Sweety garden

Sweety garden သဘာဝ သစ်ပင် 🌲🌲တောတောင်‌ ရေမြေချစ်မြတ်နိုးသူ🥰

09/03/2025

ခြံကျယ်နဲ့
အလှစိုတ်မဲ့ သူတွေတွက်
ခန့်ခန့်ကြီးနဲ့လှနေမဲ့သူလေးတွေ🍀🍀🍀

#အပင်သက်တမ်း 6 နှစ်
#အပင်ချစ်သူ #ဝါသနာပါလို့ကိုယ်တိုင်စိုတ်အပင်လေးတွေပါရှင်

ဈေးလေးတွေ တပုံခြင်းဆီမှာပါရှင့်🍀🍀🍀🥰ရန်ကုန်မြို့တွင်းပဲပို့ နိုင်ပါတယ်ရှင့်🥰  09 750 3830 55 #ဝါသနာပါလို့ကိုယ်တိုင်စိုတ်အ...
09/03/2025

ဈေးလေးတွေ တပုံခြင်းဆီမှာပါရှင့်🍀🍀🍀🥰
ရန်ကုန်မြို့တွင်းပဲပို့ နိုင်ပါတယ်ရှင့်🥰

09 750 3830 55
#ဝါသနာပါလို့ကိုယ်တိုင်စိုတ်အပင်လေးတွေပါရှင် #အပင်ချစ်သူ

အပင်ချစ်သူများဆုံဆည်းရာ အပင်ချစ်သူလေးမို့ရိုက်ဖြစ်ခဲ့တယ် page လေးကိုဝန်းရံပေးပါနော်သစ်ပင်လေးတွေချစ်သူအားလုံးကိုချစ်ခင်လေ...
23/02/2025

အပင်ချစ်သူများဆုံဆည်းရာ အပင်ချစ်သူလေးမို့ရိုက်ဖြစ်ခဲ့တယ် page လေးကိုဝန်းရံပေးပါနော်
သစ်ပင်လေးတွေချစ်သူအားလုံးကို
ချစ်ခင်လေးစားလျှက်
#အပင်ချစ်သူ #ဝါသနာပါလို့ကိုယ်တိုင်စိုတ်အပင်လေးတွေပါရှင်

 #နှင်းဆီစိုက်ပျိုးနည်း============= #နှင်းဆီပန်းကို အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို...
18/02/2025

#နှင်းဆီစိုက်ပျိုးနည်း
=============
#နှင်းဆီပန်းကို
အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ်
မြေမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို
တစ်လတခါ တစ်လခွဲတခါ
ပုံမှန်ကျွေးပေးရပါတယ်။

မြေဩဇာ ပုံမှန်ကျွေးမပေးလို့
အဖူး အပွင့်သေးသွားတယ်
အပင် ထပ်ပြီး မကြီးထွားဘူး အဲ့ဒီလိုမျိုးလည်း ဖြစ်တတ်ပါတယ်။

ဝယ်တဲ့အချိန်မှာ အပွင့် အဖူးကြီးတယ် အပင်တွေသန်တယ်ဆိုတာက ကျနော်တို့ ဒီမှာ ကျွေးပေးထားတဲ့ ဓါတ်မြေဩဇာ အရှိန်နဲ့ပါ ဒီမှာက ၃ပတ် တခါ ၁လတ‌ခါလောက် အပင်တွေကို ဓါတ်မြေဩဇာ ‌ကျွေးပေးကြပါတယ်၊ ဓါတ်မြေဩဇာ အနေနဲ့က အာမို/နိုက်ထရိုဖော်စကာ 15:15:15 ကို သုံးပါတယ်)
- နောက်တခုကအလှပန်းအိုးနဲ့ စိုက်တဲ့အခါမှာ နုန်း ဒါမှမဟုတ် မြေကြီးသက်သက်ချည်းပဲ ထည့်ရင်လည်း မြေကြပ်ပြီး အမြစ်ကောင်းကောင်း အလုပ်မလုပ်နိုင်တဲ့အတွက်အပွင့် အဖူးသေးတတ်ပါတယ်။

တခါတခါ အပင်တောင် သေသွားတတ်ပါတယ်။

နုန်း/မြေကြီး ကို ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိုးနဲ့ရောစပ်ပြီးထည့်ပေးရပါတယ်။

(နုန်း/မြေကြီး ၁ဆ ဖွဲပြာ ၂ဆ
၁ဆ ၂ဆ ၁ဆ ၃ဆ ၁ဆ ၄ဆ အဆင်ပြေသလိုရောစပ်ပြီး အသုံးပြုနိုင်ပါတယ်)

နောက်တခုက - လောင်းရိပ်
အပင်တွေက လောင်းရိပ်/အရိပ်အောက် မကြိုက်ပါဘူး။

#နေရောင်ရမှ အစာချက်နိုင်တာပါ။

လောင်းရိပ်/အရိပ်အောက် ရောက်နေရင်လည်း အပွင့်အဖူးသေးပြီး အပင်မကြီးထွားတတ်ပါဘူး။

(‌နှင်းဆီပင်ကို နေပူမှာစိုးပြီး အရိပ်အောက်မှာပဲ ထား ထားတာကို တွေ့ဖူးခဲ့ပါတယ်)

ခြုံငုံပြီး ပြောမယ်ဆိုရင်
အပင်ကို အလှပန်းအိုးနဲ့စိုက်တာပဲဖြစ်ဖြစ် မြေကြီးမှာချစိုက်တာပဲဖြစ်ဖြစ် မြေဩဇာကို တစ်လ တခါ တစ်လခွဲ တခါလောက် ပုံမှန်ကျွေးပေးရပါတယ်။

အပင်ကို အလှပန်းအိုးနဲ့ထည့်စိုက်မယ်ဆိုရင်
နုန်း/မြေကြီးနဲ့ ဖွဲပြာ/စပါးခွံ/မြေပဲခွံ တမျိုးမျိူးတို့ကိုရောစပ်ပြီးထည့်ပေးရပါတယ်။

အပင်ကို လောင်းရိပ်/အရိပ်အောက်မှာ မထားပဲေ နရောင်ရတဲ့နေရာမှာသာ ထားပေးရပါတယ်။

စိုက်ပျိုးရေး နည်းပညာ
မျှဝေပေးလိုက်ပါတယ်

Credit... Original Uploader and photo
#နှင်းဆီ

က-င်ဆာဆဲလ်မျိုးတုန်:စေပြီး အ သည်းသန့်စင်ပေးတဲ့ တစ်ခုတည်းသောသဘာဝဆေးဖတ်ကြည့်ပေးနော်______________၁။ အသ_က်ရှူ လမ်းကြောင်းဆိ...
31/01/2025

က-င်ဆာဆဲလ်မျိုးတုန်:စေပြီး အ သည်းသန့်စင်ပေးတဲ့ တစ်ခုတည်းသောသဘာဝဆေး
ဖတ်ကြည့်ပေးနော်
______________
၁။ အသ_က်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာများအတွက်
ကြက်ဟင်းခါးရွက်၊ ပင်စိမ်းရွက်တို့ကို ကြိတ်ချေပြီး ပျားရည်နဲ့ ရောစပ်ကာ မနက်တိုင်း စားသုံးပေးခြင်းက ဆေ:စွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။

၂။ အ သည်းအားဆေ:အဖြစ်
ကြက်ဟင်းခါးသီး ဖျော်ရည် တစ်ဖန်ခွက်ကို နေ့စဉ် သောက်ပေးပါက အ သည်းသန့်စင်စေပြီး အရ=က်နာကျခြင်းနှင့် အ သည်းပြဿနာများကို ကုသပေးပါတယ်။ တစ်ပတ်ကြာ နေ့စဉ် ရက်ဆက်သောက်ပါက ပိုမိုထိရောက်ပါတယ်။

၃။ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့
ကြက်ဟင်းခါးရွက် (သို့) အသီးကို ရေနဲ့ပြုတ်ပြီး နေ့စဉ်စားပါက ကူးစက်ရောဂါများကို ကာကွယ်ပါတယ်။ ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန် လာစေပါတယ်။

၄။ အသားအရေအတွက်
ကြက်ဟင်းခါးသီး စားလျှင် ဝက်ခြံများ၊ အမာရွတ်များ၊ အရေပြားပြဿနာများကို ဖယ်ရှားနိုင်ပါတယ်။ ဒါ့အပြင် အိုမင်းရင့်ရော်ခြင်းကိုလည်း ကုသပေးပါတယ်။ ခြောက်လကြာ နေ့စဉ် ကြက်ဟင်းခါးသီး ဖျော်ရည်ကို ရှောက်သီး ရောစပ်ပြီး သောက်လျှင် အကျိုးသက်ရောက်မှု ရှိပါတယ်။

၅။ ဆီးချိုသွေ:ချို အတွက်
ကြက်ဟင်းခါးသီးကို တ=ရု -တ်နဲ့ အိန္ဒိယ တိုင်းရင်းဆေ:တွေမှာ ရှေးယခင်ကတည်းက ထည့်သွင်း ဖော်စပ်ခဲ့ကြတဲ့ အပြင်၊ ယနေ့ခေတ် ဆေ:ပညာနှင့်လည်း ကြက်ဟင်းခါးသီးရဲ့ အာနိသင်ကို သက်သေပြပြီး ဖြစ်ပါတယ်။ ဆီးချိုသွေ:ချိုအတွက် ဆေ:နည်းတစ်မျိုးကတော့ အစိမ်းရောင် ဖျော်ရည်ဖြစ်ပါတယ်။ ယင်းဖျော်ရည်ရဲ့ ပါဝင်ပစ္စည်းများကတော့ သခွားသီး၊ အစိမ်းရောင် ပန်းသီး၊ ကြက်ဟင်းခါးသီး၊ ငရုပ်ပွသီးတို့ပဲ ဖြစ်ပါတယ်။

၆။ ဝမ်းချုပ်လျှင်
ကြက်ဟင်းခါးသီးမှာ အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာချေဖျက်မှု လွယ်ကူစေပါတယ်။လိ-ပ်ခေါင်းရောဂါသမားများအတွက် အရည်ဖျော်တိုက်ပါက သက်သာစေပါတယ်

၇။ ကျောက်ကပ် ကျန်းမာရေးအတွက်
ကြက်ဟင်းခါးသီးဟာ ကျောက်ကပ်ကျန်းမာရေးကို အထောက်အကူ ပြုတာကြောင့် ကျောက်ကပ် ကျောက်တည်ခြင်းတွေ ကုသရာမှာ အသုံးပြုကြပါတယ်။

၈။ နှ.လုံးရောဂါ အတွက်
ကြက်ဟင်းခါးသီးဟာ နှလုံးသွေကြော ပိတ်စေတတ်တဲ့ မကောင်းတဲ့ ကိုလက်စထရောများကို ဖယ်ရှားနိုင်တာကြောင့် နှ.လုံးရောဂါကို ကာကွယ်ပေးပါတယ်။

၉။ က-င်ဆာအတွက်
ကြက်ဟင်းခါးသီးက ကင်=ဆာ ဆဲလ် ပြန့်ပွားမှုကို ထိန်းချုပ်ပေးပါတယ်။

သတိပြုရန်
-------===
- တစ်နေ့လျှင် ကြက်ဟင်းခါးသီး နှစ်လုံးထက် ပိုမစားပါနဲ့ ။

- ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနဲ့ကတော့ ကြက်ဟင်းခါးသီးကို သတိထားပြီး စားသုံးသင့်ပါတယ်။

ကြက်ဟင်းခါးသီးကိုစားလျှင် အကြောတက်တတ်သည်။ သို့ရာတွင် အစေ့ညှာတိုင်နှင့် အစေ့ကိုဖယ်ရှားပြီး အသားကိုစားလျှင် အကြောမတက်ပါ။

ကြက်ဟင်းခါးသီးနှင့် မတည့်သော အစားအစာများမှာ မှိုနှင့် ကြက်သားတို့ဖြစ်သည်။ အကြောတက်၊ အော့အန်တတ်သည်။

ကြက်ဟင်းခါးသီး၏ အခါးဓာတ်ကိုလျော့ချလိုပါက ဆားရည်စိမ်ပြီးမှ ချက်ပြုတ်သင့်သည်။
မိမိကိုယ်ကိုယ် ချစ်သလို ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေနိုင်ပါတယ် ကုသိုလ်ရချင်ရင် shareပေးကြပါနော်....တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

#တိုင်းရင်းဆေး #ဆေးဘက်ဝင်

ခွေးရူးပဲကိုက်ကိုက်ခွေးကောင်းပဲကိုက်ကိုက်🙏သပြုသီးရဲ့အသုံးဝင်ပုံကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်🙏🙏🙏🙏 #သပြုသီး_အသုံးဝင်ပုံ...
24/01/2025

ခွေးရူးပဲကိုက်ကိုက်ခွေးကောင်းပဲကိုက်ကိုက်🙏သပြုသီးရဲ့အသုံးဝင်ပုံကိုပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်🙏🙏🙏🙏

#သပြုသီး_အသုံးဝင်ပုံများ

ခွေးရူး (သို့)ခွေးကောင်းဘဲကိုက်ကိုက်
သဗြုသီးအလုံးကိုထပ်ချမ်းခွဲပြီး အထဲက အရိအချွဲနဲ့ခွေးကိုက်သည့်အပေါက်ကိုလက်နဲ့ဖိကပ်ထားပေးပါ ၃မိနစ်လောက်ဆိုသူ့အလိုကပ်နေပါလိမ့်မည် အဆိပ်ကုန်မှခွါလို့ရပါမည် သဗြုမြစ်ကိုလည်းသွေးတိုက်ပါ အသုံးလိုရင်တော့ သုံကြည့်လိုက်ပါ လက်တွေ့အသုံးပြုဘူး၍အကြံပေးတာပါ မသုံးလိုရင်မဝေဖန်ပါနဲ့ လူ၏ကံတရားဟာ ဘယ်ဖန်ဆင်းရှင်မမကယ်တင်နိုင်ပါ နွယ်မြက်သစ်ပင် ဂတိသစ္စာတည်သောအခါ
နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏
_______________________________________

သပြုသီး

"လေးဘက်နာ လက်တွေ့သက်သာတဲ့ရွှေထက်တန်ဖိုး ကြီးတဲ့...ဆေးနည်းလေးများ".

သပြုသီးနဲ့ဆားကို အချိုးတူပြုတ်ပြီးအငွေ့ခံ ချွေးအောင်း
ပေးလိုက်ပါ ။

တစ်ကိုယ်လုံးမှာရှိတဲ့ အပူအပုပ် ချွေးတွေထွက်လာပြီးရင် ရေချိုးပေးပါ ။

အစားရှောင်စရာမလိုအောင် သက်သာတယ် ။

ခြေစစ် လက်စစ် တွေလည်းမကိုက်တော့ပါဘူး။

Caredit : Aye Chan Pont Pont
မေတ္တာဖြင့်
စိုင်း မင်း သန့်

မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

[ သပြုသီး အပင် အရွက် အပွင့် အသီးများနှင့်
ချွေးထုတ်နေသည့်ပုံများအား Google မှကူးယူ၍
ဖေါ်ပြပေးထားပါသည် ]

~~~~~~~~~~~~~~~~

သပြုသီး ကိုဟင်းချက်စားလျှင်ဆေးဘက်ဝင်ပုံ

ငါးခူနဲ့သပြုသီးချက်စားပါ။
ကျောက်ကပ်နှလုံးကောင်းလာပါမည်။

ငါးရံ့ကင်ပြီး သပြုသီးကိုဟင်းချို ချက်စားပါ။
ဆီးချိုသက်သာပျောက်ကင်ပါသည်။

သပြုတ်သီးကိုပြုတ်ပြီး ငပိရည်နဲ့တိုးစားပါ။
နှလုံးအားကောင်လာပြီးဆီးရွင်လာပါမည်။

ဆီကျောက်တည်သူများအတွက်ဆေးနည်းကောင်းတစ်လက်
သပြုသီးအရွက်ကိုပြုတ်ပြီးသုံးခွက်တစ်ခွက်တင်ပြုတ်သောက်ပ့ါ။

ဆီးကျောက်တည်သူများအတွက် ကျောက်တစ်ဖြည်းဖြည်းကြွေကျပြီး
သက်သာပျောက်ကင်ပါသည်။

သပြုသီးအခေါက်ကို ဝမ်ကိုက်သူများအတွက်ကျောက်ပျဉ်နဲ့သွေးပြီးဆားနဲ့ရောပြီးသောက်ပါ။

Credit to SayarMyo



#တိုင်းရင်းဆေး
#ဆေးဘက်ဝင် ပင်

စပါးလင်ဆိုတာ ဒီလောက်ထိ စွမ်းပါတယ်+++++++++++++စပါးလင်ရေနွေးကြမ်း မကြာခနသောက်ဖြစ်ပါတယ် .. ရေနွေးဆူဆူ တစ်ဖန်ခွက်ထဲကို သကြာ...
18/01/2025

စပါးလင်ဆိုတာ ဒီလောက်ထိ စွမ်းပါတယ်
+++++++++++++
စပါးလင်ရေနွေးကြမ်း မကြာခနသောက်ဖြစ်ပါတယ် .. ရေနွေးဆူဆူ တစ်ဖန်ခွက်ထဲကို သကြားအနည်းငယ်နဲ့သန့်စင်ထားသော စပါးလင် ၁ချောင်းပါးပါးလှီးထည့်ပြီး , အဖုံးခနလောက် အုပ်ထားလိုက်ရုံပါပဲ .. အနေတော် ခပ်နွေးနွေး အနေအထားဖြစ်ရင် သောက်နိုင်ပါပြီ .. အရသာလည်း ကောင်းပါတယ် ..
စပါးလင်၏ ကောင်းကျိုးဂုဏ်သတ္တိ

စပါးလင်ဟာ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရပ်စ်စတာတွေကြွယ်ဝပြီး ဆေ:ဖက်ဝင်အစွမ်းသတ္တိတွေရှိပါတယ် .. အစာခြေလမ်းကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေကို ​ ေ.သစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယားတွေ ကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာ အစာချေဖျက်နိုင်ဖို့ အထောက်အကူပြုပါတယ် .. နောက်ပြီး ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ် ..

စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိ*ပ်အတောက်တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် ကျောက်ကပ်အ တွက် ကောင်းကျိုး ပြုပါတယ် .. ပို:မွှားတွေနဲ့ မှိုရောဂါတွေကို ​.ေ.သစေနိုင်စွမ်းရှိတာကြောင့် စပါးလင်နဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာတာတွေကို ကုသနိုင်ပါတယ် ..

က-င်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပြီး ခေါင်းကို-က်၊ ရင်ကျပ်၊လည်ချောင်းနာ၊ ချွေးထွက်လွန်၊ကိုယ်နံ့ဆိုးထွက်တာမျိုးဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်းမှုန့်အနည်းငယ်နဲ့ဆူအောင် တည်ပြီး အရည်ကိုသောက် ပေးနိုင်ပါတယ် .. ကြွက်သားနာကျင်တာ၊ ဂေါက်ရောဂါ၊ အရိုးအဆစ်ရောင်ရမ်းနာနဲ့ အခြားသော အဆစ်အမြစ် နာကျင်တာတွေကို စပါးလင်ဆီလိမ်းပေးရင်သက်သာစေပါတယ် .. နို့တိုက်မိခင်တွေအတွက် ဆိုရင်လည်း နို့ထွက်အားကောင်းစေပြီး ရင်သွေ:ငယ်တွေကျန်းမာပြီး ရောဂါပိုးကူးစက်ခံရမှုတွေက ကာကွယ်ပေးပါတယ် ..

ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာကျန်းမာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေကာ လန်းဆန်းတက်ကြွစေနိုင်တာကြောင့် စိတ်ကျဝေဒနာအတွက် အကောင်းဆုံးဆေ:တစ်ခုပါ .. ကိုယ်နံ့မကောင်းတာနဲ့ အရေပြားကျန်းမာရေးအတွက်လည်း အထောက်အကူ ပြုပါတယ် .. ခြေ လက် အသားအရေလှဖို့အတွက် စပါးလင်ဆီ လိမ်းမယ်ဆိုရင်တော့ ရေ (ဒါမှမဟုတ်) သံလွင်ဆီနဲ့ရောပြီးမှ လိမ်းဖို့အကြံပြုပါတယ် ..

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
#တိုင်းရင်းဆေး
#ဆေးဘက်ဝင် အပင်များ

 #အစာအိမ်ရောဂါအတွက်ဆေးတစ်လက်ကျွန်တော်သည် အစာအိမ်ရောင်ရောဂါကို ခံစားရသည်မှာ ၃ လ နီးပါး ရှိပါပြီ။အစားရှောင်သော်လည်း တခါတလေ...
15/01/2025

#အစာအိမ်ရောဂါအတွက်ဆေးတစ်လက်

ကျွန်တော်သည် အစာအိမ်ရောင်ရောဂါကို ခံစားရသည်မှာ ၃ လ နီးပါး ရှိပါပြီ။

အစားရှောင်သော်လည်း တခါတလေ မတည့်သည့် အရာများ စားမိလျှင်လည်း လူးလှိမ့်နေအောင် ခံစားခဲ့ရပါသည်။

ဆေးရုံ ဆေးခန်းများ ပြသပြီး ကုသမှုခံယူခဲ့သော်လည်း အနည်းငယ်မျှသက်သာပြီးလျှင် မကြာခဏ ပြန်ဖြစ်သောကြောင့် ခန္ဓာကိုယ် အလေးချိန်မှာ ၁၀၁ ပေါင်မျှသာ ကျန်ရှိပါသည်။

နိုင်ငံခြားထွက်ရန် နီးလာသဖြင့် စိတ်ဓာတ်များလည်းကျခဲ့ရပါသည်။
-

ယခု ကျွန်တော် ရောဂါပျောက်ကင်းပြီး ကျန်းမာလန်းဆန်းလာခဲ့ပါပြီ။

သင်္ဘော(ဖို) ရွက်ဟာ ဤမျှလောက် ဆေးစွမ်းထက်မည်လို့လည်း တစ်ကြိမ်တစ်ခါမျှ မတွေးမိခဲ့ပါ။

ထို့ကြောင့် ထပ်တူရောဂါခံစားနေရသော မိတ်ဆွေများကို ဆေးနည်းကို ဝေမျှပေးပါရစေ။

သင်္ဘောဖိုရွက် (ကြီးလျှင် ၃ ရွက် အနေတော်ဆိုလျှင် ၅ ရွက်) ကို ဆုံထဲတွင် ဆားမန်ကျည်းစေ့ခန့်မျှ ထည့်၍ ရေအနည်းငယ်စီထည့်ကာ လဖက်ရည်ပန်းကန် တစ်လုံးစာမျှရသည်ထိ ထောင်းပေးပါ။

ထို့နောက် အဝတ်သန့်သန့်ဖြင့် စစ်ချကာ မနက်တစ်ခွက် ညတစ်ခွက် (၅) ရက်ဆက် သောက်သုံးပေးပါ။

ရှောင်ရန် အစားအစာများ

- အရက် ၊ ဘီယာ ၊ ကွမ်း ၊ ဆေးလိပ်။
- လဖက်ရည် ၊ ကော်ဖီ။
- အုန်းနို့ ၊ မလှိုင် အခြားအဆီပြည့် နို့ထွက်ပစ္စည်များ
- ကြက်သွန်ဖြူ/နီ ၊ ဒညင်းသီး။
- အပူ ၊ အစပ် ၊ ငရုတ်ကောင်း။
- Gas ပါသော အချိုရည်များ။
- အရမ်းချဉ်သောအစားအစာများ/အရည်များ
- အကိုက်ခဲပျောက်ဆေး။

သတ္တဝါများ အားလုံး စားသမျှ အဟာရဖြစ်၍ ကျန်းမာရွှင်လန်းကြပါစေ ။
#ကျမ်းမာရေး

 #မီးကွင်းဂမုန်းပင် းကွင်းဂမုန်းပင်  #မီးကွင်းဂမုန်းပုံသဏ္ဌာန်နှစ်ရှည်ခံ အရည်ရွှမ်းသော ပင်ပျော့မျိုး ဖြစ်သည်။ ပင်စည်ကို ...
06/01/2025

#မီးကွင်းဂမုန်းပင်
းကွင်းဂမုန်းပင်

#မီးကွင်းဂမုန်းပုံသဏ္ဌာန်

နှစ်ရှည်ခံ အရည်ရွှမ်းသော ပင်ပျော့မျိုး ဖြစ်သည်။ ပင်စည်ကို အရွက် များက ဖုံးအုပ်နေသည်။ အရွက်များ တစ်ရွက် နှင့်တစ်ရွက် ထပ် လျက်ထွက်သည်။ ရှည်မျော၍ ထိပ်ချွန်သည်။ ရွက်နား ညီသည်။ အပေါ် မျက်နှာပြင်သည် အစိမ်းရောင် ရှိပြီး အောက်မျက်နှာ ပြင်၌ မရမ်းရောင် ရှိသည်။ အရွက် မျက်နှာပြင်များမှာ ပြောင်ချော၍ အသား ထူသည်။ ပန်းခိုင်သည် အဆုံးရှိ ကြားထွက် ပန်းခိုင်ဖြစ်ပြီး အဖြူရောင် အပွင့် ကလေးများ ပွင့်သည်။

#အပင်

ပင်ပျော့ ပင်ငယ် တစ် မျိုး ဖြစ်သည်။ အမြင့် ၂ ပေ ထိ ရှိတတ်၏ ။ အရွက်များ တစ်ရွက် နှင့် တစ်ရွက် ထပ်လျက် ဝေဆာစွာ ထွက်ပြီး အရွက်များ ရင့်၍ ကျသွားသော အခါ ပင်စည် ပေါ် လာသည်။ အုံလိုက်ရုံလိုက်ရှိသည်။ ယင်းကို စိုက်ပျိုးထားလျှင် မီးကွင်းသည်ဟုဆိုသည်။

#အရွက်

အရွက် ရှည်မျောမျော ပုံသဏ္ဌာန် ရှိ၍ နာနတ် ရွက်ကဲ့သို့ ရွက်ထိပ်ဘက်သို့ ကျဉ်းမြောင်းချွန်ထက် သွားသည်။ အရွက်အပေါ် မျက်နှာပြင် အစိမ်းရင့်ရောင်ရှိ၍ အောက် မျက်နှာပြင် မရမ်းစေ့ ရောင် ရှိသည်။ ရွက်နား ညီပြီး ကြက်သွေး ရောင်ရှိသည်။ အရွက် ပြောင်ချော ၍ အသားထူ သည်။ အရည်ရွှမ်း သည်။ ရွက်ပြား ပြန့် ပြူး ခြင်း မရှိ ။ မြောင်း ကဲ့သို့ ခွက်နေ၏ ။

#အပွင့်
သေးငယ် ၍ တစ်ပွင့် ချင်း ပွင့် ၏ ။ အဖြူ ရောင် ရှိသည်။ ပုခက် ကဲ့သို့ ပွင့်ဖတ် ဖြင့် ဖုံးနေ၏ ။ နယုန် ၊ဝါဆိုလ များ တွင် ပွင့်၏ ။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ
အရိုး ၊ အရွက်။

မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ
မြန်မာ နိုင်ငံ အနှံ့အပြား တွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ
သဘာ၀ အလျောက် ပေါက်ရောက်သည်။

* #အသုံးဝင်ပုံ*
အရိုး အရွက်

၁။အရိုး အရွက် တို့ကို ထုထောင်း ၍ သုံးခွက် တစ်ခွက် တင် ကျို ချက်ပြီး ရရှိသော အရည်ကို ဒိုပါလာ သကြား အနည်းငယ် ခတ်သောက်သော် သွေးအန် ရောဂါ ပျောက်၏ ။ တစ်ကြိမ်လျှင် ကြွေဇွန်း တစ်ဇွန်း ခန့် တစ်နေ့ သုံးကြိမ် သောက်ရ၏။

၂။နားပြည်ယို ရောဂါ များအတွက် အရွက်ကို မီးကင် ပြီး နားတွင်း သို့ အရည်ညှစ် ထည့်ပေး ခြင်းဖြင့် ပျောက်ကင်း၏။

၃။အရွက်ကို သင့်ရုံ သုပ်စား ခြင်း ၊ တို့စား ခြင်း တို့ဖြင့် ဝမ်းကိုက်ရောဂါ ပျောက်၏ ။

၄။သွေး ဝမ်း ဆင်းလျှင် အရွက်ရည် ကိုညှစ် ၍ ကြွေဇွန်း တစ်ဇွန်း ခန့် သောက်ပေး ခြင်းဖြင့် ပျောက်ကင်း ၏ ။

၅။မီးလောင် အပူလောင် ခြင်း ဖြစ်သော် မီးကွင်း ဂမုန်း အရွက်နုကို သကြား အနည်းငယ် ရောပြီး ထုထောင်း ကြိတ် ခြေ၍ လိမ်းပေး ရ၏ ။

၆။မီးကွင်း ဂမုန်းကို ထောင်း၍ ရသော အရည်နှင့် သကြား အနည်းငယ် ရောပြီး ဇွန်းသေး တစ်ဇွန်းခန့် တစ်နေ့ သုံးကြိမ် သောက်သော် သလိပ်ကပ် ချောင်းဆိုး ရောဂါ ပျောက်၏ ။

၇။နှာခေါင်းသွေးလျှံဖြစ်လာပါက မီးကွင်းဂမုန်းပင်ကို ရေစင်အောင်ဆေးကာထောင်း၍ ၎င်းအဖတ်ကို နှာခေါင်းပေါ် အုံပေးပါက နှာခေါင်းသွေးတိတ်စေပါသည်။

၈။ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမျ်ိုးမျိုးကို သက်သာပျောက်ကင်းစေပါသည်။

၉။ မီးကွင်းဂမုန်း၏ အရွက်သန့်သန့်ကို အရည်ညစ်ယူ၍ ကိုက်နေသော နားကို ခပ်ပေးပါက နားကိုက်၊ နားပြည်ယိုရောဂါများကို ပျောက်ကင်းစေပါသည်။

၁၀။ မီးကွင်းဂမုန်း၏ သတ္ထုရည်ကို သောက်ပေးပါက ဝမ်းကိုက်၊ ဝမ်းဖော၊ ဝမ်းယောင်ရောဂါကို သက်သာပျောက်ကင်းစေပါသည်။ အရွက်နုကို ပဲလှော်ထောင်းအမှုန့်နှင့် ရော၍ သုပ်စားနိုင်ပါသည်။

၁၁။ချောင်းဆို သလိပ်ကပ်ဖြစ်ပါက မီးကွင်းဂမုန်းအရွက်ကိုထောင်း၍ အရည်ညစ်ယူကာ ၎င်းဆေးရည်ကို သကြားခဲ၏ အမှုန့်နှင့် ရောသောက်ပေးလျှင် ချောင်းဆိုး သလိပ်ကပ်များ ပျောက်ကင်းစေပါသည်။

၁၂။သွေးကင်ဆာဖြစ်နေလျှင် မီးကွင်းဂမုန်း၏ ပင်စည်နှင့်အရွက်တို့ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညစ်ယူကာ ၅ မိနစ်ခန့် အပူပေး(ကျို၍) ခဏအအေးခံကာ ထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ ညတစ်ဇွန်း သောက်နိုင်ပါသည်။ တစ်ပတ်ကို ၃ ရက်ဖြင့် တစ်လလောက် သောက်ပါက ကင်ဆာဆဲလ်များကို လျှော့ချပေးစေနိုင်ပါသည်။


#လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များ

မြေအောက်ရေ စုပ်ယူမှုများတဲ့ မလေးရှားပိတောက် တို့ ယူကလစ်ပင်တို့ စိုက်မယ့်အစား  ဒီအပင်ကိုစိုက်သင့်တယ်. ."နတ်ပြည်က ပေးတဲ့ရတ...
30/04/2024

မြေအောက်ရေ စုပ်ယူမှုများတဲ့ မလေးရှားပိတောက် တို့ ယူကလစ်ပင်တို့ စိုက်မယ့်အစား ဒီအပင်ကိုစိုက်သင့်တယ်. .

"နတ်ပြည်က ပေးတဲ့ရတနာသစ်ပင် "
=======================

Tropical Treasures မဂ္ဂဇင်းရဲ့ ၂၀၀၉ ခုနှစ်တုန်းက ညွှန်းထားတဲ့ အပင်
နောင်နှစ် နောင်နှစ်တွေမှာ ဒီလောက်မပူရအောင် အခုကတည်းက ကြိုတင်ပြင်ဆင်သင့်ပြီ ....
အခုပြောမယ့်အပင်က သခွပ်နီပင်လို့ပဲ ကင်ပွန်းတပ်လိုက်ကြပါစို့။ ဒီအပင်ရဲ့ သိပ္ပံအမည်ကတော့ Muntingia calabura လို့ခေါ်ပြီး မျိုးရင်းကတော့ Muntingiaceae ပါ။ ထိုင်းနိုင်ငံမှာတော့ သခွပ်လို့ခေါ်ပါတယ်။ မြန်မာပြည်မှာ သကြားသီးပင် လို့လည်းခေါ်လေ့ရှိပါတယ်။ အသီးက ချိုအီအီအရသာရှိပါတယ်။ ဂျမေကန်ချယ်ရီ၊ စင်္ကာပူချယ်ရီ၊ ပနားမားဘယ်ရီ စသည်ဖြင့် လည်း ခေါ်ကြပြီး အထွားမြန်၊ အရိပ်ရအပင်ဖြစ်ကာ ၂ နှစ်အတွင်း ၁၀ မှ ၂၀ ပေခန့်မြင့်ပြီး အမြင့်ဆုံး ပေ ၂၀ မှ ၄၀ အထိ ရှိနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။
အသီးကို စားလို့ရပြီး အရွက်ကို လက်ဘက်ခြောက်လုပ်လို့ရတယ်။ အပွင့်ကို ပဋိဇီဝဆေးဖော်ရာမှာသုံးတယ်။ ဝမ်းဗိုက်ထဲမှာ ထိုးအောင့်တတ်တဲ့ ရောဂါကိုကုသဖို့နဲ့ အပုပ်နိုင်ဆေး၊ ပိုးသတ်ဆေးအဖြစ်သုံးတယ်။ ငှက်တွေက အသီးကိုကြိုက်တတ်လို့ ဥယျာဉ်တွေမှာ စိုက်ကြပါတယ်။ အိမ်ခြံတွေနဲ့ လမ်းဘေးဝဲယာတလျှောက်မှာလည်း အရိပ်ရပင်အဖြစ် စိုက်ကြတယ်။
အခေါက်ကို လျှော်ကြိုးအနေနဲ့ အသုံးပြုလို့ရပြီး အသားကို သစ်မာအနေနဲ့ သုံးနိုင်ပါတယ်။ ထင်းအဖြစ်လည်း သုံးကြပါတယ်။ စွယ်စုံရတယ်လို့ ပြောရပါမယ်။

"အပင်ရဲ့ဂုဏ်သတ္တိတွေ"
================
မြေဆီညံ့တဲ့နေရာမှာ စိုက်ပျိုးလို့ဖြစ်တယ်။ PH နည်းလွန်း၊ များလွန်းတဲ့နေရာတွေမှာတောင် စိုက်လို့ဖြစ်တယ်။ အငံဓါတ် ရှိတဲ့မြေမှာလည်းပေါက်နိုင်တယ်။ အမြစ်ရှည်ပြီး မြစ်ဖုတွေပါကာ ပဲမျိုးရင်း၀င်တွေလို နိုက်ထရိုဂျင်ဖမ်းပေးတဲ့ ရိုင်ဇိုဘီယမ် တွေရှိတာကြောင့် နိုက်ထရိုဂျင်နည်းတဲ့ တနည်း မြေဆီညံ့ဒေသတွေမှာတောင် အလေ့ကျအပင်အဖြစ် ရှင်သန်နိုင်တယ်။
နောက်ပြီး သူ့ဆီက ကြွေကျတဲ့ အသီးတွေကို ငါးတွေ အလွန်ကြိုက်တယ်။ မြစ်ကမ်းနံဘေးမှာစိုက်ပြီး ငါးမျှားကြတယ်ဆိုပဲ။ ဒါ့အပြင် ငါးတွေအတွက် အဟာရဓာတ်ဖြစ်ဖို့ သူ့ဆီက အရွက်၊ အသီးတွေမှာပါတာမို့ ငါးမွေးကန်ဘေး ပတ်ပတ်လည်မှာ စိုက် ထားသင့်တယ်။
သူ့ဆီက ကြွေကျတဲ့ အရွက်တွေကလည်း မြေဆီကြွယ်ဝစေပြီး ဝါးရွက်မြေဆွေးတွေမှာ တွေ့ရတတ်တဲ့ မှိုတစ်မျိုး တနည်း ဒိုချက်ကင် မှိုလိုမျိုး အကျိုးပြုမှိုတွေက ဒီ အပင်ရဲ့ အရွက်တွေကို သဘာ၀နည်းနဲ့ ဆွေးစေလို့ မြေသြဇာ ကောင်းမွန်စေပါ တယ်။
မြန်မာနိုင်ငံရဲ့ လမ်းဘေးဝဲယာတွေမှာ မလေးရှားပိတောက်ဆိုတာကို စိုက်မယ့်အစား ဒီ သခွပ်နီပင်ကို စိုက်ဖို့ အကြံပြုချင်ပါ တယ်။ မလေးရှားပိတောက်ပင်တွေထက် ဒီ သခွပ်နီပင်တွေက ငှက်နဲ့ အခြားတိရိစ္ဆာန်တွေအတွက်၊ သဘာ၀ပတ်၀န်းကျင် စိမ်းလန်းရေးအတွက်၊ ဂေဟစနစ်တိုးတက်ဖြစ်ထွန်းရေးအတွက် ပိုပြီးအကျိုးရှိလိမ့်မယ်လို့ ယူဆမိပါတယ်။
အရိပ်လိုအပ်တဲ့ ကော်ဖီခြံနဲ့ သစ်မွှေးခြံတွေမှာလည်း ဒီ သခွပ်နီပင်ကို အရိပ်ရပင်အဖြစ် စမ်းသပ်စိုက်ပျိုးကြည့်သင့်ပါတယ်။

Credit: Zin Min Latt
MHSP - 5 -4 -2019 -
#စပါးလင်
#ဆေးဘက်ဝင် #တိုင်းရင်းဆေး

Address

Yangon

Telephone

+959750383055

Website

Alerts

Be the first to know and let us send you an email when Sweety garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sweety garden:

Share

Category