A Team Architects

A Team Architects Fast growing Architectural Design Firm in Myanmar with International Experience.

WE ARE HIRING: Architect / Drafter A Team Architects မှတက်ကြွလန်းဆန်းပြီး လုပ်ငန်းခွင်အတွေ့အကြုံရှိတဲ့ Architect / Draft...
25/03/2026

WE ARE HIRING: Architect / Drafter

A Team Architects မှ
တက်ကြွလန်းဆန်းပြီး လုပ်ငန်းခွင်အတွေ့အကြုံရှိတဲ့ Architect / Drafter တစ်ဦး အလိုရှိနေပါတယ်။

ဘွဲ့လက်မှတ်တွေထက်
လက်တွေ့လုပ်ဆောင်နိုင်စွမ်းနဲ့ တီထွင်ဖန်တီးမှုအပိုင်းကို ပိုမိုဦးစားပေးပြီး
သက်ဆိုင်ရာ
လုပ်ငန်းခွင်အတွေ့အကြုံ (၂) နှစ်နှင့်အထက် ရှိရပါမယ်။

Drafting ပိုင်းဆိုင်ရာ (Architectural/Interior) အခြေခံများကို ကျွမ်းကျင်စွာ ဆွဲသားနိုင်ရမှာဖြစ်ပြီး
သက်ဆိုင်ရာ Design Software များကို သွက်လက်စွာ အသုံးပြုနိုင်ရပါမယ်။

လျှောက်ထားရန်အတွက် CV နဲ့ Portfolio တွေကို
Email: [email protected] သို့ တိုက်ရိုက်ပေးပို့နိုင်သလို
page Chatbox မှတစ်ဆင့်လည်း အသေးစိတ်ကို စုံစမ်းမေးမြန်းကာ လျှောက်ထားနိုင်ပါပြီ။

A Team Architects နဲ့အတူ လက်တွဲပြီး ထူးခြားတဲ့ Architectural လက်ရာများကို အတူတူ ဖန်တီးလိုက်ရအောင်။


📢 WE ARE HIRING: Senior Associate / Senior ArchitectA Team Architects အတွက် အတွေ့အကြုံရင့်ကျက်ပြီး တီထွင်ဖန်တီးနိုင်စွမ်...
24/03/2026

📢 WE ARE HIRING: Senior Associate / Senior Architect

A Team Architects အတွက် အတွေ့အကြုံရင့်ကျက်ပြီး တီထွင်ဖန်တီးနိုင်စွမ်းကောင်းသော Senior Architect အလိုရှိနေပါတယ်။

သက်ဆိုင်ရာ လုပ်ငန်းခွင်အတွေ့အကြုံ (၅) နှစ်နှင့်အထက် ရှိရမှာဖြစ်ပြီး
Architectural နဲ့ Interior Design Package တစ်ခုလုံးကို အစအဆုံး (Full Design Package) တာဝန်ယူ ကိုင်တွယ်နိုင်ရပါမယ်။

အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သူ
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်နိုင်သူ
ဦးဆောင်နိုင်မှုစွမ်းရည် (Leadership Skill) အပြည့်ရှိသူများ လျောက်ထားနိုင်ပါပြီ။

လျှောက်ထားရန်အတွက် CV နဲ့ Portfolio တွေကို
Email: [email protected] သို့ တိုက်ရိုက်ပေးပို့နိုင်သလို
page Chatbox မှတစ်ဆင့်လည်း အသေးစိတ်ကို စုံစမ်းမေးမြန်းကာ လျှောက်ထားနိုင်ပါပြီ။

A Team Architects နဲ့အတူ လက်တွဲပြီး ထူးခြားတဲ့ Architectural လက်ရာများကို အတူတူ ဖန်တီးလိုက်ရအောင်။


တိုက်ခန်းမှာပဲနေနေ၊ လုံးချင်းအိမ်တွေမှာပဲနေနေ Balcony (ဝရံတာ) ဆိုတာ အိမ်ရဲ့အသက်ရှူပေါက်တစ်ခုပါ။ဝရံတာဆိုတာ အဝတ်လှန်းဖို့သ...
23/03/2026

တိုက်ခန်းမှာပဲနေနေ၊ လုံးချင်းအိမ်တွေမှာပဲနေနေ
Balcony (ဝရံတာ) ဆိုတာ အိမ်ရဲ့အသက်ရှူပေါက်တစ်ခုပါ။
ဝရံတာဆိုတာ အဝတ်လှန်းဖို့သက်သက် မဟုတ်ပါဘူး။
စနစ်တကျ ပြင်ဆင်လိုက်ရင် ကိုယ်ပိုင် Mini Garden လေးတစ်ခု
ဒါမှမဟုတ် ကော်ဖီသောက်ရင်း စာဖတ်လို့ရနိုင်မယ့်နေရာလေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
ဝရံတာရဲ့ ကြမ်းပြင်တွေကို Artificial Grass & Wooden Decking တွေလိုအရာတွေနဲ့ ပြင်ဆင်ကြည့်ပြီး
Foldable Furniture တွေထားထားပေးတာမျိုး၊
Vertical Gardening တွေလို နံရံကပ်ပင်လေးတွေနဲ့ အလှဆင်ပေးထားတာမျိုး၊
ဝါးကန့်လန့်ကာလေးတွေ သုံးပြီး သီးသန့်နေရာသတ်မှတ်ပေးလိုက်တာမျိုးတွေက
ဝရံတာကျဉ်းကျဉ်းလေးကိုတောင် အပန်းဖြေနားနေလို့ရမယ့်နေရာကောင်းတစ်ခုဖြစ်အောင် ပြောင်းလဲလို့ရနိုင်ပါတယ်။

အစ္စလာမ်ဘာသာဝင်အားလုံးအတွက်မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ထူးနေ့မြတ်လေးမှာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းဆုမွ...
21/03/2026

အစ္စလာမ်ဘာသာဝင်အားလုံးအတွက်
မင်္ဂလာရှိသော အီးဒ်ပွဲတော်နေ့ထူးနေ့မြတ်လေးမှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အခန်းတစ်ခန်းရဲ့ အလှအပကို Rug (ကော်ဇော) တစ်ချပ်က အဆုံးအဖြတ်ပေးနိုင်ပါတယ်။Rug တစ်ချပ်က အခန်းကို Cozy ဖြစ်စေနိုင်သလို Desig...
20/03/2026

အခန်းတစ်ခန်းရဲ့ အလှအပကို Rug (ကော်ဇော) တစ်ချပ်က အဆုံးအဖြတ်ပေးနိုင်ပါတယ်။
Rug တစ်ချပ်က အခန်းကို Cozy ဖြစ်စေနိုင်သလို Design ကိုလည်း Complete ဖြစ်စေနိုင်ပါတယ်။
ဒါပေမယ့် Size မမှန်ရင်တော့ အခန်းလှပမှုကိုတောင် ပျက်စီးစေနိုင်ပါတယ်။

Rule of Thumb
ကော်ဇော်တွေက ပရိဘောဂတွေအောက်ကို “တစ်စိတ်တစ်ပိုင်း” ဝင်နေသင့်ပြီး ကြမ်းပြင်ကို လုံးဝမဖုံးဘဲ Balance ရှိနေရပါမယ်။

အခန်းနံရံနဲ့ ကော်ဇော်ကြားမှာ နေရာလွတ်ဟာ (6”–18”) လောက်ထားပေးရပါမယ်။

Living Room တွေအတွက် ကော်ဇော်သေးတာမျိုးကို မသုံးသင့်ပဲ ဆိုဖာတွေ၊ စားပွဲတွေက ကော်ဇော်ပေါ်မှာ ရှိနေတာမျိုးဆို ပိုပြီး Luxury ဆန်စေပါတယ်။

Dining Room လိုနေရာတွေအတွက် ထမင်းစားပွဲထက် ဘေးပတ်ပတ်လည်ကို အနည်းဆုံး ၂ ပေ (24 inches) ခန့် ပိုကြီးတဲ့ ကော်ဇော်အရွယ်အစားကို ရွေးချယ်သင့်ပါတယ်။

Bedroom လိုနေရာတွေအတွက် ကုတင်ဘေးဝဲယာမှာ ခြေချလိုက်ရင် နွေးနွေးထွေးထွေးရှိစေဖို့ ထားတာမျိုးက ပိုသင့်တော်ပါတယ်။

အိမ်မပြင်ခင် ဒါတွေစစ်ပြီးပြီလား?Renovation ဆိုတာ စိတ်ကူးယဉ်ရုံနဲ့ မပြီးပါဘူး။ လက်တွေ့မှာ အမှားအယွင်းမရှိစေဖို့ Checklist...
19/03/2026

အိမ်မပြင်ခင် ဒါတွေစစ်ပြီးပြီလား?
Renovation ဆိုတာ စိတ်ကူးယဉ်ရုံနဲ့ မပြီးပါဘူး။ လက်တွေ့မှာ အမှားအယွင်းမရှိစေဖို့ Checklist လေးတွေအရင်ကြိုတင်ပြင်ဆင်သင့်ပါတယ်။
Planning & Budget Phase
ပြင်ဆင်မှုက ရေရှည်နေဖို့လား၊ ပြန်ရောင်းဖို့လား ဒါမှမဟုတ် ငှားဖို့လားဆိုတဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး ကုန်ကျစရိတ် ကွာခြားနိုင်ပါတယ်။ ဒါ့ကြောင့် သုံးနိုင်မယ့်အမြင့်ဆုံးပမာဏကို သတ်မှတ်ထားပါ။

Legal & Permissions
လုပ်ငန်းစဥ်တိုင်းအတွက် ခွင့်ပြုချက်နဲ့ စည်းကမ်းအပြင် Scope of Work တွေကိုပါထည့်တွက်ပြီး ငွေပေးချေမှုအဆင့်ဆင့်နဲ့ အာမခံချက်တွေကိုပါ စဥ်းစားထားရပါမယ်။

Site Condition Check
ပြင်ဆင်မှုတိုင်းအတွက် ပြန်လည်တပ်ဆင်ရမည့်အရာတွေ၊ ပျက်စီးမှုတွေအတွက် ပြန်လည်အစားထိုးရမည့်အရာတွေအတွက် ကြိုတင်ပြင်ဆင်တွက်ချက်ထားရပါမယ်။

Layout & Space Planning
Room function တိတိကျကျ သတ်မှတ်ပြီးပြီလား။ Furniture layout စီပြီးပြီလားကအစ
Design Concept တွေအထိ သေချာကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

Project တစ်ခုအောင်မြင်ဖို့အတွက်Budget များများ သုံးလိုက်တာထက် ဘယ်လိုခွဲသုံးရမလဲဆိုတာက ပိုအရေးကြီးပါတယ်။စနစ်တကျ ခွဲသုံးနိ...
18/03/2026

Project တစ်ခုအောင်မြင်ဖို့အတွက်
Budget များများ သုံးလိုက်တာထက် ဘယ်လိုခွဲသုံးရမလဲဆိုတာက ပိုအရေးကြီးပါတယ်။
စနစ်တကျ ခွဲသုံးနိုင်ခဲ့မယ်ဆိုရင်
Budget နည်းနည်းနဲ့တောင် Result ကောင်းကောင်းရနိုင်ပါတယ်။

Structure & Civil Works
အပေါ်ယံ အလှအပထက် အခြေခံ Structure ခိုင်မာမှုက
ရေရှည်အတွက် ပိုအရေးကြီးလို့ ဒီအပိုင်းမှာ Budget ကို အလုံအလောက် ထားသင့်ပါတယ်။

Built-in Furniture & Carpentry
တစ်အိမ်လုံးကို Built-in တွေချည်းလုပ်မယ့်အစား
ဧည့်ခန်းနဲ့ မီးဖိုချောင်လို အဓိကကျတဲ့နေရာတွေကို ဦးစားပေးတာမျိုး
ကျန်တဲ့နေရာတွေကို Loose furniture (အလွယ်တကူရွှေ့လို့ရနိုင်တဲ့ပရိဘောဂ)တွေနဲ့ အစားထိုးပြီး Budget ချွေတာနိုင်ပါတယ်။

Budget နည်းနည်းပဲမို့ အကုန်လုံးကို ဈေးအပေါဆုံးတွေပဲလိုက်သုံးတာမျိုးကို မလုပ်သင့်ပဲ
Touch Points" လို့ခေါ်တဲ့ ကိုယ်လက်နဲ့ အမြဲထိတွေ့ရမည့်အရာတွေကိုတော့ Quality ကောင်းတာ သုံးပေးသင့်ပါတယ်။

A Team နဲ့အတူ ဒီဇိုင်းတစ်ခုကို ဖန်တီးတဲ့အခါ အပြင်ပန်း အလှအပထက် နေထိုင်သူရဲ့ လိုအပ်ချက်နဲ့ ဘဝနေဟန်ကို ပိုပြီး အာရုံစိုက်ပ...
13/03/2026

A Team နဲ့အတူ ဒီဇိုင်းတစ်ခုကို ဖန်တီးတဲ့အခါ အပြင်ပန်း အလှအပထက် နေထိုင်သူရဲ့ လိုအပ်ချက်နဲ့ ဘဝနေဟန်ကို ပိုပြီး အာရုံစိုက်ပါတယ်။

• ဧည့်ခန်းဖွဲ့စည်းပုံမှအစ မီးဖိုချောင်အထိ နေရာလွတ်တိုင်းဟာ အသုံးဝင်နေရမယ်ဆိုတဲ့ Functional Purpose

• အလင်းအမှောင်နဲ့ အရောင်အသွေးတိုင်းက ကိုယ့်အိမ်က ကိုယ့်အတွက် တကယ်ရော နားခိုရာ (Sanctuary) ဖြစ်ရဲ့လားဆိုတဲ့ Emotional Purpose

• ရေရှည်အသုံးခံနိုင်မယ့် ပစ္စည်းတွေကို သေချာရွေးချယ်ခြင်းကာ နောင်ရေးအတွက်ပါထည့်သွင်းစဉ်းစားပေးတဲ့ Sustainable Purpose စတဲ့ ရည်ရွယ်ချက်ရှိတဲ့ ဒီဇိုင်းတွေကိုပဲ ဖန်တီးပေးပါတယ်။

အဆောက်အအုံရဲ့ ခိုင်ခံ့မှုကနေ အတွင်းပိုင်း အနုစိတ် လက်ရာတွေအထိ အသေးစိတ် ဂရုစိုက်ပြီး 'ရည်ရွယ်ချက်ရှိရှိ ပုံဖော်ဖန်တီးပေးခြင်း' ဟာ ကျွန်တော်တို့ရဲ့အဓိက ရည်ရွယ်ချက်တစ်ခုဆိုလည်း မမှားပါဖူး။

ကြမ်းခင်း (Durable Flooring) တစ်ခုကို ရွေးချယ်တဲ့အခါ အလှအပထက် Functional ဖြစ်မှု၊ Maintenance (ထိန်းသိမ်းရလွယ်ကူမှု)ကို ...
12/03/2026

ကြမ်းခင်း (Durable Flooring) တစ်ခုကို ရွေးချယ်တဲ့အခါ
အလှအပထက် Functional ဖြစ်မှု၊ Maintenance (ထိန်းသိမ်းရလွယ်ကူမှု)ကို အဓိကထား စဉ်းစားရပါမယ်။
• Homogeneous Tiles
• Marble & Granite
• SPC Flooring (Stone Plastic Composite)
• Teak Wood စတာတွေက လူသုံးများကြပြီး
ကြမ်းခင်းပစ္စည်းဝယ်တဲ့အခါ
• Scratch Resistance - ခြစ်ရာဒဏ်ခံနိုင်မှု
• Water Absorption Rate - ရေစုပ်ယူမှုနှုန်း
• Slip Resistance - ချော်ထွက်မှုဒဏ်စတာတွေကို ထည့်သွင်းတွက်ချက်ပြီး ဝယ်သင့်ပါတယ်။

နံရံအလှဆင်တဲ့အခါ Wallpaper ကပ်မလား၊ ဆေးပဲသုတ်မလားဆိုတာကအိမ်ရှင်တော်တော်များများ တွေးရခက်တဲ့ အချက်တစ်ခုပါ။တစ်ခုချင်းစီမှာ...
11/03/2026

နံရံအလှဆင်တဲ့အခါ
Wallpaper ကပ်မလား၊ ဆေးပဲသုတ်မလားဆိုတာက
အိမ်ရှင်တော်တော်များများ တွေးရခက်တဲ့ အချက်တစ်ခုပါ။
တစ်ခုချင်းစီမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိတာမို့
အိမ်ရဲ့ အခန်းဖွဲ့စည်းပုံနဲ့ ကိုယ့်ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။

Wallpaper ကို ဘယ်လိုနေရာမှာ သုံးသင့်သလဲ?
ဧည့်ခန်း ဒါမှမဟုတ် အိပ်ခန်းရဲ့ နံရံတစ်ခုတည်းကို အလှဆင် (Highlight) ချင်တဲ့အခါ၊
နံရံမှာ အက်ကြောင်းလေးတွေ ဒါမှမဟုတ် အနည်းငယ် မညီညာတာတွေကို ဖုံးကွယ်ချင်တဲ့အခါမျိုးတွေမှာ သုံးသင့်ပါတယ်။
Paint (ဆေးသုတ်ခြင်း) ကို ဘယ်လိုနေရာမှာ သုံးသင့်သလဲ?
Kitchen & Bathroom တွေလို ရေငွေ့နဲ့ စိုထိုင်းဆများတဲ့ နေရာတွေမှာ ဆေးသုတ်တာမျိုး၊
အရောင် ခဏခဏ ပြောင်းချင်တဲ့သူတွေအတွက် သုံးတာမျိုးကပိုအဆင်ပြေပါတယ်။

ကိုယ့်ရဲ့ အိမ် ဒါမှမဟုတ် ဆိုင်ခန်းအတွက်Interior Designer ဒါမှမဟုတ် Architect တစ်ယောက်ကို ရွေးချယ်တဲ့အခါDesigner တစ်ယောက်...
10/03/2026

ကိုယ့်ရဲ့ အိမ် ဒါမှမဟုတ် ဆိုင်ခန်းအတွက်
Interior Designer ဒါမှမဟုတ် Architect တစ်ယောက်ကို ရွေးချယ်တဲ့အခါ

Designer တစ်ယောက်ရဲ့ Style နဲ့ Experience ကိုသိနိုင်ဖို့
လုပ်ငန်းအတွေ့အကြုံနှင့် Portfolio ကိုတောင်းယူကာ အရင်က လုပ်ခဲ့ဖူးတဲ့ Project တွေထဲမှ ကိုယ်ကြိုက်တဲ့ Style နဲ့ ထပ်တူကျရဲ့လား?

တကယ့်လက်တွေ့မှာရော ဒီ Design အတိုင်း အကောင်အထည်ဖော်နိုင်စွမ်း ရှိရဲ့လား?
ဓာတ်ပုံတွေတင်မကဘဲ တကယ့် Site တွေဆီ သွားကြည့်လို့ရမလားဆိုတာကို မေးမြန်းသင့်ပါတယ်။

Interior Designer နဲ့ Architect ဆိုတာ မတူညီတဲ့ ဗိသုကာလက်ရာတွေဖြစ်တဲ့အပြင် သတ်မှတ်ထားတဲ့ Professional License ရှိမရှိကိုလည်း မေးမြန်းသင့်ပါတယ်။

ကိုယ့်ရဲ့ လိုအပ်ချက် (Requirement)
ကိုယ့်ရဲ့ Budget နဲ့ ကိုက်ညီအောင် ဘယ်လို အကြံဉာဏ်ပေးနိုင်လဲဆိုတာကိုလည်း လုပ်ပေးနိုင်ရပါမယ်။

Renovation (သို့) အိမ်အလှဆင်တဲ့အခါ "ခန့်မှန်းခြေထက် ဘတ်ဂျက်ကျော်သွားတာ" ဟာ လူတိုင်းနီးပါး ကြုံတွေ့ရတဲ့ ပြဿနာပါ။ဘာကြောင့်...
08/03/2026

Renovation (သို့) အိမ်အလှဆင်တဲ့အခါ "ခန့်မှန်းခြေထက် ဘတ်ဂျက်ကျော်သွားတာ" ဟာ လူတိုင်းနီးပါး ကြုံတွေ့ရတဲ့ ပြဿနာပါ။

ဘာကြောင့် ဒီလိုဖြစ်ရသလဲဆိုတဲ့ အဓိကအချက်တွေက

Unforeseen Problems - နံရံဟောင်းတွေနောက်မှ မမြင်ရတဲ့ ပျက်စီးမှုတွေ၊ ခန့်မှန်းတွက်ချက်မရနိုင်တဲ့အရာမျိုးတွေ
Scope Creep - "ဒါလေးလုပ်ရင်းနဲ့ ဟိုဟာလေးပါ တစ်ခါတည်း လုပ်လိုက်ရင် ကောင်းမလား" ဆိုတဲ့ အခြေအနေတွေ

Changing Your Mind - ဝယ်ပြီးသားပစ္စည်း ပြန်လဲရတာ၊ လုပ်ပြီးသားကို ပြန်ဖျက်လိုက်ရတဲ့အခြေအနေတွေ

Underestimating Hidden Costs - ပစ္စည်းဖိုးနဲ့ လက်ခတင်မကဘဲ တခြားစရိတ်တွေကို ထည့်မတွက်မိတတ်တာမျိုးတွေ

Choosing Quality over Budget - ကိုယ်သတ်မှတ်ထားတဲ့ ဈေးထက် ပိုလှတဲ့၊ ပိုကောင်းတဲ့ ပစ္စည်းတွေကို မြင်ပြီး စိတ်မထိန်းနိုင်တာမျိုးတွေကြောင့်ပဲဖြစ်ပါတယ်။

Address

Yangon
123456

Alerts

Be the first to know and let us send you an email when A Team Architects posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to A Team Architects:

Share