နေပြည်တော် ပန်းရံဆရာများ

နေပြည်တော် ပန်းရံဆရာများ အလုပ်ကိုင် အခွင့်လမ်းတိုးတက်စေရန်

17/09/2025
02/01/2021


ရေဂါလံတွက်နည်း(UK)

ရေ (၁)ကုဗပေ = ၆၂.၄ပေါင် လေးသည်။
ရေ(၁)ဂါလံ = ၁၀ပေါင် လေးသည်။
ရေ(၁)ကုဗပေ = ၆.၂၂၉ဂါလံ ရှိသည်။
၄.၅၄လီတာ = (၁)ဂါလံ
တစ်တန် = ၂၂၄၀ပေါင်
၁ပီပါ = (၅၀)ဂါလံ

ဥပမာ။ ။၄'x၄'x၄' အုတ်ကန်ရေဂါလံဘယ်လောက်ဆန့်လဲသိရှိလိုလျှင်

4'×4'×4' = 64cuft (၆၄ကုဗပေရမည်)
၆၄ကု/ပေ ကို ရေ(၁)ကုဗပေမှာရှိတဲ့
၆.၂၂၉ဂါလံနဲ့ မြှောက်ရင်

64cuft ×6.229gal/ cuft = 398.656gal
အဲ့တော့ (၄၀၀)ဂါလံပေါ့ဗျာ

၁ဂါလံ ကို ၁၀ပေါင်လေးတော့ ၄၀၀ဂါလံဆိုတော့
400gal x 10 lb/gal = 4000lb

ပေါင် ၄၀၀၀ ပေါ့နော်။ တန် သိချင်ရင် ၂၂၄၀ နဲ့ထပ်စား။
4000lb ÷ 2240 lb/ton = 1.79 Ton
ရေရဲ့သီးသန့်အလေးချိန်ကိုက ၂တန်ဘဲ ဆိုကျပါစို့။

ရေဂါလံသိချင်ရင်အုတ်ရေကန်ကအလျှား4'×အနဲ4'×အမြင့်4'ဆိုပါက×ရေတဂါလံ6.25=400ဂါလံ

လီတာသိချင်ရင်
ရလာတဲ့(၄၀၀)ဂါလံနဲ့ 1galမှာရှိတဲ့ ၄.၅၄လီတာမြှောက်
400gal x 4.54 lit/gal = 1800lit
(၁၈၀၀)လီတာ
liter ကို gal ပြန်ပြောင်းချင်ရင်
1800lit ÷4.54lit/gal=400gal
လက်ရှိအသုံးပြုနေတဲ့ စတီးတိုင်ကီတွေမှာဆို lit1000လို့ရေးထားပါက 1000lit÷4.54=220galပါခင်ဗျ

တခြားစက်ဝိုင်းပုံသဏ္ဌာန်ဖြစ်တဲ့ဟာတွေဆိုရင် circleရဲ့areaကိုရှာပြီးအမြင့်နဲ့မြှောက် ကု‌ဗပေ(volume)ကိုရရင်၆.၂၂၉နဲ့မြှောက်လိုက်ရင်လိုချင်တဲ့ဂါလံရပါလိမ့်မည်။အဓိကကတော့ဘယ်ပုံသဏ္ဌာန်ဖြစ်ပါစေ အဲ့ပုံသဏ္ဌာန်ရဲ့ကုဗပေ(volume)
ကိုရအောင်ရှာပြီး၆.၂၂၉နဲ့မြှောက်လိုက်ရုံပါပဲ။
ပေါင်တို့တန်တို့လိုချင်ရင်လဲအပေါ်ကပေးထားတဲ့ပုံသေနည်းနဲ့မြှောက်သွားယုံပါပဲဗျာ။
Volume ရှာတဲ့ ပုံသေနည်းလေးလဲ ထည့်ပေးထားပါတယ်ဗျ။
တခု သတိပြုရမှာက Unit အသုံးပြုရာမှာ
US နဲ့ UK အသုံးပြုမှုကွာတာကို သတိပြုရပါမယ်။

US 1 gallon မှာ 3.785 liter နဲ့
1cu ft of water = 7.481gallon
ကျွန်တော်တို့ နိုင်ငံမှာ အသုံးပြုနေတာ UKရဲ့
imperial gallon
1 imperial gallon = 1.2 US gallon

😍😍😍
(8"8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

120ကိုတည်ပြီးမိမိတို့အသုံးပြုမည့်ကြွေပြားဆိုဒ်ကိုစားပါ(ဥပမာ 8"×12"ကြွေပြားကပ်မယ်ဆိုပါဆို့
120÷8"=15ချပ်
120÷12"=10ချပ်ဆိုတော့
15ချပ်×10ချပ်ဆိုတော့8"12" ကြွေပြားတကျင်းကိုအချပ်ရေ150ပေါ့နော်
ဘယ်ကြွေပြားဆိုဒ်မဆိုတွက်​ကြည့်ပါနော်

*သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ😍
(12"1")=600'
(11"1")=655'
(10"1")=720'
(9"1")=800'
(8"1")=900'
(7"1")=1029'
(6"1")=1200'
(5"1")=1440'
(4"1")=1800'
(3"1")=2400'
(2"1")=3600'
(1"1")=7200'
(2"1-1/2")=7200 '
(3"1-1/2")=1600 '
(6"6")=200 '
( 3"3")=800 '
(3"2")=1200 '
(4"4")=450 '
(4"2")=900 '
(4"1-1/2")=1200 '
(5"5")=288 '
(5"3")=400 '
(5"2")=720 '
(6"2")=600 '
(6"1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ😍
တစ်ချောင်းလျှင်12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=1ton135 ချောင်း
12mm=1ton 88 ချောင်း
14mm=1ton70ချောင်း
16mm=1ton53 ချောင်း
18mm=1ton41 ချောင်း
20mm=1ton33 ချောင်း
22mm=1ton27 ချောင်း
25mm=1ton21 ချောင်း
28mm=1ton17 ချောင်း
32mm=1ton13ချောင်း

1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။😍
တစ်ဧက=43560 စတုရန်းပေ
ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

သွပ်၏အထူများ😍
0.25mm
0.28mm
0.30mm
0.32mm
0.36mm
0.40mm
0.42mm

မြေကြီးရဲ့ တစ်ပေပတ်လည် ဝန်ထမ်းနှိုင်အား
နယူးယောက်အဆောက်အဦကိုဥပဒေမှာ😍😍😍

1.ထုထည် ကျောက်တုံး ကျောက်သား -100တန်
2. ကျောက်သင်ပုန်းကျောက် - 40 တန်
3.သဲကျောက်နှုံးကျောက် - 15 တန်
4. အလွန်မာကျောစွာဖွဲ့စည်းသည့်သဲကျောက်-10တန်
5.ကျစ်လစ်ဖွဲ့စည်းနေသည့်သဲကျောက်သဲကြမ်း -6 တန်
6.ပွနေသည့်ကျောက်စရစ် ၊ ကျစ်လစ် နေသည့် သဲ - 4တန်
7.ပွနေသည့်သဲကျောက်စရစ် 3-တန်
8. ပွနေသည့်သဲနု ၊ ဖို့ထားသည့် နှုံးသဲ -2တန်
9. ရွှံ့မာ -4တန်
10. အ နေတော် ရွှံ-2တန်
11. မြေ ပျော့ -1တန်
12. ဖို့မြေ သစ်ဆွေးမြေ နှုံးမြေ - မရှိ တစ်ပေ ပတ်လည်၏ ခံနှိုင် ဝန်အားပါ။

လိုအပ်သောမိတ်ဆွေများအတွက်
မေတ္တာဖြင့် U Myo Min ,
Wint Hte San Construction&Home Decoration

27/11/2020

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when နေပြည်တော် ပန်းရံဆရာများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share