မြို့ပြ အက္ခရာ

မြို့ပြ အက္ခရာ Sharing-Decoration-Inspection-Drawing Service-Tender Service

🌺နမူနာ mold တုံး နဲ့ လက်တွေ့ Concrete Strength🌺 ဒီနေရာ မှာ Curing နဲ့ ပတ်သက်ပြီး ပြောချင်တာက တကယ်ဆို Concrete ကို 28ရက် ...
30/04/2026

🌺နမူနာ mold တုံး နဲ့ လက်တွေ့ Concrete Strength

🌺 ဒီနေရာ မှာ Curing နဲ့ ပတ်သက်ပြီး ပြောချင်တာက တကယ်ဆို Concrete ကို 28ရက် အထိ Curing ပေးသင့်ပါတယ်။

🌺အဲဒီလောက်ကြီး မလုပ်နိုင်ရင်တော့ 14ရက်တော့ မဖြစ်မနေ Curing ပေးရမှာ ပါ။

🌺အဲဒီလိုပေးတဲ့ အခါမှာ လဲ concrete သားက အမြဲ စိုနေဖို့ အရေးကြီးပါတယ်။

🌺 Curing သည် concrete ၏ အသက်ဖြစ်သည် ဆိုတာ ကို လုံး၀ မမေ့ ပါနဲ့။

🌺နမူနာယူထားတဲ့ mold တုံးလေး Testing အောင်တာနဲ့ Building မှာ လောင်းထားတဲ့ concrete လုံး၀ Strength ရတာမျိုး မဟုတ်ပါ။

🌺Mold တုံးက စယူကတည်းကသေသေချာချာထုထောင်းပြီး Curing ပေးထားတာ ဖြစ်ပါတယ်။

🌺တကယ်တန်းမှာတော့ construction မှာ လောင်းထားတဲ့ concrete ကို အဲဒီလို Curing ပေးထားတာ မဟုတ်လို့ ရတဲ့ Strength မတူနိုင်ပါဘူး။

🌺သေသေချာချာ ကျကျနန ‌construction method မှန်မှန်နဲ့ လောင်းထားပြီး Curing သေသေချာချာ ပေးထားရင်တောင် mold တုံးကို မမှီပါဘူး။

🌺နမူနာတုံးက design strength ထက် strength များနေလို့လည်း ပျော်လို့ ရပါဘူး။

🌺Under construction မှာ concrete strength ကို အကောင်းဆုံး သိနိုင်မည့် နည်းလမ်းက core test ပဲ ဖြစ်ပါတယ်။

🌺core test သုံးခုလောက် နမူနာယူပြီး strength စစ်တဲ့ အခါမှာ cube mold ကို စမ်းထားတဲ့ strength ရဲ့ 85% ရလျှင် အိုကေတယ်လို့ ဆိုထားပါတယ်။

🌺ဒါပေမဲ့ အဲဒါကိုတော့ မလုပ်ကျတာများပါတယ်။

🌺နောက်ဆုံး လုံး၀ မရတော့တဲ့ အခြေ အနေ ရောက်မှပဲ core test ပြုလုပ်ကြပါတယ်။

🌺Mould ခွဲလို့ လိုချင်တဲ့ Grade မရတဲ့အခါ Site မှာ
Rebound Hammer Test လုပ်ပါမယ်။

🌺အဲဒီအခါမှာ အပေါ်မှာ Daw Aye Aye Win ပြောထားတဲ့ Record က အသုံးဝင်ပါတယ်။

💥ကားနံပါတ် ၆ က မရခဲ့တာဆိုရင် အဲဒီကားလောင်းခဲ့တဲ့နေရာကို Rebound ရိုက်ပါမယ်
တခြားနေရာတွေကိုလဲ Random Check အနေနဲ့ စမ်းပါမယ်။

💥Rebound ကရတဲ့ result မှာအောင်ရင် Test Cube Error ပါ။

💥တစ်ကယ်လို့ Rebound မအောင်ရင် 100% အသေချာဆုံးဖြစ်တဲ့ Destructive Testing, Core ယူပါမယ်။

💥 ပြီးရင် ခွဲပါမယ် အဲဒီမှာ မအောင်ခဲ့ရင် Designer / Consultant က ဘာဆက်လုပ်မလဲ ဆုံးဖြတ်ပါမယ်။

💥ပြန်ဖြိုမလားဆိုတာက အခြေအနေ ၂ ခုနဲ့ ဆုံးဖြတ်ပါတယ်

၁။ Strengthening လုပ်မယ့်ကုန်ကျစရိတ်
၂။ Strengthening လုပ်ဖို့ခက်ခဲခြင်း

🌺နံပါတ် ၁ ကိုဥပမာအနေနဲ့ဆိုရင် လှေခါးလိုအသေးလေးတွေ လောင်းထားတာဆိုရင် ပြန်ဖြိုပြီး ပြန်လောင်းတာက ပိုပြီးတွက်ခြေကိုက်ပါတယ်

🌺အဲဒီအချိန်မှာ 3 days , 7 days result တွေက အသုံးဝင်ပါတယ်။

🌺3 Days (40%), 7 Days (65%), 14 Days (90%) မရထားဘူးဆိုရင် 28 Days မှာ မအောင်ဖို့များပါတယ်

🌺3 Days Test မှာ 15% လောက်ဘဲရတယ်ဆိုရင် မြန်မြန်ဖြိုလိုက်တာက Hacking ထိုးရသက်သာတဲ့အပြင် schedule နောက်ကျတာကိုလဲ ထိန်းပေးနိုင်ပါတယ်။

🌺အခုလောက်ဆိုလျှင် Curing ပေးတာ ဘယ်လောက် အရေးကြီးလဲဆိုတာ သိလောက်ပါပြီ။

🌺ပုံလေးတွေမှာ လေ့လာပါ။

Daw Aye Aye Win

💗မြို့ပြ အက္ခရာ💗
ရေးပြီးသားပါ။

25/04/2026

💗Plaster Material ကို Yellow Book မကြည့်ပဲ Material တွက်နည်း

💗မြို့ပြ အက္ခရာ 💗

25/04/2026

💗ကျည်းဘောင်ထောင်ပြီး လျှင် ကျည်းဘောင်ဘေးမှာ Crack ‌ဘာကြောင့်ပေါ်တာလဲ?

💗မြို့ပြ အကွရာ 💗

25/04/2026

💗သံချောင်း ဆက်တဲ့ Coupler..

💗 မြို့ပြ အက္ခရာ 💗

💗အသိပေးခြင်း💗ကျမရဲ့ အတွေ့အကြုံ များ ပြန်လည် မျှဝေနေသော Sharing များအား စာသား အနည်းငယ် ပြုပြင်ပြီး စာအုပ်ထုတ်ရောင်းခြင်း ...
25/04/2026

💗အသိပေးခြင်း

💗ကျမရဲ့ အတွေ့အကြုံ များ ပြန်လည် မျှဝေနေသော Sharing များအား စာသား အနည်းငယ် ပြုပြင်ပြီး စာအုပ်ထုတ်ရောင်းခြင်း မပြုပါရန် အသိပေးအပ်ပါသည်။

💗စာအုပ်လာလာ ပြပြီး ကျမ ကပဲ မိတ္တူလို့ ခဏ ခဏ လာလုပ်နေတာ မကြိုက်ပါ။ အလုပ် မအားလို့ စာမရေးနိုင်သေးတာပါ။ Social မှ အပြီး ပျောက်သွားတာ မဟုတ်ပါ။

💗၂၀၁၄ ကတည်းက ရေးလာသောစာများ ဖြစ်၍ Account ကျသွားလို့ ပါသွားတာကို အခွင့်ကောင်း မယူသင့်ပါ။ စု၊တု၊ပြု က တော်ရုံပဲ ကောင်းပါသည်။

💗ခွင့်ပြုချက်တောင်းတဲ့ သူရော၊ မတောင်းတဲ့သူများပါ ကူးယူဖော်ပြခွင့်ပြုထားပါသည်။

💗နောက်ထပ် Sharing တွေ လုပ်ဖို့ အများကြီး ရှိနေပါသေးသည်။

👉ကောက်စား မလုပ်သင့်ပါ။

💗Daw Aye Aye Win

💗မြို့ပြ အက္ခရာ💗

25/04/2026

💗Structure Knowledge

Remark "ကျမရဲ့ အတွေ့အကြုံ များ ပြန်လည် မျှဝေနေသော Sharing များအား စာသား အနည်းငယ် ပြုပြင်ပြီး စာအုပ်ထုတ်ရောင်းခြင်း မပြုပါရန် အသိပေးအပ်ပါသည်။

စာအုပ်လာလာ ပြပြီး ကျမ ကပဲ မိတ္တူလို့ ခဏ ခဏ လာလုပ်နေတာ မကြိုက်ပါ။ အလုပ် မအားလို့ စာမရေးနိုင်သေးတာပါ။ Social မှ အပြီး ပျောက်သွားတာ မဟုတ်ပါ။

၂၀၁၄ ကတည်းက ရေးလာသောစာများ ဖြစ်၍ Account ကျသွားလို့ ပါသွားတာကို အခွင့်ကောင်း မယူသင့်ပါ။

Daw Aye Aye Win

💗မြို့ပြ အက္ခရာ💗

14/04/2026

💕Column Formwork ခွာလျှင်

Remark "ကျမရဲ့ အတွေ့အကြုံ များ ပြန်လည် မျှဝေနေသော Sharing များအား စာသား အနည်းငယ် ပြုပြင်ပြီး စာအုပ်ထုတ်ရောင်းခြင်း မပြုပါရန် အသိပေးအပ်ပါသည်။

စာအုပ်လာလာ ပြပြီး ကျမ ကပဲ မိတ္တူလို့ ခဏ ခဏ လာလုပ်နေတာ မကြိုက်ပါ။ အလုပ် မအားလို့ စာမရေးနိုင်သေးတာပါ။ Social မှ အပြီး ပျောက်သွားတာ မဟုတ်ပါ။

၂၀၁၄ ကတည်းက ရေးလာသောစာများ ဖြစ်၍ Account ကျသွားလို့ ပါသွားတာကို အခွင့်ကောင်း မယူသင့်ပါ။

Daw Aye Aye Win

💗မြို့ပြ အက္ခရာ💗

14/04/2026

💕Column Formwork removal
💕TikTok ကစာရေးရသက်သာလို့ အဲဒီမှာ တင်ပြီး Page မှာ ပြန်တင်နေရတယ်။
💕 fb က စာရေးဖို့ အခု အဆင်‌မပြေသေးပါဘူး။

💗မြို့ပြ အက္ခရာ💗

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မြို့ပြ အက္ခရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share