ME Safety & Healthy Equipments Tools Distribution

ME Safety & Healthy Equipments Tools Distribution ME Engineering Equipment Distribution
�� 09772432269 Concrete Test Hammer HT-225 , Survey Instrument, QC Test, Soil Test Equipments and Safety

10/06/2026

ဲ့ပတ်သက်လာရင်TMOမှာမေးဝယ်ပါ
👉 တိုင်းတာမူတိကျတဲ့ အကွာအဝေး တိုင်းစက်ရှာဖွယ်နေပါသလား?
📏 MountLaser Distance Meter (100M) တိကျမြန်ဆန်သော အကွာအဝေးတိုင်းတာမှုအတွက် အကောင်းဆုံးရွေးချယ်မှု _____ 👍လုပ်ငန်းခွင်အချိန်ကုန်သက်သာစေကာ တိကျသော ရလာဒ်ကို ရယူလိုက်ပါ၊

✅ 100 Meter အထိ တိုင်းတာနိုင်ခြင်း
✅ တိကျမြန်ဆန်သော Measurement Result
✅ Area / Volume / Height တိုင်းတာနိုင်ခြင်း
✅ Construction Site, Survey, Interior Decoration နှင့် Engineering လုပ်ငန်းများအတွက် သင့်တော်ခြင်း
✅ အသုံးပြုရလွယ်ကူပြီး အချိန်ကုန်သက်သာစေခြင်း

🧲 Professional ☑ Durability 🔲 High Quality🔷 Product🔹

🏗️ Site လုပ်ငန်းခွင်များတွင် တိုင်းတာမှုအမှားများ လျှော့ချပြီး အလုပ်ထိရောက်မှု မြှင့်တင်လိုပါသလား?❗ MountLaser Distance Meter (100M) ကို 🔺 ယနေ့ပဲ မှာယူလိုက်ပါ။

♦ Professional Surveying Solution for a Better Future. ✅

📞 ဆက်သွယ်မှာယူရန်
☎️ 09 43190378
☎️ 09 772432269
🏢 ောင်းရုံး

🙏 TMO အရောင်းရုံးမှ ဝယ်ယူအားပေးကြသော Customer များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
ောင်းရုံး

လူကြီးမင်းတို့၏ဆောက်လုပ်ရေး၊ အဆောက်အဦး Concrete လုပ်ငန်းခွင်များအတွက် အရေးပါသော   Test ပြုလုပ်ရန် အရည်အသွေး‌ကောင်းမွန်သေ...
04/06/2026

လူကြီးမင်းတို့၏ဆောက်လုပ်ရေး၊ အဆောက်အဦး Concrete လုပ်ငန်းခွင်များအတွက် အရေးပါသော Test ပြုလုပ်ရန် အရည်အသွေး‌ကောင်းမွန်သော ထုတ်လုပ်တဲ့ (150mm x 150mm x 150mm) Cube Mould 📦📦 တွေရပါပြီခင်ဗျာ။

TMOမှရောင်းချပေးနေတဲ့ Concrete Cube Mould တွေကတော့ -⤵⤵......

✅ ASTM Standard (150mm x 150mm x 150mm) Cube Mould

✅ Cast Iron Quality ဖြင့်ထုတ်လုပ်ထားတဲ့အတွက် ကြာရှည်အသုံးပြုနိုင်ခြင်း။

✅ Plastic Quality Cube Mould တွင်လေဂန်းဖြင့်အလွယ်တကူခေါက်ထုတ်နိုင်ခြင်း။

✅ Double Clampပါတဲ့အတွက် အလွယ်တကူဖြုတ်တပ်နိုင်ခြင်း။

✅ ဈေးနူန်းသက်သာစွာဖြင့်ရောင်းချပေးခြင်း။

✅ Quality Stability
📦 Cube Mould - 10 Qty _ ' အထက် မှာဝယ်လိုသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချလိုသူများကိုလည်း အဆင်ပြေအောင် " 💥 Special DIS% 💥 ဖြင့် ပြုလုပ်ပေးပါမည်။⚡
💁‍♂️ Batching Plant၊ AG ကားများ၊ စက်မူဇုံဆိုဒ်များ၊ Big Projects များအတွက် အထူးစျေးနှူန်းထားရှိပါသည်။ 👍

🚗🚃 🚌 နယ်မှ မှာဝယ်လိုသူများကိုလည်း ဂိတ်များဖြင့် တာဝန်ယူDeliveryပို့ဆောင်ပေးပါသည်။
♻️ လက္ကားမှာယူလိုပါက CB မှ ဆက်သွယ်နိုင်ပါတယ်။

📦 ပစ္စည်းမှာယူလိုပါက💁‍♂️
➖➖➖➖➖➖➖➖➖
✅ ဝယ်သူရဲ့ အမည်
✅ ဖုန်းနံပါတ် ဂိတ်လိပ်စာအတိအကျ
✅ မှာယူလိုသည့် ပစ္စည်းအရေအတွက်တို့ကို
🗨 Page ရဲ့ message box💬 ကိုစာပို့ပြီးဖြစ်စေ
📲 Ph: 09 431 90378 (viber)📩 ဆက်၍ ဖြစ်စေ မှာယူနိုင်ပါတယ်။
🏠 အရောင်းဖြန့်ချီရေးဌါန… … … 📌
TMO Engineering Concrete Mould Distribution Group
☎ 09 43190378 (HOT Line)
☎ 09 772432269

📮 NO: 12 ၊ သုခလမ်း ၊ Insein GTI ကျောင်း အနီး၊ ဖေါ့ကန် KBZ Bank ဘက်ခြမ်းမှ ဝင်ပါ။ ဖော့ကန်ကားမှတ်တိုင်ရှေ့တည်တည့်မှဝင်ပါ၊ ရန်ကုန် အင်းစိန် TMO အရောင်းရုံး။
📡 www:tmo-survey.com.mm

///////////// ///////////////////////////////// //////////////
✅☑ အစဥ်အမြဲ ဝယ်ယူအားပေးလျှက်ရှိသော မိတ်ဆွေ Customer များအားလုံး အထူး ပင်ကျေးဇူးတင်ရှိပါသည် ၊ 🙇 မိတ်ဟောင်း မိတ်သစ်များအား လည်း နွေးထွေးစွာ ကြိုဆိုပါသည် ။ 😘
#ရန်ကုန်အင်းစိန်tmoအရောင်းရုံး #ကွန်ကရစ်အဆောက်အအုံ

#ကွန်ကရစ်အရည်အသွေးစစ်ဆေးရန်
////////////// ///////////// ////////////// /////////////

31/05/2026
📢🏗️ TMO Engineering Group မှ ဖြန့်ချီသော REBAR SCANNER ZBL-R630A Model 🏗️📢 Taiwan High Quality _ For All Building Struct...
31/05/2026

📢🏗️ TMO Engineering Group မှ ဖြန့်ချီသော REBAR SCANNER ZBL-R630A Model 🏗️📢
Taiwan High Quality _ For All Building Structure▫
🔍 ကွန်ကရစ်အတွင်းရှိ Rebar (သံချောင်း) များကို အတိအကျ စစ်ဆေးနိုင်သော Professional Testing Device🔳

📌 အသုံးဝင်မှုများ ✅ Rebar တည်နေရာ (Location) ကို တိကျစွာ ရှာဖွေနိုင်ခြင်း
✅ Concrete Cover Thickness (သံကာအထူ) ကို တိုင်းတာနိုင်ခြင်း
✅ Rebar Diameter (သံချောင်းအရွယ်အစား) ခန့်မှန်းတွက်ချက်နိုင်ခြင်း
✅ Rebar Distribution & Orientation ကို Scan ပြုလုပ်နိုင်ခြင်း
✅ Cable နှင့် Metal Pipe များကိုလည်း Detect လုပ်နိုင်ခြင်း
✅ Concrete မဖျက်ဘဲ Non-Destructive Testing (NDT) ဖြင့် စစ်ဆေးနိုင်ခြင်း �

⭐ ထူးခြားချက်များ 🔸 Waterproof & Dustproof Sensor Probe ⤵⤵
🔸 Wireless Data Transfer System
🔸 USB Data Storage Support
🔸 Rebar Distribution Map ဖန်တီးနိုင်ခြင်း
🔸 Automatic Report Generation Software ပါဝင်ခြင်း
🔸 Lightweight Design (0.9kg) ဖြင့် Site Work အတွက် အဆင်ပြေခြင်း
🔸 Long Battery Life ဖြင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်ခြင်း

🏢 အသုံးပြုနိုင်သော လုပ်ငန်းများ ✔ Building Construction Inspection☑🟦
✔ Structural Quality Control
✔ Bridge & Road Projects
✔ Renovation & Retrofitting Works
✔ Core Cutting မပြုမီ Rebar စစ်ဆေးခြင်း
✔ Engineering Survey & NDT Testing Works
Teesin-Machinery +1
💯 High Accuracy • Fast Detection • Professional Result

🧲 ဆက်သွယ်မှာယူရန် >>
📞📲 TMO အရောင်းရုံး 09-43190378
🌐 www:tmo-survey.com.mm








🔍 REBAR SCANNER – ZBL R63A MODEL SERIESConcrete Structure များအတွင်းရှိ Rebar (သံအား) များ၏ တည်နေရာ၊ အနက် (Depth) နှင့် ...
30/05/2026

🔍 REBAR SCANNER – ZBL R63A MODEL SERIES
Concrete Structure များအတွင်းရှိ Rebar (သံအား) များ၏ တည်နေရာ၊ အနက် (Depth) နှင့် Diameter ကို တိကျမြန်ဆန်စွာ စစ်ဆေးနိုင်သော Professional Rebar Scanner ဖြစ်ပါသည်။
✅ Rebar Position Detection
✅ Rebar Depth Measurement
✅ Rebar Diameter Estimation
✅ Non-Destructive Testing (NDT)
✅ Easy Operation & Accurate Result

🏢 TMO Engineering Distribution Group
🇲🇲 Authorized Distributor for Myanmar

📞 ဆက်သွယ်မှာယူရန်
09 772432269






Concrete Slump Test – အဆင့်လိုက် စမ်းသပ်နည်း ၁။ ဘာလို့ Slump Test လုပ်ရတာလဲ။Concrete Slump Test ဆိုတာကတော့ freshly mixed...
26/05/2026

Concrete Slump Test – အဆင့်လိုက် စမ်းသပ်နည်း

၁။ ဘာလို့ Slump Test လုပ်ရတာလဲ။

Concrete Slump Test ဆိုတာကတော့ freshly mixed concrete ၏ “workability” (လုပ်ဆောင်နိုင်စွမ်း) နဲ့ “consistency” (ညီညာမှု) ၊ quality control (အရည်အသွေးထိန်းချုပ်မှု) ကို field မှာမြန်မြန်ဆန်ဆန်စစ်နိုင်ဖို့အတွက် သဘာဝလွယ်ကူပြီး ယုံကြည်စိတ်ချရတဲ့ စမ်းသပ်နည်းတစ်ခုဖြစ်ပါတယ်။

ဒီစမ်းသပ်မှုကအဓိကအားဖြင့်
1. Concrete workability ကိုသိနိုင်ရန်
2. Water-cement ratio မှန်/မှား စစ်ရန်
3. Concrete consistency (ထိန်းချုပ်မှုအတွက်)
4. Batch to batch uniformity စစ်ရန်
5. သတ်မှတ်ထားသော mix design နဲ့ကိုက်ညီမှုရှိ/မရှိ စစ်ရန်

၂။ စမ်းသပ်မှု မလုပ်ခင်မှာ စစ်ဖို့အရာများ

Slump Test လုပ်မယ်ဆိုရင်တော့ မလုပ်ခင် Delivery Order (DO) Sheet ကိုစစ်ဖို့ မဖြစ်မနေ လိုပါတယ်။ DO မှာတွေ့ရမယ့်အချက်အလက်တွေကတော့ – Concrete Grade (ဥပမာ C45 , C50 ), Concrete grade ဟာ ကိုယ် Concrete သွန်းလောင်းမဲ့ ဧရိယာမှာရှိတဲ့ လို့အပ်တဲ Grade လားဆိုတာ စစ်ပါ ၊ Slump Requirement (ဥပမာ 100-150 mm), Mix Design Code, ပမာဏ (ဧရိယာ), သယ်ဆောင်လာတဲ့ယာဉ်နံပါတ်နဲ့ Concrete ထွက်သွားချိန် တို့ဖြစ်ပါတယ်။

အဲ့အချက်တွေကိုသေချာစစ်ပြီးမှသာ စမ်းသပ်မှုအတွက် အဆင်ပြေမှာဖြစ်ပါတယ်။

၃။ လိုအပ်သောကိရိယာများ

စမ်းသပ်ဖို့လိုအပ်တဲ့ပစ္စည်းတွေအဖြစ်
• Slump cone
• Base plate / ညီညာ​သော Floor
• Tamping rod (လက်ရှိမှာ Ø16mm ဝန်းလုံးပြီး ၆၀ စင်တီမြင့်သော သံတုတ်)
• Measuring scale
• Scoop (Concrete ကိုထည့်ရန်)
တွေကို အသင့်ပြင်ဆင်ထားဖို့လိုပါတယ်။

၄။ Slump Test လုပ်နည်း (အဆင့်လိုက်)

အဆင့် ၁ – Cone ကိုထားခြင်း

Slump cone ကို သံပြား သို့ ညီညာညေသာ concrete floor ညီညာတဲ့နေရာမှာ တည်မြဲစွာတင်ပြီး မလှုပ် အောင် ဖိထားရပါမယ်။ Cone ထဲထည့်မယ့် concrete က အပြင်ဘက် မဖိတ်ဆင်အောင် ကြိုတင်အာရုံစိုက်ဖို့လိုပါတယ်။

အဆင့် ၂ – Concrete ထည့်ခြင်း

Cone ထဲကို concrete ကို သုံးအလွှာအဖြစ် ဖြည့်ပါ။
ပထမအလွှာကို cone အမြင့်၏ တစ်ပုံသုံးပုံအတိုင်းဖြည့်ပါ။ ထို့နောက် သံတုတ်ဖြင့် ၂၅ ကြိမ် ထောင်းဖိပေးပါ။
ဒုတိယအလွှာကို ထပ်ဖြည့်ပြီး နောက်ထပ် ၂၅ ကြိမ် ထောင်းဖိပါ။
တတိယအလွှာဖြည့်ပြီးနောက်ဆုံးလည်း ၂၅ ကြိမ် ထောင်းဖိပြီး concrete မျက်နှာပြင်ကို တည့်အောင် ဖြန့်ချပါ။

အဆင့် ၃ – Cone ကိုဖယ်ခြင်း

Cone ထဲထည့်ပြီးတဲ့နောက်တွင် မကြာခင်မှာတင် တည့်တည့် ဖြေညှင်းစွာပြီး Cone ကို ၅ စက္ကန့်အတွင်း ပြေပြေပြစ်ပြစ် ဖြည်းဖြည်းနဲ့ဖယ်ပေးပါ။
Concrete က Cone ဖယ်ချိန်မှာ အလိုအလျောက် ထင်းထင်းကျသွားမှာဖြစ်ပါတယ်။

အဆင့် ၄ – Slump တိုင်းခြင်း

Cone ရဲ့အပေါ်နားမှာ Straightedge တစ်ခု တင်ထားပြီး Measuring scale ဖြင့် Concrete ရဲ့အမြင့်ဆုံးမှတ်နဲ့ Cone အပေါ်နားအကြား အကွာအဝေးကို တိုင်းပါ။
အဲ့ဒီအကွာအဝေးက တကယ်ဆိုရင် Slump value ဖြစ်ပါတယ်။
ဥပမာ – Cone ရဲ့အမြင့်မှာ 300 mm ဖြစ်ပြီး Concrete top 210 mm ဖြစ်တယ်ဆိုရင် Slump = 90 mm ဖြစ်ပါတယ်။

၅။ Result မှတ်တမ်းတင်ခြင်း

စမ်းသပ်ပြီးတဲ့နောက်မှာတော့ Result ကိုဖြည့်ဖို့လိုပါတယ်။
ဖြည့်ရမယ့်အချက်တွေကတော့ – စမ်းသပ်သည့်ရက်စွဲ၊ အချိန်၊ Concrete Grade, Slump Result, Delivery Order မှာရှိတဲ့ Slump Requirement နဲ့ နှိုင်းယှဉ်မယ့်စာမျက်နှာ၊ Truck No, Tester Name, Site Name တို့ဖြစ်ပါတယ်။

၆။ Slump Result ကိုဘယ်လိုဖော်ပြရမလဲ
Slump တန်းဖိုးဟာ Concrete Mix Design မှာရှိတဲ့ Slump ထက် နည်းတာ များတာ ဖြစ်လို့မရပါဘူး။
ဉပမာ- Design Mix က ၁၀၀-၁၅၀ mm ဆိုရင် ၁၀၀ mm အောက် နည်းတာမရပါဘူး ၊၁၅၀mm ထက်ကျော်ရင်လည်း ရေမျာတဲ့အတွက်မရပါဘူး။
Slump ဟာ ၁၀၀-၁၅၀mm ကြားဖြစ်နေရပါမယ်။

၇။ သတိပြုရန် အချက်များ
• Cone ကို မလှုပ်အောင် တည်မြဲအောင်ထားပါ။
• Tamping rod ဖြင့် ထောင်းဖိမှု သတ်မှတ်အချက်ရေအတိုင်းလုပ်ပါ။
• Slump များလွန်းလျှင် Segregation ဖြစ်နိုင်သဖြင့် Reject လုပ်ဖို့သတိထားပါ။
• DO များကိုစစ်ပြီး သတ်မှတ် slump range ထဲမှာရှိမှာ Concrete ကိုAccept လုပ်ပါ။

ညီငယ် ညီမငယ်များအတွက် Knowledge sharing ခြင်းနှင့် ကိုယ်ကိုတိုင် သတိပြုမိရန် အတွက် ရေသားမှတ်သားခြင်းသာဖြစ်ပါသည်။

Credit



Civil Engineerတစ်ယောက် သိထားသင့်တဲ့အခြေခံအချက်များ(1)=============================Q > Water-cement ratio ဆိုတာဘာလဲ။~~~~~...
09/05/2026

Civil Engineerတစ်ယောက် သိထားသင့်တဲ့အခြေခံအချက်များ(1)
=============================
Q > Water-cement ratio ဆိုတာဘာလဲ။
~~~~~~~~~~~~~~~~~~~~~~~~~

A > Water-cement ratio ဆိုတာ ရေနဲ့ cementကို အလေးချိန်အရ အချိုးချထားခြင်းဖြစ်တယ်။ W/C ratioဟာဆိုရင် concrete strengthအတွက်အရေးပါဆုံးသော လွှမ်းမိုးမှု့တခုဖြစ်တယ်။normal concreteတွေအတွက် W/C ratioကို ၀.၄ကနေ ၀.၆အကြားမှာရှိလေ့ဖြစ်တယ်။ height strengthအတွက်ဆို ၀.၂၁အောက်ထိငယ်နိုင်ပါတယ်။
Q > Slump test ဆိုတာဘာလဲ။
A > Slump test ဆိုတာ concreteရဲ့ အပျစ်အကျဲ(အပျော့အမာ)ကို စမ်းသပ်ခြင်းဖြစ်တယ်။ တနည်းအားဖြင့် workabilityအတွက် စမ်းသပ်ခြင်းလဲဖြစ်တယ်။ concreteရဲ့ slumpကို ရေဘုယျအားဖြင့် အဆောက်အဦဆောက်လုပ်ခြင်းတွေမှာ ၂ကနေ ၅လက်မအတွင်း ဖြစ်လေ့ရှိသည်။

Q > Curing ဆိုတာဘာလဲ။
~~~~~~~~~~~~~~~~~~

A > Curing ဆိုတာ concreteလောင်းပီးနောက် အဲ့concrete strengthပိုမိုအောင် လုပ်ဆောင်သော ဖြစ်စဉ်မှန်သမျှကို curingလုပ်ခြင်းလို့ဆိုပါတယ်။ Temperature နှင့် moistureကို ထိန်းသိမ်းခြင်းဖြစ်ပါတယ်။ moistureကို ထိန်းသိမ်းခြင်းက concrete strengthကိုပိုမိုကောင်းမွန်စေပီး temperatureကို မြင့်မားအောင်လုပ်ခြင်းက ၂၈ရက် strengthကိုမြန်မြန်ရောက်စေပါတယ်။ curingကို အနည်းဆုံး concteteလောင်းပီး ပထမအပတ်ထိလုပ်ဆောင်ပေးရပါတယ်။
Q > Age of concrete အကြောင်းပြောပြပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~

A > concrete strengthဟာ အချိန်အတော်ကြာသည်အထိ သိသိသာသာတိုးတတ်ပီး cementရဲ့ hydration(waterနှင့် cement ဓာတ်ပြုခြင်း)ဟာ တလကြာသည်အထိ ဆက်လက်ဖြစ်ပေါ်နိုင်တယ်။ လက်တွေ့ယူဆချက်တွေမှာတော့ concreteရဲ့ ၂၈ရက်သား strengthဟာ ၇ရက်သားထက် ၁.၅ဆရှိရပါမယ်(range 1.3 to 1.7)။ BS codeမှာတော့ ၇ရက်သား strengthဟာ ၂၈ရက်ရဲ့ 2/3ဆအောက်မငယ်ရပါဘူး။

Q > load factor ဆိုတာဘာလဲ။
~~~~~~~~~~~~~~~~~~~
A > load Factor ဆိုတာ overload failureကို လျော့ချနိုင်ဖို့အတွက် loadတွေရဲ့ အခြေနေပေါ်မူတည်ပီး service loadကိုမြှောက်ပေးရသော factorတွေကိုခေါ်ဆိုခြင်း ဖြစ်တယ်။ ဥပမာ dead loadဟာ တိကျစွာတွက်ယူနိုင်တာကြောင့် သူ့ရဲ့factorဟာ live loadထက်နည်းနေတာကိုတွေ့ရပါတယ်။ load factorတွေရဲ့ တန်ဖိုးဟာ ရုတ်တရက်ပြိုကျပျက်စီးမှု့ ဖြစ်နိုင်ချေကို ကန့်သက်ဖို့ရန်နှင့် economical designကိုခွင့်ပြုဖို့ရန် လုံလောက်တဲ့ ပမာဏရှိရပါမယ်။

Q > Strength Reduction factor(phi) ဆိုတာဘာလဲ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

A > Strength Reduction factor(phi) ဆိုတာ understrength failureကိုနည်းနိုင်သလောက်နည်းဖို့ရာအတွက် structure memberတွေရဲ့ capacityကို တိကျစွာတွက်ယူနိုင်ဖို့အတွက် memberတွေရဲ့အရေးပါမှု့အလျောက် လျော့ပီးစဉ်းစားထားသော factorတခုဖြစ်တယ်။ ထို့ကြောင့် strength reduction factorတွေဟာ အမြဲတမ်း ၁အောက်ငယ်လေ့ ရှိပါတယ်။

Q > load combination ဆိုတာဘာလဲ။
~~~~~~~~~~~~~~~~~~~~~~~

A > load combination ဆိုတာ တပြိုင်ထဲမှာဖြစ်ပေါ်နိုင်ချေရှိတဲ့ loadတွေကို သက်ဆိုင်ရာ factorနဲ့မြှောက်ပီး maximum design loadရဖို့ ပေါင်းထားခြင်းဖြစ်တယ်။ တပြိုင်ထဲဖြစ်တဲ့ loadတွေဟာလဲ အမြဲတမ်း အများဆုံးအခြေနေမှာရှိနေတာမဟုတ်ပါဘူး။ တပြိုင်ဖြစ်ပေမဲ့ ဆန်ကျင်ဘက် အခြေနေမှာလဲရှိနေနိုင်ပါတယ်။ ဥပမာ buildingတခုဟာ wind loadကြောင့် overturning effectခံစားနေရချိန်မှာ buildingရဲ့ dead loadက ထိုeffectကို ခုခံထားတာမျိုးပါ။U = 0.9D + 1.0W( D=dead load& W=wind load)

Credit My Way Engineering





🌺နမူနာ mold တုံး နဲ့ လက်တွေ့ Concrete Strength🌺 ဒီနေရာ မှာ Curing နဲ့ ပတ်သက်ပြီး ပြောချင်တာက တကယ်ဆို Concrete ကို 28ရက် ...
03/05/2026

🌺နမူနာ mold တုံး နဲ့ လက်တွေ့ Concrete Strength

🌺 ဒီနေရာ မှာ Curing နဲ့ ပတ်သက်ပြီး ပြောချင်တာက တကယ်ဆို Concrete ကို 28ရက် အထိ Curing ပေးသင့်ပါတယ်။

🌺အဲဒီလောက်ကြီး မလုပ်နိုင်ရင်တော့ 14ရက်တော့ မဖြစ်မနေ Curing ပေးရမှာ ပါ။

🌺အဲဒီလိုပေးတဲ့ အခါမှာ လဲ concrete သားက အမြဲ စိုနေဖို့ အရေးကြီးပါတယ်။

🌺 Curing သည် concrete ၏ အသက်ဖြစ်သည် ဆိုတာ ကို လုံး၀ မမေ့ ပါနဲ့။

🌺နမူနာယူထားတဲ့ mold တုံးလေး Testing အောင်တာနဲ့ Building မှာ လောင်းထားတဲ့ concrete လုံး၀ Strength ရတာမျိုး မဟုတ်ပါ။

🌺Mold တုံးက စယူကတည်းကသေသေချာချာထုထောင်းပြီး Curing ပေးထားတာ ဖြစ်ပါတယ်။

🌺တကယ်တန်းမှာတော့ construction မှာ လောင်းထားတဲ့ concrete ကို အဲဒီလို Curing ပေးထားတာ မဟုတ်လို့ ရတဲ့ Strength မတူနိုင်ပါဘူး။

🌺သေသေချာချာ ကျကျနန ‌construction method မှန်မှန်နဲ့ လောင်းထားပြီး Curing သေသေချာချာ ပေးထားရင်တောင် mold တုံးကို မမှီပါဘူး။

🌺နမူနာတုံးက design strength ထက် strength များနေလို့လည်း ပျော်လို့ ရပါဘူး။

🌺Under construction မှာ concrete strength ကို အကောင်းဆုံး သိနိုင်မည့် နည်းလမ်းက core test ပဲ ဖြစ်ပါတယ်။

🌺core test သုံးခုလောက် နမူနာယူပြီး strength စစ်တဲ့ အခါမှာ cube mold ကို စမ်းထားတဲ့ strength ရဲ့ 85% ရလျှင် အိုကေတယ်လို့ ဆိုထားပါတယ်။

🌺ဒါပေမဲ့ အဲဒါကိုတော့ မလုပ်ကျတာများပါတယ်။

🌺နောက်ဆုံး လုံး၀ မရတော့တဲ့ အခြေ အနေ ရောက်မှပဲ core test ပြုလုပ်ကြပါတယ်။

🌺Mould ခွဲလို့ လိုချင်တဲ့ Grade မရတဲ့အခါ Site မှာ
Rebound Hammer Test လုပ်ပါမယ်။

🌺အဲဒီအခါမှာ အပေါ်မှာ Daw Aye Aye Win ပြောထားတဲ့ Record က အသုံးဝင်ပါတယ်။

💥ကားနံပါတ် ၆ က မရခဲ့တာဆိုရင် အဲဒီကားလောင်းခဲ့တဲ့နေရာကို Rebound ရိုက်ပါမယ်
တခြားနေရာတွေကိုလဲ Random Check အနေနဲ့ စမ်းပါမယ်။

💥Rebound ကရတဲ့ result မှာအောင်ရင် Test Cube Error ပါ။

💥တစ်ကယ်လို့ Rebound မအောင်ရင် 100% အသေချာဆုံးဖြစ်တဲ့ Destructive Testing, Core ယူပါမယ်။

💥 ပြီးရင် ခွဲပါမယ် အဲဒီမှာ မအောင်ခဲ့ရင် Designer / Consultant က ဘာဆက်လုပ်မလဲ ဆုံးဖြတ်ပါမယ်။

💥ပြန်ဖြိုမလားဆိုတာက အခြေအနေ ၂ ခုနဲ့ ဆုံးဖြတ်ပါတယ်

၁။ Strengthening လုပ်မယ့်ကုန်ကျစရိတ်
၂။ Strengthening လုပ်ဖို့ခက်ခဲခြင်း

🌺နံပါတ် ၁ ကိုဥပမာအနေနဲ့ဆိုရင် လှေခါးလိုအသေးလေးတွေ လောင်းထားတာဆိုရင် ပြန်ဖြိုပြီး ပြန်လောင်းတာက ပိုပြီးတွက်ခြေကိုက်ပါတယ်

🌺အဲဒီအချိန်မှာ 3 days , 7 days result တွေက အသုံးဝင်ပါတယ်။

🌺3 Days (40%), 7 Days (65%), 14 Days (90%) မရထားဘူးဆိုရင် 28 Days မှာ မအောင်ဖို့များပါတယ်

🌺3 Days Test မှာ 15% လောက်ဘဲရတယ်ဆိုရင် မြန်မြန်ဖြိုလိုက်တာက Hacking ထိုးရသက်သာတဲ့အပြင် schedule နောက်ကျတာကိုလဲ ထိန်းပေးနိုင်ပါတယ်။

🌺အခုလောက်ဆိုလျှင် Curing ပေးတာ ဘယ်လောက် အရေးကြီးလဲဆိုတာ သိလောက်ပါပြီ။

🌺ပုံလေးတွေမှာ လေ့လာပါ။

Credit Aye Aye Win
💗မြို့ပြ အက္ခရာ💗 ရေးပြီးသားပါ။

၁။ဘာတုန်းဟ ... C ရော ... M ရော Grade ရော ...==========================AG ကားမှာရင် Grade တွေနဲ့ မှာလေ့ ရှိကြတာပါ။Grade န...
28/04/2026

၁။ဘာတုန်းဟ ... C ရော ... M ရော Grade ရော ...
==========================
AG ကားမှာရင် Grade တွေနဲ့ မှာလေ့ ရှိကြတာပါ။
Grade နောက်က တန်ဖိုးက ယူနစ် အနေနဲ့ဆို MPa (N/mm) ဖြစ်ပြီးတော့ psi ပြောင်းချင်ရင် အကြမ်းဖျင်း 145 နဲ့ မြှောက်လေ့ရှိပါတယ်။
ဥပမာ Grade 35 = 35 MPa 145 = 5075 psi ပေါ့။

Curing လုပ်ပြီးနောက် ၂၈ ရက် ကြာလို့ ရလာတဲ့ Compressive Strength ကို Characteristic Strength လို့ခေါ်ပါတယ်။
ဒီဇိုင်း လိုအပ်ချက်အရတော့ Target Strength ကသပ်သပ် ရှိရမှာပါ။

စာရွက်ထဲချရေးရင် C or M နဲ့ရေးရပါတယ်။

Mould တုံး ကိုဗျာ ...
ဒုလုံးရှည် (Cylinder) နဲ့လုပ်ရင် fc' or C နဲ့ပြတတ်ပြီး၊ ကုဗတုံး (Cube) နဲ့လုပ်ရင်တော့ fcu' or M နဲ့ပြပါတယ်။
သူတို့ကြား ဆက်သွယ်ချက်က ပုံမှန်အားဖြင့် 0.8 ဝန်းကျင် ရှိပါတယ်။

Cylinder Strength = 0.8 Cube Strength.......................... fc' = 0.8 fcu' ......................................... C28 = 0.8 M35 .................

တစ်ခါတလေတော့ ခွဲမရေးဘဲ C28/35 လို့ရေးတတ်ပါတယ်။
အဲဒါဆိုရင်တော့ ရှေ့က 28 က fc' = C28 = 28 MPa = 4060 psi ဖြစ်ပြီး
နောက်က 35 ကတော့ fcu' = M35 = 35 MPa = 5075 psi ပဲဖြစ်ပါတယ်။

အဲ့ဒီတော့ဗျာ။ ဒီဇိုင်းစာရွက်ထဲက Compressive Strength (fc') ဆိုတာက Cylinder Strength (C-Grade) ဖြစ်ပြီးတော့ AG ကားကို မှာမယ်ဆိုရင်တော့ fcu' = Cube Strength (M-Grade) နဲ့ပဲ မှာရမှာပါ။
Credit

Construction လုပ်ငန်းနယ်ပယ်၏ Concrete Strength Quality  အဓိကအချက်များ- Rebound Hammer စမ်းသပ်ခြင်း       ကွန်ကရစ်၏ ခိုင်...
22/04/2026

Construction လုပ်ငန်းနယ်ပယ်၏ Concrete Strength Quality အဓိကအချက်များ- Rebound Hammer စမ်းသပ်ခြင်း

ကွန်ကရစ်၏ ခိုင်ခံ့မှုနှင့် တာရှည်ခံမှုကို သေချာစေခြင်းသည် ဘေးကင်းပြီး ယုံကြည်စိတ်ချရသော Building Structure အတွက် အဓိကသော့ချက်ဖြစ်သည်။ ကျွန်ုပ်တို့၏ Rebound Hammer စမ်းသပ်ခြင်းသည် ကွန်ကရစ်မျက်နှာပြင် မာကျောမှုအပေါ် မြန်ဆန်ပြီး ပျက်စီးခြင်းမရှိသော ထိုးထွင်းသိမြင်မှုများကို ပေးစွမ်းပြီး အရည်အသွေးကို ယုံကြည်မှုဖြင့် အကဲဖြတ်ရန် ကူညီပေးပါသည်။







Address

အမှတ်: ၁၂ ၊ သုခလမ်း ၊ ဖော့ကန် ကားမှတ်တိုင်ရှေ့၊, Insein GTI ကျောင်းအနီး၊
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ME Safety & Healthy Equipments Tools Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share