02/10/2026
အားလုံးပဲ မင်္ဂလာပါ။🙏
Mandalay Pann Ayeyar Page ကနေကြိုဆိုပါတယ်။ ယနေ့မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ Pile Driving for Floating Jetty Construction ပဲဖြစ်ပါတယ်။
Credit: ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Floating Pontoon အတွက် Guide Piles တွေက အလေး၀န်ထမ်းစရာမလိုပဲ ဘေးတိုက်သက်ရောက်တဲ့ အားတွေကိုသာ အဓိကခံနိုင်ရပါမယ်။ ရေထဲ Pile ရိုက်ဖို့အတွက် Piling Machine Availability, Loading on the pile, Soil Type စသည်တို့ပေါ်မူတည်ပြီး Pile Design တွက်ချက်၊ Pile Type (Concrete , Steel Pile, etc) ရွေးချယ်ကြပါတယ်။
Soil Test
======
Pile ရဲ့ Pe*******on Depth ကို Design ပြုလုပ်ဖို့အတွက် Pile ရိုက်မည့် မြစ်ကြမ်းပြင်အောက်မှာ Bore Hole တူးပြီး Soil Test ပြုလုပ်ပါတယ်။ ခြေလေးချောင်းထောက် Drilling Rig ဖြင့်မြစ်ကမ်းဘေးရေထဲတွင် မီတာ 50 အနက် (Under riyver Bed) ထိ Drilling လုပ်ပါတယ်။
Bathymetric Survey
===============
Floating Pontoon နေရာ မြစ်ကြမ်းပြင်ရဲ့ မျက်နှာပြင် အတိမ်အနက်ကို သိရှိစေဖို့ GPS, Sounding Equipment များဖြင့် ရေအောက်မြေတိုင်းတာခြင်း (Bathymetric Survey) ပြုလုပ်ပါတယ်။ မြေပေါ်မှာ ကွန်တိုထုတ်တဲ့ Topographic Survey လိုမျိုးဖြစ်ပါတယ်။ မြစ်ရေအကျဆုံးအချိန်မှာ Floating Pontoon အောက် ရေစူး (Water Depth) အကျန်ကို တွက်ချက်ဆုံးဖြတ်နိုင်ဖို့ နှင့် Pile Height Above River Bed ကိုသိနိုင်ဖို့ ဖြစ်ပါတယ်။
Loading (Forces Exerted) On The Piles
=============================
Guide Piles တွေက Floating Pontoon ကို ဘေးတိုက်ရွေ့လျားမှုမရှိအောင် ထိန်းထားဖို့ဖြစ်ပါတယ်။ ဒီရေအတက်အကျမှာ Pontoon အထက်အောက်ရွေ့လျားနိုင်ဖို့ Guide Roller တွေနဲ့ ချိတ်ဆက်ထားပါတယ်။ ဒါကြောင့် Pile တွေအပေါ်ကို Lateral Force တွေ အဓိက သက်ရောက်ကြပါတယ်။ Wind Load ထည့်သွင်းတွက်ချက်ရပါတယ်။ ဒီရေအတက်အကျမှာ သက်ရောက်နေတဲ့ ရေစီးအား Current Load တွေ ထည့်စဥ်းစားရပါမယ်။ ရေယာဥ်တွေ ကမ်းကပ်တဲ့အခါ Pontoon Body ကို လာတိုက်တဲ့ Berthing Force, ရေယာဥ်တွေဆိုက်ကပ်ထားတဲ့အချိန် Bollard မှာကြိုးတွေချည်ထားတဲ့အခါ သက်ရောက်တဲ့ Mooring Force တွေထည့်တွက်ရပါတယ်။ Seismic Zone မှာကျနေရင် Seismic Load တွေပါထည့်သွင်းတွက်ချက်ပြီး Pile Design Calculation, Check & Verify ပြုလုပ်ကြပါတယ်။
Piling Barge
=========
အရှည် ပေ-၁၃၀ ခန့်ရှိတဲ့ ဇက်သင်္ဘောလို Barge ပေါ်မှာ ပေ-၁၉၀အမြင့် Steel Frame Tower ထောင်ထားပြီး Piling Drop Hammerကိုတပ်ဆင်ထားပါတယ်။ Piling Barge ကို ကျောက်ဆူး ၆ခုနှင့်ပတ်လည်မှာ ကြိုးဆိုင်းထားပြီး Design Pile Point Position ရရှိအောင် တည်ငြိမ်စွာနေရာချနိုင်ပါတယ်။ (ကျနော်တို့သုံးခဲ့တဲ့ Piling Barge က Singapore ပိုင်ဖြစ်ပြီး Asia Word ဆိပ်ကမ်းနှင့် အခြား Jetty တွေမှာ Concrete pile တွေရိုက်ခဲ့ပါတယ်တဲ့)
Piling Operation
============
Steel Pile တွေတင်ထားတဲ့ Material Barge ကို Pile ရိုက်မည့်နေရာဘေးဘက်မှာ ကပ်ထားပါတယ်။ Piling Barge ရဲ့ Piling Tower ဟာ Tilting and Lifting လုပ်လို့ရတဲ့အတွက် Material Barge နားကပ်ပြီး သတ်မှတ်ထားတဲ့ Steel Pile ကို Lifting လုပ်ပါတယ်။ Pile ကို Vertical pPosition ရောက်အောင် တဖြည်းဖြည်းချင်းဆွဲမပြီး Hammer Cap စွပ်၊ Piling Clamp မှာညှပ်ပါတယ်။ Total sytation နှစ်စုံနှင့် Pile Point နေရာကို ချိန်ပြီး Piling Barge ကိုနေရာယူပါတယ်။ Surveyors နှင့် Piling Barge Operator/Captain တို့ စကားပြောစက်များအသုံးပြုပြီး Communicate လုပ်ပါတယ်။ Pile Position နေရာမှန်ရောက်လျှင် Pile Verticality ရမရသေချာပြန်စစ်ပါတယ်။ အားလုံးသေချာပြီဆိုလျှင် Pile ကို မြစ်ကြမ်းပြင်ထိအောင် Pile ရဲ့ Own Weight နဲ့ နစ်၀င်နိုင်သလောက် နှိမ့်ချလိုက်ပါတယ်။ Pile ကို အစပိုင်းမှာ အားအပြည့်မရိုက်သေးဘဲ Hammer Drop Height အနည်းငယ်ဖြင့် ရိုက်ကြည့်ပြီးနောက် Pile Position မှန်မမှန် ထပ်မံ စစ်ဆေးပါတယ်။ သေချာပြီဆိုမှ Design Hammer Drop ရောက်အောင်တဖြည်းဖြည်းချင်း မြှင့်ရိုက်သွားပါတယ်။ Steel Pile ကို 500mm ခြား Marking Line ဆွဲထားပြီး 500mm အနက်မြေအ၀င်တိုင်းမှာ ရိုက်ချက် (Blow) အရေအတွက်ကို Count လုပ်ပြီး Record မှတ်ရပါတယ်။ 4mm per blow or 40mm per 10-blows ရပြီဆိုလျှင် Pile ရိုက်ခြင်းကို ရပ်ပါတယ်။ Piling Hammer ကို ဖယ်ပြီး Pile Final Position ကို As-built Survey ကောက်ရပါတယ်။ ထို့နောက် အခြား Pile များကို Piling Sequence အတိုင်း အလားတူ ရိုက်သွားရပါတာ်။ Pile နှစ်ချောင်းဆက်ရိုက်ရမည်ဆိုလျှင် Leader Pile ကို High Water Level အပေါ်မှာ Temporary Terminate လုပ်ပြီး Pile Joining လုပ်ရပါတယ်။ Welding, Testing and Painting လုပ်ငန်းစဥ်များကို သတ်မှတ် Safety and Quality Procedure တွေအတိုင်းပြုလုပ်ပြီးမှ Pile ရိုက်ခြင်းဆက်လက်ပြုလုပ်ကြပါတယ်။ (မြေ၀င်အနက် 45m နှင့် ရေထဲနှင့် ရေပေါ် 15m စုစုပေါင်း 60m Pile length 4-Nos ရိုက်ခဲ့ရပါတယ်။)
ရေထဲမှာ လုပ်ရတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် လိုက်နာရတဲ့ Safety လုပ်ငန်းစဥ်တွေ အတော်တင်းကျပ်ပါသည်။ Piling Operation တစ်ခုလုံးနှင့် Surveying ကို Piling Barge Crew တွေနှင့် သူတို့ Surveyor တွေကသာပြုလုပ်ကြပါတယ်။
Mandalay Pann Ayeyar Page မှအပတ်စဥ် Knowledge Post များဝေမျှပေးနေသောကြောင့် Page ကို Like & Follow ပြုလုပ်ပေးခြင်းဖြင့် အားပေးကြပါဦးနော်။
Concrete ဈေးနှုန်းများ သိရှိလိုပါက 09400 857 157 သို့ ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်။
ဝန်ဆောင်မှုအချက်အလက်များသိရှိလိုပါက-
Phone: 09-400 857 157
Hotline:09- 09894981993
Address: Corner of 45st & Mandalay-Lashio Road,
Aung Pin Lal Quarter, Pathein Gyi Township; Mandalay.