ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း

ကြွေပန်းချီ   ဆေးသုတ်လုပ်ငန်း ရေဆေး၊ဆီဆေး၊ပေါလစ်သုတ်ခြင်းလုပ်ငန်းများကို
လူကြီးမင်းတို့ စိတ်တိုင်းကျလက်ခံဆောင်ရွက်ပေးနေပါပြီခင်ဗျာ

ပတ်တီးရိုက်ရာတွင် ဆောင်ရန် ရှောင်ရန်အချက်များပတ်တီးကိုင်ရာတွင် နည်းလမ်းအမှားတွေကိုအသုံးပြုနေတုန်းလားမိတ်ဆွေလူကြီးမင်းတို...
05/08/2026

ပတ်တီးရိုက်ရာတွင် ဆောင်ရန် ရှောင်ရန်အချက်များ

ပတ်တီးကိုင်ရာတွင် နည်းလမ်းအမှားတွေကိုအသုံးပြုနေတုန်းလားမိတ်ဆွေ
လူကြီးမင်းတို့ ဆေးသုတ်လုပ်ငန်းများတွင် မပါမဖြစ်အသုံးပြုရမည့် အဆင့်ဖြစ်သည့် ပတ်တီးကိုင်ရာတွင် လိုက်နာရမည့်ဆောင်ရန် ရှောင်ရန်အချက်များကို ဖော်ပြပေးလိုက်ပါတယ်ရှင်..

ဆောင်ရန် အချက်များ

၊ပတ်တီးရိုက်သည့် နံရံများအား လေခိုခြင်းရှိ၊မရှိ အက်ကွဲကြောင်းရှိ၊မရှိ စစ်ဆေးခြင်း များပြုလုပ်၍ အက်ကွဲနံရံ များကို ပြုပြင်ပြီးမှ ပတ်တီးကို အသုံးပြုပေးရန်လိုအပ်ပါသည်။
ရေငွေ့တိုင်းတာစက် Protimeterဖြင့် တိုင်းတာပြီး နံရံအစိုဓါတ် 15% အောက်ရှိမှသာ အသုံးပြုရမည်။
အသုံးမပြုမီ မျက်နှာပြင်ရှိ သစ်ဆွေးစများ ၊ အမှိုက်များကို ဖယ်ရှား၍ သန့်ရှင်းရေးပြုလုပ်ရမည်။
ပတ်တီးကို သမအောင် Mixerဖြင့် မွေ၍ အသုံးပြုပေးရမည်။
ပတ်တီးမှုန့်နှင့် ရေရောစပ်မှုသည် ညွှန်ကြားချက်အချိုးအတိုင်းဖြစ်ရန် လိုအပ်ပါသည်။

ရှောင်ရန်၊သတိပြုရန် အချက်များ

မျက်နှာပြင်သည် လေခိုခြင်း၊ခြောက်သွေ့ခြင်း၊အစိုဓါတ်များနေခြင်းများ မဖြစ်စေရ
ရေရောစပ်မှု များလွန်းလျှင် ပူစီဖောင်းထတက်ခြင်း၊ ရေနည်းလွန်းလျင် လိတ်တက်ခြင်းများဖြစ်စေသဖြင့် အညွှန်းပါ ရေအချိုးအဆထက်ပိုမို အသုံးမပြုသင့်ပါ
ပထမကုတ်ကို ခြောက်သွေ့မှုမရှိဘဲ ဒုတိယကုတ်ကို မတင်ရပါ
မိုးရွာနေသော ရာသီဥတုတွင် အပြင်ဘက်တွင် ပတ်တီးရိုက်ခြင်းအသုံးမပြုရပါ၊ ပတ်တီးများအရည်ပျော်တက်ပါ
အရမ်းခြောက်သွေ့သော မျက်နှာပြင်တွင် ပတ်တီးရိုက်ခြင်းမပြုရပါ၊ ပတ်တီးများလိတ်တက်ပါသည်၊ ရေဖြင့် သင့်သလို စိုစွတ်အောင် ပြင်ဆင်အသုံးပြုနိုင်ပါသည်။
Paint & Coating Co.,Ltd.

27/07/2026
27/07/2026

ကျွန်တော်တို့ ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း မှတာဝန်ယူဆောင်ရွက်ပေးနေတဲ့ MiniCondoအခန်းလေးကတော့
မျက်နှာကျက်နံရံ ပတ္တီးရိုက်နေတာလေးဘဲဖြစ်ပါတယ်ခင်ဗျာ။

Address

No. 289, Thidanwe Street, Nweaye, Dawbon
Yangon

Telephone

+959444855539

Website

Alerts

Be the first to know and let us send you an email when ကြွေပန်းချီ ဆေးသုတ်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share