18/06/2026
“သူများအိမ်မှာ လှတိုင်း... ကိုယ့်အိမ်နဲ့ လိုက်ဖက်ချင်မှ လိုက်ဖက်တာနော်! 🛋️”
"သူများအိမ်က Sofa လေး လှလို့ ဝယ်လိုက်တာ.. အိမ်လည်းရောက်ကော ဧည့်ခန်းကြီးတစ်ခုလုံး ပြည့်ညပ်သွားတာပဲ" ဆိုပြီး နောင်တရဖူးတဲ့သူတွေ ရှိလား?
Sofa ဝယ်တဲ့အခါ Design လှဖို့ထက် ကိုယ့်အိမ် layout နဲ့ ကိုက်ညီဖို့ က ပိုအရေးကြီးပါတယ်။ အဓိက အတွေ့ရများတဲ့ Type (၂) ခုရဲ့ ကွာခြားချက်ကို ပြောပြပေးမယ်နော်။
✨ Apartment နဲ့ Condo သမားတွေအတွက် L-Shape
နေရာအကျယ်အဝန်း အကန့်အသတ်ရှိရင် L-Shape ကိုသာ ရွေးလိုက်ပါ။ သူက ဧည့်ခန်းထောင့်တွေကို သေသပ်စွာ နေရာယူပေးပြီး Space ကို ချွေတာပေးနိုင်လို့ အခန်းကျဉ်းရင်တောင် ကျယ်ဝန်းတဲ့ Contrast မျိုးကို ပေးနိုင်ပါတယ်။
✨ မိသားစုကြီးတဲ့ အိမ်ကျယ်ကျယ်တွေအတွက် Sectional
ဧည့်ခန်းအကျယ်ကြီးမှာ Sofa သေးသေးလေးထားရင် အခန်းကြီးက ဟာလာဟင်းလင်း ဖြစ်နေတတ်ပါတယ်။ အိမ်ကျယ်ရင်၊ ဒါမှမဟုတ် မိသားစုဝင်များပြားပြီး ဧည့်သည်အလာများရင်တော့ အပိုင်းပိုင်းစိတ်ကြိုက် စီနိုင်တဲ့ Sectional Sofa က အဆင်ပြေဆုံးပါ။ အိမ်မှာ ရုပ်ရှင်တူတူကြည့်မလား၊ စကားဝိုင်းဖွဲ့မလား စုစုစည်းစည်းနဲ့ နေရာဆန့်ဆန့် ရစေမှာပါ။
Sofa ဆိုတာ Design ကြည့်ရုံတင်မဟုတ်ဘဲ အိမ်အကျယ်နဲ့ Lifestyle ကိုပါ တွက်ချက်ပြီးမှ ဝယ်ရတာမျိုးပါ။🥰
ဒီလို စနစ်တကျနဲ့ ကိုယ့်အိမ်နဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် Sofa Design တွေကို စိတ်ကြိုက်ရွေးချယ်ချင်တယ်ဆိုရင်တော့ Shine Modern Furniture ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 𝟏
𝐘𝐮𝐳𝐚𝐧𝐚 𝐏𝐥𝐚𝐳𝐚 , 𝐏 𝟒, 𝐌𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐓𝐚𝐮𝐧𝐠 𝐍𝐲𝐮𝐧𝐭, 𝐘𝐚𝐧𝐠𝐨𝐧.
☎️𝟎𝟗-𝟒𝟐𝟎𝟎𝟒𝟒𝟏𝟔𝟒
🏢 𝐒𝐡𝐨𝐰𝐫𝐨𝐨𝐦 𝟐
𝐍𝐨.𝟗𝟕𝟐, 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐑𝐝, 𝐍𝐞𝐚𝐫 𝟏𝟒/𝟏𝟓 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧, 𝐒𝐨𝐮𝐭𝐡 𝐎𝐤𝐤𝐚𝐥𝐚𝐩𝐚, 𝐘𝐚𝐧𝐠𝐨𝐧.
☎️ 𝟎𝟗-𝟒𝟒𝟏𝟏𝟒𝟗𝟒𝟗𝟐