခန်းစာတွေ နားလည် လည် မလည် လည်၊ပုစ္ဆာတွေ အဖြေ ရ ရ မရ ရ၊အိမ်စာတွေ ပြီး ပြီး မပြီး ပြီး၊2025 ...
31/12/2025

အတန်း မှန် မှန် မမှန် မှန်၊
သင်ခန်းစာတွေ နားလည် လည် မလည် လည်၊
ပုစ္ဆာတွေ အဖြေ ရ ရ မရ ရ၊
အိမ်စာတွေ ပြီး ပြီး မပြီး ပြီး၊
2025 အခန်း ကတော့ ထပ်နေချင်လို့လည်း မရ၊
ပြန်သွားချင်လို့လည်း ဘယ်တော့မှ မရ၊

ဘဝ တွေ ဆိုတာက တကယ်တော့...
အတန်း အသစ်တွေ နေ့စဥ် တက်ကြရင်း၊
သင်ခန်းစာ အသစ်တွေ နေ့စဥ် သင်ယူကြရင်း၊
ပုစ္ဆာ အသစ်တွေ နေ့စဥ် အဖြေ ထုတ်ကြရင်း၊
အိမ်စာ အသစ်တွေ နေ့စဥ် လေ့ကျင့်ကြရင်း၊

ထာဝရ လွတ်မြောက်ခြင်း ဆိုတဲ့ ပန်းတိုင် ဆီ မရောက်မခြင်း၊
အဖန်တလဲလဲ သံသရာလည်ရင်း၊

ရက် လ နှစ် အလီလီ ပြောင်းရင်း၊
ဘုံ ဘဝ စုံစုံ မှာ၊
ချစ်သူ မုန်းသူ
သူစိမ်း သူကျက်
မိတ်ဆွေ ရန်သူ
အသူသူ အလူလူ တွေကြား၊
အကောင်း အဆိုး နှစ်မျိုး ကိုပဲ၊
အစိုးမရစွာ
ရောယှက် ပေါင်းဖော် ရင်း၊
မွေးဖွားရင်း သေဆုံးရင်း၊

ကုသိုလ် နဲ့ အကုသိုလ်၊
အကြောင်း နဲ့ အကျိုး၊
နားလည်အောင် ကြိုးစားရင်း၊
လက်ခံတတ်အောင် ကြိုးစားရင်း၊
ပညတ်တွေ က ခွာရင်း၊
ပရမတ် ကို သိအောင် အားထုတ်ရင်း၊

ဖြစ်နေ ပျက်နေ
လည်နေ ပတ်နေ သမျှ အားလုံး၊
အကြွင်းမရှိ သတိနဲ့ အတိပြတ် ရပ်နိုင်ကြဘို့၊

2026 ဟာ အားလုံး အားလုံး အတွက်၊
အချိန် အကြောင်း အထောက်အပံ့ကောင်း တစ်ခု ဖြစ်ကြပါစေကြောင်း၊
ဆုတောင်းမေတ္တာများ ပို့သ လိုက်ရကြောင်း ပါ။

"HAPPY NEW YEAR 2026"

လှဘို့ တင် မဟုတ်...စားဘို့ လည်း စိုက်လို့ရတဲ့...ရွှေဘုတ် ပါ အမျိုးတို့။
05/12/2025

လှဘို့ တင် မဟုတ်...
စားဘို့ လည်း စိုက်လို့ရတဲ့...
ရွှေဘုတ် ပါ အမျိုးတို့။

ကုက္ကိုပင် မြင်ရင် လှည်း လုပ်မယ် "ခုတ်" တဲ့ခေတ်... ရာဇဝင်ထဲမှာပဲ ထားရစ်... ခု က အသစ်...ရွှေဘုတ် စ တဲ့ အသစ်...ဟောသည်ခေတ်က...
01/12/2025

ကုက္ကိုပင် မြင်ရင် လှည်း လုပ်မယ် "ခုတ်" တဲ့ခေတ်... ရာဇဝင်ထဲမှာပဲ ထားရစ်...
ခု က အသစ်...
ရွှေဘုတ် စ တဲ့ အသစ်...
ဟောသည်ခေတ်ကလေ...
ကုက္ကိုရွက်ဆွေးတွေ နဲ့ အလှဆုံးတွေကို...
"စိုက်ပျိုး" မယ့် ခေတ်။

စာထဲ မပါတာ​ လေးတွေတော့ ထပ် မေးအုံးမယ်နော်...
28/11/2025

စာထဲ မပါတာ​ လေးတွေတော့ ထပ် မေးအုံးမယ်နော်...

Address

Yangon

Telephone

+959777345129

Website

Alerts

Be the first to know and let us send you an email when KAUNG MYAT THOR Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category