07/11/2022
#အိမ်ဆောက်ဖို့ ဆိုင်ဆောက်ဖို့ စီးပွားရေး တစ်ခုခုလုပ်ဖို့ မြေဝယ်မြယ်ဆို အောက်မှာ ေရးထားတဲ့ အချက်လေးတွေကို အရင် သိထားဖို့ လိုပါတယ်...
မှတ်ချက်..မြေပြသော ပွဲစား
များမှ သင်ပေးသွားပါသည်..
ထောင့်ကွက်မှာ အနောက်မြောက် ထောင့်ကွက်ကို ရှောင်ကြတယ်.. ရှေးကခြေကန်ထောင့် လို့ခေါ်တယ်.. တကွက်လုံးရဲ့ဒုက္ခမှန်သမျှဟာ အဲဒီထောင့်မှာ စုတယ်လို့ဆိုကြတယ်..ကျုံးရေကန်တော်တော်များများဟာ.. အဲဒီထောင့်မှာထားကြတယ်..စီးပွားမဖြစ်ဘူး.. လူပျက်စီးတတ်တယ်.. အစီအရင်လုပ်ပြီး နေရတယ်တဲ့ဗျာ ...
ဘုန်းကြီးကျောင်းနှင့်မျက်နှာ
ချင်းဆိုင်အကွက်ကျ.. မျက်စိ
တစ်ဖက်ပိတ်.. တစ်ဖက်ကန်း
တဲ့ အဝယ်မကြိုက်.. စီးပွားမ
ဖြစ်..
ဓမ္မာရုံ..ဘုရားနှင့်ကပ်ရက်အ
ကွက်ကျ..ဘုရားအရိပ်ကျတ
ယ်..စီးပွားမဖြစ်ဘူး..အယူရှိ
လို့..အဝယ်မကြိုက်ဘူး..
ရုံးနီး..ကျောင်းနီးကျတော့လဲ
မကြိုက်ကျပြန်ဘူး...
လမ်းဦးတိုက်ဆို..လှည့်မကြ
ည့်ကြဘူး...
စျေးနီးရင်တော့..စီးပွားရေး
လုပ်မယ့်သူကကြိုက်တယ်..
နေ့မယ့်သူကတော့..မကြိုက်
ကြဘူးဗျာ...
အကွက်လှတယ်..လမ်းဆုံလမ်းခွ ..မီးပွိုင်ကျရင့်တော့
အကွက်က..ကန်းသွားတယ်
အဝယ်မကြိုက်ကြဘူး...
မသေချာတဲ့..အနေကြာလဲ..
ဂရံသာလုပ်..ကွင်းဆင်းမလာ
ရိပ်သာကစောင့်..မို့..မကြိုက်
ကြပြန်ဘူးဗျို့..
ဆေးရုံ..ဘူတာ..ကားဂိတ်..
အားကစားရုံ..မနီးမဝေးနဲ့
စိတ်ငြိမ်ရပ်ကွက်သာ..ကြိုက်
ကြတယ်..မိန်းလမ်းနှင့်ကြား
လမ်း..ထောင့်ကွက်တွေကျ
ကြိုက်ကြပြန်တယ်..
စီမံကိန်းရှိတယ်..လမ်းတင်ကွ
က်တွေ ကြိုက်ကြတယ်...
လမ်းကြားကွက်..မျက်နှာပြု
အိမ်က..အိမ်သာဖြစ်နေပြန်ရင်
လဲ..ရောင်းလို့မရပြန်ဘူး..အ
ဝယ်မကြိုက်တာများတယ်..
ဘာပဲလုပ်လုပ်..ဝယ်သူအကြို
က်တွေ..ဝယ်ထားမှ..ရောင်းရ
မယ်..မဟုတ်လား..
မြေလောကမှာ..ခေါင်းမာရင်
တဇွတ်ထိုးလုပ်ရင့်..ကျိုးဖို့များတယ်..
လက်ရှိမြေကကျယ်တယ်..ရုံး
မှာစစ်ကြည့်တော့..ပေကနည်း
နေတယ်..ဘေးအိမ်ကမြေဖြစ်
ဖို့များလို့..မဝယ်သင့်ပြန်ဘူးဗျာ...
လမ်းကျဥ်း..တစ်ဖက်ပိတ်က
တော့..အဝယ်မကြိုက်..
ဘယ်မြေပဲ..ကြည့်ကြည့်မြေ
စာရင်းမှာသေချာစစ်..ရှေ့နေ
နဲ့ စာရွက်စာတမ်းစစ်ပါ...အမှားတစ်ချက်ကြောင့် ရောင်းမထွက်တဲ့မြေတွေ အများကြီးပါ...
မြေမှာ တကယ်သိသွားရင်..
ဝယ်ရမယ့်အကွက်ရှားသွား
တယ်..ဂျီးများတာမဟုတ်ဘူး
ရှောင်ပြီး..ဝယ်ရလို့ပါ...
မြေအရောင်းဝယ်..ဖြစ်မဖြစ်
ကို..သတင်းစာကြော်ငြာ..
မှတ်ပုံတင်ရုံးပတ်ကြည့်ရင်သိ
သာပါတယ်..
ပိုက်ဘောမိတဲ့သူတွေများနေပါ
တယ်...ကျနေပါပြီ..
Credit
ဒီအချက်တွေကို မှတ်သားပြီးလို့ ေသချောချာလေး စီစစ်ပြီး မြေဝယ်ပြီးပြီးဆို ကျွန်မတို့ က လူကြီးမင်းတို့ အလိုရှိတဲ့ အဆောက်အဦး, နေအိမ်တိုက်တာ, ဆိုင်ခန်း ရုံးခန်း ဥယျာဥ်ပန်းခြံ, ဟိုတယ် စားသောက်ဆိုင် Resort Bar စတာတွေကို ခြံမြေရှင်းခြင်းက စလို့ ဒီဇိုင်းရေးဆွဲကာ အသင့်နေထိုင် သုံးစွဲ အလုပ်လုပ် နိုင်တဲ့အထိ အလှဆင်ခြင်းအပြီးအစီးကို တာဂန်ယူ တည်ဆောက် ဖန်တီးပေးပါတယ်ရှင့်
ဆက်သွယ်ရန်
09778936911
09778175906 (viber)
mingtuwen@gmail
70(A),Thiri street, Sanchaung,Yangon