ရှင်သန်ရာ - Landscapingဝန်ဆောင်မှုလုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • ရှင်သန်ရာ - Landscapingဝန်ဆောင်မှုလုပ်ငန်း

ရှင်သန်ရာ - Landscapingဝန်ဆောင်မှုလုပ်ငန်း " Landscaping ပြုလုပ်ခြင်းများအတွက်ဆို တစ်?

https://www.facebook.com/1981938075404632/posts/3068823060049456/ဘိုကာရှီလုပ်နည်းများ How To Bokashi ဘိုကာရှီပုံးဖြည့်နည...
14/04/2022

https://www.facebook.com/1981938075404632/posts/3068823060049456/

ဘိုကာရှီလုပ်နည်းများ How To Bokashi

ဘိုကာရှီပုံးဖြည့်နည်း Step One ဗီဒီယို
https://fb.watch/avLVl8QL9n/

ဘိုကာရှီ ပုံးသွန်နည်း Step Two ဗီဒီယို
https://fb.watch/avM1FUdO0z/

ဘိုကာရှီပုံးဖြည့်နည်း Step One ဗီဒီယို နောက်တခု
https://fb.watch/avM8i3x9YH/

Bokashi ပုံးဖြည့်နည်း Step One for Recyglo
https://fb.watch/avMgbgOhmB/

ဘိုကာရှီပုံးသွန်နည်း Step two နောက်တစ်ခု၊ ဒီနည်းက စိုက်ဘောင်မှာ တိုက်ရိုက်သုံးနည်းပါ။
https://fb.watch/avMlJvKYy_/

Leaf Cage လုပ်နည်း ဗီဒီယို
https://fb.watch/avMrSa-J4L/

How to Bokashi by a customer...ဝယ်သူမိတ်ဆွေတဦးလုပ်ပေးထားတဲ့ ဘိုကာရှီဗီဒီယို
https://fb.watch/avMwGpBaSk/

Leaf Cage Compost harvesting
https://fb.watch/avMJW35wnN/

Leaf Cage Compost harveating နောက်တစ်ခု
https://fb.watch/avMM-Qq5yv/

How to make a leaf Cage Compost pile
https://fb.watch/avMTh88Q49/

The Food Waste Man
https://fb.watch/avMYnRPtuP/

Why Food Waste ( Media )
https://fb.watch/avM-2xf_5k/

Why Bokashi ( Media)
https://fb.watch/avN9ILN-5D/

Compost Pile / stack ​မြေဆွေးကန်
https://fb.watch/avNdSKjow-/

How to fill your bucket with the food waste for the bokashi process
https://fb.watch/avNv-ieUvE/

https://www.facebook.com/1981938075404632/posts/2735291590069273/
#သစ်ရွက်ကြွေမြေဆွေးပြုလုပ်ခြင်း

Link လေးတချို့စုစည်းပေးထားတာပါ။

အလွယ်ဆုံးနည်းပြောရရင်

Kitchen and food waste တွေကို အမှိုက်အနေနဲ့လွှင့်မပစ်ဘဲ ဘိုကာရှီနည်းစနစ်သုံးပြီးမြေဆွေးပြုလုပ်ဖို့ရာမှာ
လိုအပ်ချက် နှစ်ရပ်ရှိပါတယ်။

1. Bokashi bran ခေါ်တဲ့ ဘိုကာရှီဖွဲနုမှုန့်ရယ်
2. လေလုံအောင်အဖုံးပိတ်ဖုံးလို့ရနိုင်တဲ့ airtight ပုံးတပုံးရယ် လိုအပ်ပါတယ်။

လုပ်ဆောင်ပုံကတော့
၁။ တနေ့တာ အိမ်ကထွက်သမျှအမှိုက်စွန့်ပစ်ပစ္စည်းများကိုစုပါ။
၂။ ပုံးထဲကိုထည့်ပါ။
၃။ ဘိုကာရှီဖွဲနုမှုန့် လက်တဆုပ်စာ တနည်း နှစ်ဇွန်းစာလောက်ဖြူးပေးပါ။
၄။ အဖုံးသေချာလုံအောင်ပြန်ပိတ်ဖုံးပါ။
၅။ ဖရဲသီးခွံလိုမျိုး ဘုရားပန်းလိုမျိုး ဂေါ်ဖီအူတံလိုမျိုး ကြီးမားတာပါရင် သေးငယ်သွားအောင်လှီးဖြတ်ပေးပါ။ ပိုကောင်းပြီးပိုမိုထိရောက်စေနိုင်တာကြောင့်ပါ။
၆။ Kitchen and good waste သဘောက အစိုဓာတ်များ၊ အရည်ထွက်လွယ်ပြီး အဲ့ဒါကြောင့်ပဲ အနံအသက်ဆိုးစေတာမျိုးမို့ အရည်အိုင်မနေအောင် ပုံးရဲ့ အောက်ခြေမှာ အရည်စုပ်ပစ္စည်းတမျိုးမျိုးထည့်ပေးရင်ပိုကောင်းပါတယ်။ အရည်စုပ်ပစ္စည်းအဖြစ် သတင်းစာစက္ကူအဟောင်းများ၊ တစ်ရှူးစက္ကူသုံးပြီးသားများ၊ အုန်းဆံမှုန့်များ၊ စပါးခွံများ စတဲ့ အရည်စုပ်ယူစုဆောင်းနိုင်စွမ်းရှိတဲ့မည်သည့်သဘာဝထွက်ပစ္စည်းကိုမဆိုသုံးနိုင်ပါတယ်။

၇။ အထက်ပါနည်းအတိုင်း တနေ့တကြိမ်ဆက်လက်လုပ်ဆောင်သွားပါ။
အဖုံးသေချာလုံခြုံအောင်ပြန်ပိတ်ဖို့ရယ်၊ တနေ့စာအမှိုက်ကိုတနေ့ချင်း သေချာပုံးမှာဖြည့်ဖြစ်ဖို့ရယ်အရေးကြီးပါတယ်။

အမှိုက်ကနည်းနည်းပဲထွက်လို့ နှစ်ရက်သုံးရက် နေမှတခါ စုပြီးလုပ်ပါတယ်ဆိုရင် လောက်တက်တဲ့ပြဿနာကြုံကြပါလိမ့်မယ်။

၈။ ပုံးပြည့်သွားတဲ့အခါ တပတ်လောက်ဒီအတိုင်းထားလိုက်ပါ။

ဒါက ဘိုကာရှီလုပ်ငန်းစဉ်ရဲ့ပထမပိုင်းဖြစ်ပါတယ်။

ဘိုကာရှီလုပ်ငန်းစဉ် ဒုတိယပိုင်းကိုဆက်လက်ပြောဆိုဆွေးနွေးပါမယ်။

ဒီနေရာမှာတစ်ခုသတိပြုပါ။
ပုံးထဲမှာ အမှိုက်ကိုဘိုကာရှီအမှုန့်နဲ့စိမ်တာက အချဉ်ဖောက်တာပါ။ အဲသလိုလုပ်ပေးရုံနဲ့ ပုံးထဲတင် အမှိုက်က မြေဆွေးဖြစ်မသွားပါဘူး။

ပြည့်သွားလို့တပတ်တာကာလကြာအောင် အချဉ်ပေါက်ဖို့ထားလိုက်တဲ့ပုံးကို တပတ်အကြာကာလနောက်ပိုင်းမှာ

၁။ တိုက်ရိုက်အပင်စိုက်နိုင်အောင်အသုံးပြုနိုင်သလို
၂။ မြေဆွေးပြုလုပ်ပါ။

တိုက်ရိုက်အပင်စိုက်ဖို့ဆို အပင်စိုက်မယ့်မြေမှာ ပုံးကိုသွန်ထည့်၊ မြေနဲ့ပြန်ဖုံးအုပ်ပြီးတပတ်လောက်ထပ်စောင့်၊ ပြီးရင်စိုက်ချင်ရာအပင်စစိုက်နိုင်ပါပြီ။
ကိုယ်စိုက်တဲ့အပင်ကို ကိုယ့်ဘိုကာရှီအမှိုက်ဆွေးလေးတွေကလိုအပ်တဲ့သဘာဝအာဟာရထောက်ပံ့ပေးပါလိမ့်မယ်။

မြေဆွေးလုပ်ချင်တာဆိုရင်တော့
သစ်သား၊ သွပ်ပြား၊ ဝါးကတ်ပြားစသည်တစ်ခုခုဖြင့် ကန်တကန်တည်ဆောက်ပါ။

သစ်ရွက်ခြောက် ၆ လက္မခန့်အထူတလွှာထည့်ပါ။ ရေဖြန်းပြီးဖိနင်းပေးပါ။

အချဉ်ဖောက်ထားတဲ့၊ ပုံးထဲမှာတပတ်ကျော်ကြာပြီးဖြစ်တဲ့ဘိုကာရှီချဉ်ဖတ်ကိုသွန်ထည့်ပါ။

မြေသားနည်းနည်းနဲ့ဖုံးအုပ်ပေးပါ။

သစ်ရွက်ခြောက် = carbon အလွှာတစ်ခုရယ်
Bokashi= nitrogen အလွှာတစ်ခုရယ်နဲ့
Soil မြေသားတလွှာ သဘောတရားဖြစ်ပါတယ်။

ဒါဆို နှစ်လဝန်းကျင်လောက်မှာမြေဆွေးရပါမယ်။

ဒါလောက်ဆိုအခြေခံဘိုကာရှီလုပ်နည်းအတွက်လုံလောက်မယ်ထင်ပါတယ်။ ဆက်လက်ပြီးလည်းထပ်မံတင်ပြဆွေးနွေးပေးသွားပါအုံးမယ်။




စားသောက်ကုန် အသီးအနှံ အခြောက်ခံခြင်းသဘောတရား။===============================စားသောက်ကုန် အသီးအနှံ တွေကိုအခြောက်ခံခြင်း လ...
20/01/2022

စားသောက်ကုန် အသီးအနှံ အခြောက်ခံခြင်းသဘောတရား။
===============================

စားသောက်ကုန် အသီးအနှံ တွေကိုအခြောက်
ခံခြင်း လုပ်ငန်းကိုအတော်များများစိတ်ဝင်တစားလုပ်လာကြပါတယ်။

လျှပ်စစ် စွမ်းအင်သုံး အခြောက်ခံခြင်းမှာပြောစရာ သိပ်မရှိပေမဲ့နေရောင်စွမ်းအင်သုံး အခြောက်ခံတာမှာပြောစရာရှိလာပါပြီ။

သူ့မှာ နည်းစဉ် ၂ မျိုးရှိတယ်။

Direct sunlight နဲ့

Indirect solar dryer ဆိုပြီးကွဲတယ်

Direct sunlight

နေရောင်ခြည်ကျတဲ့ ကွင်းပြင်မှာ လှမ်းတာကအစဉ်လာ လုပ်ရိုးလုပ်စဉ်အမှိုက် သရိုက်တွေ ဝင်နိင်သလိုညတိုင် ပြန်သိမ်းရမယ်။

သူကိုပြင်လိုက်တာကနေရောင်ဒဏ်ခံ plastic နဲ့ အိမ်ဆောက်ပြီးလှမ်းတယ်ပြင်ပ ဖုန်တွေ မဝင်နိင်သလိုညပိုင်းပြန်သိမ်းစရာမလိုဘူး။

အများသတိမထားမိတာကနေရောင်ခြည်နဲ့ တွေ့ရင် မိမိစားသောက်ကုန်တွေဓာတုနည်းအရ ပြောင်လဲခြင်း ဖြစ်စဉ် တခုပေါ်ပြီးအရောင် အနံ အရသာထိပါ ပြောင်းလဲစေပါတယ်။

Indirect sunlight

ရှေးလူကြီးတွေဆေးဖော်မဲ့ အသီးအရွက်တွေကိုအရိပ်ထဲမှာ အခြောက်ခံပါတယ်။အရည်အသွေး ထူးခြားပါတယ်။ဆေးအာနိသင်တွေမပျက်စီးလို့ပါ။

ပုံပါအခြောက်ခံစက်ကနေရောင်ခြည်သုံးပေမဲ့စားသောက်ကုန်ကို အလင်းရောင် ပေးမတွေ့ပါဘူး။အပူသီးသန့်ယူတာဖြစ်ပါတယ်။

အရည်သွေးမြင့် ပစ္စည်းရမှာဖြစ်သလိုတည်ဆောက်ရမဲ့ ကုန်ကျစရိတ် ပိုသက်သာပါမယ်။

အထက်ပါနည်းတွေကပုံမှန်အပူချိန်ထက် ပတ်ဝန်းကျင်ကို အပူချိန်တင်ရေငွေ့ပါဝင်မှု့လျော့ကျစေပြီးအခြောက ်မြန်စေတာပါ။

သူထက် အများကြီး အားသာတာကအပူချိန်နိမ့် အခြောက်ခံခြင်းပါ။နိင်ငံတကာသုံးနေကြပြီ။


04/06/2021
Good morning ပါ သဘာဝပန်းမန်သစ်ပင်ချစ်မြတ်နိုးသူများရှင့်...ဘေးအန္တရာယ်ကင်းဝေးပြီးကျန်းမာကြပါစေရှင်....DIY greenhouse ပုံ...
27/05/2021

Good morning ပါ သဘာဝပန်းမန်သစ်ပင်ချစ်မြတ်နိုးသူများရှင့်...

ဘေးအန္တရာယ်ကင်းဝေးပြီးကျန်းမာကြပါစေရှင်....

DIY greenhouse ပုံစံလေးတွေတင်ပေးလိုက်ပါတယ်ရှင့်....

Benefits of Gardening using Outdoor Structures and Greenhouses
ဥယျာဉ်ခြံအပြင်ဘက်အဆောက်အအုံများနှင့်ဖန်လုံအိမ်များအသုံးပြုခြင်း၏အကျိုးကျေးဇူးများ

Advantage #1 – Longer Growing Seasonစိုက်ပျိုးရာသီရှည်လျားစေခြင်း

Advantage #2 – Garden in Any Weather
ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း

Advantage #3 – Grow a Wide Variety of Plants
အပင်အမျိုးစားများအားမျိုးပွားနိုင်ခြင်း

Advantage #5 – Create the Optimum Growing Environment
အပင်များအတွက်အကောင်းဆုံး ပတ်ဝန်းကျင်ရရှိစေခြင်း

Advantage #6 – Protect Plants from Bad Weather
အပင်များအား ဆိုးရွားသောရာသီဥတုအခြေအနေမှကာကွယ်ပေးနိုင်ခြင်း

Advantage #7 – Go Green with Your Greenhouse
ကိုယ်ပိုင်ဖန်လုံအိမ်ဖြင့်သစ်ပင်များစိမ်းစိုလန်းဆန်းစေခြင်း

Advantage #8 – Grow Plants without Dangerous Pesticides
အပင်ပျိုးရာတွင် အန္တရာယ်ရှိသော ပိုးမွှားနှင့်မှိုရောဂါဒဏ်မှကာကွယ်နိုင်ခြင်း

Advantage #9 – Keep Beneficial Insects Inside
အပင်အတွက်အကျိုးပြုသောအင်းဆက်များ မွေးမြူနိုင်ခြင်း

Advantage #10 – Easily Customize the Greenhouse to Your Needs
ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီးစိတ်ကြိုက်ပုံဖော်ဆောက်လုပ်နိုင်ခြင်း

Advantage #11 – Enjoying Raising Your Own Food
ကိုယ်ပိုင်စိုက်ပျိုးပြီးစားသုံးနိုင်ခြင်း

Advantage #12 – Save Energy
စွမ်းအင်ကိုချွေတာစေခြင်း

Advantage #13 – Relaxation and Stress Relief
အပန်းဖြေခြင်းနှင့်စိတ်ဖိစီးမှုသက်သာခြင်း

လွတ်လပ်စွာ share နိုင်ပါတယ်ရှင့်...

''Mulching'' (မြေဆီလွှာဖုံးအုပ်ပေးခြင်း)-----------------------------------------ဒီနေ့မှာတော့ သစ်ပင်ပတ်ပတ်လည်ကို Mulchin...
27/05/2021

''Mulching'' (မြေဆီလွှာဖုံးအုပ်ပေးခြင်း)
-----------------------------------------
ဒီနေ့မှာတော့ သစ်ပင်ပတ်ပတ်လည်ကို Mulching လုပ်သင့်ကြောင်းနှင့် လုပ်ပုံတို့ကို ပြောပြပေးပါမယ်ရှင်..

☑Mulching ဆိုတာကတော့ သီးနှံပင်အကြွင်းအကျန်များ၊ ကောက်ရိုးများ၊ မြေဆွေးများစသည်ဖြင့် မြေကြီးကို ဖုံးအုပ်ပေးထားခြင်း ဖြစ်သည်။

ဘာလို့ဖုံးအုပ်ပေးဖို့လိုတာလဲ❓

☑သစ်တောထဲမှာ သစ်ပင်တစ်ပင်၏ အမြစ်က အော်ဂဲနစ်ပစ္စည်းများ၊ အကျိုးပြုအဏုဇီဝအကောင်လေးများ၊ အဟာရပစ္စည်းများနှင့် ပြည့်နေသော မြေကြီးထဲတွင်နစ်မြှုပ်နေပါတယ်.. သစ်ပင်ပေါ်မှ သစ်ရွက်များ ကြွေကျလာလျှင်လည်း အလိုလိုဆွေးမြေ့ပြီး မြေကြီးကို အဟာရပြန်ဖြည့်ပေးနိုင်ပါတယ် ..

☑ပုံမှန်ဥယျာဉ်ခြံတွေမှာတော့အပင်ရဲ့အမြစ်အတွက် ထိုကဲ့သို့အခြေအနေကို မဖန်တီးပေးနိုင်သောကြောင့်မြေကြီးမှာ အော်ဂဲနစ်နှင့်အဟာရပစ္စည်းများနည်းပြီး အပူချိန်နှင့် အစိုဓာတ်လည်း လွန်ကဲနေနိုင်သောကြောင့် Mulching လုပ်ပေးဖို့ရန် လိုအပ်ပါသည်။

ဘယ်အချိန်မှာ ဖုံးအုပ်ရမလဲ❓

☑တစ်နှစ်ပတ်လုံးကြိုက်တဲ့အချိန်မှာ Mulching လုပ်ပေးလို့ရပါတယ်..(သို့သော် နွေရာသီမှာဆို အပူမလာခင်အချိန်နှင့် အေးတဲ့ဒေသများမှာဆို မြေကြီးကနွေဦးရဲ့ အနွေးဓာတ်ရသောအချိန်ထိစောင့်ပြီးမှ ပြုလုပ်လျှင် ပိုကောင်းပါသည်။)

ဘယ်နေရာကိုဖုံးအုပ်ရမလဲ❓

☑သစ်ပင်အောက်ခြေ ပင်စည်လုံးပတ်မှ အပြင်ဘက်သို့ အဝိုင်းပုံစံအနည်းဆုံး ၃ ပေ - ၆ ပေထိထားပါ..ဖုံးအုပ်သည့်ဧရိယာကျယ်လေလေ အကျိုးများလေလေဖြစ်သည်။

☑မဖုံးအုပ်မီ ရှိပြီးသား မြက်များနှင့် ပေါင်းများကို အရင်ဖယ်ရှားပေးပါ။ Mulch လုပ်သည့်အခါ သစ်ပင်အောက်ခြေမှ အပြင်ဘက်ကို ဖြန့်ဆွဲသွားပြီး သစ်ပင်အောက်ခြေမှာ ဒိုးနတ်လိုအကွင်းပေါက်ချန်ပေးခြင်းက ပင်စည်သို့ လေရောက်အောင်ပြုလုပ်ပေးပါသည်။

ဘယ်လောက်အထူထားရမလဲ❓

☑စံအနေနဲ့ ၂ - ၃ လက်မအထူက အကောင်းဆုံးဖြစ်ပါတယ်။ သဲဆန်ပြီးရေစီးမြန်တဲ့မြေအတွက် ၄ လက်မလောက်ထိထားနိုင်ပြီး ရေစီးနှေးတဲ့မြေအတွက် ၁ -၂ လက်မလောက်ဆိုလုံလောက်ပါတယ်...

ဘယ်လောက်ကြာအသုံးပြုရမလဲ❓

☑အော်ဂဲနစ်ပစ္စည်းအလွှာများ (ဥပမာ - ကောက်ရိုးများ၊ သစ်ပင်အခေါက်များ၊ မြေဆွေး၊ သစ်သားချောင်း၊ လွှစာ)များဖြင့်အုပ်ခြင်းက အချိန်နှင့်အမျှပြိုကွဲနိုင်သဖြင့် ထပ်ဖြည့်ပေးဖို့လိုပါတယ်..

☑အပူနွေးဆုံးအချိန်တွေမှာ တစ်နှစ်ကို အနည်းဆုံး ၂ ကြိမ်လောက်စစ်ဆေးပေးပြီး လိုအပ်သလိုအသစ်ပြန်ဖြည့ပေးပါ။ အလိုအလျောက် စုပုံမလာခင် ရှိပြီးသားအထူကို အမြဲစစ်ဆေးပေးဖို့လိုပါသည်။ အရမ်းအေးသောဒေသများမှာ မြေကြီးအေးခဲသွားပြီးနောက် အသစ်ပြန်လဲဖို့လိုပါတယ်..

🚫ရှောင်ရမဲ့အချက်များ🚫

☑ပင်စည်သို့ဆန့်ကျင်ပြီး မီးတောင်ပုံစံပုံထားခြင်းကို ရှောင်ကြဉ်ပါ။ ထိုသို့ပုံထားခြင်းက အဖျက်ပိုးများ၊ ရောဂါများ၊ ကြွက်များပုံးခိုဖို့ရန်အခြေအနေဖြစ်စေပြီး ပင်စည်ကို တိုက်ခိုက်ခံရနိုင်ပါတယ်..

☑၃ - ၄ လက်မထက်ပိုထူလျှင် အမြစ်အတွက်ပြဿနာဖြစ်နိုင်ပါတယ် (ဥပမာ - အမြစ်ပုပ်ခြင်း)


''Mulching လုပ်ပေးခြင်း၏ ကောင်းကျိုးများ''

🌱မြေဆီလွှာကို အပူအအေးမျှတစေခြင်း

🌱မြေကြီးမှ ရေငွေ့ပျံခြင်းနှင့် အစိုဓာတ်ဆုံးရှုံးမှုကို နှေးစေးခြင်း

🌱မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးခြင်း

🌱မြေဆီလွှာမှ အဟာရဓာတ်ဆုံးရှုံးမှုကို လျော့နည်းစေခြင်း

🌱မိုးသည်းထန်စွာရွာသောအခါ မြေကြီးသိပ်သည်းကျစ်လျစ်သွားခြင်းမှ ထိန်းပေးနိုင်ခြင်း

🌱ပေါင်းမျိုးစေ့များအညှောင့်ပေါက်မှုကို ဟန့်တားနိုင်ခြင်းကြောင့် ပေါင်းပေါက်ရောက်မှုကို လျော့နည်းစေခြင်း

🌱ထွက်ရှိလာသောပေါင်းများမှာလည်း နှုတ်ရလွယ်ကူစေခြင်း

🌱ရောဂါဖြစ်စေသောအကောင်များနှင့်မှိုစပိုးများ မြေကြီးမှ အပင်သို့မလွှင့်စင်နိုင်ခြင်း

🌱တီကောင်ကဲ့သို့သော အကျိုးပြုသက်ရှိလေးများ ပွားများလာစေရန် ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ခြင်း

🌱မြက်ရိတ်စက်ကဲ့သို့ စိုက်ပျိုးရေးသုံးပစ္စည်းများဖြင့်အပင်ထိခိုက်ပျက်စီးခြင်းမှ အကာအကွယ်ပေးထားနိုင်ခြင်း

💥ထို့အပြင် ခြံထွက်သဘာဝအမှိုက်များကို ပြန်လည်အသုံးချရာရောက်ပြီး သဘာဝအတိုင်း လှပနေသော Landscape တစ်ခုကဲ့သို့လည်းဖြစ်နိုင်သောကြောင့် လှလည်းလှ အကျိုးလည်းများတဲ့ သဘာဝပစ္စည်းများဖြင့် mulching လုပ်သောအလေ့အကျင့်ကို လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ရှင့်...

အပင်ရေငတ်ခြင်း (Plant Moisture Stress )မြန်မာပြည် စိုက်ပျိုးရေးလုပ်ငန်း၏ စိုက်ပျိုးဧရိယာအများစုသည် သဘာဝမိုးရေကိုသာ မှီခိ...
27/05/2021

အပင်ရေငတ်ခြင်း
(Plant Moisture Stress )

မြန်မာပြည် စိုက်ပျိုးရေးလုပ်ငန်း
၏ စိုက်ပျိုးဧရိယာအများစုသည် သဘာဝမိုးရေကိုသာ မှီခိုအားထား၍ စိုက်ပျိုးနေရသော မိုးရေသောက်
စိုက်ခင်းများဖြစ်နေသဖြင့် သဘာဝမိုးရေအလုံအလောက် မရရှိသောနှစ်များတွင် စိုက်ပျိုးသီးနှံပင်များ အထွက်နှုန်းလျော့နည်းခြင်းနှင့် ပျက်စီးဆုံးရှုံးခြင်းများကို တွေ့ရှိရသည်။

ရာသီဥတုပြောင်းလဲလာခြင်း
ကြောင့်မိုးရေသောက်စိုက်ခင်းများတွင် ရေငပ်သည့်ပြဿနာများကို နှစ်စဉ်နှစ်တိုင်းလိုလို တွေ့ကြုံနေရပြီးအထူးသဖြင့် မြန်မာပြည်
အလယ်ပိုင်း မိုးနည်းရေရှားဒေသများတွင် စိုက်ပျိုးရေလုံလောက်မှု
မရှိသည်ကို ပို၍ပင်တွေ့ရှိရသည်။

မူလ သဘာဝအရ မြန်မာပြည်
အလယ်ပိုင်းဒေသသည်
ရခိုင်ရိုးမတောင်တန်းကြီး၏ ကာဆီးထားမှုကြောင့်
အနောက်တောင်ဘက်မှ
ဝင်ရောက်လာသည့်ရေခိုးရေငွေ့များနှင့် ပြည့်နှက်နေသော
အနောက်တောင်မုတ်သုန်လေသည် ရခိုင်ရိုးမတကြောတွင် မိုးအဖြစ် ပြောင်းလဲရွာသွန်းသည်။

ရခိုင်ရိုးမတောင်တန်းကြီးအား ဖြတ်ကျော်ဝင်ရောက်လာသည့် အနောက်တောင်မုတ်သုန်လေသည်
ရေငွေ့များမပါတော့ဘဲ
ခြောက်သွေ့သောလေများအဖြစ် မြန်မာပြည်အလယ်ပိုင်းဒေသများသို့ဝင်ရောက်လာသည်။

ထို့ကြောင့်ပင် မြန်မာပြည်အလယ်ပိုင်းဒေသများသည်
မိုးရွာသွန်းမှုနည်းပါးသော
မိုးကွယ်အရပ်(RainShadow Area) ဖြစ်နေတော့သည်။

ရခိုင်ကမ်းမြောင်ဒေသသည် မုတ်သုန်မိုးရွာသွန်မှုအများဆုံး
မိုးရေချိန် လက်မ ၂၀၀ ကျော်ဖြင့်
မြန်မာပြည်၏ မိုးအများဆုံးဒေသဖြစ်နေသော်လည်းရခိုင်ရိုးမ
တောင်တန်းကြီး၏ ကန့်လန့်ခံနေ
ခြင်းကြောင့်မြန်မာပြည်အလယ်ပိုင်းဒေသမှ မကွေးတိုင်းအတွင်းရှိ
မြို့နယ်များသည် မိုးရေချိန် လက်မ ၄၀ အောက်မြန်မာပြည်၏ မိုးအနည်းဆုံးဒေသအဖြစ်နေသည်။

မြန်မာပြည်အလယ်ပိုင်းဒေသ
သည်မိုးနည်းသောမိုးနည်းရပ်ဝန်းဖြစ်သဖြင့် စိုက်ပျိုးရေလုံလောက်
မှုမရှိသော ဒေသဖြစ်သည်။

မြန်မာပြည်အလယ်ပိုင်းဒေသတွင်

-မိုးရွာသွန်းမှုနည်းခြင်း

-ရွာသွန်းသော မိုးရေချိန်
လက်မနည်းခြင်း

-မိုးပြတ်သော
ကာလကြာမြင့်တက်ခြင်း

- အပူချိန်မြင့်မားခြင်း

-ရွာသွန်းသော မိုးရေကို မြေဆီလွှာမှ ထိန်ထားနိုင်မှုမရှိခြင်း

အစရှိသည့် အချက်များကြောင့် သီးနှံပင်များအတွက်
စိုက်ပျိုးရေးလိုအပ်ချက်မှာ
မြင့်မားနေခြင်းဖြစ်သည်။

မိုးရေချိန်လုံလောက်မှုမရှိသော
မြန်မာပြည်အလယ်ပိုင်း မိုးနည်းဒေသတွင် တောင်သူတို့ အများဆုံးတွေ့ကြုံရသည့် ပြဿနာမှာ

အပင်များ ရေငတ်ခြင်း
(Plant Moisture Stress)ဖြစ်သည်။

အပင်များကြီးထွားဖွံ့ဖြိုးရန်
ရေသည် မရှိမဖြစ်အရေးပါသည်။

အပင်တို့သည် ၎င်းတို့၏ ဇီဝကမ္မဆိုင်ရာလုပ်ငန်းစဉ်များတွင် အသုံးပြုရန် ရေလိုအပ်သည်။

ရေသည် ပရိုတိုပလာဇမ်(Protoplasm) အတွင်း
မရှိမဖြစ် ပါဝင်ရလေသည်။

ရေသည် Photosynthesis ဖြစ်စဉ်
တွင် အဓိကပါဝင်ရပြီးကစီဓာတ်(Starch) မှ
သကြား(Sugar) ဓာတ်သို့
ပြောင်းလဲပေးရာတွင်
ရေမရှိက မဖြစ်နိုင်ပေ။

ကုန်ကြမ်းပစ္စည်းများနှင့် အစာများကိုတစ်နေရာမှ တစ်နေရာသို့
ပို့ဆောင်ရန်ကူညီသည်။

ရေသည် သက်ရှိဆဲလ်များ
ပြန့်တင်းအောင်Turgidity ကို တည်မြဲစေရန် ဆောင်ရွက်ရသည်။

ရေသည် အပင်အား ထောင်မတ်နေစေရန်တနည်းအားဖြင့် ပြန့်တင်းနေစေရန်ပြန့်တင်းအား(Turgor pressure)အတွက်
အထူးပင် လိုအပ်လှသည်။

အပင်တစ်ပင်၏ အစိတ်အပိုင်းအားလုံးကိုရေများဖြင့် အများဆုံးဖွဲ့စည်းထားပြီး ခန့်မှန်းခြေအားဖြင့် ရှင်သန်နေသောအပင်တွင်
(၈၅ % မှ ၉၅ %) ခန့် ပါဝင်နေသည်။

အပင်မျိုးစိတ်အလိုက် ရေပါဝင်မှုအချိုးအစား ကွာခြားနိုင်သည်။

ဥပမာ - ခရမ်းချဉ်သီးတစ်လုံးတွင် ပါဝင်နေသောရေပါဝင်မှု အချိုးအစားသည် ၉၅ % ခန့်ရှိ၍

နွားနို့တွင်ပါဝင်သော ရေပါဝင်မှု ရာခိုင်နှုန်းသည်၈၇ % ခန့်သာ ရှိသောကြောင့် နွားနို့ထက်ပင်
ခရမ်းချဉ်သီးက ရေပါဝင်နှုန်းများနေကြောင်း တွေ့ရသည်။

ငှက်ပျောသီးတွင် ရေ ၇၅% ခန့် ပါဝင်နေပြီးယုတ်စွအဆုံး
ခြောက်သွေ့နေသော
နေကြာစေ့လှော်၌ပင် ရေ ၅ % ခန့် ပါဝင်နေသည်။

အပင်ရေငတ်ခြင်း (Moisture stress)
***************

စိုက်ပျိုးရေးလုပ်ငန်းများတွင်
ရေဝပ်ခြင်း( Water Logging ) ကဲ့သို့ပင် ရေငတ်ခြင်းဖိစီးမှု(Drought Stress) သည်လည်းအလွန်
ကြီးကျယ်သော ပြဿနာတစ်ခု
ဖြစ်သည်။

ရေငပ်ခြင်းဖိစီးမှုဖြစ်ပွားတက်ချိန်သည်မြေကြီးထဲမှ ရေများကို အမြစ်များကစုပ်ယူမှုမပြုနိုင်တော့သည့် အခြေအနေတွင်ဖြစ်ပေါ်
တက်သည်။

ဆိုလိုသည်မှာ အမြစ်များမှ အပင်၏မြေပေါ်ပိုင်းအင်္ဂါများသို့ ရေစီးဆင်းမှု အနည်းအကျဉ်းသာ
ရရှိတော့သည့်အခါ အပင်အတွင်း
ရေဓာတ်ကုန်ခမ်းခြင်း
(Dehydration) ဖြစ်သည်။

အပင်တို့၏ ပင်ကိုယ်သဘာဝအရ တချို့သောအပင်မျိုးစိတ်များသည် ရေငပ်ဒဏ်(Drought stress)
မခံရစေရန်မြေကြီးအတွင်းရှိ မြေအောက်ရေ(Water tables) မျက်နှာပြင်ရောက်သည်အထိ အမြစ်အဖွဲ့
စည်း(Root systems)တို့က
ထိုးဖောက်၍ လိုအပ်သောရေတို့ကိုစုပ်ယူနိုင်သည်။

တချို့သော အပင်မျိုးများ၏ အရွက်နှင့်အမြစ်များက လေထုထဲမှ ရေခိုးရေငွေ့များကိုတိုက်ရိုက် စုပ်ယူနိုင်ကြသည်။

သို့သော် မြေကြီးအတွင်း

-ရေဓာတ်ကုန်ခမ်းခြင်း

-ပတ်ဝန်းကျင်တွင် အပူချိန်မြင့်မားခြင်း

-အပင်၏ ရေစုပ်ယူနိုင်သော အင်္ဂါများ၏လက်လှမ်းမမှီသော အခြေအနေတွင် ရှိနေပါက
ရေငပ်ခြင်းကို ဖြစ်စေသည်။

အပင်များတွင် ရေငပ်ခြင်း
(သို့မဟုတ်)
ရေဓာတ်ခမ်းခြောက်ခြင်း
ဖြစ်ပေါ်လာပါက
အပင်၏ ပင်ပြလက္ခဏာများကို ကြည့်ရှု့ခြင်းဖြင့်
အလွယ်တကူ သိရှိနိုင်သည်။

အပင်များ ရေငပ်လာပါက အထင်ရှားဆုံးလက္ခဏာမှာ အပင်ညှိုးခြင်း(Plant Wilting)
ဖြစ်သည်။

တချို့သော အပင်များတွင်

-အရွက်များလိပ်ခြင်း

-အရွက်များ အဝါရောင်
ပြောင်းခြင်း

-အရွက်များ ကြွေကျသွားခြင်း အစရှိသည့်လက္ခဏာများကိုလည်း တွေ့ရတက်သည်။

အပင်များ ရေငတ်ဒဏ်ခံရသည့်အခါ အပင်အတွင်း ဇီဝကမ္မဆိုင်ရာ ဖြစ်နှုန်းများလျော့ကျသွားပြီး ကြီးထွားဖွံ့မှုနှေးကွေးသွားသည်။

ရေငတ်ဒဏ်ခံရမှုသည် အတိုင်းအတာတစ်ခုထက်ကျော်လွန်သွားပါက အပင်သေဆုံးသည်အထိ
ဖြစ်နိုင်သည်။

အပင်ရေငတ်ခြင်းကို ထိန်းကျောင်းခြင်း
(Drought Stress Mitigation)
************************

အပင်များ ရေငပ်ခြင်းမဖြစ်စေရန် ကုစားရမည့်နည်းလမ်းမှာ
ရေရရှိအောင် ဖန်တီးပေးခြင်း
ဖြစ်သည်။

သီးနှံပင်များအတွက်လိုအပ်သော အစိုဓာတ်ကိုသဘာဝမိုးရေမှ
ဖြစ်စေ၊သွင်းရေမှဖြစ်စေ
ရရှိနိုင်သော်လည်း ရေကိုအကျိုးရှိစွာအသုံးချတက်ရန်
အထူးအရေးကြီးသည်။

ရရှိလာသော ရေကို လေလွင့်ဆုံးရှုံးမှုနည်းရန်သီးနှံပင်များ၏ ပင်ကြားတန်းကြားသည်သင့်လျော်သော အနေအထားရှိရမည်။

ရေထိန်းမြောင်းများ၊ ရေဝပ်ကျင်းများတူးဖော်ထားရမည်။

စိုက်ခင်းပတ်လည်တွင်
လေကာပင်တန်းများ စိုက်ပျိုးထားရမည်။

မြေဆီလွှာသည် အော်ဂဲနစ် အဆွေးပစ္စည်းများဖြင့်ကြွယ်ဝနေရမည်။

သီးနှံစိုက်ခင်းအတွင်း
နေရာလပ်မရှိစေရန် မြေဖုံးပင်များစိုက်ပျိုးထားရမည်။

ပင်ခြေတွင်ဖြစ်စေ၊ စိုက်ဘောင်တွင်ဖြစ်စေသစ်ရွက်ခြောက်၊ မြက်ခြောက်များဖြင့်
ဖုံးအုပ်ထားရမည်။

နွေထယ်ရေး ဝင်ပေးခြင်း၊
ကြားထွန်ဝင်ပေးခြင်းများ
ပြုလုပ်ရမည်။

သီးနှံပင်အမြစ်များ အားကောင်းစေရန် မြေဆီလွှာအတွင်း ပိုတက်စီယမ်ကြွယ်ဝရမည်။

ဖော်ပြပါအချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့်
ရေငပ်ခြင်းဖိစီးမှုကို အတိုင်းတာတစ်ခုထိ
လျော့ပါးသက်သာစေနိုင်သည်။

သီးနှံပင်ရေလိုအပ်ချက် (Crops Water Requirement )
********************************

သီးနှံပင်ရေလိုအပ်ချက်ဆိုသည်မှာ သီးနှံပင်အတွက်
အစိုဓာတ်(Moisture) လုံလောက်စွာရရှိရေး ဖြစ်သည်။

သီးနှံပင်အမျိုးအစားအလိုက် ရေလိုအပ်သည့်ပမာဏ
ခြားနားနေပြီး အပင်တစ်မျိုးတည်း၌ပင် အပင်သက်တမ်းကို
လိုက်၍ လိုအပ်သည့်
ရေပမာဏလည်း မတူညီပါ။

ဥပမာ - နှံစားပြောင်းထက် ပြောင်းဖူးကရေလိုအပ်မှု ပိုများပြီး ပဲအမျိုးမျိုးထက်စပါးက ရေလိုအပ်မှု ပိုများသည်။

ယေဘုယျအားဖြင့် အပင်များစွာတို့သည် ပင်ပိုင်းကြီးချိန်ကာလ(Vegetative growth) တွင်
ရေလိုအပ်မှု အများဆုံးဖြစ်သည်။

သီးနှံပင်သက်တမ်းတစ်လျောက် လုံလောက်သောအစိုဓာတ်ရရှိရန် ဖြည်းဆည်းပေးမှသာအထွက်နှုန်း ကောင်းမွန်မည်ဖြစ်သည်။

အပင်တို့သည် နည်းလမ်းမျိုးစုံဖြင့် ရယူလိုက်သော ရေများကို အပင်အတွင်း ဇီဝဖြစ်စဉ်အတွက်
၅ ရာခိုင်နှုန်းခန့်သာ အသုံးပြုကြပြီး ပိုလျံသောရေများကို
ပင်ရည်ငွေ့ပျံခြင်း အပါအဝင်
နည်းလမ်းပေါင်းစုံဖြင့် စွန့်ထုတ်လေ့ရှိသည်။

ဥပမာ - နေကြာပင် တစ်ပင်သည်
သူ့သက်တမ်းအတွင်း ရေ ပေါင် ၁၅၀ ခန့်အား နည်းလမ်းအမျိုးမျိုးဖြင့် ပျောက်ဆုံးစေသည်။

မြက်ပင်နှင့် ပေါင်းပင်များ ဖုံးလွှမ်းထားသောမြေ တစ်ဧကတွင်
တစ်နှစ်အတွင်း ရေတန်ချိန်
၅၀၀ မှ ၇၅၀ ခန့် ပျောက်ဆုံးသည်ဟု ဆိုသည်။

မြေကြီးထဲမှရေသည်အရည်ပုံစံ
ဖြင့်အပင်အတွင်းသို့
ဝင်ရောက်သွားသော်လည်း
ပျောက်ဆုံးသည့်အခါ အငွေ့ပုံစံ
ဖြစ်ခြင်းကြောင့်ပျောက်ဆုံးသွား
သည့် ရေပမာဏကို
အလွယ်တကူသိရန် ခဲယဉ်းသည်။

သီးနှံပင်တို့၏ ရေလိုအပ်ချက်တွင်
ပင်ရည်ငွေ့ပျံခြင်း
(Transportation)
အတွက် လိုအပ်မှုနှင့် ရေငွေ့ပျံခြင်း(Evaporation) အတွက်
လိုအပ်မှု နှစ်မျိုးပေါင်း ခန့်မှန်းတွက်ချက်ရသည်။

သီးနှံစိုက်ခင်းအတွင်း အမျိုးမျိုးသောရေဆုံးရှုံးမှုတို့ကို သီးနှံရေလိုအပ်မှုဖြင့် ပေါင်းစပ်လိုက်ပါက စိုက်ပျိုးရေပေးသွင်းရန်
လိုအပ်သော ရေပမာဏကိုရရှိနိုင်သည်။

ရေသွင်းခြင်းနည်းလမ်းများ (Methods of irrigation)
*********************************

သီးနှံပင်များစိုက်ပျိုးရာ၌ လိုအပ်သောစိုက်ပျိုးရေကို
သဘာဝမိုးရေရရှိမှု လုံလောက်မှုမရှိတော့သည့်အခြေအနေတွင် ရေပေးသွင်းရန်လိုအပ်ပါသည်။

များစွာသော တောင်သူတို့သည် မိမိတို့၏သီးနှံစိုက်ခင်းများအတွင်း ရေပေးသွင်းရာ၌ရေသွင်းခြင်း
အတက်ပညာကိုနားလည်
တက်ကျွမ်းမှုမရှိဘဲအဆင်ပြေလို
လုပ်ဆောင်နေသည်ကို
တွေ့ရှိရသည်။

ရေသွင်းခြင်းအတက်ပညာဆိုသည်မှာမိမိတို့စိုက်ပျိုးထားသော
သီးနှံပင်အမျိုးအစားအပေါ်
မူတည်၍

-ရေလိုအပ်မှုပမာဏ

-သီးနှံပင်သက်တမ်း

-မြေဆီလွှာဖွဲ့စည်းတည်ဆောက်ပုံ

-မြေမျက်နှာသွင်ပြင်အနေအထား

-ရေပေးသွင်းရမည့်နည်းစနစ်

-ရာသီဥတုအခြေအနေ

စသည့် အချက်အလက်များကိုအခြေခံ၍ တွက်ချက်ဆောင်ရွက်ရမည့်
အတက်ပညာဖြစ်သည်။

ရေပေးသွင်းရာတွင် ထည့်သွင်း
စဉ်းစားရမည့်အချက်များ -

၁။ ရေလိုအပ်ရန် အလားအလာရှိသော ( သို့ )ရေကို အမှန်တကယ်
လိုအပ်သောအခြေအနေ
ဖြစ်ရမည်။

ယေဘုယျအားဖြင့် သီးနှံပင်
အနီးတဝိုက်ရှိမြေဆီလွှာမျက်နှာပြင် ခြောက်သွေ့နေချိန်တွင်
ရေသွင်းရန်လိုအပ်နေပြီ
ဖြစ်ကြောင်းသိနိုင်သည်။

အမြစ်ဇုန်နှင့် မနီးမဝေးသောနေရာတွင် မြေလွှာအား တူရွင်းပြား(Shovel)ဖြင့်တူးဆွကြည့်ပါက မြေမျက်နှာပြင်၏ အောက်ဘက်
မြေအနက် ၃/၄ လက်မခန့်တွင် အစိုဓာတ်ကိုမတွေ့ရတော့ဘဲ
ခြောက်သွေ့နေပါက အပင်အတွက် ရေလုံလောက်မှုမရရှိတော့ကြောင်း
သိနိုင်သည်။

၎င်း အခြေအနေသည် ရေပေးသွင်းရန်အကောင်းဆုံး အနေအထားဖြစ်သည်။

ရေပေးသွင်းရာတွင် မြေဆီလွှာအတွင်းအစိုဓာတ် ၄၅ ရာခိုင်နှုန်းထက် ကျော်လွန်ရေသွင်းခြင်း မပြုလုပ်ရပါ။

ရေပေးသွင်းရမည့် သီးနှံပင် အမျိုးအစားနှင့်သက်တမ်းကို သိရှိထားရမည်။

အပင်အမျိုးအစားအလိုက် ရေလိုအပ်ချက်မတူညီသကဲ့သို့ အပင်သက်တမ်းအလိုက
မူတည်၍လည်း ရေလိုအပ်ချက် မတူညီကြပါ။

ဥပမာ - ပြောင်းပင်၏ ရေလိုအပ်မှုသည်နှမ်းပင်ထက်များ၍နှမ်းပင်၏ ရေလိုအပ်မှုသည်ဝါပင်ထက်များသည်။

ထို့အပြင် ဝါပင်သည် ၎င်း၏သက်တမ်းတလျောက်
ရေလိုအပ်မှုအများဆုံးအချိန်သည် ပန်းဖြိုင်ဖြိုင်ပွင့်ချိန်ဖြစ်သည်။

သီးနှံပင် အမျိုးအစားအလိုက် ရေလိုအပ်မှုနည်းပါးသောအချိန်
တွင် ရေပေးသွင်းမိပါက
အရာထင်မည်မဟုတ်ချေ။

သီးနှံပင်များစိုက်ပျိုးထားသော
မြေမျက်နှာသွင်ပြင်သည် အနိမ့်၊ အမြင့်ညီညာပြန့်ဖြူးရမည်။

သီးနှံပင်များကို စိုက်ပျိုးရာတွင်
တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုး
ခြင်းသည်ရေအလေအလွင့်နည်းပါးစွာဖြင့် လိုအပ်သောရေကို
စိုက်ကွင်းထဲအရောက်
အချိန်မကုန်ဘဲ လွယ်ကူစွာ
ရေပေးဝေနိုင်သည်။

သီးနှံပင်များ စိုက်ပျိုးထားသော မြေဆီလွှာ ဖွဲ့စည်းပုံ အမျိုးအစားအပေါ်မူတည်၍လည်းရေပေးသွင်းရမည့် စနစ်နှင့် သွင်းရေပမာဏသည် အမျိုးမျိုးကွဲပြားသည်။

ရေသွင်းရာတွင် မြေဆီလွှာ၏
ရေထိန်းနိုင်မှုအတိုင်းအတာကို ထည့်သွင်းတွက်ချက်ရသည်။

မြေဆီလွှာအတွင်း ရေထိန်းထား
နိုင်စွမ်းသည်

-မြေမှုန်များ၏ ပေါင်းစပ်ဖွဲ့စည်းမှု

-မြေသားအထူအပါး

-အော်ဂဲနစ်ရုပ်ဝတ္ထုပစ္စည်းများ
ပါဝင်မှုအစရှိသည့်

အချက်များပေါ်မူတည်၍
သွင်းရေပမာဏကိုလိုအပ်သလို ထိန်းကျောင်းရသည်။

သီးနှံပင်များအတွက် ရေလိုအပ်မှု
အတိုင်းအတာသည် ရာသီဥတုအပေါ်၌လည်းများစွာမူတည်သည်။

သီးနှံပင်ဝန်းကျင်တွင်
-အပူချိန်မြင့်မားခြင်း
-လေတိုက်ခတ်ခြင်း
-နေ့တာ အတို/အရှည်
စသည့် အချက်တို့သည်လည်း
သီးနှံပင်ရေလိုအပ်ချက်ကို
လွမ်းမိုးနိုင်သည်။

ယခင်က စိုက်ပျိုးသီးနှံပင်များအတွက် ရေပေးသွင်းရာတွင် မြစ်ရေ၊ ချောင်းရေများကို
ပိတလှောင်၍သော်လည်းကောင်း၊ တိုက်ရိုက်လွဲယူ၍သော်၎င်း သုံးစွဲခဲ့သော မူလအခြေခံနည်းစနစ်
မှသည် အဆင့်ဆင့်တိုးတက်
အောင် ရှာဖွေကြံဆ ဆောင်ရွက်
လျက်ရှိရာ ယခုအခါတွင်မိုးအတုရွာသွန်းသော နည်းစနစ်များအထိ
တိုးတက်လာပြီဖြစ်သည်။

ရေကို အကျိုးရှိစွာအသုံးချတက်ရန် နည်းလမ်းများတွင်

-စိုက်ပျိုးသီးနှံပင်အမျိုးအစား
-စိုက်ပျိုးနည်းစနစ်များ
-ပတ်ဝန်းကျင်အခြေအနေ

စသည့် အချက်များနှင့် ညီညွတ်စေမည့်နည်းလမ်းများကို ဆောင်ရွက်လာကြသည်။

ရေပေးသွင်းရာတွင်ရေလေလွင့်ဆုံးရှုံးမှုနည်းပါးသောသီးနှံပင်များအတွက် ထိရောက်သောနည်းလမ်းများကို ဆောင်ရွက်လာ
ကြသည်။

၁။ စိုက်ဘောင်များအကြား ရေသွင်းခြင်း
(Furrow method of irrigation )

၂။ Zig-zag ပုံဖော်၍ ရေသွင်းခြင်း
(Zig-zag method of irrigation)

၃။ အပင်ခြေအထိမြောင်းဖော်၍ ရေသွင်းခြင်း
(Basin flooding irrigation)

၎။ အကွက်ငယ်ဖော် ရေသွင်းခြင်း
(Check flooding irrigation)

၅။ ကွန်တိုအလိုက် ရေသွင်းခြင်း
(Contour irrigation)

၆။ စိုက်ကွက်အတွင်း
ရေအမြုပ်သွင်းခြင်း
(Free flooding irrigation)

၇။ စိုက်ခင်းမျက်နှာပြင်အောက် အမြစ်ဇုံတွင်ရေပေးခြင်း
(Sub-surface method)

၈။ Sprinkler ဖြင့် ရေပေးခြင်း
(Sprinkler irrigation)

၉။ အစက်ချနည်းဖြင့် ရေပေးခြင်း
(Drip irrigation)

၁၀။ မိုးအတု ရွာသွန်းခြင်း
(Cloud seeding or Artificial rainmaking)

ရေသွင်းရာတွင် သတိပြုရမည့်အချက်များ -

သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင်ရေသည် မရှိမဖြစ်အရေးပါသော်လည်း ရေကို လိုအပ်သည်ထက် ပိုမိုသုံးစွဲခြင်းဖြင့်သီးနှံ
အထွက်နှုန်းကို ထိခိုက်စေနိုင်သလိုလျော့၍ အသုံးပြုခြင်းသည်
လည်း အထွက်နှုန်းကိုလျော့နည်းစေသည်။

ယေဘုယျအားဖြင့် မြေဆီလွှာ
တွင်း ရေပါဝင်မှု၄၅ ရာခိုင်နှုန်း
ထက် ကျော်လွန်သွားပါကသီးနှံ
ပင်များ ကြီးထွားဖွံ့ဖြိုးရေးနှင့်
အသက်ရှင်သန်ရေးကို ထိခိုက်စေနိုင်သည်။

ထို့အပြင် မြေဆီလွှာအတွင်း
မြေမှုန်များအကြား Oxygen ချို့တဲ့သွားပြီး လေမဲ့အခြေအနေ
(Anaerobic conditions)ကို ဖြစ်ပေါ်စေနိုင်သည်။

ရေဝပ်ခြင်းကြောင့်
မြေဆီလွှာထဲတွင်Hypoxia
(Low Oxygen Concentrations)
အောက်ဆီဂျင် မလုံလောက်သည့် အခြေအနေကို
ဖြစ်ပေါ်စေသည်။

အပင်ဟူသမျှတို့သည် Oxygen
ချို့တဲ့သွားသည်နှင့်
ဇီဝရုပ်ဖြစ်ပျက်မှု (Metabolism) လျော့သွားခြင်း၊ကြီးထွားမှုရပ်ဆိုင်းခြင်း စသည်တို့ဖြစ်တက်သည်။

မြေဆီလွှာအတွင်း လေဝင်၊
လေထွက် ညံ့ဖျင်းသွားခြင်းကြောင့် Microorganisms များ၏
အသက်ရှင်သန်မှုထိခိုက်စေနိုင်ပြီး မြေဆီလွှာအတွင်းအပူချိန်ကျဆင်းခြင်းကြောင့် Microorganisms များ
စွမ်းဆောင်ရည် နှေးကွေးကျဆင်းသွားသည်။

၎င်းအပြင် Denitrification ဖြစ်စဉ်
ကြောင့် Nitrogen ဆုံးရှုံးရခြင်း ဖြစ်စေနိုင်သည်။

References
1. Moisture stress (Wikipedia)
2. Drainage and Irrigation AEM (Cornell University)
3. Crop water needs (FAO)

မကြာခင်မှာပဲ သစ်သီးတွေ လိုင်လိုင်ပေါတဲ့ ရာသီကိုရောက်တော့မှာပါ… ဥပမာ -သရက်သီး ဒူးရင်းသီး ကနစိုသီး ကြက်မောက်သီး မင်းကွပ်သီ...
27/05/2021

မကြာခင်မှာပဲ သစ်သီးတွေ လိုင်လိုင်ပေါတဲ့ ရာသီကိုရောက်တော့မှာပါ…

ဥပမာ -သရက်သီး ဒူးရင်းသီး ကနစိုသီး ကြက်မောက်သီး မင်းကွပ်သီး ပိန္နဲသီး အစရှိသဖြင့်ပေါ့….

မေတ္တာရပ်ခံချင်တာကတော့…
အဲဒီအသီးတွေကို စားပြီးတဲ့အခါ သစ်စေ့လေးတွေကို အမိုက်တွေနဲ့အတူ လွင့်မပစ်ကြပါနဲ့ခင်ဗျာ..

အဲဒီအစ့လေးတွေကို ရေပြောင်အောင်ဆေးပြီး အခြောက်ခံပေးထားပါ..

ကောင်းစွာ ခြောက်သွေ့သွားတဲ့အချိန် သတင်းစာ စက္ကူလေးနဲ့ ထုပ်ပြီး မိတ်ဆွေတို့ရဲ့ ကားထဲမှာ သိမ်းထားပေးပါခင်ဗျ….

ခရီးသွားရင်းနဲ့ပဲ ဖြစ်ဖြစ် မြို့အပြင်ရောက်တဲ့အခါမှာ ဖြစ်ဖြစ်….

ကျေးလက်လမ်းတွေမှာပဲဖြစ်ဖြစ်… ကားလမ်းဘေးက မြေကွက်လပ်တွေမှာပဲဖြစ်ဖြစ်….

အဲဒီနေရာတွေကို ရောက်တဲ့အခါမှာ… သင်သိမ်းထားတဲ့ သစ်စေ့လေးတွေကို လွင့်ပစ်ပေးပါ….

အဲဒီစေ့လေးတွေဟာ မိုးရာသီရောက်တဲ့ခါမှာ အလွယ်တကူ ရှင်သန်လာနိုင်ပါတယ်…

မိတ်ဆွေ အနေနဲ့ နှစ်စဉ်မိုးရာသီတိုင်းမှာ ဒီနည်းသုံးပြီး အပင်လေးတွေ စိုက်ပျိုးပေးမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးစိမ်းလန်းလာရေး ရည်မှန်းချက်ဟာ အောင်မြင်လာမှာပါ…

ထိုင်းအစိုးရကတော့ ဒီနည်းနဲ့ အပင်တွေစိုက်ပျိုးကြဖို့ သူတို့နိုင်ငံသားတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လှုံ့ဆော်နေခဲ့တာပါ…

ထိုင်းနိုင်ငံရဲ့ ခရိုင်အရာရှိတွေဟာ သူတို့ဒေသတွေမှာ ဒီနည်းကို စိတ်အားထက်သန်သန်ပဲ ဟောပြောစည်းရုံးခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းက ခရိုင်တွေက ( မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ ဆက်စပ်နေတဲ့ ဒေသ ) တောတွေမှာ ဒီနည်းနဲ့ သစ်သီးပင်တွေဟာ တိုးပွားလို့လာနေပါတယ်…

ရိုးရှင်းပြီး ထိရောက်စေမဲ့ ဒီနည်းလမ်းလေးကို အသုံးပြီး ကျွန်တော်တို့ အနာဂတ် မျိုးဆက်တွေအတွက် သစ်ပင်တွေ အလျှံပယ် ထားခဲ့ကြရအောင်လားဗျာ….

ကျေးဇူးပြုပြီး မျှဝေပေးကြပါနော်…

Dear Penro Tarlac Page က ရေးထားတာလေးကို ဆီလျှော်အာင် ဘာသာပြန်ပေးထားတာပါ…
Credit to original post uploader
❤❤❤❤❤❤❤❤❤❤❤

[Unicode] #ယခုလို ကူးစက်​ရောဂါများဖြစ်ပ​ွား​နေချိန်မှာ မိမိရဲ့အိမ်​ခြံဝင်းထဲမှာပဲ ​နေ့ရက်တိုင်းကိြုဖတ်သန်း​နေရလို့ စိတ်ည...
28/01/2021

[Unicode]

#ယခုလို ကူးစက်​ရောဂါများဖြစ်ပ​ွား​နေချိန်မှာ မိမိရဲ့အိမ်​ခြံဝင်းထဲမှာပဲ ​နေ့ရက်တိုင်းကိြုဖတ်သန်း​နေရလို့ စိတ်ညစ်​နေပြီလား...🤗

#ဒါဆိုရင်​တော့ အပြောင်းအလဲ​လေးလည်းဖြစ်​ မျက်စိပ​ဒေသာလည်းဖြစ်​စေတဲ့ ခိုင်ခံ့လှပပြီး​​ရေရှည်အသုံးခံတဲ့ အလှခင်း Concrete Block တုံးများနဲ့ သင့်ပတ်ဝန်းကျင်ကို​​​​ပြောင်းလဲလိုက်ပါ...🤗

#အရောင်စုံဒီဇိုင်းစုံ ColourConcrete Block တုံးများကို သုံးခြင်းဖြင့် ၊ မိမိရဲ့စိတ်ကူးအိပ်မက်​တေ​ွကို လိုသလိုပုံဖော်နိုင်ပါပြီ...😍

#အသုံးပြုသောပစ္စည်းတိုင်းက ခိုင်ခန့်ပြီး ၊ ပစ္စည်းတန်ဖိုး ၏ ၇၅% ကို ပြန်လည်ရယူရွှေ့ပြောင်း အသုံးပြုနိုင်တာက Precast တွေရဲ့ အားသာချက်ပါ...💯👌

Service သမားများအတ​ွက် တုံးများလိုသလာက်ရရှိနိုင်ပါပြီ...🤗

#ဝယ်ယူအားပေးလိုပါက လှိုက်လှဲစွာ ကြိုဆိုလျက်ပါ ခင်ဗျာ...🤝

#ဆက်သ​ွယ်မှာယူရန်
☎️ 09-425279839 👈

[Zawgyi]

#ယခုလို ကူးစက်​ရောဂါများဖြစ်ပွား​နေချိန်မှာ မိမိရဲ့အိမ်​ခြံဝင်းထဲမှာပဲ ​နေ့ရက်တိုင်းကြိုဖတ်သန်း​နေရလို့ စိတ်ညစ်​နေပြီလား...🤗


#အရောင်စုံဒီဇိုင်းစုံ ColourConcrete Block တုံးများကို သုံးခြင်းဖြင့် ၊ မိမိရဲ့စိတ်ကူးအိပ်မက်​တွေကို လိုသလိုပုံဖော်နိုင်ပါပြီ...😍




#ဆက်သွယ်မှာယူရန်
☎️ 09-425279839 👈

ကရင်သက္ကရာဇ် (၂၇၆၀) ခုနှစ်၊ (၁၃.၁.၂၀၂၁) တွင်ကျရောက်သော “ကရင်နှစ်သစ်ကူး” နေ့ကို ရှင်သန်ရာ-ပျိုးပင်ဝန်ဆောင်မှုလုပ်ငန်းမှ လှိ...
13/01/2021

ကရင်သက္ကရာဇ် (၂၇၆၀) ခုနှစ်၊ (၁၃.၁.၂၀၂၁) တွင်ကျရောက်သော “ကရင်နှစ်သစ်ကူး” နေ့ကို ရှင်သန်ရာ-ပျိုးပင်ဝန်ဆောင်မှုလုပ်ငန်းမှ လှိုက်လှဲစွာကြိုဆိုရင်း 🎉
ကရင်တိုင်းရင်းသားများနှင့်တကွ မြန်မာနိုင်ငံသားအားလုံး ကောင်းခြင်းမင်္ဂလာနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 🙏

Address

Marga (12) Street, SouthOkklapa Township
Yangon
11091

Telephone

+959425279839

Website

Alerts

Be the first to know and let us send you an email when ရှင်သန်ရာ - Landscapingဝန်ဆောင်မှုလုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရှင်သန်ရာ - Landscapingဝန်ဆောင်မှုလုပ်ငန်း:

Share