AGG Construction & Decorations Co., Ltd

AGG Construction & Decorations Co., Ltd We design and build spaces that combine beauty, function, and comfort. Your Dream Home, Perfectly Crafted by Apex.

With our One-Stop Service — from architecture to interiors — Apex delivers homes that truly reflect your lifestyle.

✨ အကောင်းဆုံး 𝗤𝘂𝗮𝗹𝗶𝘁𝘆၊ အသင့်တင့်ဆုံး ဈေးနှုန်း... သင့်ရဲ့ 𝗗𝗿𝗲𝗮𝗺 𝗛𝗼𝗺𝗲 ကို 𝗔𝗚𝗚 နဲ့ စတင်လိုက်ပါ။ ✨🔥 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗣𝗔𝗘 𝗥𝗮𝘁𝗲 (အကြမ်...
18/09/2026

✨ အကောင်းဆုံး 𝗤𝘂𝗮𝗹𝗶𝘁𝘆၊ အသင့်တင့်ဆုံး ဈေးနှုန်း... သင့်ရဲ့ 𝗗𝗿𝗲𝗮𝗺 𝗛𝗼𝗺𝗲 ကို 𝗔𝗚𝗚 နဲ့ စတင်လိုက်ပါ။ ✨

🔥 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗣𝗔𝗘 𝗥𝗮𝘁𝗲 (အကြမ်းထည်သီးသန့်) | 𝟭 𝗦𝗾𝗳𝘁 = 𝟵𝟱,𝟬𝟬𝟬 𝗠𝗠𝗞

အိမ်တစ်လုံးဆောက်တယ်ဆိုတာ ဘဝအတွက် ကြီးမားတဲ့ ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။

အပြင်ပန်း အလှတရားတွေ၊ အရောင်အသွေးတွေကို အချိန်မရွေး ပြင်ဆင်မွမ်းမံလို့ ရပေမယ့်... တစ်အိမ်လုံးကို ထမ်းထားရတဲ့ "အကြမ်းထည် (𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗮𝗹 𝗙𝗿𝗮𝗺𝗲)" ကိုတော့ တစ်ခါတည်ဆောက်ပြီးရင် ပြန်ပြင်ဖို့ဆိုတာ လုံးဝ မလွယ်ကူတော့ပါဘူး။ ဒါကြောင့် စတင်အုတ်မြစ်ချကတည်းက အရည်အသွေး အကောင်းဆုံးဖြစ်နေဖို့ လိုပါတယ်။

𝗔𝗚𝗚 မှာ 𝟭 𝗦𝗾𝗳𝘁 ကို 𝟵𝟴,𝟬𝟬𝟬 𝗠𝗠𝗞 ဆိုတဲ့ ဈေးနှုန်းနဲ့ အပ်နှံတဲ့အခါ... လူကြီးမင်းတို့အတွက် ဘယ်လို အာမခံချက်မျိုး ပေးထားလဲ? 🏗️

🛡️ ရာနှုန်းပြည့် စိတ်ချရသော ကုန်ကြမ်းပစ္စည်းများ (𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗠𝗮𝘁𝗲𝗿𝗶𝗮𝗹𝘀)

𝗛𝗥𝗕 𝟰𝟬𝟬 𝗥𝗲𝗯𝗮𝗿 (သံချောင်း)၊ 𝗚𝗿𝗮𝗱𝗲 𝟮𝟱 𝗥𝗲𝗮𝗱𝘆-𝗺𝗶𝘅𝗲𝗱 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲၊ (၈) ပေါက် လေဘောင်အုတ်နဲ့ 𝗔𝗹𝗽𝗵𝗮 (သို့) အရည်အသွေးတူ ဘိလပ်မြေ စတဲ့ စံချိန်မီ 𝗤𝘂𝗮𝗹𝗶𝘁𝘆 အမြင့်ဆုံး ပစ္စည်းတွေကိုသာ တိတိကျကျ အသုံးပြုပေးပါတယ်။

📐 အန္တရာယ်ကင်းရှင်းရေးအတွက် တိကျသော တွက်ချက်မှု (𝗣𝗿𝗲𝗰𝗶𝘀𝗶𝗼𝗻 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴)

အလုပ်စတာနဲ့ ချက်ချင်းတူးပြီး ဆောက်တာမျိုး မလုပ်ဘဲ၊ မြေသားစမ်းသပ်ခြင်း (𝗦𝗼𝗶𝗹 𝗧𝗲𝘀𝘁) ကို မဖြစ်မနေ အရင်လုပ်ဆောင်ပါတယ်။ ရရှိလာတဲ့ မြေသားအခြေအနေပေါ် မူတည်ပြီးမှ အတိကျဆုံး 𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗮𝗹 𝗗𝗿𝗮𝘄𝗶𝗻𝗴 ထုတ်ကာ စနစ်တကျ တည်ဆောက်ပါတယ်။

👷‍♂️ အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲမှု (𝗘𝘅𝗽𝗲𝗿𝘁 𝗦𝘂𝗽𝗲𝗿𝘃𝗶𝘀𝗶𝗼𝗻)

လုပ်ငန်းခွင်ထဲမှာ ကျွမ်းကျင် လုပ်သားတွေနဲ့ 𝗦𝗶𝘁𝗲 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿 တွေ အချိန်ပြည့် ရှိနေမယ့်အပြင်၊ 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿, 𝗤𝗖 နဲ့ 𝗤𝗔 အဖွဲ့တွေကပါ အဆင့်တိုင်းမှာ သေချာလာရောက် စစ်ဆေးပေးတာမို့ ကိုယ်တိုင် နေပူခံ လိုက်ကြည့်စရာမလိုဘဲ ရာခိုင်နှုန်းပြည့် စိတ်ချနေလို့ ရပါပြီ။

💧 ပြီးပြည့်စုံသော အခြေခံအဆောက်အအုံ (𝗔𝗹𝗹-𝗶𝗻-𝗼𝗻𝗲 𝗦𝗲𝘁𝘂𝗽)

အိမ်တစ်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ 𝗚𝗿𝗼𝘂𝗻𝗱 𝗧𝗮𝗻𝗸 (မြေအောက်ရေလှောင်ကန်) နဲ့ စနစ်ကျတဲ့ 𝗦𝗲𝗽𝘁𝗶𝗰 𝗧𝗮𝗻𝗸 (မိလ္လာကန်) တွေကိုပါ တစ်ပါတည်း အပြီးအစီး ထည့်သွင်း တည်ဆောက်ပေးသွားမှာပါ။

💯 အရေးကြီးဆုံးကတော့... 𝗔𝗚𝗚 မှ တည်ဆောက်ပေးတဲ့ အကြမ်းထည် (𝗦𝘁𝗿𝘂𝗰𝘁𝘂𝗿𝗮𝗹 𝗙𝗿𝗮𝗺𝗲) ပိုင်းအတွက် "နှစ် (၅၀) တိတိ ခိုင်ခံ့မှုအာမခံ" ကို ရဲရဲကြီး ပေးထားပါတယ်။

⚠️ (မှတ်ချက် - ဤဝန်ဆောင်မှုသည် ရေ၊ မီး၊ ဆေး နှင့် တံခါး/ပြတင်းပေါက်များ မပါဝင်သော အကြမ်းထည်သီးသန့် (𝗣𝗔𝗘) ဝန်ဆောင်မှုသာ ဖြစ်ပါသည်။)

ကိုယ့်မိသားစုရဲ့ နောက်ထပ်မျိုးဆက်တွေအထိ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မယ့် ခိုင်မာတဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့... 👇 အခုပဲ 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (သို့မဟုတ်) ဖုန်း 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯 ကို တိုက်ရိုက် ဆက်သွယ်လိုက်ပါ။ 🤝

🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸
✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅
📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯
🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
📩 𝙞𝙣𝙛𝙤@𝙖𝙜𝙜𝙖𝙥𝙚𝙭.𝙘𝙤𝙢
𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.

အလုပ်ကြားက ပျော်ရွှင်စရာ အနားယူချိန်လေး APEX ရဲ့ 𝗛𝗮𝗽𝗽𝘆 𝗛𝗼𝘂𝗿 𝗔𝗰𝘁𝗶𝘃𝗶𝘁𝘆!! 🥳🎉===============================================...
17/09/2026

အလုပ်ကြားက ပျော်ရွှင်စရာ အနားယူချိန်လေး APEX ရဲ့ 𝗛𝗮𝗽𝗽𝘆 𝗛𝗼𝘂𝗿 𝗔𝗰𝘁𝗶𝘃𝗶𝘁𝘆!! 🥳🎉
=================================================================

တစ်ပတ်တာ အလုပ်တွေကြားမှာ အားဖြည့်ဖို့ နဲ့ Team Member အချင်းချင်း ပိုမိုရင်းနှီးနွေးထွေးလာဖို့အတွက် APEX Team ရဲ့ Happy Hour Activity လေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြပါတယ်။ 🎉

ကောင်းမွန်တဲ့ Workplace တစ်ခုဆိုတာ အလုပ်ကောင်းကောင်းလုပ်နိုင်တာတင်မကဘဲ အတူတူပျော်ရွှင်နိုင်တဲ့ Team Culture ရှိဖို့လည်း အရေးကြီးပါတယ်။

Good Team. Good Energy. Better Results. ✨
🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸
✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅
📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯
🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
📩 [email protected]
🏗️ 𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱

𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 𝐕𝐢𝐬𝐢𝐭 & 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐁𝐢𝐨𝐰𝐨𝐨𝐝 𝐌𝐲𝐚𝐧𝐦𝐚𝐫 ✨        ကျွန်တော်တို့ 𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰...
16/09/2026

𝐄𝐱𝐜𝐥𝐮𝐬𝐢𝐯𝐞 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 𝐕𝐢𝐬𝐢𝐭 & 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐰𝐢𝐭𝐡 𝐁𝐢𝐨𝐰𝐨𝐨𝐝 𝐌𝐲𝐚𝐧𝐦𝐚𝐫 ✨

ကျွန်တော်တို့ 𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.မှာ ပိုမိုကောင်းမွန်ပြီး စနစ်ကျတဲ့ Project တွေကို ဖန်တီးနိုင်ဖို့အတွက် interior designer ၊ architect များနဲ့အတူ သက်ဆိုင်ရာ department အသီးသီးမှ အဖွဲ့သားတွေဟာ Biowood Myanmar Showroom ဆီသို့ သွားရောက်လေ့လာခဲ့ကြပါတယ်။

Building Materials တွေအကြောင်း၊ ပစ္စည်းတစ်ခုချင်းစီရဲ့ အရည်အသွေး၊ Technical Specifications တွေနဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို သေချာစနစ်တကျ နဲ့ အသေးစိတ် လေ့လာခဲ့ကြပုံလေးရဲ့အမှတ်တရပုံရိပ်များကို ပြန်လည် ဝေမျှ ပေးလိုက်ပါတယ်။

Exclusive Knowledge sharing session မှာ စိတ်ရှည် လက်ရှည်နဲ့ မေးသမျှကို စေတနာနဲ့ ရှင်းပြတဲ့ Bio Wood Myanmar မိသားစုကိုလည်း APEX မှ အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸
✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅
📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯
🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
📩 [email protected]
𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.

သင့်အိမ်လေးကို ဆွဲဆောင်မှုအပြည့်နဲ့ လှပနေစေမယ့် ဒီဇိုင်းလျှို့ဝှက်ချက် (၅) ချက် အိမ်ဆိုတာ တစ်နေကုန် ပင်ပန်းသမျှကို အေးချ...
14/09/2026

သင့်အိမ်လေးကို ဆွဲဆောင်မှုအပြည့်နဲ့ လှပနေစေမယ့် ဒီဇိုင်းလျှို့ဝှက်ချက် (၅) ချက်

အိမ်ဆိုတာ တစ်နေကုန် ပင်ပန်းသမျှကို အေးချမ်းစွာ အနားယူရာ နေရာလေးပါ။ ဒါကြောင့် အိမ်ရဲ့ အတွင်းပိုင်းအလှဆင်ခြင်း (𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻) ဟာ ကျွန်တော်တို့ရဲ့ စိတ်ကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ကမ္ဘာကျော် 𝗛𝗼𝘂𝘀𝗲 & 𝗚𝗮𝗿𝗱𝗲𝗻 ရဲ့ ဒီဇိုင်းပညာရှင်တွေကတော့ အိမ်တစ်လုံးကို နေချင့်စဖွယ်ဖြစ်အောင် အခုလိုမျိုး အကြံပြုထားပါတယ်။

🎨 ၁။ အေးချမ်းနွေးထွေးတဲ့ အရောင်များကို ရွေးချယ်ပါ (𝗥𝗶𝗰𝗵 & 𝗚𝗿𝗼𝘂𝗻𝗱𝗶𝗻𝗴 𝗖𝗼𝗹𝗼𝗿𝘀)

အရင်တုန်းက အဖြူရောင်လွင်လွင်တွေ၊ မီးခိုးရောင်တွေ ခေတ်စားခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ အခန်းတွေကို ပိုပြီး နွေးထွေးတဲ့ ခံစားမှုပေးနိုင်တဲ့ 𝗘𝗮𝗿𝘁𝗵𝘆 𝗧𝗼𝗻𝗲𝘀 (ဥပမာ - မြေညိုရောင်၊ သစ်ခေါက်ရောင်၊ မှိုင်းတိုက်ထားတဲ့ စိမ်းပြာရောင်) တွေကို အိပ်ခန်းတွေနဲ့ ဧည့်ခန်းတွေမှာ ပိုသုံးလာကြပါတယ်။ ဒီအရောင်တွေက စိတ်ကို တည်ငြိမ်စေပြီး အိမ်ကို တကယ့်နားခိုရာ (𝗛𝗮𝘃𝗲𝗻) လေးတစ်ခုလို ခံစားရစေပါတယ်။

☀️ ၂။ သဘာဝအလင်းရောင်ကို အမိအရယူပါ (𝗕𝗿𝗶𝗻𝗴𝗶𝗻𝗴 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗟𝗶𝗴𝗵𝘁)

အခန်းတစ်ခန်းကို အလှဆင်ရာမှာ အရေးကြီးဆုံးက အလင်းရောင်ပါ။ နေ့ခင်းဘက်မှာ သဘာဝအလင်းရောင် (𝗗𝗮𝘆𝗹𝗶𝗴𝗵𝘁) ကောင်းကောင်းရအောင် ထူထဲတဲ့ ကန့်လန့်ကာကြီးတွေအစား အလင်းဖောက်နိုင်တဲ့ လိုက်ကာပါး (𝗦𝗵𝗲𝗲𝗿 𝗖𝘂𝗿𝘁𝗮𝗶𝗻𝘀) လေးတွေကို ပြောင်းသုံးကြည့်ပါ။ ညဘက်အတွက်ဆိုရင်လည်း ခေါင်မိုးပေါ်က မီးလုံး တစ်လုံးတည်းကို အားကိုးတာထက် ကြမ်းပြင်တင်မီးအိမ် (𝗙𝗹𝗼𝗼𝗿 𝗟𝗮𝗺𝗽) တွေ၊ စားပွဲတင်မီးအိမ်လေးတွေကို တွဲသုံးပေးရင် အခန်းက ပိုကျယ်သယောင်၊ ပိုနွေးထွေးသယောင် ရှိလာပါလိမ့်မယ်။

🧘🏻‍♂️ ၃။ စိတ်ချမ်းသာမှုအတွက် အလှဆင်ပါ (𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗻𝗴 𝗳𝗼𝗿 𝗪𝗲𝗹𝗹𝗯𝗲𝗶𝗻𝗴)

အိမ်ဆိုတာ လှရုံတင်မကဘဲ နေတဲ့သူတွေရဲ့ စိတ်ကိုပါ ပျော်ရွှင်စေရပါမယ်။ ရှုပ်ပွနေတဲ့ ပစ္စည်းတွေကို ရှင်းလင်းထားပြီး (𝗗𝗲𝗰𝗹𝘂𝘁𝘁𝗲𝗿𝗶𝗻𝗴) သဘာဝနဲ့နီးစပ်တဲ့ သစ်သားပရိဘောဂတွေ၊ ကြိမ်ထည်ပစ္စည်းတွေကို အသုံးပြုတာက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ မျက်စိပသာဒဖြစ်စေမယ့် အနုပညာပန်းချီကားချပ်လေးတွေ ချိတ်ဆွဲတာကလည်း 𝗪𝗲𝗹𝗹 𝗕𝗲𝗶𝗻𝗴 ကို များစွာအထောက်အကူပြုပါတယ်။

🕰️ ၄။ ရိုးရာနဲ့ ခေတ်သစ်ကို ပေါင်းစပ်ခြင်း (𝗩𝗶𝗻𝘁𝗮𝗴𝗲 & 𝗠𝗼𝗱𝗲𝗿𝗻 𝗕𝗹𝗲𝗻𝗱)

အရာအားလုံးကို ခေတ်မီပစ္စည်းအသစ်တွေချည်းပဲ သုံးတာထက် စိတ်ကူးယဉ်ဆန်ဆန် 𝗩𝗶𝗻𝘁𝗮𝗴𝗲 ပုံစံလေးတွေ၊ ရှေးဟောင်းပစ္စည်းလေးတွေကို အိမ်ရဲ့ထောင့်တစ်နေရာမှာ အလှဆင်တာက အခုနောက်ပိုင်း အထူးရေပန်းစားလာပါတယ်။ ခေတ်ဟောင်းဒီဇိုင်းပါတဲ့ ကော်ဖီစားပွဲလေးတွေ၊ ရိုးရာလက်မှုပစ္စည်းလေးတွေက အိမ်ရဲ့ အငွေ့အသက်ကို ပိုပြီးလေးနက်၊ ဆွဲဆောင်မှုရှိသွားစေပါတယ်။

🌿 ၅။ သဘာဝတရားကို အိမ်ထဲထိ ခေါ်ဆောင်ပါ (𝗜𝗻𝗱𝗼𝗼𝗿 𝗚𝗿𝗲𝗲𝗻𝗲𝗿𝘆)

အိမ်တွင်းအလှဆင်ခြင်းအကြောင်းပြောရင် အပင်လေးတွေကို ချန်ထားခဲ့လို့ မရပါဘူး။ အပြင်ဘက် ဥယျာဉ် (𝗚𝗮𝗿𝗱𝗲𝗻) ထဲက သဘာဝတရားကို အိမ်ထဲအထိ ခေါ်ဆောင်လာဖို့အတွက် ပြုစုရလွယ်ကူတဲ့ အိမ်တွင်းစိုက်အပင်လေးတွေ (𝗜𝗻𝗱𝗼𝗼𝗿 𝗣𝗹𝗮𝗻𝘁𝘀) ကို ထည့်သွင်းအလှဆင်ပါ။ ဧည့်ခန်းထောင့် ဒါမှမဟုတ် ပြတင်းပေါက်ဘေးမှာ အပင်စိမ်းစိမ်းလေးတွေ ရှိနေခြင်းက လေထုကို သန့်စင်စေတဲ့အပြင် မျက်စိကိုလည်း အေးချမ်းစေပါတယ်။

ဒီအချက်လေးတွေက သင့်အိမ်လေးကို ပြန်လည်အလှဆင်ရာမှာ (သို့) အိမ်သစ်လေးအတွက် အိုင်ဒီယာရှာရာမှာ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

𝗥𝗲𝗳 : 𝗛𝗼𝘂𝘀𝗲 & 𝗚𝗮𝗿𝗱𝗲𝗻

𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.မှာ 𝗗𝗲𝘀𝗶𝗴𝗻, 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿, 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗥𝗲𝗻𝗼𝘃𝗮𝘁𝗶𝗼𝗻 အားလုံးကို 𝗢𝗻𝗲 𝗦𝘁𝗼𝗽 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 ရနေပြီမို့ သိလိုတာမှန်သမျှ အချိန်မရွေး ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်…

🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸
✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅
📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯
🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
📩 𝙞𝙣𝙛𝙤@𝙖𝙜𝙜𝙖𝙥𝙚𝙭.𝙘𝙤𝙢
𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.

𝐀𝐏𝐄𝐗 ရဲ့လက်ရာ 𝐘𝐚𝐝𝐚𝐧𝐚𝐛𝐨𝐧 𝐓𝐞𝐚 𝐑𝐨𝐨𝐦 𝐒𝐨𝐟𝐭 𝐎𝐩𝐞𝐧𝐢𝐧𝐠 ☕🎉မြောက်ဒဂုံမြို့နယ် ဘုရင့်နောင်လမ်းပေါ်မှ မန္တလာမြေရဲ့ ယဉ်ကျေးမှုအငွေ့အသက...
14/09/2026

𝐀𝐏𝐄𝐗 ရဲ့လက်ရာ 𝐘𝐚𝐝𝐚𝐧𝐚𝐛𝐨𝐧 𝐓𝐞𝐚 𝐑𝐨𝐨𝐦 𝐒𝐨𝐟𝐭 𝐎𝐩𝐞𝐧𝐢𝐧𝐠 ☕🎉

မြောက်ဒဂုံမြို့နယ် ဘုရင့်နောင်လမ်းပေါ်မှ မန္တလာမြေရဲ့ ယဉ်ကျေးမှုအငွေ့အသက်တွေနဲ့အတူ APEX Team က ပုံဖော်ဖန်တီးပေးထားတဲ့ Yadanabon Tea Room ဆိုင်လေးဟာ soft opening ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။ ✨

Client မိသားစုရဲ့ ဖိတ်ကြားမှုနဲ့အတူ APEX ရဲ့ အဖွဲ့သူအဖွဲ့သားများလည်း စုံစုံလင်လင်တက်ရောက်ခဲ့ကြပြီး
မန္တလာမြေရဲ့ အငွေ့အသက်ကို ခံစားခဲ့ကြပါတယ်။ 🤎

Soft opening မှာ Yadanabon Tea Room ရဲ့ လက်ရာကောင်းတွေကို မြည်းစမ်းခွင့်ရခဲ့တဲ့အတွက်လည်း APEX Team မှ အထူးပင်ကျေးဇူးတင်ရှိအပ်ပါတယ်ခင်ဗျာ။ ☕🙏🏻

🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸
✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅
📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯
🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
📩 [email protected]
𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.

𝐀𝐏𝐄𝐗’𝐬 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 ✨==============APEX ရဲ့ လုပ်ငန်းစဉ်တွေ ပိုမိုသွက်လက်ချောမွေ့ပြီး တိကျသ...
08/09/2026

𝐀𝐏𝐄𝐗’𝐬 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐒𝐞𝐬𝐬𝐢𝐨𝐧 ✨
==============

APEX ရဲ့ လုပ်ငန်းစဉ်တွေ ပိုမိုသွက်လက်ချောမွေ့ပြီး တိကျသေချာမှုရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ AGG Main Office မှာ "Project Schedule Knowledge Sharing Session" လေးကို နွေးနွေးထွေးထွေးနဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ 🌟

ဒီ Session လေးမှာဆိုရင်တော့ Microsoft Project Software ကိုအသုံးပြုပြီး Project Schedule တွေကို ဘယ်လိုစနစ်တကျ ရေးဆွဲရမလဲဆိုတာကို စာတွေ့ရော၊ လက်တွေ့ပါ သေချာလေး မျှဝေသင်ကြားပေးခဲ့ပါတယ်။

APEX Team က Engineer တွေသာမက အခြား Department အသီးသီးက လုပ်ဖော်ကိုင်ဖက်တွေပါ စိတ်တူကိုယ်တူနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ကြလို့ တကယ့်ကို အသက်ဝင်ပြီး ကြည်နူးစရာကောင်းတဲ့ အချိန်လေးတစ်ခု ဖြစ်ခဲ့ရပါတယ်။ ✨

ဒီလို တန်ဖိုးရှိတဲ့ အသိပညာတွေကို အချိန်ပေးပြီး စိတ်ရှည်လက်ရှည် အသေးစိတ် မျှဝေသင်ကြားပေးခဲ့တဲ့ Trainer အစ်မ မျိုးစန္ဒီဇော် ( BE - Civil )ကိုလည်း APEX Team မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ 👷🏻💛

🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸
✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅
📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯
🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
📩 𝙞𝙣𝙛𝙤@𝙖𝙜𝙜𝙖𝙥𝙚𝙭.𝙘𝙤𝙢
𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.

✨ အိမ်တစ်အိမ်ရဲ့ နှလုံးသား... သင့်မိသားစုအတွက် ပြီးပြည့်စုံတဲ့ မီးဖိုချောင် ✨အိမ်တစ်အိမ်မှာ အသက်ဝင်ဆုံးနဲ့ မိသားစုဝင်တွေ...
05/09/2026

✨ အိမ်တစ်အိမ်ရဲ့ နှလုံးသား... သင့်မိသားစုအတွက် ပြီးပြည့်စုံတဲ့ မီးဖိုချောင် ✨

အိမ်တစ်အိမ်မှာ အသက်ဝင်ဆုံးနဲ့ မိသားစုဝင်တွေ အချိန်အများဆုံး အတူတူဖြတ်သန်းဖြစ်တဲ့ နေရာက မီးဖိုချောင်လေးပဲ ဖြစ်ပါတယ်။

တစ်နေကုန် အလုပ်လုပ်လို့ ပင်ပန်းလာသမျှ အိမ်ပြန်ရောက်တဲ့အခါ ကိုယ်ချစ်ရတဲ့သူတွေနဲ့အတူ ညစာလေး ချက်ပြုတ်ပြင်ဆင်ရတာက တကယ့်ကို အမောပြေစေတဲ့ အချိန်လေးတစ်ခုပါ။ ရိုးရှင်းတဲ့ နေ့စဉ်စားဟင်းလျာတွေကစလို့ ပိတ်ရက်မှာ မိသားစုအတွက် အထူးစီစဉ်ချက်ပြုတ်တဲ့ အစားအစာတွေအထိ... ကိုယ်တိုင် စိတ်တိုင်းကျ ဖန်တီးတဲ့အခါ မီးဖိုချောင်က ကြည့်လိုက်တာနဲ့ လှပနေဖို့ လိုအပ်သလို လက်တွေ့အသုံးပြုရာမှာလည်း အဆင်ပြေချောမွေ့နေဖို့ အရေးကြီးပါတယ်။

ဒါကြောင့် AGG ရဲ့ Premium Kitchen Designs တွေမှာ အလှတရားနဲ့ လက်တွေ့အသုံးဝင်မှုကို အချိုးကျကျ ပေါင်းစပ်ဖန်တီးပေးထားပါတယ်။

AGG ရဲ့ မီးဖိုချောင်ဒီဇိုင်းတွေက ဘာတွေ ကွာခြားသွားမလဲ?

🔸 Smart Ventilation System (စနစ်ကျသော လေဝင်လေထွက်)

အနံ့ပြင်းတဲ့ ဟင်းလျာတွေ ချက်ပြုတ်ရင်တောင် အိမ်ထဲမှာ ဟင်းနံ့တွေ အောင်းမနေစေဖို့ စနစ်ကျတဲ့ လေဝင်လေထွက်နဲ့ Exhaust Layout များကို အဓိကထား ထည့်သွင်းစဉ်းစားပေးပါတယ်။

🔸 Easy-to-Clean Surfaces (သန့်ရှင်းရေးလုပ်ရ လွယ်ကူခြင်း)

ဆီစင်တာ၊ ဟင်းရည်ပေတာတွေ ဖြစ်ခဲ့ရင်တောင် အလွယ်တကူ သန့်ရှင်းရေးလုပ်နိုင်မယ့် Premium Quality Countertop တွေနဲ့ Backsplash တွေကို သေချာရွေးချယ်ပေးထားတာမို့ အချိန်ကုန်၊ လူပင်ပန်း သက်သာစေပါတယ်။

🔸 Functional Space Planning (စနစ်ကျသော နေရာချထားမှု)

ပစ္စည်းတွေ ရှုပ်ပွမနေဘဲ သပ်သပ်ရပ်ရပ် သိမ်းဆည်းနိုင်မယ့် Smart Cabinet Design တွေနဲ့ နှစ်ယောက်အတူတူ ဝင်ချက်ရင်တောင် ကျယ်ကျယ်ဝန်းဝန်းရှိမယ့် နေရာအထားအသိုတွေကို စနစ်တကျ ရေးဆွဲပေးပါတယ်။

မိသားစုရဲ့ နေ့စဉ်ဘဝကို ပိုပြီးအသက်ဝင်လှပစေမယ့် မီးဖိုချောင်လေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့... အောက်ကပုံလေးတွေကို တစ်ပုံချင်းစီ ဆွဲကြည့်ပြီး AGG ရဲ့ ခေတ်မီ Design Ideas တွေကို လေ့လာကြည့်လိုက်ပါနော် ➡️

Space Planning နဲ့ Design အပိုင်းအတွက် ဆွေးနွေးတိုင်ပင်ချင်ရင် အခုပဲ AGG ရဲ့ Page Messenger ကို [Send Message] နှိပ်ပြီး (သို့မဟုတ်) ဖုန်း 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯 ကို တိုက်ရိုက်ဆက်သွယ်လိုက်ပါ။

🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸
✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅
📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯
🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
📩 𝙞𝙣𝙛𝙤@𝙖𝙜𝙜𝙖𝙥𝙚𝙭.𝙘𝙤𝙢
𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.

မြောက်ဒဂုံမြို့နယ်ထဲမှာ APEX က တာဝန်ယူဆောက်လုပ်ပေးနေတဲ့ 2.5 Storey Residential Project ရဲ့  Long column formwork ဆင်ခြင်...
02/09/2026

မြောက်ဒဂုံမြို့နယ်ထဲမှာ APEX က တာဝန်ယူဆောက်လုပ်ပေးနေတဲ့ 2.5 Storey Residential Project ရဲ့ Long column formwork ဆင်ခြင်းလုပ်ငန်း ၊ အုတ်စီခြင်းလုပ်ငန်း progress ပုံရိပ်များအား ဖော်ပြပေးလိုက်ပါတယ်။

𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.မှာ 𝗗𝗲𝘀𝗶𝗴𝗻, 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿, 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗥𝗲𝗻𝗼𝘃𝗮𝘁𝗶𝗼𝗻 အားလုံးကို 𝗢𝗻𝗲 𝗦𝘁𝗼𝗽 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀 ရနေပြီမို့ သိလိုတာမှန်သမျှ အချိန်မရွေး ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်။ 👷🏼‍♂️

🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸
✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅
📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯
🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
📩 𝙞𝙣𝙛𝙤@𝙖𝙜𝙜𝙖𝙥𝙚𝙭.𝙘𝙤𝙢
𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.

Pyae Sone Chan Thar Condominium ထဲက APEX ရဲ့ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐇𝐚𝐧𝐝𝐨𝐯𝐞𝐫 ✨🔸 လှိုင်မြို့နယ် ၊ ပြည့်စုံချမ်းသာကွန်ဒိုထဲမှာ A...
30/08/2026

Pyae Sone Chan Thar Condominium ထဲက APEX ရဲ့ 𝐈𝐧𝐭𝐞𝐫𝐢𝐨𝐫 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐇𝐚𝐧𝐝𝐨𝐯𝐞𝐫 ✨

🔸 လှိုင်မြို့နယ် ၊ ပြည့်စုံချမ်းသာကွန်ဒိုထဲမှာ APEX က တာဝန်ယူဖန်တီးပေးနေတဲ့ 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 & 𝗕𝘂𝗶𝗹𝗱 𝗣𝗿𝗼𝗷𝗲𝗰𝘁 လေး ပြီးစီးသွားပြီဖြစ်လို့ Client ထံ လွှဲပြောင်းအပ်နှံခဲ့တဲ့ အမှတ်တရပုံရိပ်များအား ပြန်လည်မျှဝေပေးလိုက်ပါတယ်။

🔸 တည်ငြိမ်ပြီး ရှင်းသန့်တဲ့ modern ၊ timeless look ရအောင် ခြုံငုံပြီး Design ရေးဆွဲပေးထားတဲ့ condo space လေးကို နွေးထွေးမှု ၊ ကျယ်ဝန်းမှုတို့နဲ့အတူ နေ့ရက်တိုင်းအတွက် သက်တောင့်သက်သာဖြစ်စေမယ့် နေထိုင်စရာ ရပ်ဝန်းလေးဖြစ်အောင် သေသပ်လှပစွာနဲ့ ဖန်တီးပေးထားတာပဲဖြစ်ပါတယ်။

🔸 Condo အခန်းလေးကို စိတ်ကူးထဲကအတိုင်း တထပ်တည်း ဖန်တီးပုံဖော်ဖို့ 𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱. ကို ရွေးချယ်လက်တွဲခဲ့တဲ့အတွက် အထူးကျေးဇူးတင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ခင်ဗျာ။ 🤝 👷🏼‍♂️

🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸
✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅
📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯
🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.
📩 𝙞𝙣𝙛𝙤@𝙖𝙜𝙜𝙖𝙥𝙚𝙭.𝙘𝙤𝙢
𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.

✨ သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို လုပ်ငန်းခွင်မှာပဲ အာရုံစိုက်ပါ... ပြီးပြည့်စုံတဲ့ အိမ်လေးတစ်လုံး အလှဆင်ဖို့ကိုတော့ A...
28/08/2026

✨ သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို လုပ်ငန်းခွင်မှာပဲ အာရုံစိုက်ပါ... ပြီးပြည့်စုံတဲ့ အိမ်လေးတစ်လုံး အလှဆင်ဖို့ကိုတော့ AGG ကို တာဝန်ပေးလိုက်ပါ။ ✨

စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တာဝန်ကြီးကြီး ယူထားရတဲ့ 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 တွေအတွက် နေ့စဉ် အလုပ်တွေ၊ 𝗠𝗲𝗲𝘁𝗶𝗻𝗴 တွေနဲ့တင် အချိန်တွေက ကုန်လွန်နေတတ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ကိုယ်နေထိုင်မယ့် အိမ်လေးကို စိတ်ကြိုက်ပြင်ဆင်ချင်ပေမယ့်... ဒီဇိုင်းဘယ်လိုလုပ်မလဲ စဥ်းစားဖို့၊ ပရိဘောဂတွေ လိုက်ရွေးဖို့၊ အရောင်တွေ ကိုယ်တိုင်စပ်ကြည့်ဖို့၊ ဒါမှမဟုတ် အလုပ်သမားတွေကို နေ့တိုင်းသွားပြီး ကြီးကြပ်ဖို့ဆိုတဲ့ အချိန်နဲ့ ခွန်အားတွေ ထပ်မပေးနိုင်ဘူး ဖြစ်နေပါသလား?

ဒီလို ခေါင်းရှုပ်စရာတွေ အားလုံးကို 𝗔𝗚𝗚 ရဲ့ 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗗𝗲𝘀𝗶𝗴𝗻 𝗦𝗲𝗿𝘃𝗶𝗰𝗲 နဲ့ တစ်နေရာတည်းမှာ အပြီးအစီး ဖြေရှင်းလိုက်ပါ။

𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 အပ်နှံတဲ့အခါ 𝗔𝗚𝗚 က သင့်အတွက် ဘာတွေ ကူညီပေးမလဲ?

🔸 𝗭𝗲𝗿𝗼 𝗦𝘁𝗿𝗲𝘀𝘀 & 𝗧𝗶𝗺𝗲-𝗦𝗮𝘃𝗶𝗻𝗴 (အချိန်ကုန်သက်သာပြီး ခေါင်းမရှုပ်ရခြင်း)

မိမိလိုချင်တဲ့ 𝗖𝗼𝗻𝗰𝗲𝗽𝘁 ကို တစ်ခါတည်း ဆွေးနွေးလိုက်ရုံနဲ့ 𝟯𝗗 𝗗𝗲𝘀𝗶𝗴𝗻 ဆွဲတာကနေစလို့ လက်တွေ့ အပြင်အဆင်တွေ တပ်ဆင်တဲ့အထိ အစ/အဆုံး တာဝန်ယူပေးတာမို့ ကိုယ်တိုင် အချိန်ပေးပြီး လိုက်ကြည့်နေစရာ မလိုတော့ပါဘူး။

🔸 𝗧𝗮𝗶𝗹𝗼𝗿𝗲𝗱 𝗳𝗼𝗿 𝗬𝗼𝘂𝗿 𝗟𝗶𝗳𝗲𝘀𝘁𝘆𝗹𝗲 (လူကြီးမင်းနဲ့ ကွက်တိကျမယ့် ဒီဇိုင်း)

အလုပ်ကနေ ပင်ပန်းလာသမျှ အိမ်ပြန်ရောက်တာနဲ့ လုံးဝအမောပြေသွားစေမယ့်၊ လူကြီးမင်းရဲ့ နေထိုင်မှုအဆင့်အတန်း (𝗦𝘁𝗮𝘁𝘂𝘀) နဲ့ အကိုက်ညီဆုံးဖြစ်မယ့် သီးသန့် ဒီဇိုင်းတွေကို ဖန်တီးပေးပါတယ်။

🔸 𝗧𝗿𝗮𝗻𝘀𝗽𝗮𝗿𝗲𝗻𝘁 𝗕𝘂𝗱𝗴𝗲𝘁𝗶𝗻𝗴 (ပွင့်လင်းမြင်သာသော ကုန်ကျစရိတ်)

ဘယ်နေရာမှာ ဘယ်ပစ္စည်းသုံးမယ်၊ ဘယ်လောက်ကုန်ကျမယ်ဆိုတာကို ကြိုတင်တွက်ချက် (𝗕𝗢𝗤) ချပြပေးတာကြောင့် မလိုအပ်တဲ့ အပိုကုန်ကျစရိတ် (𝗛𝗶𝗱𝗱𝗲𝗻 𝗖𝗼𝘀𝘁𝘀) တွေ ထပ်တက်လာမှာကို စိတ်ပူစရာ မလိုပါဘူး။

🔸 𝗣𝗿𝗲𝗺𝗶𝘂𝗺 𝗠𝗮𝘁𝗲𝗿𝗶𝗮𝗹 𝗦𝗲𝗹𝗲𝗰𝘁𝗶𝗼𝗻 (အရည်အသွေးမြင့် ပစ္စည်းများသာ ရွေးချယ်ပေးခြင်း)

ဈေးကွက်ထဲက အကောင်းဆုံး 𝗠𝗮𝘁𝗲𝗿𝗶𝗮𝗹 တွေကိုသာ ကျွမ်းကျင်သူတွေကိုယ်တိုင် စိစစ်ရွေးချယ်ပေးပြီး၊ သေသပ်ကျနတဲ့ အနုစိတ်လက်ရာတွေနဲ့ သင့်အိမ်လေးကို အသက်သွင်းပေးပါတယ်။

ကိုယ်တိုင် ပင်ပန်းခံနေစရာမလိုဘဲ အဆင့်အတန်းမြင့်မားတဲ့ "Dream Home" လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပဲ 𝗔𝗚𝗚 ရဲ့ 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 နဲ့ ဖုန်း 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯 ကို ဆက်သွယ်လိုက်ပါ။

🔸 𝐀𝐏𝐄𝐗 𝐆𝐞𝐧𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐆𝐫𝐨𝐮𝐩 🔸

✅ 𝐓𝐨 𝐘𝐨𝐮𝐫 𝐄𝐱𝐭𝐫𝐚𝐨𝐫𝐝𝐢𝐧𝐚𝐫𝐲 𝐃𝐫𝐞𝐚𝐦 𝐇𝐨𝐦𝐞 ✅

📲 𝟬𝟵 𝟴𝟴𝟳 𝟳𝟴𝟴 𝟱𝟴𝟯

🏢 𝐍𝐨.(𝟏𝐀-𝟏𝟑), 𝐌𝐲𝐢𝐧𝐭𝐡𝐚𝐫 (𝟏𝟏) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝗹𝗼𝗰𝗸 (𝟏𝟒), 𝐒𝐨𝐮𝐭𝐡 𝐎𝐚𝐤𝐤𝐚𝐥𝐚𝐩𝐚 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧.

📩 𝙞𝙣𝙛𝙤@𝙖𝙜𝙜𝙖𝙥𝙚𝙭.𝙘𝙤𝙢

𝗔𝗚𝗚 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 & 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 𝗖𝗼., 𝗟𝘁𝗱.




Address

No. (1A-13), Myinthar (11) Street, Block(14), South Oakkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959887788583

Website

Alerts

Be the first to know and let us send you an email when AGG Construction & Decorations Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AGG Construction & Decorations Co., Ltd:

Shortcuts

Share