CCTV Service and Installation Mawlamyine

CCTV Service and Installation Mawlamyine တင်ချင်ရာ တင်မယ် ကြည့်ချင်ကြည့် မကြ?

Just My Opinion
12/10/2021

Just My Opinion

26/09/2021

CCTV အကြောင်း (Part -1)
------------------------------
ဖတ်ရန်ကြာချိန် (၁) မိနစ်
+++++++++++++++++

မိတ်ဆွေများအားလုံးပဲ မင်္ဂလာပါခင်ဗျာ.. 🙏🙏🙏

ဟုတ်ပါပြီ ကျွန်တော်တို့ CCTV ဆိုတာဘာလဲဆိုတာကို စပြီးမပြောခင်…. ဒီမေးခွန်းလေးနဲ့ အရင်စကြရအောင်ဗျာ…. ဆိုတော့.. မိတ်ဆွေတို့ ရထားဘူတာ၊ ကားဂိတ်၊ သင်္ဘောကျင်း၊ လေယာဉ်ကွင်း၊ နေအိမ်၊ အလုပ်ရုံတွေရဲ့ အခန်းဒေါင့်ဘက်လေးတွေမှာ ကင်မရာလေးတွေတပ်ဆင်ထားတာကို တွေ့ဖူးကြတယ်မဟုတ်လား ?? မှန်တာပေါ့ဗျာ.. အဲ့ဒါ ကျွန်တော် မိတ်ဆွေတို့ကိုပြောပြပေးချင်နေတဲ့ CCTV ဆိုတာတွေပဲ…

ဆိုတော့...ဒါတွေကို ဘာကြောင့်တပ်ဆင်အသုံးပြုထားကြတာလဲလို့မေးရင် အဖြေကတော့ ရိုးရှင်းလွန်းပါတယ် လုံခြုံရေးအရတပ်ဆင်သုံးစွဲကြတာပေါ့..။ အဲ.. တစ်ချို့ကျတော့ မိမိတို့ ဥစ္စာပစ္စည်းဆုံးရှုံးမှုကနေ လွတ်ကင်းနိုင်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ တပ်ဆင်အသုံးပြုကြတာရှိသလို တချို့ကျပြန်တော့လည်း မိသားစု အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် တပ်ဆင်အသုံးပြုကြတာလည်းရှိတာပေါ့.. ကိုင်း.. ဒီလောက်ဆိုရင်တော့… CCTV ကိုဘာလို့ အသုံးပြုတာလဲဆိုတဲ့ Concept တော့သိလောက်ကြရောပေ့ါ့ဗျာ..

အခု CCTV ဆိုတာဘာလဲဆိုတဲ့ ကို ကျွန်တော်တို့ ဆက်ကြမယ်….
CCTV ဆိုတာက Closed Circuit Television တဲ့ဗျ။ တစ်နည်းအားဖြင့်ပြောရရင်တော့ တစ်လမ်းသွား ရုပ်သံစနစ်၊ ဟော.. ခက်တော့နေပြီ ဗျာ…ဘာတစ်လမ်းသွားလည်းတော့မလုပ်နဲ့ ဆိုလိုတာကဗျာ.. ကျွန်တော်တို့ အိမ်မှာဖမ်းယူကြည့်ရှုနေတဲ့ ရုပ်မြင်သံကြားနဲ့ဥပမာပေးရရင် နေရာတစ်ခုက လွှင့်နေတာကို ကျွန်တော်တို့ အိမ်တိုင်း၊ လူတိုင်းကဖမ်းယူကြည့်ရှုနိုင်ကြတယ်.. ဟော CCTV ကျတော့ အဲ့လိုမဟုတ်ဘူး။ တစ်နေရာက ထုတ်လွှင့်တာကို တစ်နေရာတည်းကပဲ ကြည့်ရှုနိုင်တာပေါ့ဗျာ။အရှင်းဆုံးပြောရမယ်ဆိုရင်.. ပတ်လမ်းပိတ်ရုပ်သံစနစ်တစ်ခုပေါ့။

အိုကေ.. ဆက်ဆွဲကြရအောင်...

ဆိုတော့… ယနေ့ခေတ်မှာ အများဆုံးအသုံးပြုနေကြတဲ့ CCTV Security System က (၂ မျိုးရှိတယ်။ Analog နဲ့ Ip ပေါ့...

Security system ကို အသုံးပြုဖို့အတွက်တော့ DVR ဆိုတဲ့ Digital Video Recording Device တစ်ခုရှိဖို့လိုမယ်။ သူ့ကို ကြိုးတစ်ခုခုပေါ့ CCTV Cable သော်လည်းကောင်း၊ သို့တည်းမဟုတ် Network Cable တစ်ခုခုသော်လည်းကောင်း အသုံးပြုပြီး Analog ကင်မရာတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ထားမယ်။ ကင်မရာတွေက သူတို့မှတ်တမ်းယူထားတဲ့ Video Record တွေကို DVR ဆီကို လှမ်းပို့မယ်။ ဟော.. DVR ကလည်း သူလက်ခံရရှိတဲ့ Video တွေကိုချုံ့နိုင်သလောက် ချုံ့ Monitor Screen ပေါ်မှာ တိုက်ရိုက် Live (သို့) မိမိကြည့်လိုတဲ့ အချိန်မှာ ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်ဖို့အတွက် ဒေတာတွေကို Hard disk ပေါ်မှာသိမ်းဆည်းပေးထားတယ်ပေါ့ဗျာ..။ တစ်ခုရှိတာက DVR တွေမှာ Over Write စနစ်ပါလာတော့ Hard disk ပြည့်လို့ ထပ်မှတ်စရာနေရာလွတ်မကျန်တော့ရင် ရှေ့ဆုံးရက်တွေမှာ မှတ်ထားတဲ့ Record တွေကိုတော့ တစ်ရက်ချင်းပြန်ဖျက် ပစ်တာမျိုးတော့ရှိတယ်။ ဆိုတော့ အချိန်မီလေး Data လေးတွေကို Backup ယူထားနိုင်ရင်တော့ So Good ပေါ့။

အဲ.. နောက်ထပ် Security System တစ်ခုက Ip Security System ပေ့ါ... သူ့ကို သုံးမယ်ဆိုရင်တော့ DVR နည်းတူ Video Recording လုပ်ငန်းကို ဆောင်ရွက်ပေးနိုင်မယ့် NVR လို့ခေါ်တဲ့ Network Video Recorder Device တစ်ခုလိုအပ်မယ်။ ဒီနေရာမှာ မိတ်ဆွေတို့ မေးလာနိုင်တာတစ်ခုက DVR နဲ့ NVR ဘာကွာလဲဆိုတာပေါ့.. ဟုတ်ပါပြီ.. တစ်ဆက်တည်းကျွန်တော်ရှင်းပြပေးပါ့မယ်... ပထမဆုံးအချက်အနေနဲ့ DVR နဲ့ NVR မှာ ပါ၀င်လာတဲ့ Port တွေကွာခြားပါတယ်။ DVR ဟာ BNC Connector Port တွေကို အသုံးပြုထားပြီးတော့ NVR ကတော့ Ethernet Port တွေဖြစ်ကြတဲ့ RJ45 Port တွေကို အသုံးပြုထားပါတယ်။ DVR နဲ့ NVR မှာ ပါ၀င်လာတဲ့ Port တွေမတူကြပုံကို ကျွန်တော် အောက်မှာ ပုံလေးနဲ့ရှင်းပြပေးထားပါတယ်.. နောက်ပြီး NVR နဲ့ ချိတ်ဆက်အသုံးပြုမယ့် ကင်မရာများဟာလည်း Ip Camera များသာဖြစ်ရပါတယ်။ Ip Camera များဟာ Analog Camera များထက် အရည်အသွေးသာလွန်ကောင်းမွန်ပြီး Analog Camera များထက် အကုန်အကျများပါတယ်။

လုပ်ဆောင်ပုံပိုင်းကို ပြောရရင်တော့ DVR နဲ့နည်းတူပါပဲ။ Camera ကရလာတဲ့ Record ကို NVR ဆီကို ပို့မယ်။ NVR ကနေတစ်ဆင့် သူရလာတဲ့ ဒေတာတွေကို ချုံ့နိုင်သလောက်ချုံ့ပြီး Monitoring ကြည့်နိုင်အောင်လုပ်ဆောင်ပေးမယ်။ နောက်ပြီး Record တွေကို မိမိအလိုရှိတဲ့အချိန် ပြန်လည်ဖမ်းယူကြည့်ရှုနိုင်အောင်လည်း Hard disk ထဲမှာ သိမ်းထားပေးမယ်။ နောက်ပြီး DVR လိုပဲ.. အင်တာနက် ချိတ်ဆက်ထားနိုင်ပြီး မိမိ ဖုန်း၊ သို့ Tablet တွေကနေတစ်ဆင့် အင်တာနက် ရှိရုံနဲ့ Live Streaming ကြည့်ရှုနေနိုင်တယ်။ over write စနစ်ပါရှိတဲ့အတွက် Hard disk ပြည့်သွားရင်တော့ DVR နည်းတူ ရှေ့ဆုံးရက်တွေမှာ မှတ်ထားတဲ့ Record တွေကိုတော့ တစ်ရက်ချင်း ဖျက်ချပစ်တာမျိုးရှိတယ်..ဆိုတော့ ... ဒေတာတွေကို ကြိုတင် Back up လုပ်ထားဖို့တော့လိုပါတယ်။

အိုကေဗျာ…. ဒီပို့စ်မှာတော့ ကျွန်တော် CCTV Camera အမျိုးအစားတွေအကြောင်းမပါလိုက်ဘူး.. ဒါပေမယ့် အဓိက Main Concept တွေဖြစ်တဲ့ အသုံး၀င် Security System ၂ မျိုးအကြောင်းကိုတော့ ပြောပြပေးခဲ့ပါတယ်..

မိတ်ဆွေတို့အားလုံးလည်း ဗဟုသုတလေးတွေတိုးလာမယ်လို့လည်း မျှော်လင့်မိပါတယ်.. အပတ်စဉ် သောကြာနေ့တိုင်းမှာလည်း Analog နဲ့ Ip ကင်မရာတွေပေါ်လိုက်ပြီး အသုံးပြုရမယ့် Cable တွေအကြောင်းနဲ့ CCTV ကင်မရာအမျိုးအစားတွေအကြောင်းတွေအပြင် အခြား နည်းပညာနဲ့ ပတ်သတ်တဲ့ ပို့စ်လေးတွေကို ထပ်မံရေးသားဖော်ပြပေးသွားဦးမှာဖြစ်လို့ Page လေးကို See First (or) Like လုပ်ထားနိုင်ကြပါတယ်ခင်ဗျာ..

အခြား မိတ်ဆွေ သူငယ်ချင်းများလည်း ဖတ်ရှုနိုင်အောင် ခြင်းဖြင့် ကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ..

သြော်.. လူကြီးမင်းတို့ရဲ့ နေအိမ်ခြံ၀န်းတွေနဲ့ လုပ်ငန်းခွင်တွေမှာ လုံခြုံရေးကင်မရာ (CCTV) တွေတပ်ဆင်လိုရင်ပဲဖြစ်စေ.. အခြား IT Service တွေနဲ့ Network Solution တွေလိုအပ်ရင်ပဲဖြစ်စေ..ကျွန်တော်တို့ TAS System Integration ကုမ္ပဏီမှ အပြည့်အ၀ တာ၀န်ယူဆောင်ရွက်ပေးနေကြောင်းကိုလည်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ..

ဖတ်ရှုပေးသူ အယောက်ချင်းစီတိုင်းကို ကျွန်တော်တို့ System Integration မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ...

ဆက်သွယ်ရန် ။ ။ TAS System Integration Co.ltd
Room 202, Building 2, Parami Housing, Parami Road, Hlaing Township , Yangon
Ph : 09 4432 37265

The Universe


https://www.facebook.com/111512749514498/posts/324120141587090/

CCTV Camera အကြောင်း တစေ့တစောင်းCCTV ဆိုတာ Closed Circuit Television လို့ ဆိုပါတယ်။ အဓိပ်ပါယျကတော့"ပတ်လမ်းပိတ်ရုပ်သံစနစ်...
26/09/2021

CCTV Camera အကြောင်း တစေ့တစောင်း

CCTV ဆိုတာ Closed Circuit Television လို့ ဆိုပါတယ်။ အဓိပ်ပါယျကတော့"ပတ်လမ်းပိတ်ရုပ်သံစနစ်"ပါ။ ဆိုလိုတာက ကျွန်တော်တို့ သာမာန်ကြည့်နေတဲ့ ရုပ်သံစနစ်တွေက တစ်နေရာကနေထုတ်လွှင့်ပြီး မည်သူမဆို ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ CCTV ကတော့ တစ်နေရာကဖမ်းယူထားတာကို တစ်နေရာတည်းကပဲ ကြည့်ရှုနိုင်တယ်ဆိုတဲ့ သဘောပါ။

CCTV Camera Type လေးမျိုး ရှိပါတယ်
Analog Camera | Digital Camera | IP Camera | Wireless Camera ဆိုပြီး ရှိပါတယ်။

CCTV Camera အမျိုးအစားများကတော့
Dome Camera | IR Dome Camera | Bullet Camera | Regular CCD Camera | Outdoor Housing Camera | Speed Dome Camera | Spy Camera | IP Camera စသည်ဖြင့်ရှိသည်။

CCTV Camera တွေမှာ နေ့ / ည အသုံးပြုလို့ရတဲ့ IR ပါတဲ့ ကင်မရာတွေသာ ညဘက်မှာ အသုံးပြုနိုင်ပါတယ်။ (Infrared (IR) ဆိုတာ အနီအောက်ရောင်ခြည်တစ်မျိုးပါ။ LED လို မီးလုံးလေးတွေပါရှိခြင်းကို ဆိုလိုပါတယ်။) IR ပါတဲ့ ကင်မရာတွေနဲ့ ညဘက်မြင်ကွင်းတွေဟာ Black & White ပဲ မြင်ရပါတယ်။ အချို့သော IR ပါသော Camera တွေမှာ ညမြင်ကွင်းကို Colour နဲ့ မြင်နိုင်ပါတယ်။ IR အနည်းအများ ပေါ်မူတည်ပြီး အကွာအဝေး ခြားနားပါတယ်။ အများအားဖြင့်တော့ 10 မီတာ(32 ပေ) ကနေ 15 မီတာ(50 ပေ) ဝန်းကျင်လောက်ထိ မြင်ရနိုင်ပါတယ်။ CCTV Camera တွေရဲ့ မြင်ကွင်းကို Lens(မှန်ဘီးလူး) အရွယ်အစားပေါ်မူတည်ပြီး ကွာခြားပါတယ်။ Lens(မှန်ဘီးလူး) အရွယ်အစားတွေက 3.6mm, 4mm, 6mm, 8mm, 12mm, 16mm စသည်ဖြင့် အမျိုးမျိုးရှိသလို၊ Zoom ချိန်လို့ရနိုင်သည့် CCTV Camera တွေလည်း ရှိပါတယ်။ မြင်ကွင်းကျယ်ကျယ်လိုချင်သူများအတွက် 3.6mm နဲ့ အနီးကပ်ကြည့်လိုသူတွေအတွက် 6mm, 8mm တွေကို အသုံးပြုကြပါတယ်။

CCTV Camera တွေနဲ့အတူ တွဲဖက်အသုံးပြုရန် DVR (Digital Video Recorder) စက် လိုအပ်ပါတယ်။ DVR မှာ Hard Disk ပါဝင်ပြီး ကင်မရာကနေ ရိုက်လိုက်တဲ့ Video တွေကို သိမ်းပေးထားမှာ ဖြစ်ပါတယ်။ အဲဒီ DVR ကိုမှ Monitor နဲ့တွဲပြီး ကိုယ်က Monitoring လုပ်နိုင်ပါတယ်။ DVR Standalone ရယ်၊ DVR Card ရယ် ဆိုပြီး နှစ်ခုရှိပါတယ်၊ Recording လုပ်လို့ရတဲ့ Type ပေါ့။ Hard Disk ထည့်ပြီး Recording တွေကို မှတ်ပေးတာပါ။ DVR Standalone မွာ 4 Channels, 8 Channels, 9 Channels, 16 Channels, 32 Channels, 64 Channels စသည်ဖြင့် ရှိပါတယ်။ DVR Standalone မှာ Data တွေကို Backup လုပ်ဖို့ရာ DVD RW, USB Memory Stick စသည်ဖြင့် ကွဲပြားပါသေးတယ်။ အခုနောက်ပိုင်း Standalone တွေမှာ များသောအားဖြင့် Network Port ရယ် VGA Port ရယ် တွဲပါလာပါတယ်၊ Network ကတော့ Standalone မှာ ထည့်ထားတဲ့ ကင်မရာ View တွေကို Network ကနေတဆင့် Real-time Monitoring ကြည့်ရန်နှင့် Data Backup လုပ်ရန် အသုံးများပါတယ်။ CCTV Recording ပြုလုပ်ရာမှာ ကင်မရာအရည်အသွေး၊ အလင်းအမှောင်၊ အသုံးပြုသည့်အချိန်ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါသည်။ ပျမ်းမျှအားဖြင့် ကင်မရာတစ်လုံးလျှင် ၂၄ နာရီလုံး အသုံးပြုပါက 5Gb to 8Gb ပမာဏအထိ ရှိပါသည်။ ထို့ကြောင့် 500Gb ရှိသော Hard Disk ဖြင့် Camera ၄ လုံး အား ၂၄ နာရီ အသုံးပြုပါက တစ်လဝန်းကျင်ခန့် အသုံးပြုနိုင်ပါသည်။ အကယ်၍ ကာလကြာမြင့်စွာ သိမ်းဆည်းထားလိုပါက HDD 1Tb, 2Tb, 4TB ပမာဏလို များပြားသည့် HDD များကို အသုံးပြု သိမ်းဆည်းနိုင်ပါသည်။ DVR စက်များတွင် Over Write စနစ်ပါရှိပြီး ဖြစ်သည့်အတွက် သူ့အလိုလို ရှေ့ပိုင်းမှ Data များကို ဖျက်ပေးသွားမှာပါ။ (ဥပမာ - ရက်ပေါင်း ၃၀ မှတ်တမ်းရှိတယ်ဆိုရင် အမြဲတမ်း ရက် ၃၀ စာ ရှိနေပေးမှာပါ။ နောက်ပိုင်းရက်တွေ အသစ်မှတ်လိုက်တိုင်း ရှေ့ပိုင်းက အဟောင်းကို ဖျက်ပြီး သိမ်းလိုက်တာပါ။) DVR အမျိုးအစားအပေါ်မူတည်ပြီး အရည်အသွေးနဲ့ စျေးနှုန်းကွာခြားတယ်။ DVR စက်က မှတ်တမ်းတွေကို တခြားနေရာမှာ အလွယ်တကူ ပြန်ကြည့်ဖို့ အဆင်မပြေဘူး။ CCTV ရဲ့ Monitor မြင်ကွင်းကို ဝန်းကျင်တစ်ခုတည်းမှာပဲဆိုရင် ကြိုးစနစ်ရော ကြိုးမဲ့စနစ်နဲ့ပါ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ အကယ်၍ အခြားတစ်နေရာတစ်ခုကနေ ကြည့်ချင်တယ်ဆိုရင် Local Area Network တစ်ခုကို WIFI စနစ်နဲ့ လွှင့်ပြီး ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ ဒါအပြင် အခြားမြို့ရွာ၊ နိုင်ငံများကို သွားရောက်တဲ့အခါတိုင်းမှာ မိမိရဲ့ CCTV ကိုပြန်ကြည့်ချင်တယ်ဆိုရင်တော့ ကောင်းမွန်တဲ့ Internet စနစ်ရှိဖို့ပဲ လိုအပ်ပါတယ်။ မိမိအသုံးပြုနေတဲ့ Smartphone, Tablet, iPhone, iPad စသည်တို့မှတစ်ဆင့် ကြည့်ရှုထိန်းချုပ်နိုင်ပါတယ်။

စန်းလျှပ်စစ် - San Electric

Credit



to Original Uploader

https://www.facebook.com/103226408375869/posts/236102778421564/
24/09/2021

https://www.facebook.com/103226408375869/posts/236102778421564/

Shop tab ထည့်နည်း

https://fb.watch/7G9oQPC3_B/

Page Auto reply ပြန်နည်း

https://www.facebook.com/103226408375869/posts/193499766015199/

Zip code အကြောင်း

https://www.facebook.com/103226408375869/posts/194230922608750/

Ads Run မယ့်သူ များအတွက် ID တင်နည်း

https://www.facebook.com/103226408375869/posts/194819992549843/

Page Link Copy လုပ်နည်း

https://www.facebook.com/103226408375869/posts/192957909402718/

Ads Disabled ပြဿနာ

https://www.facebook.com/103226408375869/posts/198875978810911/

Page Published / Unpublished လုပ်နည်း

https://www.facebook.com/103226408375869/posts/195134475851728/

Live chat နှင့်တိုက်ရိုက်စကားပြောနည်း

https://www.facebook.com/103226408375869/posts/199481888750320/

Blue Mark အကြောင်း

https://www.facebook.com/103226408375869/posts/195336189164890/

page Name ပြဿနာ

https://www.facebook.com/103226408375869/posts/204277534937422/

Page Name change နည်း

https://www.facebook.com/103226408375869/posts/200532865311889/

Boost လုပ်မရတဲ့ Post အမျိုးအစားများ

https://www.facebook.com/103226408375869/posts/209681047730404/

ID မတင်ပဲ ဘာကြောင့် Boost လို့ရနေသလဲ

https://www.facebook.com/103226408375869/posts/209736934391482/

Page reply Voice mail ဖြင့်ပို့နည်း

https://www.facebook.com/103226408375869/posts/222795346418974/

Boost Unavailable နှင့် Rejected ပြဿနာ

https://www.facebook.com/103226408375869/posts/223172736381235/

Page Profile Switch လုပ်နည်း

https://www.facebook.com/103226408375869/posts/218138446884664/

Zoom Meeting Hosting လုပ်နည်း

https://www.facebook.com/103226408375869/posts/230360605662448/

Share Post ဘေး Like button ပေါ်အောင်လုပ်နည်း

https://www.facebook.com/103226408375869/posts/231484975550011/

Page Template နှင့် tab များအကြောင်း

https://www.facebook.com/103226408375869/posts/232850625413446/

Page delete လုပ်နည်း

https://www.facebook.com/103226408375869/posts/232880592077116/

Page Post တခုချင်းအလိုက် comment ပိတ်နည်း။

https://www.facebook.com/103226408375869/posts/233438348688007/

Personal account နှင့်ဆိုင်သော link များ

https://www.facebook.com/103226408375869/posts/237867121578463/

ဒီလို post မျိုးတွေဆို ရင် boost လုပ်လို့မရပါ။ကျွန်တော်ကို boost unavailable နဲ့ပတ်သက်ပြီး ခဏခဏ လာမေးကြတယ်။လိုရင်း တိုရှ...
24/09/2021

ဒီလို post မျိုးတွေဆို ရင် boost လုပ်လို့မရပါ။

ကျွန်တော်ကို boost unavailable နဲ့ပတ်သက်ပြီး ခဏခဏ လာမေးကြတယ်။

လိုရင်း တိုရှင်းနဲ့ အကျဥ်းချုပ်ဖော်ပြလိုက်ပါတယ်။

1️⃣Facebook Ads account လျှောက်မထားရင် run လို့မရပါ။

Facebook က post တွေ boost လုပ်မယ် ၊ page ကို promote လုပ်မယ်ဆို ရင် ads account လျောက်ထားမှရပါမယ်။

2️⃣Cover Photo နဲ့ Cover Video တွေ boost တင်လို့မရပါ။

တချို့ လည်းလာမေးကြတယ်။ Cover photo မှာ page ရဲ့ လိပ်စာ ၊ နေရာ ကအစအပြည့်အစုံထည့်ပြီးတင် ကြတော့ boost ချင်ကြတယ်။ အကယ်၍ boost ချင်တယ်ဆိုရင်တော့ နောက်ထပ် post အသစ်တခုတင်ပြီးတော့ content ရေးပြီး boost ပါ။

3️⃣Facebook သို့ Instagram ဆိုတဲ့ စကားလုံးတွေကို ရှေ့ စလုံး အသေး ရေးထားတဲ့ post boost လို့မရပါ။

Facebook က တရားဝင်ကြေငြာထားတဲ့ မူပ်ိုင် logo လည်းဖြစ် ၊ Brand asset လည်းဖြစ်တာကြောင့် စလုံးအကြီးနဲ့ပဲရေးရပါတယ်။

တချို့ Content writer တွေ လာမေးကြတယ်။ ရေးထားတဲ့ content က ဘာ ကြောင့်မရတာလဲပေါ့။ သေချာ ကြည့်တော့မှ contentမှာ ''မှာယူ မယ်ဆို ''f''acebook page messenger မှာ လာရောက်ဆက်သွယ်ပေးပါ'' လို့ရေးထားကြတယ်။
Facebook /Instagram နဲ့သက်ဆိုင်တာ ရေးမယ်ဆိုရှေ့စလုံးကို ''F'' အကြီး ''I'' အကြီး သုံးပေးပါ။

4️⃣နိင်ငံရေး ပါတီနဲ့ သက်ဆိုင်တဲ့ post တွေ boost မလုပ်ဖို့အကြံပေးချင်ပါတယ်။

နိင်ငံရေး ပါတီ တံဆိပ်ပါ T shirt တွေ boost မယ်ဆိုရင် boost ရသွားရင်တောင်မှ နောက်ပိုင်း ads disabled ပြဿနာတွေ တက်နိင်ပါတယ်။ page quality လည်း ကျတတ်ပြီး boost unavailable ဖြစ်တတ်ပါတယ်။

5️⃣Draft post တွေမရပါ။

တနည်းအားဖြင့် unpublished လုပ်ထားတဲ့ post ပေါ့။ ကျွန်တော်တို့ post တခုရေးနေရင်း အကြောင်းတခုခုပေါ်လာတာ ဒါမှမဟုတ် idea မပေါ်လို့ ခဏသိမ်းထားချင်ထားမျိုးဆိုရင် save as draft ဆိုပြီး သိမ်းထားကြပါတယ်။ တချို့ကလည်း အဲ့ဒါကိုမှားနိပ်ပြီး boost လုပ်မရဘူးပြောကြပါတယ်။

6️⃣Schedule လုပ်ထားတဲ့ Video ၊ Post ၊ Live တွေ boost တင်လို့မရပါ။
ဒီနေရာမှာ ပြန်ရှင်းပြပါ့မယ်။
Schedule လုပ်ထားရင်း published မဖြစ်သေးတဲ့ post ကို ဆိုလိုခြင်းဖြစ်သည်။
Public ဖြစ်ပြီး Expired date မပါတဲ့ post သာ boost လို့ရမည်။
ဒီ feature က​​တော့ Business suite နဲ့ desktop version သုံးတဲ့သူတွေမှာ ပါပါတယ်။
Shedule post ဆိုတာ ကိုယ်က post တခုကို ဒီနေ့ မတင်သေးပဲ မနက်ဖြန် မှ တင်မယ်ဆိုပြီး အချိန်သတ်မှတ်ပြီးလုပ်ထားတဲ့ postပါ။
Schedule လုပ်ထားတဲ့ post တွေ boost တင်လို့မရပါဘူး။ဆိုလိုတာက Shedule လုပ်ထားရင်းနဲ့ တန်း boost ချင်တာကိုပြောတာပါ။

7️⃣Expired ဖြစ်နေတဲ့ Shedule post တွေ boost တင်လို့မရပါ။

Shedule Post တွေတင်တဲ့ အခါ 10.7.21 ကနေ 12.7.21ထိ အချိန် သတ်မှတ်လိုက်ရင် 12 ရက်နေ့နောက်ပိုင်း အဲ့ post ကို boost တင်လို့မရတော့ပါဘူး။

8️⃣Unpublished Page တွေ boost တင်လို့မရပါ။

ဒါကတော့ ရှင်းပါတယ်။ Page က unpublished ဖြစ်နေတဲ့အတွက် boost လုပ်လို့မရပါဘူး။

9️⃣Disabled ads account တွေ boost လုပ်မရပါ။

Facebook violation နဲ့ထိထားသည်ဖြစ်စေ ၊ facebook ad policies တွေနဲ့ ငြိထားသည်ဖြစ်စေ အဲ့လို account တွေ boost လုပ်လို့မရပါ။
Credit Nebwin Tour

🔟Share post တွေ Boost လုပ်လို့မရပါ။

တခြား page မှ ဖြစ်စေ ၊ ကိုယ့် page ကပဲ ဖြစ်စေ share ထားတဲ့ post တွေကို boost လုပ်လို့မရပါဘူး။

1️⃣1️⃣.လုံလောက်တဲ့ page role မရှိရင်မရပါ။

Boost လုပ်ဖို့ အတွက် page role မှာ admin ,editor, advertiser တခုခု ရထားမှ boost လို့ရပါမယ်။

ကိုယ်တိုင် ကြုံဖူးတဲ့ ပြဿနာ ၊ google နဲ့ facebook help centre မှ အကြောင်းအရာ တချို့ ပေါင်းစပ်ပြီးရေးထားပါတယ်။
အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။

နောက်ထပ် ထက်တိုး ပြဿနာတွေကို လည်းတင် ဒီ post မှာပဲ ထည့်သွားမှာမလို့
ကျေးဇူး ပြုပြီး ကျွန်တော့်page ကို Like and follow လုပ်ပေးပါ။

Like and follow လုပ်ရန် page Link.

https://www.facebook.com/officialnebwins/

နည်းပညာ အခက်ခဲတွေ အမြဲ မပြတ် တင်ပေးနေပါတယ်။

Address

Zinyaw Street
Mawlamyine
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when CCTV Service and Installation Mawlamyine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CCTV Service and Installation Mawlamyine:

Share