လျှပ်စစ် လုပ်သား Electrical Worker

လျှပ်စစ် လုပ်သား Electrical Worker Building Electrical Services, Photovoltaics (Solar Power) Services

Kindly please contact us. Thanks
14/03/2025

Kindly please contact us. Thanks

SSO types
25/02/2025

SSO types

✴တချိန်ချိန်မှာအသုံးဝင်လာမည့်ဗဟုသုတများအား မျှဝေပါရစေ....💁‍♂️***စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦးဆောက်တော့မယ်ဆိုရင်***......
25/11/2024

✴တချိန်ချိန်မှာအသုံးဝင်လာမည့်
ဗဟုသုတများအား မျှဝေပါရစေ....💁‍♂️

***စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦး
ဆောက်တော့မယ်ဆိုရင်***....👷👷

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
~~~~~~~~~

- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
~~~~~~~~~~~~~~
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

==================================

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှုကိစ္စ
အဝဝ ပြီးမြောက်၏။

credit
Credit_To_Original_Writer

🔋ကားဘထ္ထရီအိုးကိုသက်တမ်းတိုစေတဲ့အကြောင်းရင်းဘထ္ထရီအိုးဆိုတာ ကျနော်တို.လက်ရှိအသုံးပြုနေတဲ့ ကားတိုင်းရဲ. မရှိမဖြစ်အရေးကြီးတဲ...
19/09/2024

🔋ကားဘထ္ထရီအိုးကိုသက်တမ်းတိုစေတဲ့အကြောင်းရင်း

ဘထ္ထရီအိုးဆိုတာ ကျနော်တို.လက်ရှိအသုံးပြုနေတဲ့ ကားတိုင်းရဲ. မရှိမဖြစ်အရေးကြီးတဲ့ ပစ္စည်းတခုပါ

ကားဘထ္ထရီအိုးနဲ. အားသွင်းစနစ်မကောင်းရင် လမ်းခရီးမှာ
သွားရင်းလာရင်း ဘထ္ထရီအားကုန် ချက်မီးလင်း ကားစက်ထိုးရပ်တာတွေ ၊ ကားရပ်ထားပြီး ပြန်နှိုးမရတာတွေ ကြုံဖူးကြမှာပါ ။

ဒါပေမယ့် ကားဘထ္ထရီအိုးတလုံးကို ဘယ်လိုသက်တမ်းကြာရှည်အောင် သုံးစွဲရမယ် ၊
မထင်မှတ်ထားတဲ့ ဘယ်လိုအပြုအမူတွေက ကားဘထ္ထရီသက်တမ်း တိုစေတယ်ဆိုတာမျိုးတွေကို သိတဲ့သူနည်းပါလိမ့်မယ် ။

ဒီနေ.တော့
ကားဘထ္ထရီနဲ. ပတ်သတ်တဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို.ကို ဝေမျှချင်ပါတယ် ။

ကျနော်တို.လက်ရှိအိမ်စီးကား တက္ကစီအစရှိတဲ့ ကားလေးလောကမှာ ကားတိုင်းလိုလို မတူကွဲပြားတဲ့ ကားဘထ္ထရီ Brand တွေ အမျိုးအစားတွေကို အသုံးပြုနေကြပါတယ် ။

ဘထ္ထရီအိုးနာမည်တွေနဲ. ဘထ္ထရီအိုး အကြီးအသေး ဆိုက်အမျိုးမျိုးကွဲပြားပေမယ့် အဓိက အခြေခံတွေကတော့ တူညီပါတယ် ။

အဓိက တူညီတာတွေကတော့ 12 V DC အမျိုးအစားကို အသုံးပြုတာရယ် ၊
♂️အိုးစို ( Destilled water -မိုးရေ နဲ. အက်ဆစ် ပြန်လည်ဖြည့်တင်းပေးရတဲ့ အမျိုးအစား) ၊
♂️အိုးခြောက် (maintenance free) အမျိုးအစား သုံးတာရယ်ကတော့ ဘယ်ကားမဆိုတူညီပါတယ် ။

12V ကားဘထ္ထရီအိုးကို အခြေခံအားဖြင့် အပေါင်းငုတ် ( Positive Terminal ) ၊ အနှုတ်ငုတ် (Negative Terminal ) ရှိပြီး အခန်း 6 ခန်းနဲ.ဖွဲ.စည်းတည်ဆောက်ထားပါတယ် ။

အခန်း 1 ခန်းကို 2.1 V ရှိပါတယ်
အဲဒီအခန်း 6 ခန်းကို အပေါင်း( + ) နဲ. အနှုတ် ( _ ) Series ချိတ်ဆက်ထားခြင်းဖြင့် 12 V ရအောင်ဖန်တီးထားတာပါ ၊
အတိအကျဆိုရင်တော့ 12.6 V ရှိရပါမယ် ။

ကားမှာပါတဲ့ ဘထ္ထရီအိုးကို မှီခိုနေတဲ့ ကားရဲ. အခြားအရေးပါတဲ့ စနစ်တွေကတော့
🔹Starting System ဆိုတဲ့ Starter Motor ကိုလည်စေတဲ့ ကားစက်နှိုးစနစ်
🔹Lighting System ဆိုတဲ့ ကားရှေ.နောက် အချက်ပြ ၊ အတွင်းခန်းမီးစတဲ့ စနစ်
🔹Horn ဆိုတဲ့ ကားအချက်ပေး ဟွန်းစနစ်
🔹Air-Conditioning System ဆိုတဲ့ ကား အအေးပေးစနစ်
🔹Cooling System မှာပါတဲ့ Fan Motor တွေကို လည်စေတဲ့ စနစ်
🔹Audio System ဖြစ်တဲ့ TV , Radio နဲ. Sound Box တွေအသုံးပြုတဲ့စနစ်
🔹Security System ဖြစ်တဲ့ Power Window , Door Lock
ECU ( Engine Control Unit ) စတဲ့ ကားအတွက်အရေးကြီးတဲ့ စနစ်ပေါင်းများစွာ ကားဘထ္ထရီအိုးတလုံးပေါ်မှာ မှီခိုအသုံးပြုနေတာပါ ။

🔺ဘထ္ထရီအိုးပေါ်မှာ ရေးထားတဲ့ ကိန်းဂဏန်းတွေက ဘာတွေလဲ ?

ဟိုးအရင်ကားတွေမှာအသုံးပြုတဲ့ ဘထ္ထရီတွေကိုတော့ 60 အိုး 70 အိုး 100 အိုး အစရှိသဖြင့် ဘထ္ထရီအိုးရဲ. ဆိုက်အမျိုးအစားတွေကို ကားလောကထဲမှာ အရပ်ခေါ် ခေါ်ဝေါ်အသုံးပြုတတ်ကြပါတယ် ။

တကယ့်ဆိုလိုရင်းကတော့ 60 Ah , 70 Ah , 100 Ah ကိုဆိုလိုတာပါ ၊

Ah ဆိုတာ (Ampere-Hour) ဆိုလိုတာဖြစ်ပြီး တစ်နာရီအတွင်း ဘထ္ထရီအားကုန်သည်အထိ သုံးစွဲနိုင်တဲ့ (Current ) Ampere စီးဆင်းနိုင်မှုနှုန်းကို ဆိုလိုတာပါ ။

တနည်းအားဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်နိုင်စွမ်းအားကို ၀န်သုံးဆွဲနိုင်မှု ခံနိုင်ရည်အားကို ရည်ညွှန်းထားတာပါ ။

ဥပမာအားဖြင့် 60 Ah အိုးတလုံးဟာ 60 Ampere current ဆွဲတဲ့ ပစ္စည်းတခုခု (Load) တခုသုံးစွဲမယ်ဆိုရင် ဒီဘထ္ထရီအိုးကိုလုံးဝအားကုန်သည်အထိ 1 နာရီကြာအောင် သုံးစွဲနိုင်မယ်ဆိုလိုတဲ့ သဘောပါ ။

ဒီလိုဆိုရင် 70 Ah , 100 Ah အစရှိသဖြင့် ဘထ္ထရီအိုးရဲ. သိုလှောင်မှု စွမ်းအားမြင့်လေလေ ၀န်ထမ်းနိုင်မှု ပိုမြင့်လာလေလေပါပဲ ။

အခုနောက်ပိုင်း ဘထ္ထရီအိုးတွေကိုတော့
46B24L
70D23L
80D23R
90D31L
115D31R အစရှိတဲ့ ကုဒ်နံပါတ်တွေနဲ. ဖော်ပြလာကြပါပြီ ၊

အဲ့ဒါတွေကရော ဘာကိုဆိုလိုသလဲဆိုရင်တော့
ဥပမာ 46 B 24 L ကိုပဲ ကြည့်လိုက်ရင်

ရှေ.ဆုံးမှာရှိတဲ့ 46 ဆိုတာက အဲ့ဘထ္ထရီအိုးရဲ. ဘထ္ထရီအားသိုလှောင်နိုင်စွမ်း Capacity ကိုဆိုလိုတာပါ ၊

B ဆိုတာကတော့ ဘထ္ထရီအိုးရဲ. အနံနဲ. အမြင့်အတွက် သတ်မှတ်ကုဒ်တခုပါ ၊

24 ဆိုတာကတော့ အဲ့ဒီဘထ္ထရီအိုးရဲ. အလျားဖြစ်ပြီး Cm (စင်တီမီတာ) နဲ.ဖော်ပြထားတာပါ ၊

L ကတော့ ဘထ္ထရီအိုးမှာရှိတဲ့ Negative Terminal ( _ ) အနှုတ်ငုတ်ကို ဘယ်ဖက်ခြမ်း ( Left ) မှာရှိတယ်လို.ဖော်ပြထားတာပါ ။

ခုနောက်ပိုင်း
ဘထ္ထရီအိုးတွေမှာ ဒီလို ကုဒ်နံပါတ်တွေနဲ. ဘထ္ထရီအိုးရဲ. ဆိုက်အရွယ်အစား ဘထ္ထရီအားသိုလှောင်နိုင်မှု ပမာဏ အပေါင်းအနှုတ်ခေါင်းတွေရဲ. တည်နေရာ တွေကို အတိအကျလာတာမို. တူညီတဲ့ ကုဒ်နံပါတ်အမျိုးအစားရှိတဲ့ ဘထ္ထရီအိုးမှသာ ကားမှာတပ်ဆင်အသုံးပြုလို. အဆင်ပြေမှာဖြစ်ပါတယ် ။

🔻🔻ကားဘထ္ထရီမကောင်းတော့ဘူးဆိုရင် သိသာစေတဲ့ အချက်တွေကတော့ ..

🔸ကားစက်စ နှိုးလိုက်ချိန်မှာ ဘထ္ထရီဝပ်ပြီး မှစက်နှိုးသွားမျိုး ၊
🔸Starter Motor က အီပြီးမှ နှိုးသွားတာမျိုးတွေဟာ ကားဘထ္ထရီကျလာပြီ ၊ ဘထ္ထရီမကောင်းတော့ဘူးဆိုတာကို သိသာထင်ရှားစေတဲ့ အချက်တချက်ပါ ။

ကားကို မမောင်းဘဲ ရက်အတော်ကြာရပ်ထားပြီး ကားပြန်စက်နှိုးလို.မရတာမျိုးကလည်း ကားဘထ္ထရီသိပ်မကောင်းတော့ဘူးဆိုတာ ပြတဲ့အချက်ပါ ။

ကားမောင်းနေရင် အားလုံးအိုကေ ၊
ကားရပ်ပြီး ချက်ခြင်းပြန်နှိုးမရတော့ဘူး ၊
ဘထ္ထရီထောက်နှိုးမှရတယ်ဆိုတာမျိုးကလည်း ကားဘထ္ထရီမကောင်းတော့တဲ့ လက္ခဏာပါ ။

ဘထ္ထရီအိုးက ကားစက်နှိုးထားချိန် လိုအပ်တာထက် အပူချိန်မြင့်တာ ၊
ပူနေတာကလည်း ဘထ္ထရီအိုးမကောင်းတဲ့ လက္ခဏာပါ ။

ဘထ္ထရီအိုး ဗိုက်ပူလာတာ ၊ ဖောင်းလာတာမျိုးကလည်း ဘထ္ထရီအိုးမကောင်းတော့ဘူးဆိုတာကို ဖော်ပြနေတာပါ ။

နောက်တမျိုး ကားဘထ္ထရီကောင်းမကောင်း စစ်ဆေးနိုင်တာမျိုးကတော့

ပုံမှန် ဘထ္ထရီအိုးကောင်းတလုံး ရဲ. Voltage က 12.60 V လောက်ပျမ်းမျှရှိပြီး ၊
ကားစက်စစနှိုးလိုက်တဲ့ အချိန် Starter Motor ကိုစဆွဲလိုက်တဲ့အချိန်မှာ ထိုးကျသွားတဲ့ ဗို.အား Voltage Drop က 11. V ကနေ 10. V ထိပဲဆင်းသွားပါတယ် ။
ဒါက အားပြည့်နေတဲ့ ဘထ္ထရီအိုးကောင်းတစ်လုံးအတွက်ပါ ။
ဒါကို Digital Multimeter နဲ.တိုင်းတာကြည့်ရပါတယ် ။
11.V ကနေ 10.V အထိပဲ ဆင်းတယ်ဆိုရင်တော့ ဒီ ဘထ္ထရီကို စိတ်ချလက်ချ အသုံးပြုနိုင် ခရီးသွားနိုင်ပါတယ် ။
သင့်ကား လမ်းမှာ ဘထ္ထရီဝပ်စရာ မရှိနိုင်ပါ ။

အသုံးပြုထားတာအနည်းငယ်ကြာပြီဖြစ်တဲ့ အိုးတွေကို တိုင်းတာကြည့်ရင်တော့ ကားစက် စနှိုးလိုက်တဲ့အချိန်မှာ 9.5V ကနေ 8.5 V လောက်ထိ ဗို.အားထိုးကျသွားတတ်ပါတယ် ။ ဒီလောက်ဆို စိတ်ချလက်ချ အသုံးပြုနိုင်သေးတဲ့အဆင့်မဟုတ်တောင့် အသင့်အတင့်သုံးရပါတယ် ။
ပုံမှန်အားဖြင့် ဒီလောက်ဆို ဘထ္ထရီအိုးအားထိုးကျသွားတာ ဖြစ်ခဲပါတယ် ။

ကားစက်စနှိုးလိုက်တဲ့အချိန် သင့်ကားဘထ္ထရီ ဗို.အားက 8V အောက်ဆင်းသွားတယ်ဆိုရင်တော့ ၊ ခရီးသွားဖို. ဘယ်လိုမှ စိတ်မချရတော့ပါဘူး ၊

ကားမောင်းနေတဲ့အချိန်တော့ အဆင်ပြေနေပြီး ၊ ကားစက်သတ် ရပ်နားပြီး ပြန်နှိုးချိန်မှာ ဘထ္ထရီအားကျပြီး စက်ပြန်နှိုးလို.မရတဲ့ ပြဿနာနဲ. ကြုံ.တွေရနိုင်ပါတယ် ။

ပုံမှန်ကောင်းမွန်တဲ့ ကားအော်တာနေတာတစ်လုံးရဲ. Voltage က 13.50 V ကနေ 14.50 V လောက်ထိ ပျမ်းမျှရှိပါတယ် ။

ကားစက်နှိုးထားပြီး ဘက်ထရီမှာ တိုင်းတာလိုက်လို. 13 V အောက်ကျနေတာ ဒါမှမဟုတ် 14.50 V ထက်ကျော်လွန်နေတာမျိုးဆိုရင်တော့ သင့်ကား အော်တာနေတာရဲ. အားသွင်းစနစ်တခုခုပျက်ယွင်းနေပြီး ဖြုတ်စစ်ဆေးဖို.လို.နေပါပြီခမျာ ။

❗ကားဘထ္ထရီအိုးသက်တမ်းတိုစေတဲ့ အပြုအမူတွေကတော့..

✴️1. ဘထ္ထရီ အပေါင်းအနှုတ်ခေါင်း ( Terminal ) တွေကို သေချာမကြပ်ထားတာပါ

ဒီလို ဘထ္ထရီခေါင်းတွေကို သေချာမကြပ်တည်းထားဘဲ ကားမောင်းနေတဲ့ သူတွေကို မကြာခဏတွေ.ရပါတယ် ၊
ကားဘထ္ထရီခေါင်းတွေကို သေချာမကြပ်တဲ့အတွက် ကားမှာရှိတဲ့ Electronic နဲ. Electrical ပစ္စည်းတွေကနေ ၀န်အားဆွဲတဲ့အခါမှာ ကားဘထ္ထရီအားဆွဲတချက် လွတ်တချက်မို. ဘထ္ထရီအိုးကို နာစေပါတယ် ။

ဘထ္ထရီအိုးကို ဒိုင်နမို ( alternator) ကနေ အားသွင်းတဲ့အခါမှာလည်း မိလိုက် လွတ်လိုက်ဖြစ်စေပါတယ် ။

ဒီလိုနဲ.ရက်ပေါင်းများစွာ အသုံးပြုလာတဲ့အခါမှာ ဘထ္ထရီအိုး ရဲ. Voltage တွေ Current တွေ မတည်ငြိမ်စေတော့ဘဲ ဘထ္ထရီအိုးကိုသက်တမ်းတိုစေပါတယ် ။

✴️2. ဘထ္ထရီအိုး အထိုင်သေချာမငြိမ်တာ

ကားဘက်ထရီအိုး အထိုင်ကို တည်ငြိမ်အောင်မထားတာ ၊
ဘထ္ထရီအိုးကို ရှေ.နောက် ဘယ်ညာ ယိမ်းထိုးစေတာ မျိုးကလည်း ဘထ္ထရီအိုးရဲ. အတွင်းပိုင်းပစ္စည်းတွေ အက်စစ်တွေကို မတည်ငြိမ်ဘဲ လှုပ်ရှားစေမို. ကားဘထ္ထရီသက်တမ်းကို တိုစေပါတယ် ။
ဒါကြောင့် ခုနောက်ပိုင်းကားတွေမှာဆိုရင် ကားဘထ္ထရီအိုးတည်ငြိမ်ဖို. ဘထ္ထရီအိုးအထိုင်တွေကို ချုပ်တန်းလေးတွေနဲ.တည်ငြိမ်အောင် ဖမ်းထားတာဖြစ်ပါတယ် ။

✴️3. ဘထ္ထရီအိုးအားကုန်အောင် ခဏခဏ သုံးမိတာ

တချို.ကားမောင်းတဲ့သူတွေရှိပါတယ် ၊ ကားရပ်ထားတဲ့အချိန် အတွင်းခန်းမီးတွေ ဖွင့်ထားခဲ့မိတာ ၊
Silent မီးတွေဖွင့်ထားခဲ့မိတာ ကားသော့ကို Acc မှာထားမိတာ ၊
တချို.ကားတွေမှာဆိုရင် Brake Switch တွေကပ်ပြီး ဘရိတ်မီးတွေလင်းနေတာမျိုးတွေကြောင့် ကားဘထ္ထရီကုန်သွားတာမျိုးတွေဖြစ်တတ်ပါတယ် ။
အဲ့လို ဘထ္ထရီ ခဏခဏကုန်အောင်သုံးမိတတ်တာတွေကြောင့်လည်း ကားဘထ္ထရီအိုးရဲ. သက်တမ်းကို တိုစေပါတယ် ။

✴️4. Starter Motor အကြီးတွေသုံးတာ

တချို. ကားဆရာတွေက ကားစက်နှိုးလို. လွယ်အောင်ဆိုပြီး မူရင်းပါလာတဲ့ Starter Motor တွေအစား မော်တာအကြီးစားတွေ ပြောင်းလဲသုံးစွဲတတ်ပါတယ် ။
ကားစက်နှိုးရတာ ပိုမြန်တယ် ၊ ပိုကောင်းတယ်ဆိုပြီး Start Motor တွေပြောင်းသုံးတာကြောင့်လည်း ဘထ္ထရီသက်တမ်းကို လိုတာထက်ပိုတိုစေပါတယ် ။

ဘာကြောင့်ဆိုရင် မူရင်းမော်တာတွေက Current ဆွဲတာ နည်းပြီး ၊ မလိုဘဲ အပိုတပ်ဆင်လိုက်တဲ့ မော်တာအကြီးတွေက Current တွေကို ဆောင့်ဆောင့်ဆွဲတာကြောင့် ကားဘထ္ထရီမြန်မြန်ပျက်ပြီး သက်တမ်းတိုစေတာပါ ။

✴️5. ကားစက်မနှိုးခင် မီးကြီးတွေဖွင့်တာ

တချို.ကားမောင်းတဲ့သူတွေမှာ အဲ့လိုအမူအကျင့်တွေရှိပါတယ် ၊
ကားပေါ်တက် စက်မနှိုးရသေးခင် ရှေ.မီးကြီးတွေဖွင့် တဲ့ အကျင့်တွေရှိပါတယ် ၊

အဲ့ဒါမျိုးက တခါတရံဆို ပြဿနာမရှိပေမယ့် အမြဲလိုလိုလုပ်တတ်တယ်ဆိုရင်တော့ ကားဘထ္ထရီကို ဒုက္ခပေးပြီး သက်တမ်းတိုစေပါတယ် ။

✴️6. ကားစက်မနှိုးထားဘဲ AC တွေ Fan တွေဖွင့်သုံးတာ

ဒါကတော့ တော်တော်များများဖြစ်တတ်ကြပါတယ် ၊ ကားစက်မနှိုးခင် အတွင်းခန်း Blower Fan တွေကိုဖွင့်ထားမိတာ ၊
အတွင်းပိုင်း Audio ပိုင်းတွေ ၊ အတွင်းခန်းမီးတွေကို ဖွင့်ထားမိတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို တိုစေတတ်ပါတယ် ။

✴️7. Alternator မကောင်းတာ

ဘထ္ထရီအားသွင်းစနစ်ဖြစ်တဲ့ Alternator တွေရဲ. ဘထ္ထရီအားသွင်းစနစ် Under Charge အားသွင်းဗိုစ့်အားနည်းတာ ၊
Over Charge အားသွင်းဗိုစ့်အားများတာတွေကြောင့်လည်း ကားဘထ္ထရီသက်တမ်းကို မြန်မြန်ကုန်ဆုံးစေပါတယ် ။

✴️8. Short ကျပြီး Load ဆွဲတာ

ကားဝါယာရိန်းစနစ် ဒါမှမဟုတ် Electrical နဲ.သက်ဆိုင်တဲ့ ပစ္စည်းတခုခုပျက်စီးယိုယွင်းပြီး ကားစက်သတ်ရပ်ထားချိန် Amp ( Current) ဆွဲနေတာကြောင့် နာရီပိုင်းလောက်ကားရပ်ထားပြီး ကားဘထ္ထရီအားကုန်တာမျိုးတွေကလည်း ကားဘထ္ထရီကို သက်တမ်းတိုစေတတ်ပါတယ် ။

ဒါမျိုးဖြစ်တယ်ဆိုရင်တော့ ဘထ္ထရီအိုးအသစ်လဲရုံနဲ.မရဘဲ Load ဆွဲနေတဲ့ ပြစ်ချက်ကို ရှာမှ ဘထ္ထရီပျက်စီးတာ ရပ်တန်.မယ်ဖြစ်ပါတယ် ။

ဒီအချက်တွေက
အမှတ်မထင်ပြုမူမိတတ်တဲ့ ကားဘထ္ထရီသက်တမ်းတိုစေတဲ့ အခြေခံအကြောင်းရင်းတွေပါ ။

ဒီအချက်တွေကို သတိထားမယ်ဆိုရင် ပုံမှန်သတ်မှတ်ထားတဲ့ ကားဘထ္ထရီသက်တမ်း ၁နှစ် အထိ အပျက်အစီးအယိုအယွင်းမရှိဘဲ ကြာရှည်ထိန်းထားနိုင်ပြီး သက်တမ်းပြည့်သည်အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်ခမျာ ။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှများအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ ။

မူရင်းရေးသားသူ အားလေးစားစွာ creditပေးပါသည်

ဗဟုသုတ ရစေရန်ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်

Earth Testerတစ်လုံးကိုလေ့လာကြည့်ခြင်း✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️Earth Testerကို မြေဓာတ်ချစံနစ်(Earthing System)ရဲ့ ခုခံ...
25/06/2024

Earth Testerတစ်လုံးကိုလေ့လာကြည့်ခြင်း
✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️
Earth Testerကို မြေဓာတ်ချစံနစ်(Earthing System)ရဲ့ ခုခံမှုတန်ဖိုး(Resistance Value)ကို တိုင်းတာဖို့အတွက် အသုံးပြုကြပါတယ်။ခုခံမှုတန်ဖိုးရဲ့ ယူနစ်ကအုမ်း(Ohm) ဖြစ်ပြီးသင်္ကေတအားဖြင့် အိုမီဂါ(Ω)နဲ့ ဖော်ပြလေ့ရှိပါတယ်။

Earthချတယ် ဆိုတာဟာ Faultဖြစ်တဲ့အခါမှာ High Current စီးဆင်းနိုင်စေဖို့
Low Resistance Path ပြုလုပ်ပေးခြင်းဖြစ်တာကြောင့် Earth Resistance တန်ဖိုးဟာ နည်းလေကောင်းလေဖြစ်ပါတယ်။

🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖🔖
နောက်ထပ်ပြောပြပေးချင်တာက Earth Resistance Test ပြုလုပ်ရာမှာ အထူးသတိပြုရမယ့် အချက်တစ်ခုဖြစ်ပါတယ်။Testing ပြုလုပ်နေစဉ်မှာ Test Leadတွေနဲ့ အကူ Earth Stakeတွေကို မထိမကိုင်မိစေဖို့ အထူးဂရုပြုရပါမယ်။ဘာလို့လဲဆိုတော့ Testing လုပ်နေချိန်မှာ E နဲ့C ကြားမှာAC 50V~လောက်အထိ ရှိနိုင်လို့ဖြစ်ပါတယ်။

🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈🎈
နောက်ထပ်အသုံးဝင်တာတစ်ခုကတော့
တိုင်းတာလို့ရတဲ့ Result တွေကို Saveထားပြီး လိုအပ်တဲ့အချိန်မှာ ပြန်ကြည့်တဲ့နည်းဖြစ်ပါတယ်။UNI-T UT521နဲ့ပဲ ဥပမာပေးဖော်ပြသွားပါ့မယ်။Hold/Save Button ကို တစ်ချက်ပဲ ဖိရင် Hold Function နဲ့ အလုပ်လုပ်ပေးပါတယ်။တိုင်းလို့ရတဲ့တန်ဖိုးကို ရောက်ရာနေရာမှာရပ်ပေးပါတယ်။Hold/Save Buttonကို 2စက္ကန့်ကြာအောင် ဖိထားရင်တော့ Save Function နဲ့ အလုပ်လုပ်ပေးပါတယ်။တိုင်းလို့ရတဲ့တန်ဖိုးကို သိမ်းပေးပါတယ်။Dataအခု(20)သိမ်းလို့ရပါတယ်။Light/Load Buttonကိုတစ်ချက်နှိပ်ရင်Back Lightလင်းမှာဖြစ်ပြီး 2စက္ကန့် ဖိထားပေးရင် သိမ်းထားတဲ့ Dataတွေ ပြန်ပေါ်လာပါတယ်။တစ်ချက်ချင်းဆက်နှိပ်ပြီး သိမ်းထားတဲ့ Data အခု(20)ကို ပြန်ကြည့်လို့ရပါတယ်။Data အခု(20)သိမ်းပြီးသားရှိနေရင်တော့ နောက်ထပ် ထပ်ပြီး Saveလုပ်ဖို့ နှိပ်တဲ့အခါ Full လို့ပြပါလိမ့်မယ်။Data တွေကို Clearလုပ်ချင်ရင် Powerအရင်OFFရပါတယ်။ပြီးရင် Light/Load Buttonနဲ့ Hold/Save Buttonကို ပြိုင်တူဖိထားပြီး ပြန်ONရပါတယ်။CLဆိုတဲ့ စာလုံးပေါ်လာရင် Dataအဟောင်းတွေကို ရှင်းပြီးသွားပြီဖြစ်ပါတယ်။

📌📌📌📌📌📌📌📌📌📌📌📌
UT-521မှာ Auto Power OFFလည်းပါဝင်တဲ့အတွက် မေ့ပြီးမပိတ်မိရင်တောင်မှ ခဏကြာရင် Auto ပိတ်ပေးပါလိမ့်မယ်။နောက်ထပ်သဘောကျမိတာလေးက Testerထည့်ဖို့နဲ့ Probeတွေထည့်ဖို့ (၂)ကန့်ခွဲပေးထားတာဖြစ်ပါတယ်။Testerကို ထိမိခိုက်မိသက်သာစေပါတယ်။အိတ်လွယ်ဖို့ကြိုးပါတာလေးကိုလည်း သဘောကျမိပါတယ်။၂၀၀၀၀၀ကျပ်အောက် ဈေးနှုန်းနဲ့ ဝယ်သုံးနိုင်မယ့် ပေါ့ပေါ့ပါးပါးပစ္စည်းလေးဖြစ်ပါတယ်။ဈေးနှုန်းမှန်မှန်ကန်ကန်နဲ့စိတ်ချလက်ချဝယ်လို့ရမယ့် လိပ်စာလေးပါ ညွှန်ပေးလိုက်ပါတယ်။👇👇👇👇👇👇👇https://www.facebook.com/102092047939360/posts/250824816399415/

❗❗❗❗❗❗❗❗❗❗❗❗❗
Earth Tester ကို အသုံးမပြုဘဲ ကြာကြာထားမယ်ဆိုရင် ဓာတ်ခဲတွေထုတ်ထားဖို့လည်း အကြံပြုချင်ပါတယ်။စဉ်ဆက်မပြတ်ဖတ်ရှုလေ့လာနေကြတဲ့ ဝါသနာတူ ညီအကိုမောင်နှမတွေကိုအထူးပဲ ကျေးဇူးတင်ပါတယ်။

ဆက်လက်လေ့လာနိုင်ကြပါစေခင်ဗျာ။

crd Naing Linn Kyaw

အိမ်သုံးလျှပ်စစ်ကို    လွယ်လွယ် ခန့်မှန်းတွက်ချက်ကြည့်ခြင်း*************************************************************...
25/06/2024

အိမ်သုံးလျှပ်စစ်ကို လွယ်လွယ် ခန့်မှန်းတွက်ချက်ကြည့်ခြင်း
***************************************************************

( Estimate Power Calculation for a Room )

Telecom လောကကို စွန့်ခွာပြီး အခြားနယ်ပါယ်သစ်ဖြစ်တဲ့ M&E လောက Construction လောကကို ခြေချမယ်ဆိုရင်လည်း လျှပ်စစ်ပိုင်းဆိုင်ရာတွက်ချက်မှုတော့ သိထားကျွမ်းကျင်ထားမှ အလုပ်ကိုင်တွက် အဆင်ပြေနိုင်ပါမယ်။ M&E လောကကို ခြေချမယ်ဆိုလျှင်ဖြင့် တယ်လီကွန်းလောကမှာထက် လျှပ်စစ်ပိုင်းဆိုင်ရာကို ပိုသိ ပိုတတ်တာအပြင် Civil ပိုင်းကို နားလည်ထားဖို့ ရှေ့ကိုကြိုမြင်ထားဖို့လည်း မဖြစ်မနေလိုအပ်လှပါတယ်။ မိမိက Main Con မှာ လုပ်ကိုင်ရတယ်ဆိုရင်လည်း Vendor ဆီက Tender Quotation ရည်အသွေးကို နားမလည်ရင် Vendor က ပစ္စည်းညံ့တွေသွင်းပြီး ကိုယ့်ကို အချဉ်ရိုက် (ဂျင်းထည့် ) တာလည်းခံရနိုင်ပါတယ်။ Tender တင်တော့တစ်မျိုး ပစ္စည်းလာဆင်တော့ တစ်မျိုး ဖြစ်နေတတ်ပါတယ်။ တင်သွင်းမဲ့ ပစ္စည်းတွေဖြစ်တဲ့လျှပ်စစ်ပိုင်းမှာလည်း မိမိလိုချင်တဲ့လိုအပ်တဲ့ Transformer Size, Generator Size , Breaker Size, Cable Size တွေ ရရှိဖို့အတွက် မိမိသုံးစွဲမဲ့ Load ပမာဏ ဘယ်လောက်ရှိနိုင်သလဲဆိုတာ BQ ( Bill of Quantity) သေချာသိ သေချာတွက်ဖို့လိုအပ်လှပါမယ်။ မိမိလက်ရှိအသုံးပြုနေသော Load ပမာဏကို အနီးစပ်ဆုံးသိရပြီဆိုရင်တော့ ရေရှည်မှာ Load ဘယ်လောက်တိုးနိုင်သလဲဆိုတဲ့အပေါ်မှာ အနည်းဆုံး 25% ကနေ 35% လောက်ထိပိုတွက်ထားနိုင်မှ အဆင်ပြေနိုင်မယ်ခင်ဗျ။ အဆောက်အဦးတစ်ခုတွက် လျှပ်စစ်လိုအပ်ချက်က လျော့နည်းသွားလေ့မရှိပဲ ထပ်တိုးတိုးလာတာပဲတွေ့မြင်နေကြရမှာပါ။ အချို့သော Shopping center တွေ အထပ်မြင့်အဆောက်အအုံတွေမှာဆို မီးစက်တစ်လုံးက နှစ်လုံး နှစ်လုံးက သုံးလုံး တပ်ဆင်ထားတာတွေ့ဖူးမှာပေါ့။ အဲ့အခြေနေတွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် ရေရှည်မှာတိုးလာနိုင်တဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ကြိုတင်ကာကွယ်ဖို့ဆိုရင် Design စတင်တွက်ချက်ကတည်းက Save Side ယူတွက်ချက်တာအကောင်းဆုံးပဲလို့ယူ ဆပြီးတိုက်တွန်းပါရစေ။ လျှပ်စစ်ဓာတ်အား ပိုနေ( X’mer , Genset ကြီးနေ) လို့အပြစ်မြင် ဆန်းစစ်တဲ့လူရယ်လို့တွေ့ရခဲပေမဲ့ လျှပ်စစ်မီးအားမလောက် မငှ ဖြစ်ရင်တော့ အဲ့ဒီဇိုင်းကိုစတင်တွက်ချက်တဲ့ အင်ယာ ညံ့တယ်လို့ပဲ အကြမ်းမျဉ်းသုံးသပ်ကြတာတွေ့ရပါတယ်။ ယခုလောလောဆယ် မှာဖွင့်လှစ်ထားတဲ့ နာမည်ကြီး ရှော့ပင်းတစ်ခုမှာ လျှပ်စစ်မီး မလုံလောက်လို့ဆိုတာလည်း တွေ့မြင်ကြားသိနေရတယ်ခင်ဗျ။
( ဥပမာ။ ။ ဖုန်းလိုင်းကောင်းနေရင်တော့ ခင်ဗျားကို ဘယ်သူမှ ကျေးဇူးမတင်ဘူး စိတ်သာချ ။ အဲ ဖုန်းလိုင်းပြတ်ရင်တော့ မိမိလူကြီးက နဲ့အော်ပရေတာရဲ့ဖုန်းဆက်ပြီး ဖိအားပေးရုံတင်မကပဲ ပြည်သူ့မေတ္တာပါ ထပ်မံခံယူရသလိုပေါ့ 😛 )

ကိုယ့်နေရာ/ ကိုယ့်အခန်းတစ်ခုတွက် လျှပ်စစ် ( Watt ) အား ဘယ်လောက်လိုအပ်နိုင်သလဲဆိုတာကို ခန့်မှန်းတွက်ချက်ကြည့်ကြရအောင်။ ကျနော်တွက်ပြတာထက် ပိုကောင်းမဲ့ အဆင်ပြေမဲ့တွက်နည်းတွေ့ထားခဲ့ရင်လည်း ရှိုတော့မထားနဲ့ အလင်းလေးတော့ပြခဲ့ကြအုံး 😀

ရန်ကုန်မြို့နေ တိုက်ခန်းအများစုရဲ့ အကျယ်အ၀န်းကတော့ တစ်ခန်းနဲ့တစ်ခန်း
ဧရိယာသိပ်မကွာလှတာတွေ့ရမှာပါ။ ဒါကြောင့် အကျယ်ဆုံးအနေနဲ့ယူဆပြီးတော့( ၁၅ပေ
×ပေ ၆၀ ) ဒီအတိုင်းလေး တွက်ကြည့်မယ် ။ အခန်းတစ်ခန်းမှာ အသုံးပြုမယ့် Watt အားကို အနီးစပ်ဆုံးတွက်လို့ရပြီဆိုရင် ၈ လွှာ တိုက်ခန်း ဘယ်ညာအတွက် စုစုပေါင်း (၁၆) တွက်ဆိုရင် (၁၆) ခန်းနဲ့ မြှောက်ချလိုက်မယ်ဆို ရနိုင်ပြီပေါ့။ ၁၆ ခန်းတွက် ရလာတဲ့ စုစုပေါင်း Load (A ) ပေါ်မူတည်ပြီးတော့ 25% to 35% လောက်ပိုတွက်ထားလိုက်ရင် ထပ်တိုးလာနို်င်တဲ့ Load တွေတွက်လည်း Cover ဖြစ်သွားပြီပေါ့ ။

အိုကေဗျာ..အခန်းတစ်ခန်းကို နမူနာယူပြီး အကြမ်းမျဉ်း အနီးစပ်ဆုံး တွက်ချက်ကြည့်ရအောင်။ ကျနော်ရေးပြ တွက်ပြတာလိုအပ်ချက်ရှိနေရင်လည်း ထောက်ပြဝေဖန်ပေးပါလို့ ကြိုတင်တောင်းဆိုပါတယ်။ ဒီတွက်ချက်မှုက လုံးဝြပီးပြည့်စုံတယ်လို့ မမှတ်ယူစေချင်ဘူး။ အနည်းဆုံးတော့ သင် အခန်းတစ်ခု အဆောက်အအုံတစ်ခုကို အနီးစပ်ဆုံးခန့်မှန်းတွက်ချက်သွားနိုင်တယ်ဆိုရင်ပဲ ၁၀၀ ရာခိုင်နှုံးကျ နော် ကျေနပ်နေချင်ပါတယ်။

Length = အခန်းအလျား = ၆၀ ပေ
Width = အခန်းအနံ = ၁၅ ပေ
Area = အခန်းဧရိယာ = ၆၀×၁၅
Squareft = ၉၀၀ စတုရန်းပေ အကျယ်သတ်မှတ်ပြီး တွက်ကြည့်ရအောင်လား။

Varandah ( ၀ရံတာ တစ်ခု )
Parlour ( ဧည့်ခန်းတစ်ခန်း )
Bed Room ( အိပ်ခန်း တစ်ခန်း )
Kitchen ( မီးဖိုချောင် )
Bath Room ( ရေချိုးခန်း )
Toilet Room ( အိမ်သာခန်း )
½ Hp pump ( ရေမော်တာ တစ်လုံး )
ရှိမယ်လို့ သတ်မှတ်ပြီး တွက်ချက်ကြည့်ရအောင်။

BQ ( Bill of Quantity + Estimte Calculation )
*************************************************

1.Parlour ( 15’ × 10’) = TV + 2× Fans+ 4’ lamp + 2×Socket outlet
= (200 + 2×50 + 40 + 2×200 ) W
= 740 W ( ~ 800 W)

2.Bed Room(15’× 20’) = 1Hp Air-Con+2×Socket outlet + 4’ lamp
= (746 + 2×200 + 40 ) W
= 1186 W ( ~1200 W )

3.Kitchen Room(15×10) = Hotplate+1× Socket out let + 4’ lamp
= (1000 + 1× 200 + 40 ) W
= 1240 W (~1300 W )

4.Bath Room (15×10 ) = 1×2’ lamp + 1× Socket outlet
= ( 20 + 200 ) W
= 220 W
5.Toilet Room (15× 6’ ) = 1 Bulb
= 20 W
6.Varandah ( 15’ × 4’ ) = 2 Bulb
= 2× 20W
= 40 W
7.1/2 (0.5 Hp) Pump = 373 W

Totally Estimate Load = ( 800+1200+1300+220+20+40+373 ) W
= 3953 W

Power ( W ) = Volt ( V ) × Ampere ( I )
3953 W = 220 V × I
Ampere (I) = 3953 ÷ 220
I = 17.97 A

အခန်းတစ်ခန်းတွက် အသုံးပြုမဲ့ Watt ကိုသိလို့ အခန်းတစ်ခန်းတွက် အသုံးပြုမဲ့ Load ( A ) အနီးစပ်ဆုံးရပြီဆိုတော့ Breaker တွေ Cable တွေ ရွေးချယ်လို့ရပါပြီ ။ အထက်က ကောက်ယူခဲ့တဲ့လျှပ်စစ်ပစ္စည်းတွေက တချိန်တည်း တစ်ပြိုင်တည်းအသုံးပြုမှာတော့မဟုတ်ပါဘူး။ လိုအပ်သလို ဖွင့်ပ်ိတ်ပြီးသုံးစွဲကြမှာဖြစ်ပါတယ်။ အခုကောက်ယူထားတဲ့ Watt က အခန်းတစ်ခန်းမှာ အများဆုံးသုံးနိုင်မယ်ထင်တဲ့ ပမာဏလို့ယူဆပြီးတွက်ချက်တာဖြစ်ပါတယ်။
အထက်မှာတွက်ချက်မှုအရ Ampere (Load) ကို ရပြီဆိုရင် အလွယ်ကူဆုံး အနီးစပ်ဆုံး အသုံးပြုနေကြတဲ့ Cable ဆိုဒ်ရွေးနည်း Circuit Breaker ရွေးနည်းကတော့

Cable Size = Load Ampere × 1.5
= 17.97 × 1.5
= 26 A ( 4 mm2 cable ဆိုက်ကို ရွေးလျှင်သင့် )

Circuit Breaker= Full Load Ampere × 1.25
= 17.97 × 1.25
= 22.4625 A ( 32 A အသုံးပြုသင့် )

Lighting တွေဖြစ်တဲ့ မီးချောင်း ၊ မီးလုံး ၊ အလှဆင်မီးလုံးတွေတွက်တော့ Φ1.5 mm2 cable size ကိုအသုံးပြုလေ့ရှိပြီး
Power တွက် Socket Outlet ဆိုလျှင်တော့ Φ2.5 mm2 cable size ကို အသုံးပြုတယ်လို့အကြမ်းဖျဉ်းမှတ်ထားရင်အဆင်ပြေနိုင်မယ်ထင်ပါတယ်။
အိမ်တွေမှာအသုံးပြုတဲ့ Air_Con တွေမှာ့ Φ2.5 mm2 cable size ကိုအများဆုံးအသုံးပြုပေမဲ့ တကယ့်စီးပွားရေးအဆောက်အအုံဆိုရင့် Φ 4mm2 cable size သုံးစွဲတာတွေ့နိုင်ပါတယ်။ မိမ်ိအသုံးပြုမဲ့နေရာက Power Soure နဲ့ဝေးနေတယ်ဆိုရင်တော့ Save ဖြစ်ဖို့တွက် ကြိုးဆိုဒ်ကို တစ်ဆိုဒ်ကြီးပြီးသုံးတတ်ကြပါသေးတယ် ။ ဘာကြောင့် ကြိုးဆိုက်ကို နည်းနည်းပိုကြီးသလဲဆိုရင် အကြောင်းတစ်ခုခုကြောင့် Shock ဖြစခဲ့်ရင် ကြိုးနဲ့ လျှပ်စစ်ပစ္စည်းများ ထိခိုက်မှုနည်းအောင်ဖြစ်ပြီး…Breaker ကို ကျသွား စေချင်တဲ့အတွက်ဖြစ်ပါတယ်။ တကယ်လို့ Breaker Size ကကြီးနေရင် Breaker မကျပဲ ကြိုးနဲ့လျှပ်စစ်ပစ္စည်း ထိခိုက်ရဖို့ဖြစ်လာနိုင်လို့ပါပဲ။

***** ဒီတွက်နည်းက ကျနော်မှတ်သားမိသော မှတ်သားထားသော အနီးစပ်ဆုံးတွက်ချက်မှုသာလျှင်ဖြစ်ပြီး တကယ့် သီအိုရီ ကျကျတွက်ဖို့အတွက်ဆိုရင် အချက်လက်တွေ၊ CP ( Code of practices) တွေစုံလင်စွာ မိမိတွေ့ကြုံခဲ့ရတဲ့အတွေ့ကြုံတွေနဲ့ပေါင်းစပ်ပြီ့း ရှု့ထောင့်စုံကနေ အဆင့်ဆင့် တွက်ချက်ရယူပါလို့တိုက်တွန်းလိုပါတယ်။ အထက်မှတွက်ပြခဲ့တဲ့ အခန်းတစ်ခုကို နမူနာယူပြီး မိမိအခန်း ၊ မိမိအိမ်မှာတပ်ဆင်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေကို Watt ဘယ်လောက်ရှိလည်း ဘယ်လောက်သုံးထားလဲဆိုတာ သေချာ လေ့လာပြီး ပြန်လည်တွက်ချက်ကြည့်မယ်ဆိုလျှင် ဒီထက်ကြီးမားသော အဆောက်အအုံတွေတွက် ထပ်မံလေ့လာလိုက်မယ်ဆိုလျှင် တဖြည်းဖြည်းနဲ့မိမိအရည်အသွေး တိုးတက်လာမယ်လို့မျှော်လင့်မိပါတယ်။ အထက်မှာတွက်ပြခဲ့တာကတော့

P= VI Single Phase ( 220 V ) ပေါ်မူတည်ပြီး နမူနာတွက်ပြထားချင်းသာဖြစ်ပါတယ်။ တကယ့် စီးပွားရေးသုံးလျှပ်စစ်အတွက်ဆိုလျှင်တော့

P = Sq root 3 * VI Cos Φ Three Phase ( 380/440V ) ပေါ်မူတည်ပြီးတွက်ချက်ရမှာဖြစ်ပါတယ်။

ကျနော်တွက်ပြထားတာက ဘာနဲ့ဆင်တူသလဲဆို …ကျ နော်တို့ မူလတန်း အလယ်တန်း အထက်တန်းသင်္ချာ ဘာသာရပ်မှာ Example တွက်ပြထားတာတွေ့ဖူးတယ်မဟုတ်လား 1+1= 2 စသဖြင့်ပေါ့ တွက်ချက်ပြထားတာကို ကြည့်လိုက်ရင် လုံး၀ လုံး၀ လွယ်လွယ်လေးရယ် မျက်စိမှိတ်တွက်လည်းရနိုင်တယ်။ အဲ တကယ့်တကယ် ပုစ္ဆာတွက်ပြီဆိုရင်….ဘယ်ကစပြီး ဘယ်လိုတွက်ရမလဲ ဖြစ်ခဲ့ဖူးသလိုပေါ့။ နမူနာပြထားတာနဲ့လည်း မတူတော့ အချင်းချင်းခေါင်းချင်းဆိုင် ခေါင်းလေးကုတ်ပြီး ဆရာမကြည့်နေရင် အထင်ကြီးစေချင်တော့ တကယ်ကြီးစဉ်းစားလေဟန် လုပ်ခဲ့သလိုပေါ့ 😀 😀 😀 ။ အားငယ်စရာတော့မရှိပါဘူးဗျ ကျနော်တို့အားလုံး ကလေးဘ၀ ကခဂ ကနေစလာတာ ယနေ့အချိန်ခါ ထိလေ့လာပြီး ရင်ဆိုင်ဖြတ်သန်းခဲ့ကြပြီပဲ…ဘယ်သူမှ ဘယ်အင်ဂျင်နီယာမှ မလေ့လာပဲ မကြိုးစားပဲတော့တော်နေတတ်နေတဲ့သူ မရှိနိုင်ပါဘူး။ မိမိက လေ့လာသင်ယူကြိုးစားနေရင်တော့ တော်တဲ့အင်ဂျင်နီယာဖြစ်မလာသေးရင်တောင် တတ်သိနားလည်တဲ့ အင်ဂျင်နီယာဖြစ်လာမယ်ဆိုတာတော့ကျနော်ရဲရဲကြီးပြောရဲပါတယ်။ ဒီလိုပြောလို့ ကျနော်ကော ကျွမ်းနေပြီလား တော်နေပြီလား တတ်နေပြီလား မေးရင် ဟုတ်ကဲ့…..လေ့လာနေဆဲအဆင့်လို့သာ ၀န်ခံပါရစေ။

crd မူရင်း https://m.facebook.com/story.php?story_fbid=1020884567961128&id=100001187843618

ဝါယာကြိုး ဝယ်ယူသုံးစွဲ‌တော့မယ်ဆိုရင်သိထားသင့်တဲ့ အချက်များ***************************************1.ဝါယာကြိုး size အတိုင်...
19/06/2024

ဝါယာကြိုး ဝယ်ယူသုံးစွဲ‌တော့မယ်ဆိုရင်
သိထားသင့်တဲ့ အချက်များ
***************************************

1.ဝါယာကြိုး size အတိုင်းအတာ ယူနစ်
နိုင်ငံတကာမှာ International Electrotechnical Commission (IEC) Standard အရ ဝါယာကြိုး size များကို Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) Square Millimeters (mm²) နှင့် သတ်မှတ်ထုတ်လုပ် သုံးစွဲကြပြီး ကြိုးအရှည်ကို မီတာနှင့်သာ ထုတ်လုပ်ရောင်းချကြပါတယ်။
1.5mm², 2.5mm², 4mm², 6mm², 10mm², 16mm², ....

မြန်မာနိုင်ငံမှာတော့ IEC standard အပြင် ယခင် စနစ်ဟောင်း British Imperial System အရ inch လက်မနှင့် တိုင်းတာ ထုတ်လုပ်သည့် ဝါယာကြိုးများကို ဆက်လက်သုံးစွဲကြပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိဘဲ မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးလျက် ရှိပါတယ်။ ကြိုးအရှည်ကို ကိုက်နှင့် ထုတ်လုပ်ရောင်းချကြပါတယ်။
3029, 3036, 7029, 7036, 7044, 7052, 7064, ...

100 မီတာ = 109.36 ကိုက်
91.44 မီတာ = 100 ကိုက်

တစ်ချို့ mm ကြိုး ထုတ်လုပ်တင်သွင်းသူတွေက ကြိုးတစ်ခွေဈေးနှုန်း သက်သာသွားအောင် 100 မီတာနှင့် မရောင်းကြပဲ 91.44 မီတာ(100ကိုက်) အရှည်နှင့် ထုတ်လုပ်မှာယူရောင်းချကြပါတယ်။ မီတာ 100 ကြိုးခွေထက် ဈေးနှုန်းအားဖြင့် 9% သက်သာသွားပါတယ်။
မီတာ 100 လို့ ရေးထားပြီး မီတာ 100 မပြည့်သည့် ဝါယာကြိုးများလဲ ဈေးကွက်ထဲမှာ ရောင်းချနေကြပါတယ်။

"3029 wire မှ 1.5mm² wire သို့ ပြောင်းလဲ သုံးစွဲခြင်း"
*3029 wire မှာ ရှေ့ဆုံးက 3 သည် ကြေးမျှင် 3ချောင်း ကျစ်ထားသည်ဟု ဆိုလိုပြီး ကြေးမျှင် တစ်ခုချင်းရဲ့ Diameter(အချင်း)က 0.029 လက်မ ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
**1.5mm² wire ဆိုတာ Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.5 square millimeter ရှိတဲ့ ဝါယာကြိုးကို ဆိုလိုပါတယ်။
1.5mm² wire ကို IEC 01 Standard အရ ကြေးမျှင်အသေး 7ပင်လိမ် နှင့် ထုတ်လုပ်သလို ကြေးမျှင်အတုတ် 1 ချောင်းတည်းနဲ့လဲ ထုတ်လုပ်ပါတယ်။
*3029 wire ကို အရွယ်အစား တူညီတဲ့ Metric(မီလီမီတာ)စနစ်ကို ပြောင်းလဲပါက Cross Sectional Area (ကန့်လန့်ဖြတ် မျက်နှာပြင် ဧရိယာ) 1.28mm² ရပါတယ်။
*သို့ပေမယ့် Metric စနစ်မှာတော့ အနီးစပ်ဆုံး 1mm² နှင့် 1.5mm² wire cable များသာ ထုတ်လုပ်သုံးစွဲပါတယ်။
**အသုံးများတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 wire များမှ Metric(မီလီမီတာ)စနစ်သို့ ပြောင်းလဲသုံးစွဲရာတွင် အနီးစပ်ဆုံး တူညီတဲ့ mm² size များကို ဖော်ပြထားပါတယ်။
3029 = 1.28mm² (~1.5mm²)
3036 = 1.97mm² (~1.5mm²)
7029 = 2.98mm² (~2.5mm²)
7036 = 4.6mm² (~4mm²)
7044 = 6.86mm² (6mm²)
7052 = 9.59mm² (~10mm²)
7064 = 14.53mm² (~16mm²)
ဒီပြောင်းလဲခြင်းက ဝါယာကြိုးစနစ် 2ခုလုံး ကြေးနီလုံးပတ် gauge ပြည့်နေမှ မှန်မှာပါ။

သို့ပေမယ့် မြန်မာနိုင်ငံမှာ ရောင်းနေကြတဲ့ 3029, 3036, 7029, 7036, 7044, 7052, 7064 လက်မစနစ်ဝါယာ တံဆိပ်အများစုက ကြေးနီလုံးပတ် gauge လျော့နေကြပါတယ်။ လက်မစနစ် ဝါယာတွေမှာ မူလရှိရမယ့် အလေးချိန်နဲ့ ကြေးနီလုံးပတ် gauge အပြည့်ရှိတဲ့ တံဆိပ်က အတော်နည်းသွားပါပြီ။

2.Copper Purity and Weight
အိမ်တွင်းသုံးဝါယာကြိုးများကို ကြေးနီကြိုးများ သုံးစွဲရပါတယ်။ ကြေးနီ တစ်တန်ကို 5,800$ ခန့် ရှိပြီး အလူမီနီယမ် တစ်တန်ကို 1,700$ ခန့် ရှိပါတယ်။ Copper သည် Aluminium ထက် resistance နည်းသောကြောင့် Energy loss အလွန်နည်းပါတယ်။ ကြေးနီကို အခြားဈေးနည်းသောသတ္တုစပ်ထားသော ဝါယာကြိုးများကို သုံးစွဲပါက resistance များပြီး စွမ်းအင်ဆုံးရှုံးမှုများတဲ့အတွက် လျှပ်စစ်မီတာခကို ပိုမိုကုန်ကျစေပါတယ်။ အခြားသတ္တု ရောထားသော ကြေးနီမစစ်သော ဝါယာကြိုးများသည် ၎င်းနှင့် size တူ ကြေးနီကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်ပါ။ အခြားသတ္တုစပ်ထားသော ဝါယာကြိုးများကို ကြေးနီအစစ်ကြိုးများကဲ့သို့ loading သုံးစွဲပါက အပူလွန်ကဲပြီး မီးလောင်နိုင်ပါတယ်။ ဈေးနည်းသော သတ္တုများများ ရောစပ်လေ ဝါယာကြိုးဈေးနှုန်း သက်သာလေပါ။

အိမ်သုံးဝါယာကြိုး တစ်ချောင်းသည် ကြေးနီစစ်ဖို့လဲ လိုအပ်ပြီး weight ပြည့်ဖို့လဲ လိုအပ်ပါတယ်။ ကြေးနီအမျှင်တစ်ချောင်းချင်း size ပြည့်ဖို့ လိုအပ်ပြီး အမျှင်များကို (uniform twist) မှန်ကန်တိကျစွာ လိမ်ကျစ်ထားဖို့ လိုအပ်ပါတယ်။ ကြေးနီတော့ စစ်ပြီး အတွင်းမှာ သေချာ လိမ်ကျစ်မထားသော ဝါယာကြိုးများလဲ ရှိပါတယ်။ လိမ်ကျစ်ထားတဲ့ အပတ်ရေ လျော့နည်းနေမယ်ဆိုရင် ဝါယာကြိုးက weight လျော့နေမှာပါ။

IEC 01 Standard အရ အိမ်တွင်းသုံး ဝါယာကြိုး မီတာ 100 ခွေတွေမှာ အနည်းဆုံးရှိရမယ့် အလေးချိန်တွေကို ဖော်ပြပေးပါမယ်။
Copper/PVC (ကာဗာတစ်ထပ် အိမ်တွင်းသုံး ကြေးမျှင်7ပင်လိမ် ဝါယာကြိုး)
1.5mm² - 2.2kg (၁ ပိဿာ ၃၄ ကျပ်သား)
2.5mm² - 3.5kg (၂ ပိဿာ ၁၄ ကျပ်သား)
4mm² - 5.0kg (၃ ပိဿာ ၆ ကျပ်သား)
6mm² - 7.0kg (၄ ပိဿာ ၂၈ ကျပ်သား)
10mm² - 12.0kg (၇ ပိဿာ ၃၄ ကျပ်သား)
16mm² - 18.0kg (၁၁ ပိဿာ ၂ ကျပ်သား)
ဘယ်နိုင်ငံထုတ် ဘယ်တံဆိပ်ပဲနေနေ ဒီအလေးချိန်တွေမှ မရှိဘူးဆိုရင် အရှည်မီတာ သို့မဟုတ် ကြေးနီ လုံးပတ် gauge သို့မဟုတ် ကြေးနီသတ္တုသန့်စင်မှု တစ်ခုခုကို လျှော့ထားလို့ပါ။

1 ပိဿာ = 1.632932532 kg

1.5mm² ဝါယာကြိုး မီတာ 100 ခွေ မှာ 2.2kg အနည်းဆုံး ရှိရပါတယ်။ မြန်မာနိုင်ငံမှာ မီးဆရာတွေ အသုံးများပြီး လျှပ်စစ်ပစ္စည်းဆိုင်အများစုမှာ ရောင်းချနေတဲ့ ဝါယာတံဆိပ်တစ်ချို့မှာ 2.0kg ဝန်းကျင်ပဲ ရှိပြီး 10% ခန့် weight လျော့နေကြပါတယ်။ အခြား size များတွင်လဲ 5% မှ 10% ထိ အသီးသီး weight တွေ လျော့နေကြပါတယ်။ Weight အပြည့်ဝါယာကြိုးများကဲ့သို့ Ampere(A) မသယ်ဆောင်နိုင်တော့ပါ။
နွေရာသီလို မီးအား Voltage ကျလို့ ဝါယာကြိုးတွေက Ampere(A) ပိုဆွဲတဲ့အခါမျိုးမှာ ဝါယာကြိုး ကြေးနီ လုံးပတ် gauge လျှော့ထားတာတွေ သုံးထားမယ်ဆိုရင် အပူလွန်ကဲပြီး မီးလောင်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။Packing စက္ကူဖယ်ပြီး ကတ္တားပေါ် ချိန်ကြည့်ရုံနှင့် weight လျော့မလျော့ အလွယ်တကူ သိရှိနိုင်ပါတယ်။

3.PVC Quality
Copper ကို Coated လုပ်ထားတဲ့ PVC ကလည်း လုံးပတ်တစ်လျှောက်လုံး အထူညီနေဖို့ လိုအပ်ပါတယ်။ PVC Insulation ရဲ့ ထုက ညီမနေဘူးဆိုရင် ဝါယာပေါက်ပြဲပြီး လျှော့ဖြစ်ဖို့ အလွန်လွယ်ကူပါတယ်။ Recycled PVC အသုံးပြုပြီး ထုတ်လုပ်ထားတဲ့ ဝါယာကြိုးတွေကတော့ ဈေးနှုန်း ပိုသက်သာပါတယ်။ PVC က Recycled ဖြစ်ရင် ဝါယာ သက်တမ်း ကြာရှည်မခံပါဘူး။

4.အရောင် ခွဲခြား သုံးစွဲမှုစနစ်
AC Power Circuit မှာ Wire ကြိုးများကို အသုံးပြုတဲ့ Function အလိုက် ခွဲခြားသိဖို့အတွက် အရောင်တွေ သတ်မှတ်ပြီး သုံးစွဲကြပါတယ်။ အရောင် သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။
လက်ရှိမှာ EU နှင့် အိမ်နီးချင်းနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံအများစု လက်ခံသုံးစွဲနေကြတာကတော့ International Electrotechnical Commission (IEC) အဖွဲ့က သတ်မှတ်တဲ့ Colour Code ဖြစ်တဲ့ Phase ကြိုး Line1,2,3 ကို အညို၊ အနက်၊ မီးခိုး၊ Neutral ကြိုးကို အပြာ နှင့် Earth ကြိုးကို စိမ်းဝါကြားတို့ပဲ ဖြစ်ပါတယ်။
USA နှင့် Canada မှာတော့ အဖြူနှင့် မီးခိုးရောင်ကို Neutral အတွက်သုံးစွဲကြပြီး Phase ကြိုး Line1,2,3 ကို အနက်၊ အနီ၊ အပြာ နှင့် Earth ကြိုးကို အစိမ်း၊ စိမ်းဝါကြားနှင့် Bare conductor သုံးစွဲကြပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိအများစု သုံးစွဲနေကြတာကတော့ UK Old colour code ဖြစ်ပြီး UK မှာ 2006 နောက်ပိုင်း မသုံးစွဲတော့တဲ့ Neutral အနက်၊ Phase Line 1,2,3 ကို အနီ၊ အဝါ၊ အပြာနှင့် Earth စိမ်းဝါကြား တို့ပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံများမှ ဝါယာကြိုးစက်ရုံများပင် သူတို့နိုင်ငံတွင် သုံးစွဲမှုမရှိတော့တဲ့ အရောင်စနစ်တွေကို မြန်မာနိုင်ငံအတွက် သီးသန့်ထုတ်လုပ်ပေးနေကြပါတယ်

Credit_To_Original_Writer 🙏🙏

Wire size တစ်ခုရဲ့ ခံနိုင်စွမ်း အမ်ပီယာ============================ဖေါ်ပြပါ ဇယားမှာ 1.5mm²wire က 12A-15Aလို့ ဖော်ပြထားသည...
19/06/2024

Wire size တစ်ခုရဲ့ ခံနိုင်စွမ်း အမ်ပီယာ
============================
ဖေါ်ပြပါ ဇယားမှာ 1.5mm²wire က 12A-15Aလို့ ဖော်ပြထားသည်။
နောက်ပြီး 2.5mm² wireကိုလည်း 16A-21A လို့လည်းကောင်း ဝါယာအရွယ်အစားအလိုက် အသီးသီး ဘယ်လောက် အမ်ပီယာခံနိုင်ရည်ရှိတယ်လို့ ဇယားမှာ ဖော်ပြထားပါတယ်။
ဒီဇယားမှာတဲ့ 1.5mm² က 15Aလို့ ပြောထားချက်အရဆို
P=VI cosø
P=220×18×0.8
P=2816W အထိ သုံးလို့ရတာပေါ့နော်။
ဒါဆို 2000Wလောက်ဆို 11~12A ပဲရှိတာမို့ အေးဆေးအသုံးပြုလို့ရမယ်လို့ မထင်ကြပါနဲ့။
ဘာလို့လည်းဆို wire က သူခံနိုင်ရည် ရှိတဲ့ အမ်ပီယာကိုပဲ ပြောထားတာပါ။ ဘယ်လောက် load အထိ အသုံးပြုနိုင်ကြောင်း မပြောထားပါဘူး။
ဒီနေရာမှာ မျက်ိနည်းနည်း လည်သွားကြမယ်ထင်တယ်။ load ကြောင့် ampere ဖြစ်လာတာပဲဆိုပြီပေါ့။
ဘာလို့လည်းဆို တူညီတဲ့ load တစ်ခုတည်းကိုပဲ အကွာအဝေးမတူရင် ဝေးတဲ့ load က ampere များသွားလို့ပါ။
လူနေအိမ်၊ အဆောက်အုံတွေမှာ load side တွေကို နေရာအနှံ့မှာ ရှိနေကြပေမဲ့ MDB တွေကတော့ တစ်နေရာထဲမှာပဲ စုပြီးထားလေ့ရှိကြပါတယ်။
ဒီလိုဆို အပေါ်က ဥပမာပေးထားတဲ့ 2000Wရှိတဲ့ load တစ်ခုကို 100meters အကွာဝေးရှိတဲ့ breaker တစ်ခုကနေ supply ပေးမယ်ထားပါစို့။
ကိုယ်ထင်ထားတဲ့ wire size နဲ့ အဆင်ပြေမလား?
ဒီနေရာမှာ P=VI cosø တစ်ခုသိတာနဲ့ မလုံလောက်တော့ပါဘူး။ GP ‌တွေထဲမှာလည်း p=VI သိရင် လုပ်စားလို့ရပြီဆိုတာကို မကြာခဏပြောနေတာတွေ ရှိပါတယ်။ တကယ်စိတ်မကောင်းစရာပါပဲ။ ကျနော်တို့ လျှပ်စစ်က အဲလောက်မရိုးရှင်းပါဘူး။ ကြိုးနှစ်ချောင်း သွယ်လိုက်တာနဲ့ မီးလာတယ် အဆင်ပြေတယ်ဆိုပြီး မထင်စေချင်ဘူး။ ဒီလိုအတွေးတွေကြောင့် လျှပ်စစ်လောက ဈေးပေါလာကြတယ်။ ဆိုလိုရင်းပျောက်ပြီး စကားတွေ များမိတော့မယ်။
P= VI သိရုံနဲ့ မရဘူးဆိုတာကနေ ပြန်စပြောရအောင်။
ဘာလို့လည်းဆို wire အလျှားရှည်လာတာနဲ့အမျှ voltage drop လည်း များလာလိုပါ။
Voltage dropပုံသေနည်းကတော့
📝Single phase
Vd =2I(Rcos∅ +Xsin∅)×L/1000
📝3 phase
Vd=√3I (Rcos∅ +Xsin∅)×L/1000
ဆိုပြီး ဖြစ်ပါတယ် ။

Credit: Aung Thu

RCCB နဲ့ RCBO ဘယ်လိုခွဲခြားသိနိုင်မလဲ(RCBO = RCCB + MCB)ဒီ Breaker ၂ ခု ကိုဘယ်လိုခွဲခြား သိနိုင်မလဲဆိုတာ အောက်ပါအချက်မျာ...
13/06/2024

RCCB နဲ့ RCBO ဘယ်လိုခွဲခြားသိနိုင်မလဲ

(RCBO = RCCB + MCB)

ဒီ Breaker ၂ ခု ကိုဘယ်လိုခွဲခြား သိနိုင်မလဲဆိုတာ အောက်ပါအချက်များဖြင့် လေ့လာကြည့်ရအောင်ပါ။ ပုံကိုကြည့်ပါ။

တူညီသောအချက်များ
(၁) Test Button ပါတယ်
(၂) Residual Current လို့ခေါ်တဲ့ Leakage Current ပါတယ်
(၃) Residual (or) Leakage Current သိနိုင်တဲ့ Magnetic Core သင်္ကေတ ပါတယ်

မတူညီသောအချက်များ
(၄) Rated Current ဖော်ပြရာတွင် RCCB က Current တန်ဖိုးတစ်ခုတည်းဖော်ပြပြီး ဥပမာ 20A, 30A RCBO က Current တန်ဖိုးရှေ့မှာ Tripping Current Type B (or) C (or) D ထည့်ရေးတယ်။ ဥပမာ C20, B30 (MCB နဲ့အတူတူပဲ)
(၅) သက်ဆိုင်ရာ Safety Standard မတူဘူး
RCCB (IEC/EN 61008-1)
RCBO (IEC/EN 61009-1) (IEC/EN အပြင် China ပြည်တွင်းသုံး G နဲ့စတဲ့ Standard တစ်ခုလည်းတွဲရေးတတ်တယ်။)
(၆) RCBO Switch Symbol မှာ Overcurrent ကိုသိနိုင်တဲ့ Thermal သင်္ကေတ နဲ့ Short Current ကိုသိနိုင်တဲ့ Magnet သင်္ကေတ ပါတယ်။ (MCB Switch သင်္ကေတ နဲ့အတူတူပဲ)

Credit to Original Writer

Address

Thingangyun
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when လျှပ်စစ် လုပ်သား Electrical Worker posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category