11/05/2025
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွက်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့်နေ့မှာ မိဘပြည်သူအပေါင်းတို့ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းအဝဝဖြင့် ပြည့်စုံပြီး စီးပွားလာဘ်လာဘများ
ဒီရေအလားတိုးတက်ပါစေကြောင်း Unibiz Construction
Co., Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏 🙏
၁။ ဗျာဒိတ်ခံယူသောနေ့-လေးအသင်္ချေကမ္ဘာအစ ကဆုန်လပြည့်နေ့၊
၂။ ဘုရားဖွားမြင်သောနေ့-မဟာသက္ကရာဇ်(၆၈)ခု ကဆုန်လပြည့် (သောကြာ)နေ့ ။ဘီစီ(၆၂၃)မေလ။
၃။ဘုရားဖြစ်သည့်နေ့-မဟာသက္ကရာဇ်(၁၀၃)ခု ကဆုန်လပြည့်(ဗုဒ္ဓဟူး)နေ့။ ဘီစီ(၅၈၈)မေလ။
၄။ဗုဒ္ဓ၀င်အကျဉ်းဟောသောနေ့-မဟာသက္ကရာဇ်(၁၀၄)ခု ကဆုန်လပြည့်နေ့။ ဘီ(၅၈၇)မေလ။
၅။ပရိနိဗ္ဗာန်စံသောနေ့-မဟာသက္ကရာဇ်(၁၄၈)ခု ကဆုန်လပြည့်(အင်္ဂါ)နေ့။ ဘီစီ(၅၄၃)မေလ။
-ဗုဒ္ဓနေ့(ကဆုန်လပြည့်)အကြောင်းသိကောင်းစရာများ
၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာ၀င်တို့၏ နေ့ထူးရက်မြတ်ကြီးဖြစ်ပါသည်။ ထူးခြားချက်မှာ (ဗျာဒိတ်,ဖွားမြင်,ဗောဓီပင်,စံ၀င်နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာ ဘုရားနှင့်ပတ်သက်၍*ဗျာဒိတ်ခံသောနေ့၊*ဖွားမြင်သောနေ့၊*ဘုရားဖြစ်တော်မူသောနေ့၊*ပရိနိဗ္ဗာန်စံသောနေ့၊စသည့်ထူးခြားချက်လေးမျိုးတို့နှင့်တိုက်ဆိုင်နေပါသည်။ ထိုထူးခြားချက်လေးမျိုးနှင့် ပြည့်စုံ တော်မူ သောကြောင့် “ကဆုန်လပြည့်နေ့”ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။
၂။ ဤကဆုန်လပြည့်နေ့တွင် မာန်နတ်ကိုအောင်မြင်တော်မူသောကြောင့် ဤနေ့ရက်ကို “ကဆုန် လပြည့်မာန်အောင်နေ့”အဖြစ်စိတ်အစဉ်တွင် စွဲမြဲနေကြသည်။
၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွာတော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန် လပြည့်နေ့ကို “ဝိဆစ်ဒေး”ဟုခေါ်ဆ်ုကြပါသည်။(ဝိသာခါဒေးဟုဆိုလိုပါသည်။)
၄။ ဗုဒ္ဓဘာသာ၀င်တို့သည် ဘုရားဖြစ်သော နေထူးနေ့မြတ်ကိုအာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ရှိကြပါသည်။
၅။ ဗောဓိပင်သည် သဗ္ဗညုတဥာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ပါးတွင်စာရင်း၀င်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသောသစ်ပင်တစ်မျိုးဖြစ်ပါသည်။
ထိုသို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။
၆။ မိမိတို့နိုင်ငံ ၁၂ရာသီပွဲတော်များအနက် ကဆုန်လပြည့်နေ့တွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာ ပွဲတော်အဖြစ် အစဉ်အလာသတ်မှတ်ခဲ့ကြပါသည်။
၇။ အသနဗောဓိယမထေရ် အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုး ပူဇော် ရသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အပါယ်ဘေးမှကင်းရခြင်း အကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်)ကျန်း၌ ဟောကြားထားရှိပါသည်။
၈။ ဂန္ဓောဒကတိဿ မထေရ်၏အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံသာရည်ဖြင့် သွန်းလောင်းသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသော အကျိုးများကိုခံစားရပါသည်။
၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာ၀င် သူတော်စင်များအနေဖြင့် နှစ်စဉ် နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း၊ ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓဘိသေ က မင်္ဂလာသဘင်ဆင်ယင်ကျင်းပ၍ ကုသိုလ်ထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့ သွား၍ ဒါန၊သီလ၊ဘာ၀နာအမှုကို ပြုလုပ်ကာ ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အမှတ်တရဆင်နွှဲကြပါသည်။