Nay Swan In - နေစွမ်းအင် Solar Group

Nay Swan In - နေစွမ်းအင် Solar Group Eco Solar Solutions

အနာဂတ်အတွက်စွမ်းအင်ခြေလှမ်းသစ် - မြန်မာနိုင်ငံတောင်ပိုင်းဒေသများအတွက် နေရောင်ခြည်စွမ်းအင်နှင့် MSMEs စွမ်းဆောင်ရည်မြှင့်...
22/08/2026

အနာဂတ်အတွက်စွမ်းအင်ခြေလှမ်းသစ် - မြန်မာနိုင်ငံတောင်ပိုင်းဒေသများအတွက် နေရောင်ခြည်စွမ်းအင်နှင့် MSMEs စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်
===========================================

#နေစွမ်းအင်ကုမ္ပဏီ (Nay Swan In Co.,Ltd) သည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများအတွက် ရုံးခွဲအသစ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၆ ခုနှစ် မေလမှ စတင်ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်။

ဤရုံးခွဲဖွင့်လှစ်ခြင်းသည် မြန်မာနိုင်ငံတောင်ပိုင်းဒေသများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်စေရန် နေရောင်ခြည်စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင်နေသော ...

👉 MSME များနှင့် အိမ်သုံး၊ လုပ်ငန်းသုံး ဆိုလာစွမ်းအင် (Solar Energy) တပ်ဆင် အသုံးပြုလို သူများကို ထိရောက်မြန်ဆန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်ပါသည်။

📌 နေစွမ်းအင် ကုမ္ပဏီသည် ဆွစ်စ်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖောင်ဒေးရှင်း ( Swisscontact ) ၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသ မွန်ပြည်နယ်နှင့် ဆက်စပ်မြို့ နယ်များရှိ Solar Energy လုပ်ငန်းလုပ်ကိုင်နေသော MSME များ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။

" Program ၏ အဓိက ရည်မှန်းချက်များ "
========================

👉 Solar Energy ကဏ္ဍရှိ MSME များ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာစေရန် ပံ့ပိုးခြင်း
👉 Solar Energy ဝန်ဆောင်မှုပေးသူများအား အရည်အသွေးမြင့်ပြီး အသိအမှတ်ပြုလက်မှတ်ရ ဝန်ဆောင်မှုပေးသူများအဖြစ် ဖွံ့ဖြိုးလာစေရန် ကူညီခြင်း
👉 Solar System တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းပညာကျွမ်းကျင်သူများကို လေ့ကျင့်မွေးထုတ်ပေးခြင်း
👉 စက်မှုလုပ်ငန်းများနှင့် ထုတ်လုပ်ရေးကဏ္ဍများတွင် သန့်စင်သောစွမ်းအင်ကို ပိုမိုကျယ်ပြန့်စွာ အသုံးချနိုင်ရန် အားပေးခြင်း
👉 အိမ်ထောင်စုများ၊ စီးပွားရေးလုပ်ငန်းများနှင့် ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည့် ရေရှည်တည်တံ့သော Solar Energy ဈေးကွက်တစ်ခု တည်ဆောက်ခြင်း

📌 Product Introduction & Launch Event ကို ၂၀၂၆ ခုနှစ် မေလ ၃ဝ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ Strand Hotel တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

အခမ်းအနားတွင် Swisscontact မှ Program ၏ ရည်ရွယ်ချက်များနှင့် မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို မိတ်ဆက်ရှင်းလင်းခဲ့ပြီး၊ နေစွမ်းအင်ကုမ္ပဏီ မှ အသေးစိတ်အကြောင်းအရာများနှင့် ကုမ္ပဏီမှ ဖြန့်ချိလျက်ရှိသော Solar Energy ထုတ်ကုန်များကို တင်ပြရှင်းလင်းခဲ့ပါသည်။ ထို့အပြင် တက်ရောက်လာသော ဧည့်သည်တော်များနှင့် MSME လုပ်ငန်းရှင်များမှ မေးမြန်းဆွေးနွေးမှုများကိုလည်း တက်ကြွစွာ ပြုလုပ်ခဲ့ကြပါသည်။

ယခုကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသရှိ MSME များနှင့် အိမ်သုံး၊ လုပ်ငန်းသုံး Solar Energy အသုံးပြုသူများအတွက် ပိုမိုလွယ်ကူထိရောက်သော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ပြီး ဒေသတွင်း Solar Energy ကဏ္ဍနှင့် စီးပွားရေးလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုနိုင်မည်ဟု မျှော်လင့်ပါသည်။

" အတူတကွပူးပေါင်းပြီး ရေရှည်တည်တံ့သော စွမ်းအင်အနာဂတ်ဆီသို့ လျှောက်လှမ်းကြပါစို့"

create opportunities

✌🏻☀️ Solar Power Upgrade လုပ်ရမယ့် အချိန်ရောက်ပြီနော် ✌🏻☀️ လျှပ်စစ်ဓာတ်အား အသုံးပြုမှုကို ပိုမိုထိရောက်စေဖို့နဲ့ လုပ်ငန်...
18/08/2026

✌🏻☀️ Solar Power Upgrade လုပ်ရမယ့် အချိန်ရောက်ပြီနော် ✌🏻☀️

လျှပ်စစ်ဓာတ်အား အသုံးပြုမှုကို ပိုမိုထိရောက်စေဖို့နဲ့ လုပ်ငန်းသုံး Solar System တပ်ဆင်အသုံးပြုလိုသူများအတွက် Solar Live Sale Promotion လာပါပြီဗျို့ ….📣

Live Sale မှာတော့ -

1. MITSU 30KW Hybrid Solar Inverter (Wall Mounted Type)
2. Growatt 50KW On Grid Solar Inverter (Wall Mounted Type)
3. DEYE SUN -50K-SG02HP3 EU-BM4 High Voltage Solar Inveter
4. DEYE SUN -80K-SG02HP3 EU-BM4 High Voltage Solar Inverter
5. DEYE SUN-100K-G03 On Grid Solar Inverter
6. DEYE SUN-20K SG 01HP3-EU-AM2 High Voltage Solar Inverter
7. MITSU Solar Panel Bificial 625W

စတဲ့ Solar ပစ္စည်းများကို Live Sale Promotion များဖြင့် အတန်ဆုံးဈေးနှုန်းများဖြင့် ရောင်းချပေးသွားမှာြဖစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်နော် …

👉🏻 မိမိ လုပ်ငန်းနဲ့ စက်ရုံ၊ အလုပ်ရုံများအတွက် Solar System ပြောင်းလဲအသုံးပြုဖို့ စဉ်းစားနေတယ်ဆိုရင်တော့ အချိန်မစောင့်ဘဲ ဒီ Live Sale လေးကို ဝင်ရောက်ကြည့်ရှုဖို့ လက်မလွှတ်လိုက်နဲ့တော့နော် …

👉🏻 ဒါ့အပြင် Live ကိုဝင်ရောက်ကြည့်ရှုသူများအတွက် ဖုန်းဘေလ်လက်ဆောင် မဲဖောက်ပေးသွားမယ့် အစီအစဉ်လည်း ရှိသေးတာကြောင့် Post လေးကို Like & Share လုပ်ထားဖို့လည်း မမေနဲ့နော် 😚

🎥 LIVE SALE အစီအစဉ်
*19.8.2026 (ဗုဒ္ဓဟူးနေ့)
*နေ့လည် 1:00 PM မှ 2:00 PM အထိ

✅ တောင်ပေါ်သားရီရှင်း (စိုက်ပျိုးရေး) ကုမ္ပဏီလီမိတက် page
https://www.facebook.com/share/1b4SECmkwg/?mibextid=wwXIfr

✅ လိုတရ page
https://www.facebook.com/share/1EbMGq3WmB/?mibextid=wwXIfr

🌹ဝါဆိုလပြည့် - ဓမ္မစကြာအခါတော်နေ့🌹 🙏🏻 ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့ 🙏🏻 ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တေ...
29/07/2026

🌹ဝါဆိုလပြည့် - ဓမ္မစကြာအခါတော်နေ့🌹

🙏🏻 ဂေါတမဘုရားအလောင်းတော် ပဋိသန္ဓေနေသောနေ့
🙏🏻 ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်မူသောနေ့
🙏🏻 ဓမ္မစင်္ကြာ တရားဦးကို စတင်ဟောတော်မူသောနေ့
🙏🏻 ရေမီးအစုံစုံဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
🙏🏻 ဘုရားအဖြစ် ဝန်ခံတော်မူသောနေ့
🙏🏻 တရားရတနာ စတင်ပေါ်ပေါက်သောနေ့
🙏🏻 သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့
🙏🏻 "ဧဟိဘိက္ခု" ဟူသောစကားကို စတင်ကြားရသောနေ့
🙏🏻 ပဉ္စဝဂ္ဂီမဟာထေရ်မြတ်ကြီး ငါးဦးတို့ အသီးသီးသောတပန်ဖြစ်တော်မူပြီး တရားထူး၊တရားမြတ်ကို ရရှိတော်မူကြသည့် …

ယနေ့ကျရောက်သည့် "ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့" တွင် ရောဂါဘယကင်းဝေးပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ဝါဆိုလပြည့် #ဓမ္မစကြာအခါတော်နေ့

⭐ အာဇာနည်နေ့ ဒို့မမေ့ ⭐၇၉ နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသောဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးမျ...
19/07/2026

⭐ အာဇာနည်နေ့ ဒို့မမေ့ ⭐

၇၉ နှစ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော
ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား
လေးစားစွာ ဦးညွှတ်အလေးပြုအပ်ပါသည်။

ေ့နိုင်

#‌တောင်‌ေပၚသားရီရွင္း စိုက္ပ်ိဳးေရး Co.,Ltd

🌙 Eid Al-Adha Mubarak! 🌙 ယနေ့ကျရောက်တဲ့  အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့မှစလို့ ပျော်ရွှင်ခြင်း၊  ကြီးပွားချမ်းသာခြင်း၊ ...
28/05/2026

🌙 Eid Al-Adha Mubarak! 🌙

ယနေ့ကျရောက်တဲ့ အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်) နေ့မှစလို့ ပျော်ရွှင်ခြင်း၊ ကြီးပွားချမ်းသာခြင်း၊ နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာ၊ အောင်မြင်မှုတို့နဲ့ ပြည့်စုံတဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

"Solar System တပ်ဆင်ဖို့ စဉ်းစားနေသူများအတွက်Mitsu Solar ရဲ့ 27th May အထူး Live Sale ကြီးမှာ —☀️ Solar Panel⚡ Inverter🔋 ...
21/05/2026

"Solar System တပ်ဆင်ဖို့ စဉ်းစားနေသူများအတွက်
Mitsu Solar ရဲ့ 27th May အထူး Live Sale ကြီးမှာ —
☀️ Solar Panel
⚡ Inverter
🔋 Battery
တို့ကို အတွဲစပ်အသုံးပြုနိုင်မယ့် Solution များအပြင်
🏭 အိမ်သုံး
🏢 C&I (Commercial & Industrial)
🏭 လုပ်ငန်း / စက်ရုံ / အလုပ်ရုံများအတွက်
သင့်တော်မယ့် Load Site တွေ၊ Free site-survey ဝန်​ဆောင်မှုများ

✅ Warranty & After sales service အကြောင်း
✅ Battery Cell အမျိုးအစားနှင့် အရည်အသွေး
✅ အသုံးပြုသင့်တဲ့ System Configuration များ
ကို အသေးစိတ် ရှင်းလင်းပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် Solar စနစ်တပ်ဆင်ဖို့ စိတ်ဝင်စားသူများအနေနဲ့
Mitsu Solar ရဲ့ မိုးရာသီ Live Sale ကြီးကို
လက်မလွတ်ဘဲ စောင့်ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ 🙌"

ေစွမ်းအင်

💪 World Labour Day 💪~~~~~~~~~~~~~~~~~~~~၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ကို...
01/05/2026

💪 World Labour Day 💪
~~~~~~~~~~~~~~~~~~~~

၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

🌹 ကဆုန်လပြည့် - ဗုဒ္ဓအခါတော်နေ့ 🌹🙏🏻 ဗျာဒိတ်ခံယူသောနေ့🙏🏻 ဖွားမြင်တော်မူသောနေ့ 🙏🏻 ဘုရားဖြစ်တော်မူသောနေ့ 🙏🏻 ပရိနိဗ္ဗာန်စံတေ...
30/04/2026

🌹 ကဆုန်လပြည့် - ဗုဒ္ဓအခါတော်နေ့ 🌹

🙏🏻 ဗျာဒိတ်ခံယူသောနေ့
🙏🏻 ဖွားမြင်တော်မူသောနေ့
🙏🏻 ဘုရားဖြစ်တော်မူသောနေ့
🙏🏻 ပရိနိဗ္ဗာန်စံတော်မူသောနေ့ … ဖြစ်သည့် "ကဆုန်လပြည့် ဗုဒ္ဓနေ့" တွင် မိတ်ဟောင်း မိတ်သစ် Customers များအားလုံး အေးချမ်းသာယာပြီး တရားထူး တရားမြတ်များ ကြိုးစားအားထုတ်နိုင်သူများ ဖြစ်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#ကဆုန်လပြည့်နေ့ #ဗုဒ္ဓအခါတော်နေ့ #ညောင်ရေသွန်းပွဲတော်

🙏 နှစ်ဆန်းတစ်ရက်နေ့ ဆုတောင်း 🙏စိတ်ရွှင်လန်း ၊ ကိုယ်ကျန်းမာခြင်းများနဲ့ ပြည့်စုံတဲ့ နှစ်သစ်အချိန်အခါလေးဖြစ်ကြပါစေ 🙏🙏🙏မြန်...
17/04/2026

🙏 နှစ်ဆန်းတစ်ရက်နေ့ ဆုတောင်း 🙏

စိတ်ရွှင်လန်း ၊ ကိုယ်ကျန်းမာခြင်းများနဲ့
ပြည့်စုံတဲ့ နှစ်သစ်အချိန်အခါလေးဖြစ်ကြပါစေ 🙏🙏🙏

မြန်မာ့နှစ်သစ်ကူး အချိန်အခါလေးကိုရောက်ရှိလာတဲ့ နှစ်ဆန်းတစ်ရက်နေ့အချိန်အခါလေးမှာ မြန်မာ ပြည်သူ ၊ ပြည်သားအပေါင်းအားလုံး စိတ်သစ် ၊ လူသစ် နဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ကြပြီး ရည်မှန်းထားသမျှ ပြည့်စုံ ပြည့်ဝတဲ့ ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် …

Address

No. (9/10), Bejing Street, Bayintnaung Road, West GyoGone, Insein
Yangon

Telephone

+959795872633

Website

Alerts

Be the first to know and let us send you an email when Nay Swan In - နေစွမ်းအင် Solar Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share