ပြည့်ဖြိုးအောင် Construction Co.,Ltd

ပြည့်ဖြိုးအောင် Construction Co.,Ltd ဆောက်လုပ်ရေး

22/07/2026

Ready To Cast…🏠🧱🔨🏗️🪚🛠️👷‍♂️

ဒီဆိုဒ်ကလေးက အရမ်းသာယာတယ် ကွင်းပြင်ကျယ်ကြီးမှာ လေတဖြူးဖြူးနဲ့ အလုပ်လုပ်ရတာ အရမ်းကောင်းတယ်။ မိုးညှင်းမှာ ၃ထပ်၅ဆိုဒ် ၁ထပ် ...
10/06/2026

ဒီဆိုဒ်ကလေးက အရမ်းသာယာတယ် ကွင်းပြင်ကျယ်ကြီးမှာ လေတဖြူးဖြူးနဲ့ အလုပ်လုပ်ရတာ အရမ်းကောင်းတယ်။ မိုးညှင်းမှာ ၃ထပ်၅ဆိုဒ် ၁ထပ် ၂ဆိုဒ်လုပ်နေတယ် ဒီနေရာ ပတ်ဝန်းကျင်က သာ”ယာ” အရှိဆုံးပါပဲ။ ကဲအပျင်းပြေမေးမယ် ဒီနေရာလေးကို မှန်အောင်ပြောနိူင်ရင် ဖုန်းဘေလ် ၃၀၀၀ ထည့်ပေးမယ် ပထမဆုံး Like & share လုပ်ရမယ် comment မှာ screenshots နဲ့ဆိုဒ်နေရာကိုရေးပေးရမယ် အဖြေမှန် ၁၀ဦးထက်ပိုလျှင် မဲနိူက်ပေးပါမယ် ။ မနက်ဖြန် ည ၉နာရီ စာရင်းပိတ်ပါမယ်။

ပေ၆၀လမ်းက (၃)ထပ်ခွဲ ဆိုဒ်လေး ဖောင်ဒေးရှင်း ဝမ်းစာဖြည့်ခြင်း လုပ်ငန်း ကောင်းသည်ထက် ပိုကောင်းအောင်ကြိုးစားနေပါတယ်ခင်ဗျားမိ...
05/05/2026

ပေ၆၀လမ်းက (၃)ထပ်ခွဲ ဆိုဒ်လေး ဖောင်ဒေးရှင်း ဝမ်းစာဖြည့်ခြင်း လုပ်ငန်း

ကောင်းသည်ထက် ပိုကောင်းအောင်ကြိုးစားနေပါတယ်ခင်ဗျား

မိတ်ဆွေများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ စီးပွါးလာဘ်လာဘများ တိုးတတ်၍ အိမ်ကြီးအိမ်ကောင်းများ ပိုင်ဆိုင်နိူင်ကြပါစေဗျား။

ဒီစိမ်းရတနာမွန်တောင်ပိုင်းက ဆိုဒ်လေး အပေါ်က တစ်လွှာလောင်းဖို့ရာ သံဆင်ပြီးပြီ လိုအပ်တဲ့ level တွေ M&E သမားတွေ ပုံဆင်ပုံရိ...
28/04/2026

ဒီစိမ်းရတနာမွန်တောင်ပိုင်းက ဆိုဒ်လေး အပေါ်က တစ်လွှာလောင်းဖို့ရာ သံဆင်ပြီးပြီ လိုအပ်တဲ့ level တွေ M&E သမားတွေ ပုံဆင်ပုံရိုက်တွေပြီးရင် လောင်းမယ်။ အောက်ထပ်က အုတ်စီတာလည်း ရက်ပိုင်းအတွင်းပြီးပြတ်တော့မယ်။ လုပ်ငန်းတွေ အဆင်ပြေချော့မွေ အောင်မြင်ကြပါစေဗျား။

မိုးညှင်းမြို့ မြို့မရပ်ကွက်မှာ ကျွန်တော်တို့ပြည့်ဖြိုးအောင်ဆောက်လုပ်ရေးမှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိသော (၃)ထပ်အဆောက်အဦး...
23/04/2026

မိုးညှင်းမြို့ မြို့မရပ်ကွက်မှာ ကျွန်တော်တို့ပြည့်ဖြိုးအောင်ဆောက်လုပ်ရေးမှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိသော (၃)ထပ်အဆောက်အဦး စလစ်ပြင်မလောင်းခင် သံဆင်ထားသောပုံစံတွေ၊ နောက်တစ်ထပ်အတွက် တိုင်များကို သံချည်ကွေးခြင်း၊ ပုံဆင်ပုံရိုက်ခြင်း၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းစဉ်များကို ပြုလုပ်လျက်ရှိပါသည်။ တိုင်များကတော့ Site engineer များရဲ့အနီးကပ်ညွှန်ကြားမူ supervisor များရဲ့ကြီးကြပ်မူ နဲ့အတူ အထူးကောင်းမွန်ပြီး Honeycomb ကျောက်ပေါက်များ မပေါ်ပဲ ချောမွေ့ကောင်းမွန်နေပါတယ်။ နေ့စဉ်ရေများပတ်ဖြန်း curing ပေးပြီး ပလတ်စတစ်များကာထားပေးမည် ဖြစ်ပါသည်။

သင့်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင်ညဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ပီတိကိုစား အားရှိ တဖြည်းဖြည်းန...
03/04/2026

သင့်ဦးချ၍ အမျှဝေရာ စေတီသာနှင့် သစ္စာအရောင်ညဏ်တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။
ပီတိကိုစား အားရှိ တဖြည်းဖြည်းနဲ့အကြမ်းထည်ပိုင်းပြီးစီးလို့ တာဝန်ကျေတော့မယ် ။🥰🥰🥰

30.3.2026 နံနက် ၈နာရီ ၄၃မိနစ် တွင် RC သုံးထပ် (၂)လုံးကို တချိန်တည်း ပန္နက်ရိုက် မင်္ဂလာ ပြုလုပ်ခဲ့ပါတယ်။ လုပ်ငန်းအပ်နှံပ...
30/03/2026

30.3.2026 နံနက် ၈နာရီ ၄၃မိနစ် တွင် RC သုံးထပ် (၂)လုံးကို တချိန်တည်း ပန္နက်ရိုက် မင်္ဂလာ ပြုလုပ်ခဲ့ပါတယ်။ လုပ်ငန်းအပ်နှံပေးပါသော အိမ်ရှင်များ စိတ်ချမ်းသာကိုယ်ကျန်းမာ စီးပွါးလာဘ်လာဘများ တိုးတတ်အောင်မြင်ကြပါစေ။ အဆောက်အဦးများလည်း အခက်အခဲမရှိ အန္တရာယ်ကင်း အောင်မြင်စွာ ပြီးမြောက် နိူင်ပါစေကြောင်း ဆုတောင်း လိုက်ပါတယ်။

Address

Aung Chan Thar 2nd Street
Mohnyin

Telephone

+959400017576

Website

Alerts

Be the first to know and let us send you an email when ပြည့်ဖြိုးအောင် Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share