ZWE LIN YAN Engineering & Construction Co,ltd.

ZWE LIN YAN Engineering & Construction Co,ltd. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ZWE LIN YAN Engineering & Construction Co,ltd., Construction Company, Mya Aye Chan Street, Mingalardone Township, Yangon.

🏡Design
🏡Build
🏡 Renovation
👷 Professional Engineering Team
📍 Yangon & Nationwide
📞 Free Consultation
09 43200508
09 421153057

BUILD YOUR DREAM HOME WITH US!

28/09/2026

🌧️ မုန်တိုင်းငယ် သတိပေးချက် (၀၁/၂၀၂၆)

ထုတ်ပြန်ချိန်
စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်
၁၃:၀၀ နာရီ

လက်ရှိအခြေအနေ
မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသော အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိနေပါသည်။

ဗဟိုတည်နေရာ
မုန်တိုင်းငယ်၏ ဗဟိုသည်—

• မော်လမြိုင်မြို့၏ တောင်ဘက် ရေမိုင် ၅၀ ခန့်
• သုံးခွမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၉၅ ခန့်

အကွာအဝေးတွင် တည်ရှိနေပါသည်။

ခန့်မှန်းချက်
နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ် ပိုမိုအားကောင်းလာနိုင်ပြီး သုံးခွမြို့နှင့် ကျိုက်ထိုမြို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မိုးလေဝသအခြေအနေ
စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အတွင်း ရန်ကုန်အပါအဝင် ဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအလိုက် မိုးကြီးနိုင်ပါသည်။

လေပြင်းနှင့် လှိုင်းအခြေအနေ
မိုးသက်လေပြင်းကျရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်မှ ၄၀ မိုင်ခန့်အထိ ရှိနိုင်ပါသည်။ မုတ္တမကွေ့နှင့် ကမ်းရိုးတန်းဒေသများတွင် လှိုင်းကြီးနိုင်သဖြင့် ရေကြောင်းသွားလာသူများ သတိပြုကြပါရန် အသိပေးအပ်ပါသည်။

ကြိုတင်ပြင်ဆင်ရန် အကြံပြုချက်
အိမ်ပိုင်ရှင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များအနေဖြင့် အမိုးများ၊ ရေမြောင်းများ၊ ယာယီအဆောက်အအုံများနှင့် လေတိုက်လွယ်သော ပစ္စည်းများကို ကြိုတင်စစ်ဆေး၍ လုံခြုံစွာ ပြင်ဆင်ထားကြပါရန် အကြံပြုအပ်ပါသည်။

အားလုံး ရာသီဥတုဘေးအန္တရာယ်များမှ ကင်းဝေးပြီး လုံခြုံအေးချမ်းကြပါစေရှင်။ 🙏

ZWE LIN YAN Engineering & Construction

#မုန်တိုင်းငယ်သတိပေးချက် #မိုးလေဝသသတိပေးချက် #ရန်ကုန် #ရန်ကုန်မိုး #မိုးကြီးနိုင် #ရေကြီးရေလျှံ

🌧️ မိုးသည်းလေပြင်းများကြားမှာအားလုံးပဲ ရာသီဥတုဘေးအန္တရာယ်များမှ ကင်းဝေးပြီးလုံခြုံ၊ အေးချမ်းစွာ နေ့ရက်တိုင်းကို ဖြတ်သန်း...
28/09/2026

🌧️ မိုးသည်းလေပြင်းများကြားမှာ
အားလုံးပဲ ရာသီဥတုဘေးအန္တရာယ်များမှ ကင်းဝေးပြီး
လုံခြုံ၊ အေးချမ်းစွာ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ကြပါစေရှင်။ 🤍🙏
🌧️ ရန်ကုန်အပါအဝင် မိုးလေဝသ သတိပြုရန်
📅 စက်တင်ဘာ ၂၈၊ ၂၀၂၆
လက်ရှိအခြေအနေအရ မြောက်အန်ဒမန်ပင်လယ်ပြင်နှင့် မုတ္တမကွေ့အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အားကောင်းလာနေပြီး မြန်မာနိုင်ငံအတွင်း ဒေသအချို့တွင် မိုးရွာသွန်းမှုများပြားနိုင်ပါသည်။
အထူးသဖြင့် ရန်ကုန်အပါအဝင် ဒေသများတွင်
🌧️ မိုးသည်းထန်စွာရွာသွန်းခြင်း
💨 လေပြင်းတိုက်ခတ်ခြင်း
⚡ မိုးကြိုးပစ်ခြင်း
🌊 ရေကြီးရေလျှံခြင်း
တို့ ဖြစ်ပေါ်နိုင်သဖြင့် သတိပြုနေထိုင်ကြပါရန် အသိပေးလိုပါတယ်ရှင့်။
🏠 အိမ်ပိုင်ရှင်များအနေဖြင့် • အမိုးနှင့် ရေစီးရေလာလမ်းကြောင်းများ စစ်ဆေးထားပါ
• ရေတံလျှောက် / ရေမြောင်းများ ပိတ်ဆို့နေခြင်းရှိ၊ မရှိ စစ်ဆေးပါ
• ပြတင်းပေါက်၊ တံခါးနှင့် အပြင်ဘက်တွင်ရှိသော ပစ္စည်းများကို ခိုင်ခံ့အောင် ပြင်ဆင်ထားပါ
👷 Construction Site များတွင် • မိုးရွာနေချိန်တွင် အမြင့်နေရာများ၌ အလုပ်လုပ်ခြင်းကို အထူးသတိပြုပါ
• လျှပ်စစ်ပစ္စည်းများနှင့် ယာယီလျှပ်စစ်လိုင်းများကို စစ်ဆေးပါ
• ဆောက်လုပ်ရေးပစ္စည်းများနှင့် အမြင့်မှကျနိုင်သောပစ္စည်းများကို လုံခြုံအောင် သိမ်းဆည်းပါ
• ရေဝပ်နိုင်သောနေရာများနှင့် မြေသားအခြေအနေကို စောင့်ကြည့်ပါ
⚠️ မိုးလေဝသအခြေအနေ ပြောင်းလဲနိုင်သောကြောင့် သက်ဆိုင်ရာ တရားဝင်မိုးလေဝသသတိပေးချက်များကို ဆက်လက်စောင့်ကြည့်ပေးပါရှင်။
အားလုံးဘေးကင်းကြပါစေရှင်🙏🙏🙏

Safety First 🏠👷‍♂️
— ZWE LIN YAN Engineering & Construction
#မိုးလေဝသသတိပေးချက်
#ရန်ကုန်မိုးလေဝသ
#မိုးကြီးနိုင်
#မိုးကြိုးမုန်တိုင်း
#ရေကြီးရေလျှံ




🌿  “ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်”🌿🤍Project အသစ်တစ်ခု စတင်ခွင့်ရခြင်းထက်ကိုကျွန်မတို့အတွက် ပိုတန်ဖိုးရှိတာက…Client တစ်...
26/09/2026

🌿 “ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်”🌿
🤍Project အသစ်တစ်ခု စတင်ခွင့်ရခြင်းထက်ကိုကျွန်မတို့အတွက် ပိုတန်ဖိုးရှိတာက…
Client တစ်ဦးရဲ့ “ယုံကြည်မှု” ပါရှင်။ 🤍
ZWE LIN YAN Engineering & Construction အနေနဲ့
ယခု New Project ကို ယုံကြည်စွာ အပ်နှံပေးခဲ့တဲ့
Client မိသားစုကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ 🙏🏻
အိမ်တစ်လုံး၊ အဆောက်အအုံတစ်ခုဆိုတာ
ဆောက်လုပ်ပြီးသွားရုံနဲ့ ပြီးဆုံးသွားတာမဟုတ်ဘဲ
Client ရဲ့ အိပ်မက်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အနာဂတ် တွေ ပါဝင်နေတဲ့အတွက်
Design ကနေစပြီး Construction အထိ
တာဝန်ယူမှု၊ အရည်အသွေးနဲ့ စိတ်ချယုံကြည်ရမှုကို
အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးသွားပါမယ်ရှင်။ 🏗️🤍
ကျွန်မတို့ကို ရွေးချယ်ပြီး
ယုံကြည်စွာ အလုပ်အပ်နှံပေးတဲ့အတွက်
အထူးကျေးဇူးတင်ပါတယ်ရှင်။ 🙏🏻
ဒီ Project လေးလည်း
Client မျှော်လင့်ထားတဲ့အတိုင်း လှပပြီး
အရည်အသွေးကောင်းမွန်တဲ့ အဆောက်အအုံတစ်ခုအဖြစ်
အကောင်းဆုံး အကောင်အထည်ဖော်ပေးသွားပါမယ်ရှင့်။ ✨

လူကြီးမင်း၏နေအိမ်နှင့် လုပ်ငန်းတို့အတွက်
ယုံကြည်စိတ်ချရတဲ့ Engineer Team နဲ့
တည်ဆောက်ချင်တယ်ဆိုရင်…
📩 Project အကြောင်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင်။
☎️09421153057

ZWE LIN YAN Engineering & Construction
Your Trust • Our Responsibility 🏗️

မင်္ဂလာပါရှင့်🏠 Interior Finishing မှာ အသေးစိတ်က အိမ်အလှကို ဖန်တီးပေးပါတယ်ရှင်အခုခေတ်မှာ နံရံတစ်ချပ်ကို ရိုးရိုးအဖြူသုတ်...
23/09/2026

မင်္ဂလာပါရှင့်
🏠 Interior Finishing မှာ အသေးစိတ်က အိမ်အလှကို ဖန်တီးပေးပါတယ်ရှင်
အခုခေတ်မှာ နံရံတစ်ချပ်ကို ရိုးရိုးအဖြူသုတ်ထားတာနဲ့
Wall Panel Moulding Design ထည့်သွင်းပြီး သပ်ရပ်လှပအောင် ဖန်တီးထားတာက
အခန်းရဲ့ခံစားချက်ကို လုံးဝကွာခြားသွားစေနိုင်ပါတယ်နော် ✨

ဒီ Project မှာတော့
▫️ Classic Wall Panel Moulding
▫️ သပ်ရပ်တဲ့ Corner Detailing
▫️ Neat & Clean Finishing
▫️ အလင်းအမှောင်နဲ့ လိုက်ဖက်တဲ့ Interior Tone
တို့ကို ပေါင်းစပ်ပြီး Elegant & Timeless Interior Look ရရှိအောင် ဆောင်ရွက်ထားပါတယ်ရှင်။
ဆောက်လုပ်ဆဲ အခြေအနေကနေ ပြီးစီးသွားတဲ့အခါ ဘယ်လောက်တောင် ကွာသွားလဲကြည့်လိုက်ပါဦးရှင်။
😍 စနစ်ကျတဲ့ ဒီဇိုင်းနဲ့ အလှဆင်လိုက်ရုံနဲ့ အိမ်လေးက ဇိမ်ခံဟိုတယ်တစ်ခုလို့တောင် ထင်မှတ်သွားရပါပြီရှင့်။ 🤍
​ကိုယ့်အိမ်လေးအတွက် တိုင်ပင်ချင်ရင် Page Messenger လေးကို လာခဲ့ပေးနော် 💬
09421153057 သို့လည်း ဆက်သွယ်မေးမြန်းလို့ရပါတယ်ရှင်📲📲

​







21/09/2026

ဂုဏ်ယူရတဲ့ Project တစ်ခု 🏡❤️
နာမည်ကြီးမင်းသမီးတစ်ဦးရဲ့ နေအိမ်မှာ
ZWE LIN YAN Engineering & Construction အနေနဲ့
အလုပ်လုပ်ခွင့်ရရှိခဲ့တဲ့အတွက် အထူးဂုဏ်ယူမိပါတယ်ရှင်။ 🏗️
ကျွန်မတို့အတွက်တော့ Project တစ်ခုချင်းစီတိုင်းဟာ
ယုံကြည်အပ်နှံမှုကို တာဝန်ယူပြီး ပြန်လည်သက်သေပြရမယ့် အခွင့်အရေးတစ်ခုပါရှင်။ ❤️
ယုံကြည်အပ်နှံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ 🙏






15/09/2026

အခန်းကျဉ်းလို့ နေရာမလောက်ဘူးဆိုတာ မဟုတ်ပါဘူး ✨
Smart Layout နဲ့ Built-in Furniture ကို သေချာအသုံးချမယ်ဆိုရင်
နေရာတိုင်းကို အသုံးဝင်အောင် ဖန်တီးနိုင်ပါတယ်ရှင့် 🤍






14/09/2026

🏠 နေရာကျဉ်းတဲ့ Condo အခန်းတွေမှာ ဘယ်လိုပိုကျယ်ပြီး ပိုသပ်ရပ်အောင် ဖန်တီးမလဲ?
📌Single Bedroom ပြင်ဆင်မှု📌
နေရာတိုင်းကို အကျိုးရှိရှိအသုံးချနိုင်အောင် Built-in Furniture ကို အခန်းအရွယ်အစားနဲ့ အသုံးပြုမယ့်ပုံစံအလိုက် စနစ်တကျ Design လုပ်ပေးထားပါတယ် ✨
📌 နေရာမပုတ်ဘဲ Storage ပိုရ 📌 အခန်းပိုသပ်ရပ်ပြီး လှပ 📌 ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Custom Design 📌 Small Space ကို Smart Space အဖြစ် ပြောင်းလဲပေးနိုင်ပါတယ် 🤍
Small Space • Smart Design • Beautiful Living
မိမိအိမ်၊ Condo အခန်းအတွက် Interior Design & Built-in Furniture လိုအပ်ပါက
ZWE LIN YAN Engineering & Construction ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။








"Condominiumက အခန်းတွေကို နေရာအလွတ်မရှိစေဘဲ အလှဆုံးနဲ့ အခိုင်ခန့်ဆုံးဖြစ်အောင် ဖန်တီးချင်ပါသလား? 🏡✨​အခုပြထားတဲ့ Project ...
13/09/2026

"Condominiumက အခန်းတွေကို နေရာအလွတ်မရှိစေဘဲ အလှဆုံးနဲ့ အခိုင်ခန့်ဆုံးဖြစ်အောင် ဖန်တီးချင်ပါသလား? 🏡✨
​အခုပြထားတဲ့ Project လေးကတော့ River Front Garden Condo ရှိ အခန်းတစ်ခန်းအတွက် Built-in Wardrobe, Bed နဲ့ Dressing Table တို့ကို နေရာအခန်းအနားနဲ့ အကိုက်ညီဆုံး၊ အလိုက်ဖက်ဆုံးဖြစ်အောင် ZWE LIN YAN ရဲ့ ကျွမ်းကျင်လက်ရာတွေနဲ့ အသေးစိတ် တပ်ဆင်ပေးထားတာ ဖြစ်ပါတယ် 🛏️👗

​တန်ဖိုးရှိတဲ့ ကိုယ့်ရဲ့နေအိမ်လေးကို Modern Design တွေနဲ့ ခန်းနားလှပစွာ အလှဆင်ချင်တယ်ဆိုရင် အရည်အသွေးနဲ့ စိတ်ချယုံကြည်မှုကို အဓိကပေးတဲ့ ZWE LIN YAN Engineering & Construction ကို ယုံကြည်စွာ ဆက်သွယ်လိုက်ပါရှင် 👷‍♂️👷‍♀️
🎯🎯အပြင်ကွာလတီအတိုင်း မြင်ရအောင်လို့ effect / filter မသုံးဘဲ ပုံလေးတွေ ရိုက်ပေးထားတာဖြစ်လို့ ပုံအပြည့်အစုံကိုလည်း cb မှာတောင်းယူကြည့်ရှုနိုင်ပါတယ်ရှင့်။

​📞 ဆက်သွယ်ရန် - 09421153057, 0943200508
​ "

အိမ်ဆောက်ဖိူ့ စီစဥ်နေသော လူကြီးမင်းများရှင့်🏠 အိမ်ဆောက်တဲ့အခါ ငွေကုန်သက်သာအောင် ဘယ်လို Save မလဲ? 💰ဆိုတာ ရေးပေးထားပါ့မယ်ရ...
09/09/2026

အိမ်ဆောက်ဖိူ့ စီစဥ်နေသော လူကြီးမင်းများရှင့်
🏠 အိမ်ဆောက်တဲ့အခါ ငွေကုန်သက်သာအောင် ဘယ်လို Save မလဲ? 💰
ဆိုတာ ရေးပေးထားပါ့မယ်ရှင့်
🌈🌈ဖတ်ကြည့်ပေးသွားပါနော်
​အိမ်ဆောက်ဖို့ စီစဉ်နေတဲ့အခါ ကုန်ကျစရိတ်ကို တတ်နိုင်သမျှ လျှော့ချချင်တာ သဘာဝပါပဲ။ ဒါပေမဲ့ အရည်အသွေးကို ထိခိုက်မှုမရှိဘဲ ငွေကုန်သက်သာအောင် ဘယ်နေရာတွေမှာ စေ့စပ်လို့ရလဲဆိုတာကို ဒီ post လေးမှာ ဖော်ပြပေးလိုက်ပါတယ်ရှင်။
​၁။ စီမံကိန်း သေသေချာချာဆွဲပါ:
​အစကတည်းက အသေးစိတ်စီမံကိန်းဆွဲထားခြင်းက နောက်ပိုင်းမှာ အပိုကုန်ကျစရိတ်တွေကို လျှော့ချပေးနိုင်ပါတယ်ရှင်။
​၂။ အရည်အသွေးရှိတဲ့ပစ္စည်းတွေကို ရွေးချယ်ပါ:
​ရေရှည်အတွက် စဉ်းစားရင် အရည်အသွေးရှိတဲ့ပစ္စည်းတွေကို အသုံးပြုတာက ပြုပြင်ထိန်းသိမ်းစရိတ်တွေကို လျှော့ချပေးနိုင်ပါတယ်ရှင်။
​၃။ အကျိုးရှိရှိသုံးစွဲပါ:
​အသုံးမလိုတဲ့အလှဆင်ပစ္စည်းတွေကို လျှော့ချပြီး လိုအပ်တဲ့နေရာတွေမှာပဲ အာရုံစိုက်ပါနော်။
​၄။ ပညာရှင်တွေနဲ့ ဆွေးနွေးပါ:
​Zwe Lin Yan Engineering & Construction လိုမျိုး အတွေ့အကြုံရှိသော ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးခြင်းက သင့်အိမ်ဆောက်စီမံကိန်းကို ပိုမိုထိရောက်စေပါလိမ့်မယ်ရှင့်။
​Zwe Lin Yan Engineering & Construction က သင့်အိမ်မက်အိမ်လေးကို အရည်အသွေးပြည့်မီပြီး ဘတ်ဂျက်နဲ့အညီ တည်ဆောက်ပေးဖို့ အဆင်သင့်ရှိနေပါတယ်ရှင်။
​📩 Message Box သို့ စာပို့မေးမြန်းနိုင်ပါတယ်ရှင့် : ကုန်ကျစရိတ် အသေးစိတ်တွက်ချက်လိုပါက Page Messenger မှတစ်ဆင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်နော်။​ #အိမ်ဆောက် #ကုန်ကျစရိတ်လျှော့ချ

🏠 ​မြေအကျယ်နည်းတာက အိမ်ဒီဇိုင်းမလှနိုင်ဘူးလို့ မဆိုလိုပါဘူးရှင်။မြေကျဉ်းတဲ့အိမ်တွေမှာ အောက်ပါအချက်လေးတွေကို သေချာစီစဉ်ပေ...
07/09/2026

🏠 ​မြေအကျယ်နည်းတာက အိမ်ဒီဇိုင်းမလှနိုင်ဘူးလို့ မဆိုလိုပါဘူးရှင်။

မြေကျဉ်းတဲ့အိမ်တွေမှာ အောက်ပါအချက်လေးတွေကို သေချာစီစဉ်ပေးရင် အိမ်ကို ပိုကျယ်ပြီး သပ်ရပ်သလို မြင်နိုင်ပါတယ်နော်။

📐 1. အခန်းနေရာချထားမှုကို Smart ဖြစ်အောင် စီစဉ်ပါ
အခန်းတိုင်းကို လိုအပ်တဲ့အကျယ်အဝန်းအတိုင်း သင့်တော်အောင် ခွဲခြားပေးဖို့၁ အရေးကြီးပါတယ်။

🪟 2. အလင်းရောင်နဲ့ လေဝင်လေထွက်ကို ဦးစားပေးပါ
သဘာဝအလင်းရောင်ကောင်းရင် အတွင်းခန်းတွေ ပိုကျယ်ဝန်းပြီး သက်တောင့်သက်သာရှိသလို ခံစားရပါတယ်။

🏡 3. Facade Design ကို ရိုးရှင်းပြီး အမြင့်လိုင်းတွေကို အသုံးချပါ
Vertical design elements တွေကို သင့်တော်အောင် အသုံးပြုရင် အိမ်ကို ပိုမြင့်ပြီး ကျယ်သလို မြင်စေနိုင်ပါတယ်။

✨ မြေက အကျယ်နည်းပေမယ့် Design ကောင်းရင် အိမ်က လှပပြီး အသုံးချနိုင်မှုကောင်းတဲ့ Home တစ်လုံး ဖြစ်လာနိုင်ပါတယ်။

မြေအကျယ်နဲ့ အိမ်ပုံစံအလိုက် Smart Design က အရေးကြီးပါတယ်။ ❤️

"အိမ်ဆောက်ဖို့ အကြံဉာဏ်ရယူလိုပါက / အသေးစိတ် မေးမြန်းလိုပါက Messenger (သို့) 09421153057 / 0943200508 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်"

🏗️ ZWE LIN YAN Engineering & Construction
Build Your Dream Home With Us.


Address

Mya Aye Chan Street, Mingalardone Township
Yangon

Alerts

Be the first to know and let us send you an email when ZWE LIN YAN Engineering & Construction Co,ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ZWE LIN YAN Engineering & Construction Co,ltd.:

Shortcuts

Share