14/08/2025
🏡 အိမ်တည်ဆောက်ဖို့ နေရာရွေးချယ်တဲ့ နည်းလမ်းလေးများ
အိမ်တစ်လုံးကို အချိန်ရှည်အသုံးခံအောင်၊ သက်သာအောင် နေရာရွေးချယ်တာက အဓိကပါ။ နေရာမှန်မရွေးရင် အနာဂတ်မှာ ပြုပြင်ထိန်းသိမ်းမှု၊ အဆင်မပြေမှုတွေ ကြုံနိုင်ပါတယ်။
1. မြေအရည်အသွေး စမ်းသပ်ပါ
မြေသားက တည်ငြိမ်ပြီး အခြေခံ Foundation ခံနိုင်ရည်ကောင်းဖို့ အရေးကြီးပါတယ်။
သဲဆန်နေတဲ့ မြေ၊ စိမ့်မြေများနေတာမျိုးဆိုရင် အောက်ခြေ Foundation ကို ကွဲပြားစွာ စဉ်းစားရပါမယ်။
2. မိုးရေဝင်မှု မရှိစေရန်
မိုးရာသီရေမဝင်နိုင်တဲ့ အမြင့်နေရာမှာ အိမ်တည်ဆောက်ပါ။
နိမ့်နေရာဆိုရင် ရေထွက်လမ်း (Drainage) ကို သေချာစီမံရပါမယ်။
3. မြေငလျင် အန္တရာယ်ကင်းစွာ
မြေငလျင်ဖြစ်နိုင်ချေရှိတဲ့ နေရာတွင် Earthquake Resistant Design နည်းလမ်းသုံးပါ။
4. သယ်ယူပို့ဆောင်ရလွယ်ကူမှု
လမ်းသွားလမ်းလာကောင်းတဲ့ နေရာ ရွေးချယ်ပါ။
သယ်ယူရလွယ်တာက ဆောက်လုပ်ရေးကို မြန်မြန်ဆန်ဆန် ပြီးသွားစေတတ်ပါတယ်
5. နေရောင်နဲ့ လေဝင်လေထွက်
နေရောင်လုံလောက်ပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာက အိမ်ထဲကို အပူနည်းပြီး လေကောင်းလေသန့် ရစေပါတယ်
💡 Swe Thahar Construction မှ အကြံပြုချက်
"နေရာရွေးချယ်မှု မှန်မှသာ သင့်အိမ် ခိုင်ခံ့လှပနေမှာပါ"