PAM Construction Group Co.,Ltd.

PAM Construction Group Co.,Ltd. We Build With Passion.

PAM Group Of Constructions is based on Myanmar and offers constructions of Residential,Commercial buildings,Industrial,Hospitals,Educational,Resorts & Hotels.

18/08/2026

South Okkala Site ( Earthquake Resistance Building)
PAM Construction Group

Project - 37 x 56 3RCPAM Construction Group မှာ အကောင်းမွန်ဆုံး Archi Design တွေရရှိဖို့ အကောင်းဆုံး Team တွေနဲ့အတူ Desi...
16/08/2026

Project - 37 x 56 3RC

PAM Construction Group မှာ အကောင်းမွန်ဆုံး Archi Design တွေရရှိဖို့ အကောင်းဆုံး Team တွေနဲ့အတူ Design Concept များဖန်တီးရေးဆွဲပြီး Quality ပြည့်ဝစွာ တည်ဆောက်ပေးလျှက်ရှိပါတယ်။

We Build With Passion.

PAM Construction Group Co.,Ltd.
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

www.pamconstructionmm.com

Ph : 09773004600 / 09773005600

Copyright ©️ 2024 PAM Construction Group
All rights reserved.

အကြမ်းထည်လုပ်ငန်းဆောင်ရွက်မှု။တိကျတဲ့အရည်အသွေး၊ ခိုင်မာတဲ့လုပ်ငန်းစဉ်၊ ကောင်းမွန်သော Quality တို့နဲ့ လူကြီးမင်းတို့နေအိမ...
16/07/2026

အကြမ်းထည်လုပ်ငန်းဆောင်ရွက်မှု။

တိကျတဲ့အရည်အသွေး၊ ခိုင်မာတဲ့လုပ်ငန်းစဉ်၊ ကောင်းမွန်သော Quality တို့နဲ့ လူကြီးမင်းတို့နေအိမ်များအတွက် PAM Construction Group မှ တည်ဆောက်ပေးလျှက်ရှိပါတယ်။

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

14/07/2026

South Okkalar , Dammah YarZar Site
Ground Floor Column Concrete လောင်းခြင်းလုပ်ငန်း

40x60 မြေပေါ်တွင် တည်ဆောက်လို့ရမည့် Modern အိမ် Designs များအကြိုက်ထပ်တူကျရင် သိမ်းထားလို့ရပါတယ် ။ PAM Construction Grou...
14/07/2026

40x60 မြေပေါ်တွင် တည်ဆောက်လို့ရမည့် Modern အိမ် Designs များ

အကြိုက်ထပ်တူကျရင် သိမ်းထားလို့ရပါတယ် ။

PAM Construction Group မှာ အရည်အသွေးပြည့်ဝတဲ့ အဆောက်အဦတွေရရှိဖို့ အကောင်းဆုံး Archi & Structure Team တွေနဲ့အတူ Design Concept များဖန်တီးရေးဆွဲပြီး Quality ပြည့်ဝစွာ တည်ဆောက်ပေးလျှက်ရှိပါတယ်။

လူကြီးမင်းတို့ပေးရတာထက် ပိုကောင်းတဲ့၊ ပိုထိုက်တန်တဲ့ Quality မျိုးပေးနိုင်အောင် PAM Construction Group က အစဉ်အမြဲကြိုးစားနေပါတယ်။

We Build With Passion.

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ အိမ်မဆောက်ခင်ပြုလုပ်လေ့ရှိသည့်အချက် (၇) ချက်==================================အ...
13/07/2026

မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ
အိမ်မဆောက်ခင်ပြုလုပ်လေ့ရှိသည့်အချက် (၇) ချက်
==================================

အရွယ်ရောက်ပြီးလူတစ်ယောက်ချင်းစီရဲ့ စိတ်ကူးအိပ်မက်တွေတိုင်းမှာလည်း ကိုယ်ပိုင် အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်ဖို့ဆိုတဲ့အိပ်မက်က မပါမဖြစ်ပါဆဲပါပဲ။ အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်တယ်ဆိုတဲ့နေရာမှာလည်း ခေတ်အခြေအနေအထားတွေအရ တချို့က မြေ၀ယ်ပြီး အိမ်ကို ကိုယ်တိုင်ဆောက်တယ်။ တချို့က ဆောက်ပြီးသား အိမ်၀ယ်တယ်။ တချို့က တိုက်ခန်း၀ယ်တယ်။ တချို့ကျတော့လည်း အလုပ်ရှုပ်မခံနိုင်လို့ ကိုယ်လိုချင်တဲ့ပုံစံကို ကန်ထရိုက်အပ်တယ် စသဖြင့် နည်းလမ်းမျိုးစုံနဲ့ အကောင်အထည်ဖော်လေ့ရှိကြပါတယ်။

ဒါပေမယ့် ကိုယ်ဆံဖြူသွားကျိုး အိုမင်းမစွမ်းဖြစ်တဲ့အချိန်ထိနေထိုင်မယ့် အိမ်ကို အိမ်တလုံးပိုင်ရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့တော့ အလျင်စလိုဖြစ်သလို ၀ယ်ယူတာမျိုးမဟုတ်ဘဲ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် ကိုယ့်စိတ်တိုင်းကျဖြစ်အောင် အဘက်ဘက်ကနေ ထောင့်စေ့အောင် ပြုလုပ်နိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်… ဒီလိုပြုလုပ်တဲ့နေရာမှာလည်း ရှေးထုံးလည်းမပယ်နဲ့ စျေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့စကားအတိုင်းပဲ ရှေးက လူကြီးသူမတွေ အိမ်ဆောက်ရင် ပြုလုပ်ခဲ့ကြတဲ့နည်းလမ်းများစွာထဲက အဓိကကျတဲ့ အချက်တချို့ကို ဝေမျှပေးချင်ပါတယ်။ ..
၁။ မြေသန့်ခြင်း
------------------
📌ကိုယ်၀ယ်ယူတဲ့မြေဟာ ပိုင်ရှင်ဘယ်နှစ်ယောက်ပြောင်းခဲ့ပြီး အရင်က ဘယ်လိုမြေမျိုးဖြစ်ခဲ့မှန်း ရာဇ၀င်ကို အရင်လိုက်လေ့လာပြီးမှ ၀ယ်ယူနိုင်ရင်တော့ အကောင်းဆုံးပါ… ကိုယ့်စိတ်ကြိုက် မြေ၀ယ်ပြီးပြီ။ အဲဒီမြေပေါ်မှာလည်း အိမ်ဆောက်နေဖို့ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ မိမိနေထိုင်တဲ့မြေပေါ်မှာ သူတပါးက မကောင်းတဲ့အစီအရင်မျိုး လုပ်မထားနိုင်အောင် မကောင်းတဲ့အမှောင့်ပယောဂတွေ ကပ်မနေနိုင်အောင် ရှေးယခင်ကတော့ အဲဒီမြေပေါ်မှာ နွားနဲ့အရင်ထွန်ရပါတယ်။ မကောင်းသူမကောင်းသားတွေက ထွန်ကို ကြောက်တတ်ကြလို့ပါတဲ့။ ပြီးရင် ပြောင်းစေ့နဲ့နှမ်းစေ့ စတိပမာဏကို ယူပြီး အဲဒီမြေပေါ်မှာ ကျဲပက်ပေးလေ့ရှိပါတယ်။ နှမ်းက စီးပွားလာဘ်လာဘတိုးတက်အောင်ဖြစ်ပြီး ပြောင်းစေ့ကတော့ ဒီနေရာကို ပြောင်းရွှေ့လာတယ်ဆိုတဲ့ အဓိပ္ပါယ်ကြောင့်ဖြစ်ပါတယ် ။ ပြီးရင်တော့ ရဟန်းသံဃာတွေကို ပင့်ဖိတ်ပြီး ပရိတ်ရွတ်ရပါတယ်။ ဒါကိုပဲ မြေသန့်တယ်။ မြေနှင်တယ် စသဖြင့် အမျိုးမျိုးခေါ်လေ့ရှိကြပါတယ်။..
၂။ ပန္နက်ရိုက်ခြင်း
---------------------
📌အိမ်ကြီးအိမ်ကောင်းတစ်ဆောင်ဆောက်လုပ်တော့မယ်ဆိုရင် ရှောင်ရန်ဆောင်ရန် အချက်တွေက အရမ်းကိုမှ များပြားလွန်းပါတယ်။ အဲဒီထဲကမှ အဓိကကျပြီး မဖြစ်မနေလုပ်ရမယ့်အချက် နောက်တချက်ကတော့ ပန္နက်ရိုက်ခြင်းပဲဖြစ်ပါတယ်.. ပန္နက်ရိုက်တယ်ဆိုတဲ့နေရာမှာလည်း ကိုယ်အားတဲ့နေ့မှာ ကိုယ်ကြိုက်တဲ့လူရဲ့အကူအညီကို ယူပြီး ရိုက်လိုက်တာမျိုးမဟုတ်ဘဲ တတ်သိနားလည်တဲ့လူတွေနဲ့တိုင်ပင် မေးမြန်းတွက်ချက်ပြီး အိမ်ပိုင်ရှင်ရဲ့နေ့နံ၊ အိမ်ဆောက်မည့် လ စတာတွေအပေါ်မူတည်ပြီး နေ့ကောင်းရက်သားရွေးရပါတယ်။

ရက်ရွေးတဲ့အခါမှာလည်း တန်ခူးသာကျော်၊ ထွန်းပေါ်ကဆုန်၊ နယုန်ညွန့်စ၊ အောင်လှ ဝါဆို၊ သာလို ဝါခေါင် စသဖြင့် သူ့လနဲ့ သူ့ရက် ရှိကြပါတယ်… ဥပမာ တန်ခူးလမှာ အိမ်ဆောက်မယ်ဆို သောကြာနဲ့တနင်္လာရက်တွေကို ရွေးရမယ်လို့ ဆိုပါတယ်။ နောက်ပြီး ပန္နက်ကြိုးကိုင်ရတဲ့လူဟာလည်း နီးစပ်ရာလူမဟုတ်ဘဲ တိုးတက်ကြီးပွားစေမယ့် အတိတ်နိမိတ်ကိုဆောင်မယ့် အိမ်ရှင်ရဲ့နေ့နံအလိုက် ဘယ်လိုနေ့သားကမှ ပန္နက်ရိုက်ရမယ်၊ ပန္နက်ကြိုးကိုင်ရမယ်ဆိုတာမျိုးတွေလည်း ရှိပါသေးတယ်။

မြန်မာတို့အယူအရ နဂါးခေါင်းအလှည့်ကလည်း ပန္နက်ရိုက်မယ့်နေရာမှာ အရေးကြီးပါတယ်။ ဒါကိုလည်း တော်ကျွတ် မုန်းရှေ့၊ နပြာတွဲတောင်၊ ပေါင်း ကူး ဆုန် နောက်၊ န ဝါ ဝါ မြောက် ဆိုပြီး အတိုကောက်မှတ်သားထားလေ့ရှိပါတယ်။ အိမ်ဆောက်မယ့်လက ဝါဆိုလဆိုရင် နဂါးခေါင်းမြောက်ဘက်လှည့်တဲ့အတွက် ပန္နက်ရိုက်တဲ့လူက အနောက်ဘက်ကနေပြီး အရှေ့ဘက်ကို မျက်နှာမူပြီး ရိုက်ရပါတယ်။ အခုပြောနေတာက သာမန်အိမ်တလုံးဆောက်ရင် လုပ်လေ့ရှိတဲ့ ဓလေ့ထုံးစံအယူအဆတွေပဲ ရှိပါသေးတယ်။ တည်ဆောက်မယ့်အဆောက်အဦးက သာသနာ့အဆောက်အအုံ ဒါမှမဟုတ် ကြီးကျယ်ခမ်းနားတဲ့အဆောက်အအုံဆိုရင် ပန္နက်တင်မင်္ဂလာအခမ်းအနားဆိုပြီး အကြီးအကျယ်လုပ်ကြတာလည်း မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာတစ်ခုပဲဖြစ်ပါတယ်.....
၃။ တိုင်ထူခြင်း
--------------------------------------------
📌အိမ်တစ်အိမ်စပြီးဆောက်တော့မယ့်ဆိုရင် ပထမဆုံးအနေနဲ့ အိမ်မှာပါ၀င်တဲ့ အိမ်ကို ထောက်ကန်မယ့် တိုင်တွေကို အရင်ဆုံး မြေကြီးမှာ စိုက်ရပါတယ်။ တိုင်တွေကိုမထူခင် အမွေးနံ့သာပါတဲ့ရေကို သပြေခက်နဲ့ ဖြန်းပေးရပါတယ်။ အိမ်တိုင်တွေထဲကမှ အရေးကြီးဆုံးဖြစ်တဲ့ ခေါင်တိုင်နဲ့ဥယျာဉ်တိုင်တို့ကို ထူတဲ့အခါ ငှက်ပျောဖီး၊ သပြေညွန့်၊ မြေစာညွန့်တွေကို ကြိုးနဲ့ချည်ပြီးထောင်ရပါတယ်။ အဲဒီနှစ်တိုင်ထဲကမှ ဥယျာဉ်တိုင်ကို အရင်ဆုံးထောင်ရပါတယ်။ ဥယျာဉ်တိုင်ဆိုတာ အိမ်ဦးခန်းတိုင်ကိုဖယ်ပြီး အဲဒီတိုင်ရဲ့နောက်က လက်ဝဲ လက်ယာတိုင်တွေကို ခေါ်တာပဲဖြစ်ပါတယ်…..
၄။ အသား(သစ်သား)ရွေးခြင်း
------------------------------------
📌အုတ်နဲ့အင်္ဂတေနဲ့ တိုက်ဆောက်မယ်ဆိုရင်တော့ ဒီအဆင့်က ဖယ်ထားခဲ့ရမယ့်အဆင့်ပဲဖြစ်ပါတယ်.. ဒါပေမယ့် ရှေးယခင်ခေတ်တုန်းကတော့ ဘုရင်မိဖုရားတွေနေထိုင်တဲ့ နန်းတော်ကြီးတွေက အစ သစ်သားကို အဓိက သုံးပြီးတည်ဆောက်ကြတာမို့ ဒီအဆင့်က အရေးအကြီးဆုံးအဆင့်တဆင့်ဖြစ်ခဲ့ပါတယ်။ အိမ်ဆောက်မယ့်သစ်ကို မင်္ဂလာယူပြီး သစ်ကြိုပွဲတွေတောင် လုပ်လေ့ရှိပါတယ်။ အိမ်ဆောက်ရာမှာ သုံးဖို့မသင့်တဲ့အသားတွေကို မှားယွင်းရွေးချယ်တည်ဆောက်မိရင် အိမ်ရှင်နဲ့အိမ်သားတွေကို ထိခိုက်တတ်တယ် စီးပွားလာဘ်လာဘတွေ ဆုတ်ယုတ်တတ်တယ်လို့လည်း ယုံကြည်ခဲ့ကြပါတယ်။ ဒါကြောင့် ကျီးအာ၊ နတ်သက်၊ ပုခက်လွှဲ၊ တော်လဲ၊ သစ်ကြိတ်၊ သစ်တွဲလဲဆိုတာမျိုးတွေ၊ မအူ၊ မိကျောင်း၊ သခွပ်၊ ဆီး၊ သပြေ၊ ကလော၊ သစ်ဆိမ့်၊ လက်ပံ စတဲ့ အသားတွေကို ရှောင်ပြီးတည်ဆောက်ကြပါတယ်…...
၅။ အိမ်အလှည့်ရွေးခြင်း
-----------------------------------------
📌အိမ်ပိုင်ရှင်ရဲ့နေ့နံကို လိုက်ပြီး သူဆောက်တဲ့အိမ်က ဘယ်အရပ်ကို မျက်နှာမူရမယ်၊ ဘယ်အရပ်ကို မျက်နှာမူပြီးမဆောက်ရဘူးဆိုတာမျိုး ရှိပါသေးတယ်။ ဒါကလည်း အခုခေတ်အနေအထားအရ လိုက်နာကျင့်သုံးဖို့ခက်နိုင်တဲ့အချက်တချက်ပါပဲ။ လမ်းတစ်လမ်းရဲ့ ဟိုဘက်ခြမ်း ဒီဘက်ခြမ်းမှာ အိမ်တွေ တန်းစီတည်ဆောက်ထားကြတာမို့ မိမိအိမ်ဆောက်တဲ့အခါမှာလည်း အများနည်းတူ လိုက်ဆောက်ကြရမှာပါ။ ကိုယ်ကမှ အရှေ့လှည့်အိမ်ကို လိုချင်တယ်။ တောင်ဘက်လှည့်တာကမှ ကိုယ့်အတွက် ပိုအကျိုးရှိစေမယ်ဆိုရင်တော့ မြေ၀ယ်ကတည်းက ကြိုတင်ပြီး ဘေးပတ်၀န်းကျင်က အိမ်တွေရဲ့အလှည့်အနေအထားကို လေ့လာထားသင့်ပါတယ်။ ရှေးမြန်မာတွေရဲ့ အယူအဆအတိုင်းဆိုရင်တော့ အိမ်ပိုင်ရှင်နဲ့ ဘူမိကျတဲ့အရပ်ကို အိမ်မျက်နှာလှည့်မဆောက်ကြပါဘူး။ ဘူမိကျတဲ့အရပ်ဆိုတာ ညံ့တဲ့အရပ်ကို ပြောတာပါ။ အဲဒီဘူမိကျတဲ့အရပ်မှာတော့ အိမ်သာကို ဆောက်လေ့ရှိကြပါတယ်။ အိမ်မျက်နှာလှည့်နဲ့ပတ်သက်ပြီး နောက်ထပ်သတိထားရမှာတခုကတော့ လမ်းမကိုကျောပေးပြီး အိမ်မဆောက်မိဖို့ပဲဖြစ်ပါတယ်…...
၆။ လှေကားထူခြင်း
-------------------------------------------
📌ပထမဆုံးအနေနဲ့ အိမ်ကို အကြမ်းထည်အရင်ဆောက်ပြီး များသောအားဖြင့် နှစ်ထပ်ဆောက်လေ့ရှိတဲ့ မြန်မာအိမ်ကြီးအိမ်ကောင်းဟာ များသောအားဖြင့် လှေကားထူမယ့်နေ့မှာတော့ လှေကားထူပွဲ ( လှေကားတင်) ဆိုပြီး ပြုလုပ်ကြလေ့ရှိပါတယ်…. အဲဒီနေ့မှာ ရဟန်းသံဃာတွေကို ပင့်ဖိတ်ဆွမ်းကျွေးတာတွေလုပ်ပြီး စပါးတောင်း၊ ဝါးတောင်း၊ ပဲတောင်း၊ ဆီအိုး၊ ငါးပိအိုး ၊ မီးခွက်၊ ကွမ်းအစ်အသစ် အသစ်တွေကို အသုံးပြုပြီး အိမ်အရာမြောက်အောင် စီမံကြလေ့ရှိပါတယ်။ လှေကားဆံ ခေါ် လှေကားထစ်အရေအတွက်ကိုလည်း မ ဂဏန်းထားရပြီး လှေကားတထစ်နဲ့တထစ်ကြားအကွာအဝေးကိုလည်း သေချာတွက်ချက်ပြီးမှ လှမ်းလို့တက်လို့ကောင်းအောင် ၂၄ လက်မအကွာအဝေးနဲ့ ကလေးများတဲ့အိမ်ဆိုရင်တော့ လက်မ ၂၀၊ ၂၂ လက်မလောက် ထားပြီး ပြုလုပ်ကြတာကို တွေ့ရှိရပါတယ်.....
၇။ အိမ်သစ်တက်ခြင်း
-------------------------------------------
📌ဒါကတော့ ကျန်တဲ့အချက် ခြောက်ချက်ထက် လိုက်ပြီးလုပ်ရလွယ်တဲ့ ခုချိန်ထိလည်း လိုက်နာကျင့်သုံးနေကြဆဲဖြစ်တဲ့ ထုံးတမ်းအစဉ်အလာတခုပါပဲ။ မြန်မာ့ယဉ်ကျေးမှုအရတင်မဟုတ်ဘဲ တခြားလူမျိုးခြား ဘာသာခြားတွေမှာလည်း ဒီလိုဓလေ့ထုံးစံတွေရှိကြပါတယ်။ မြန်မာ့ဓလေ့ထုံးစံမှာ ထူးခြားတာကတော့ သံဃာတွေကို ပင့်ဖိတ်ပြီး ပရိတ်ပဌာန်းတွေရွတ်ဖတ်လို့ အိမ်သစ်ကို ကြိုဆိုကြခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုတော့ ဆောက်ပြီးသားအိမ်၀ယ်ယူတဲ့လူတွေလည်း လိုက်ပြီးလုပ်ဆောင်နိုင်ပါတယ်။...
အခုပြောသွားတဲ့အချက်တွေဟာ ရှေးကျတဲ့ အယူအဆများ၊ တချို့လည်း လိုက်လုပ်ရတဲ့ခက်တဲ့အယူအဆများ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ မြို့ကြီးပြကြီးတွေမှာ ဒီအချက်တွေကို လိုက်မလုပ်ကြတောပေမယ့် နယ်မြို့တွေ ကျေးလက်ဒေသတွေမှာတော့ အိမ်ဆောက်ရင် ဒီအချက်တွေက ချန်ထားလို့မရတဲ့ မဖြစ်မနေလုပ်ဆောင်နေကြဆဲဖြစ်တဲ့ အချက်တွေပဲဖြစ်ပါတယ်..

မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ ရှေးယခင်က အိမ်တလုံးဆောက်တော့မယ်ဆိုရင် ဘယ်လောက်ထိ အသေးစိတ် အနုစိတ်ပြီး ဂရုတစိုက်လုပ်ဆောင်ခဲ့ကြတယ်ဆိုတာကို ဗဟုသုတ အနေနဲ့မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။ အိမ်တစ်လုံးကို ကိုယ်တိုင် ဆောက်နိုင်မယ် ဆောက်ဖြစ်မယ်ဆိုရင် ဒီအချက်လက်လေးတွေဟာ အထောက်အကူဖြစ်စေဖို့ရန်အတွက် ရည်ရွယ်ပါတယ် ။

အားလုံးဘဲ မင်္ဂလာရှိသောအိမ်ကြီးအိမ်ကောင်းများစွာကို နှစ်သစ်မှာ ပိုင်ဆိုင်နိုင်ကြပါစေ။

Credit belongs to the respective owner.

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

တိုက်နံရံသားအသစ်ကို ဆေးမသုတ်ခင် အရင်ဆုံးပြုလုပ်ရမည့် အရာများ...1. ဆေးမသုတ်ခင် နံရံသား ​မခြောက်လို့ အစိုဓာတ်ရှိ မရှိစစ်ရပ...
09/07/2026

တိုက်နံရံသားအသစ်ကို ဆေးမသုတ်ခင် အရင်ဆုံးပြုလုပ်ရမည့် အရာများ...

1. ဆေးမသုတ်ခင် နံရံသား ​မခြောက်လို့ အစိုဓာတ်ရှိ မရှိစစ်ရပါတယ်
အစိုဓာတ်15%ထက်ကျော်လွန်နေသေးရင် ဆေးမသုတ်သင့်သေးပါ။

2.ဆေးမသုတ်ခင် နံရံချောသားတွေ လေခိုတာရှိ မရှိ စစ်သင့်ပါတယ် လေခိုနေတဲ့ နံရံချောသားပေါ် ဆေးမသုတ်သင့်ပါ။

3. ဆေးမသုတ်ခင် နံရံအပ်ကွဲကြောင်းတွေ ရှိ မရှိ စစ်ရပါမယ် အတွင်းအပြင် နှစ်ဖက်ရှိတဲ့ အပ်ကွဲကြောင်းမျိုးတွေက
မိုးတွင်းရောက်ရင် ရေစိမ့်ဝင်နိုင်တာမို့
အတွင်းအပြင်အပ်ကွဲကြောင်းတွေပေါ် ဆေးမသုတ်သင့်ပါ။

4.ဆေးမသုတ်ခင် နံရံချောသားပေါ် သဲစကာမချပဲချောထားလို့ သစ်စတွေရှိမရှိ စစ်သင့်ပါတယ် ။

5.ဆေးမသုတ်ခင် နံရံကို ချိန်ကျ မျဥ်းကျချောထားတာလား သို့မဟုတ် နံရံလှိုင်းတွေရှိနေလား စစ်သင့်ပါတယ်
နံရံတွေ ကြိုးလိုင်းတွေ ချိန်ကျမျဥ်းကျ ချောထားတာမဟုတ်ရင် ပတ်တီးရိုက်ဆေးသုတ်တော့မှ ချိန်ကျမျဥ်းကျ ညီချင်လို့မရတော့ပါ
ပတ်တီးက နံံရံသား လှိုင်းတွေ ညီညာမှုမရှိတဲ့ နံရံသားပေါ် ညီညာသွားအောင်တင်ရိုက်လို့မရပါ
ချိန်ကျမျဥ်းကျ ညီညာအောင်ချောသားထားတဲ့ နံရံကို ချောမွေ့သွားအောင် အများဆုံး 3mmလောက်သာတင်ရိုက်သင့်ပါတယ်။

6.ဆေးတွေကို မသန့်တဲ့ရေနဲ့ မရောစပ်သင့်ပါ ဆေးပုံးအညွှန်းမှာပါတဲ့ %ထက်ရေကို ပိုပြီးမရောစပ်သင့်ပါ ။

7.ပတ်တီးတွေကို ကိုယ်ရိုက်နိုင်သလောက်ပဲ ဖျော်စပ်ပါ ပိုသွားလို့နောက်နေ့ပြန်ရိုက်မယ်ဆိုရင် မရပါ
ခဲသွားပြီး ပစ္စည်းလေလွင့်နိုင်ပါတယ်။

8.ဆေးတစ်ထပ်သုတ်ပြီးလို့မခြောက်ခင် နောက်တစ်ထပ် တန်းပြီးမသုတ်သင့်ပါ ဆေးခြောက်အောင် အနည်းဆုံး နှစ်နာရီလောက်ထားသင့်ပါတယ်။

9.ပတ်တီးတစ်ထပ်ရိုက်ပြီးလို့ နောက်တစ်ထပ် တန်းပြီးမရိုက်သင့်ပါ ပတ်တီးခြောက်အောင် အနည်းဆုံး လေးနာရီလောက် အခြောက်ခံပြီးမှ နောက်တစ်ထပ် ပတ်တီးရိုက်သင့်ပါတယ်။

၁၀.ပတ်တီးရိုက် ချောမွေ့အောင်ကော်ပတ်တိုက်ပြီးသွားရင် ပတ်တီးအမှုန့်အမွားတွေပြောင်အောင်ခါ သန့်ရှင်းရေးလုပ်ပြီးမှ ဆီလာခံဆေးချုပ် ဆေးသုတ်သင့်ပါတယ်
ဆီလာခံဆေးကို ခြောက်သွေ့အောင် အနည်းဆုံး နှစ်နာရီလောက်ထားပြီးမှ အပေါ်မှ ဆေးသုတ်နိုင်ပါတယ်
ဆီလာခံဆေးမခြောက်ခင် ဆေးတန်းမသုတ်သင့်ပါ။

Credit belongs to the respective owner.

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

PAM Construction Group မှ ထပ်မံတိုးချဲ့သော လုပ်ငန်းများအတွက် အောက်ပါ positions များ ခေါ်ယူနေပါတယ်။Project Engineer  - 1 ...
07/07/2026

PAM Construction Group မှ ထပ်မံတိုးချဲ့သော လုပ်ငန်းများအတွက် အောက်ပါ positions များ ခေါ်ယူနေပါတယ်။

Project Engineer - 1 post
Sale & Marketing - 2 post
QS Engineer - 1 post
Site Engineer - 2 post

Please send your CV, including your expected salary, via Viber or email.
09-77777 6414 , [email protected]

ပထမထပ် Slab Formwork လုပ်ငန်းဆောင်ရွက်မှု။PAM Construction Group မှ တာဝန်ယူတည်ဆောက်နေသော 48 ၊ မြောက်ဒဂုံ Site ရဲ့ လုပ်ငန...
07/07/2026

ပထမထပ် Slab Formwork လုပ်ငန်းဆောင်ရွက်မှု။

PAM Construction Group မှ တာဝန်ယူတည်ဆောက်နေသော 48 ၊ မြောက်ဒဂုံ Site ရဲ့ လုပ်ငန်းဆောင်ရွက်မှုဖြစ်ပါတယ်။

အကြမ်းထည်မှာရော အချောထည်ထိပါ Quality Control အရည်အသွေးပိုင်းကို ဂရုတစိုက်ဆောင်ရွက်ပါတယ်။

လူကြီးမင်းတို့ နေအိမ်တွေအတွက် စိတ်ချရတဲ့ Construction တခုရွေးချယ်ဖို့လိုတဲ့အခါ PAM Construction Group ရှိပါတယ်။

လူကြီးမင်းတို့ပေးရတာထက် ပိုကောင်းတဲ့ပိုထိုက်တန်တဲ့ Quality မျိုးပေးနိုင်အောင် PAM Construction Group က အစဉ်အမြဲကြိုးစားနေပါတယ်။

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

မင်္ဂလာမနက်ခင်းမှာ  မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။30 x 50 မြေကွက်ပေါ်မှာ တည်ဆောက်မည့် ရိုးရိုးရှင်းရှင်း Modern Minima...
01/07/2026

မင်္ဂလာမနက်ခင်းမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။

30 x 50 မြေကွက်ပေါ်မှာ တည်ဆောက်မည့် ရိုးရိုးရှင်းရှင်း Modern Minimalist Design ဖြစ်ပါတယ်။

PAM Construction Group Co.,Ltd.
www.pamconstructionmm.com

Head Office
No.93, Tharaphi Road, Khayae Pin Yeik Mon Housing, Mingalardon, Yangon.

Branch Office
No.305, Aungsikone Pagoda Road,
Mingalardon, Yangon.

☎️ 09773004600 / 09773005600

Address

Aung Si Gon Pagoda Street
Yangon
11021

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959773004600

Alerts

Be the first to know and let us send you an email when PAM Construction Group Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PAM Construction Group Co.,Ltd.:

Shortcuts

Share