20/04/2023
💯 အရောင်းပိုစ့်မဟုတ်ပါ အကြံပေးပို့ပါ
အခုလိုပူအိုက်တဲ့ရာသီဥတု ကာလမှာ EPCမီးပြတ်လို့ အပူဒဏ်ကို ပို ခံစားနေကြရမှာပါ
တစ်ချို့ကလည်း solar ဝယ်ရမလို မီးစက်ဝယ်ရမလိုနဲ့ ဗျာများနေကြပါတယ်
💯 မီးစက်ဝယ်မယ်ဆိုပြန်တော့ စက်သုံးဆီစျေးကြီးတော့ ဆင်ဖိုးထက် ချွန်းဖိုးကြီး ရေရှည်မကိုက်ပြန်
💯 solarသုံးမယ်ဆိုပြန်တော့ အနိမ့်ဆုံး 3kwလောက်က စရှိပြန် ေစျးတွေက အနိမ်ဆုံး သိန်း20ကနေ 50ဝန်းကျင်လောက်က စရှိပြန်
💯 အင်ဗာတာနဲ့ battery အိုးကိုသုံးမယ်ဆိုပြန်တော့ batteryက gelအိုး တို့ lithium တို့ စျေးတွေအော်ပြန်နေ ရေရှည်ခံလားဆိုတော့လည်း warrantyက ပေးသလိုမပေးသလို နဲ့ မမဆောင်း😁😁
inverter ကျပြန်တော့လည်း puresine wave ထွက် တဲ့ ဟာမှ အဆင်ပြေ ပြန်
💯 တစ်ချို့ ပိုက်ဆံ ရှိတဲ့ သူတွေကျပြန်တော့ solar+grid +DG +Battery (24hr)Hybrid systemတွေသုံးနိုင်ကြတယ်
☝ ကျွန်တော် တို့အခု လက်ရှိကာလမှာတော့ လူအများစုက ငွေကြေးသက်သာစွာနဲ့ ကိုယ်နိုင်သလောက်လေးသုံးချင်ကြမှာပေါ့
👉 ကျွန်တော် အကြံပြုချင်တာကတော့ငွေကြေးသက်သာချင်သူများ inverterခံပြီး220volt ပြောင်းတဲ့ စနစ် မသုံးပါနဲ့
DC 12v systemကိုအသုံးပြုပါ
👉 အိမ်သုံးDC မီးလုံး,DCfan,DCထမင်းပေါင်းအိုး, DC ရေမော်တာက စလို့ DCဟင်းအိုးအထိ စျေးကွက် မှာ ရှိနေပါပြီ
👉 အိမ်သုံး DCမီးလုံးနဲ့ DC fan အေသး သံုးမယ်ဆို- battery 20AH +solar 50watt+10A solar controller လောက်ဝယ်ပါ
အဲ့ထက်ပိုတဲ့ DCထမင်းအိုးတို့ ဘာတို့ သုံးချင်ရင်တော့ 100AHအိုးနဲ့ 160watt +20A contollerလောက်ဝယ်ပါ
ကိုသုံးချင်သလောက်DC ampere ပေါ်မူတည် အသုံးပြုကြာချိန်နဲ့ မြှောက်ပြီး battery+solar+contollerဝယ်ပါ
သတိပြုရန် 🙅♂️🙅♂️contoller မခံပဲ batteryနဲ့ solarတိုက်ရိုက် မချိတ်ပါနဲ့
မှတ်ချက် =ပြည်မြို့က တစ်ချို့solarဆိုင်တွေတောင် contollerမလိုဘူးလို့ ပြောကြလို့ပါ
မိဘ ပြည်သူများcost အနည်းဆုံး,စိတ်ချမ်းသာစွာနဲ့ ပူအိုက်တဲ့ နေ့များ ဖြတ်သန်းနိုင်ပါစေ🙏🙏
👉👉⛑⛑⛑
လူကြီး မင်းတို့ နေအိမ် လျှပ်စစ် ဝါယာရင်းသွယ်တန်း တပ်ဆင်ရန် ဖြစ်စေ/ဆိုလာ systemတပ်တင်ရန်ဖြစ်စေ ဆက်သွယ်ချင်တယ်ဆိုရင်တော့
👩🔧 ကိုမျိုး BE Mech;(လျှပ်စစ် ကျွမ်းကျင်-၂ လက် မှတ်ရ)
ph📞☎☎☎ 09-401998470
ပြည်မြို့