𝐒𝐀𝐈 𝐏𝐇𝐘𝐎 𝐂𝐀𝐑 𝐒𝐀𝐋𝐄 𝐀𝐍𝐃 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒

  • Home
  • Myanmar
  • Mandalay
  • 𝐒𝐀𝐈 𝐏𝐇𝐘𝐎 𝐂𝐀𝐑 𝐒𝐀𝐋𝐄 𝐀𝐍𝐃 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒

𝐒𝐀𝐈 𝐏𝐇𝐘𝐎 𝐂𝐀𝐑 𝐒𝐀𝐋𝐄 𝐀𝐍𝐃 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒 .

SAI LANG AUTO - ကားချစ်သူတို့ရဲ့ ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော် 🛠️🚗​ကားမောင်းနေရင်း အသံတွေမြည်နေလို့ စိတ်ပူနေပါသလား? အင်ဂျ...
08/01/2026

SAI LANG AUTO - ကားချစ်သူတို့ရဲ့ ယုံကြည်စိတ်ချရတဲ့ လက်တွဲဖော် 🛠️🚗
​ကားမောင်းနေရင်း အသံတွေမြည်နေလို့ စိတ်ပူနေပါသလား? အင်ဂျင်ပိုင်းပဲဖြစ်ဖြစ်၊ အောက်ပိုင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ ကျွမ်းကျင်မက္ကင်းနစ်များနဲ့ စနစ်တကျ စစ်ဆေးပြုပြင်နိုင်ပါပြီ။
​✨ ယခုလအတွက် အထူးအစီအစဉ်: အင်ဂျင်ဝိုင်လဲလှယ်သူတိုင်းကို ကားတစ်စီးလုံး (၂၀) ချက် စစ်ဆေးခြင်း အခမဲ့ ပြုလုပ်ပေးနေပါတယ်။
​📍 တည်နေရာ - အေားသာယာမီးပွိုင့်အနီး ဗိုလ်အုန်းသတည်နေက်တန်း အေးသာယာမြို့
📞 ဖုန်း - ၀၉-၄၄၃၃၄၂၂၄၀
⏰ ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ

ကားရပ်တဲ့အခါ (P) ဂီယာဆောင့်ခြင်း နှင့် parking engagement ချိတ်ဆက်အလုပ်လုပ်ပုံ မိတ်ဆွေတို့ရဲ့ အဖိုးတန်ကားများ အတွက် ဂီယာ...
25/01/2024

ကားရပ်တဲ့အခါ (P) ဂီယာဆောင့်ခြင်း နှင့် parking engagement ချိတ်ဆက်အလုပ်လုပ်ပုံ

မိတ်ဆွေတို့ရဲ့ အဖိုးတန်ကားများ အတွက် ဂီယာဘောက်များ အကြောင်း ၊ ဂီယာဆောင့်ပုံ အဖုံဖုံကို များစွာ အကြံပေးရေးသားခဲ့ပါတယ်။ ECU ကြောင့် ဂီယာဆောင့်တာတို့ ၊ ဗားဘော်ဒီကြောင့် ဂီယာဆောင့်တာတို့ အကြောင်းလဲ ရေးခဲ့တာရှိပါတယ်။ ခု post မှာတော့ P မှာ ဂီယာဆောင့်တာနဲ့ ပတ်သက်ပြီး ဘယ်လိုကြောင့် ထို ပြစ်ချက်မျိုးဖြစ်တာလဲ ၎င်း ပြစ်ချက်နဲ့ ဆက်စပ်ပြီး P (parking) ရဲ့ parking pawl engaugement ဘယ်လို ချိတ်အလုပ်လုပ်လဲ မျှဝေပေးသွားပါ့မယ်ခင်ဗျာ။ parking pawl engaugement ဆိုတာကတော့ P(parking) အလုပ်လုပ်ပုံ ဖြစ်ပါတယ်။ P ဂီယာသည် ဂီယာဘောက်ရပ်တန့်သွားတဲ့ အနေထားလို့ အများစု သိထားကြသော်လည်း အမှန်က ဂီယာဘောက်မရပ်တန့်သေးပါဘူး။ မယုံရင် P ထိုးပြီး ဂီယာဘောက် oil pressure စစ်ကြည့်ပါ။ ဗားဘော်ဒီထဲမှာ oil pressure ရှိနေပါတယ်။ ဒါပေမဲ့ တခြားဂီယာချက်တွေထက်တော့ နည်းပါတယ်။ P R D N စတဲ့ ဂီယာတွေ အားလုံးထဲမှာ R ရဲ့ oil pressure သည် အများဆုံး အနေထားဖြစ်ပါတယ်။ P နဲ့ N ကတော့ ဗားဘော်ဒီ ဆီပရက်ရှာအနည်းဆုံးဖြစ်ပါတယ်။ P ထိုးလိုက်တဲ့ ဗားဘော်ဒီရဲ့ oil pressure သည် 25psi နဲ့အထက်ရှိတယ်။ ဒါ့ကြောင့် ဗားဘော်ဒီ အလုပ်လုပ်ပါတယ်။ ဗားဘော်ဒီ ဆိုလိုနွိုက် တွေဖြစ်တဲ့ sol A နဲ့ sol B လဲ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ ကားကတော့ မရွေ့ပါဘူး ဘာကြောင့်ဆိုရင် ဂီယာဘောက် အထွက်ရှပ် output shaft ကို pawl လို့ခေါ်တဲ့ ခွေးသွားစိတ်လေးတွေက lock ဖမ်းထားလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် output shaft က ရပ်နေပါတယ်။ ထို pawl engaugement ဖြုတ်လိုက်တာနဲ့ N ဂီယာအနေထားဖြစ်သွားပါပြီ။ P ထိုးလိုက်ချိန်နဲ့ P ဖြုတ်လိုက်ချိန်မှာ ထို pawl engaugement ဂီယာသွားကျိုးသွားရင်ပဲ ဖြစ်ဖြစ် ဒုံးခနဲ ဆိုပြီး ဂီယာဆောင့်ပါတယ်။ နောက်ပြီး ဗားဘော်ဒီ ဆီပရက်ရှာ မမှန်ရင်လဲ ဂီယာဆောင့်တက်ပါတယ်။ ဒါ့ကြောင့် မိတ်ဆွေတို့ အနေနဲ့ P ထိုးမယ်ဆိုရင် ရုတ်တရက် ဘရိတ်မှေးပြီးမှ P ထိုးမယ်ဆိုရင် ထို ပြဿနာမျိုး အဖြစ်နည်းပါတယ်။ ကားရပ်တဲ့ အခါမှာ hand brake ကို ဆွဲထားဖို့လိုပါတယ်။ ဒါမှသာ ကားရပ်တဲ့ လမ်းအနေထားမညီရင်တောင် hand brake ဆွဲထားတာမို့ parking pawl လက်တံလေးတွေ မကျိုးပဲ့တော့ဘူးပေါ့။ မဟုတ်ရင် အဲ့ကောင်လေးက ကားတစ်စီးလုံးရဲ့ ဝိတ်ကို ထမ်းဆောင်ထားတာကြောင့် အခက်မသင့်ရင် ကျိုးသွားတာမျိုးဖြစ်ခဲ့ရင် သိဖို့ခက်ပါတယ်။ ကျွန်တော်တို့ရဲ့ မဂ္ဂင်းနစ်ညီကိုများ ဘေးကင်းကြပါစေ 🙏

ကားစီးသူတိုင်း မသိမဖြစ် နံပါတ်တစ် အောက်ပိုင်းပြစ်ချက် ၊ ဘယ်ဆွဲညာဆွဲ ကားကွေ့ရင်တစ်ဒုတ် တိုက်ရော့မိန်းလုံး ပြစ်ချက်ကားဆရာ ...
22/01/2024

ကားစီးသူတိုင်း မသိမဖြစ် နံပါတ်တစ် အောက်ပိုင်းပြစ်ချက် ၊ ဘယ်ဆွဲညာဆွဲ ကားကွေ့ရင်တစ်ဒုတ် တိုက်ရော့မိန်းလုံး ပြစ်ချက်

ကားဆရာ နဲ့ ကားအောက်ပိုင်းဆိုတာ ခွဲခြားထားလို့မရပါဘူး။ ကားတစ်စီး အောက်ပိုင်းမကောင်းပါက ဘယ်လိုဖြစ်နိုင်သလဲဆိုရင် ထင်ရှားတဲ့ ဥပမာ တစ်ခုက " လူမှာလေဖြတ်နေသလိုပါဘဲ " ကားမှာလဲ အဲ့လိုပါဘဲ လုံးဝ မောင်းရတာ အဆင်မပြေတော့ဘူး ကျန်တဲ့ အစိတ်အပိုင်းတွေကောင်းပေမဲ့လည်း ၊ ဒါ့ကြောင့် ကျနော့်ညီကိုတွေအတွက် သိသလောက်ပြောရရင် ကိုရီးယား ၊ ဂျပန်တို့ ၊ စင်ကာပူတို့ ၊ အနောက်နိုင်ငံတွေမှာ အောက်ပိုင်းလုပ်တဲ့ ဝပ်ရှော့တွေက ပိုပြီးအလုပ်ဖြစ်တယ်။ အလုပ်ရဖို့ လွယ်ကူတယ် ၊ လုပ်ရတာလဲ အခက်အခဲမရှိ ၊ အလုပ်လဲ ပိုလုပ်ရတယ်။ သူတို့နိုင်ငံတွေမှာ အင်ဂျင်တွေ ၊ ဂီယာဘောက်တွေက မပြင်ဘဲ အလုံးချိန်း ကြတာများပါတယ်။ ဒါ့ကြောင့် ကျနော် အကြံပေးချင်တာက ကားပိုင်း (Automotive field) နဲ့ အလုပ်သွားလုပ်မဲ့ ညီကိုတွေ အဓိအားဖြင့် ကားအောက်ပိုင်းကို ကျွမ်းကျင်အောင်လေ့လာထားပါက အလုပ်ရဖို့ လွယ်ကူပါတယ်။ တခြားသော ဝါယာရိန်း ၊ ကွန်ထရိုးပိုင်းတွေမှာ သူနိုင်ငံသားတွေကိုဘဲ သုံးတာများကြတာက တကြောင်း ၊ ဘာသာစကားအခက်အခဲက တစ်ကြောင်း ( ဥပမာ အင်ဂျင်ကို ဂျပန်လို့ ဘယ်လိုပြောမလဲ ၊ ဆင်ဆာကို ဂျပန်လိုဘယ်လိုပြောမလဲ ၊ နှုတ်ခမ်းမွှေးတန်း (stabilizer) ကိုဂျပန်လို ဘယ်လိုပြောမလဲ) စသဖြင့်။ ကျနော် အခုဒီပို့စ်မှာ မျှဝေချင်တဲ့ အကြောင်းအရာလေးက မြန်မာအခေါ် (တိုက်ရော့နဲ့မိန်းလုံး) ဘယ်လောက်အရေးကြီးလဲ အဲ့ကောင်လေးတွေ မကောင်းရင် ကားမှာဘယ်လိုပြစ်ချက်လေးတွေ ကြုံတွေ့ရနိုင်လဲဆိုတာ မျှဝေချင်ပါတယ်။ အကျိုးရှိတယ်ဆိုရင် ပို့စ် like & share လုပ်ပေးသွားပါအုံးခင်ဗျ။

တိုက်ရော့ မိန်းလုံး (Tie rod & Tie rod end) ဆိုတာ ပြောရရင် အတွဲလိုက်ပါဘဲ။ မြန်မာတွေက စကားလုံးတွေကို တီထွင်တဲ့အခါမှာ အတော်လေး ဉာဏ်ရည်ဉာဏ်သွေး ထူးချွန်ပြောင်မြောက်တဲ့လူမျိုးဗျ။ ကိုယ့်လူမျိုးမို့လို့ ကိုယ်ပြောတာမဟုတ်ဘူး။ တိုက်ရော့ (ချည်နှောင်+ချောင်း/တံ) တစ်ခုနဲ့တစ်ခု တွဲဆက်ပြီး ဆွဲချုပ်ထားသော ချုပ်တန်းစသဖြင့် စကားအရှည်ကြီး မရေးတော့ဘဲ တိုက်ရော့လို့ရေးလိုက်ရင် အော်ကားအောက်ပိုင်းက ပစ္စည်းလေးဘဲလို့ မျက်စိထဲ တန်းမြင်တော့တာပါဘဲ။ စင်စစ် တိုက်ရော့ဆိုတာ အဂ်လိပ်စကားလုံးဗျ။ မြန်မာစကားလုံးကို မဟုတ်ဘူး။ နောက်ပြီး မိန်းလုံး ၊ မိန်းလုံးဆိုတာ တိုက်ရော့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး tie rod end လို့လည်း ခေါ်ပါတယ်။ အဲ့ဒီမှာ ၎င်း tie rod end ရဲ့ပုံစံက လုံးလုံးလေး မသိရင် ဗူးသီးနုနုလေးလိုလို ဂေါ်တဂါးသီးနုနုလေးလို ပုံစံနဲ့ အတော်လဲအရေးကြီးသမို့ မိန်းလုံးလို့ ခေါ်လိုက်တာပါဗျ။ ဒါ့ကြောင့် မဂ္ဂင်းနစ်ဘာသာရပ်ဟာ မြန်မာ + အဂ်လိပ် + မဂ္ဂင်းနစ် (စက်ဆရာဘာသာစကား) စသဖြင့် ဘာသာစကား ၃ မျိုးနဲ့ လေ့လာရမယ် ၊ လေ့လာနိုင်ရင် ပိုကောင်းတယ်။ Tie rod (တိုက်ရော့) မှာ inner နဲ့ outer tie rod ၂ မျိုးရှိတယ်။ Tie rod ဟာ Tie rod end (မိန်းလုံး) ကို ချိတ်ဆက်ထားပြီး မိန်းလုံးနဲ့ steering knuckle (စတီယာရင်တန်း) နဲ့ ချိတ်ဆက်ထားတယ်။ ဒါ့ကြောင့် ကားကွေ့လိုက်ရင် ကားအောက်ပိုင်းက တဒုတ်ဒုတ်နဲ့ အသံကြားနေရမယ် ၊ အဖြောင်းတိုင်းပုံမှန်မောင်းနေရင် ထိုအသံမကြားရဘူး။ ကွေ့လိုက်တော့မှာ ဘီးနားလောက်က ထုရိုက်သံလိုက် အသံမျိုးထွက်နေတာပါ။ အဓိက တိုက်ရော့တွေ ဆွဲမချုပ်နိုင်တော့ဘူး မိန်းလုံးတွေ ပျက်စီးနေပြီဆိုတဲ့ သဘောပါဘဲ။ ဒါ့အပြင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေစဥ် ဘရိတ်ဆောင့်အုပ်တာမျိုးဆိုရင် ကားက ဘယ်ညာ တစ်ဖတ်ဖတ်ကို ဆွဲနေတဲ့ ပြဿနာဖြစ်ပါတယ်။ ထိုဖြစ်ရပ်မျိုးကြုံရပါက ကားတာယာတွေ ဘက်မညီဘဲ စားသွားနိုင်ပါတယ်။ ကားအောက်ပိုင်းမှာ တိုက်ရော့ မိန်းလုံးက မကြာမကြာ လဲလှယ်ရတဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ အောက်ပိုင်းစစ်ရင် ထိုအစိတ်အပိုင်းတွေကိုလဲ မဖြစ်မနေစစ်ရပါတယ်။ အရေးလဲကြီးသလို ကား safety အတွက်လဲ အရေးပါတဲ့ အစိတ်အပိုင်းတွေမို့ မဂ္ဂင်းနစ်တွေရဲ့ ပါးစပ်ဖျားမှာလဲ ထိုစကားလုံးတွေက မကြာကြာကြားနေရပါတယ်။ ဆရာကား " တိုက်ရော့နဲ့မိန်းလုံး တွေသိပ်မကောင်းတော့ဘူးနော် ၊ မကြာခင်လဲရတော့မယ်ဗျ "

🙏 သင်ဆရာမြင်ဆရာများ ဉီးထပ်ထားလျက်ပါ 🙏

ေနာ်ဇယ် မှိုင်းကိုက်ခြင်း နှင့် ဝိတ်မဆွဲခြင်း ၊ စက်သံမမှန်ခြင်း၊ မီးခိုးမဲလိုက်ခြင်းပြစ်ချက်များ ဒီတခါမှာတော့ ကျွန်တော့်...
21/01/2024

ေနာ်ဇယ် မှိုင်းကိုက်ခြင်း နှင့် ဝိတ်မဆွဲခြင်း ၊ စက်သံမမှန်ခြင်း၊ မီးခိုးမဲလိုက်ခြင်းပြစ်ချက်များ

ဒီတခါမှာတော့ ကျွန်တော့် မိတ်တွေ စက်ဆရာများအတွက် အသုံးဝင်လှတဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာလေးတစ်ခုမျှဝေချင်ပါတယ်ဗျာ။ ဒီဇယ်စက်ဆရာတွေအတွက် နော်ဇယ် မှိုင်းကိုက်တယ်ဆိုရင် ဘယ်လိုမျိုးပြစ်ချက်တွေ ကြုံရနိုင်မလဲ ၊ ဘာတွေ ပြုပြင်ရမလဲ သိသလောက် မျှဝေပေးသွားပါ့မယ်ခင်ဗျာ။ ဒီဇယ်ကားတွေမှာ နော်ဇယ်ကတော်တော်လေး အရေးကြီးပါတယ်။ ကားမော်ဒယ်မြင့်လာလေလေ နော်ဇယ်တွေက အဆင့်မြင့်လာလေလေပါဘဲ။ နော်ဇယ်တွေ အကြောက်ဆုံးတစ်ခုက ဆီမသန့်ပါဘဲ။ နော်ဇယ်သည် ဆီကို အမှုန်အမွှား လေးအဖြစ် ကွန်ပရက်ရှင်းချန်ဘာထဲကို ဖြန်းချပေးပါတယ်။ အဲ့ဒီမှာ ဘာပြဿနာဖြစ်လဲဆိုရင် ဆီထဲမှာ ရေသော်၎င်း ၊ တခြားသော အမှုန်အမွှား အညစ်အကြေးတွေသည် nozzle tip (or) nozzle or***ce လို့ခေါ်တဲ့ နော်ဇယ်ခေါင်းမှာ သွားပိတ်ပါတယ်။ ရေပါလျှင်လဲ အင်ဂျင်ပေါက်ကွဲအားမမှန် နော်ဇယ်ပျက်စီးတက်ပါတယ်။ နော်ဇယ်တွေက အင်ဂျင်ဟက်ထဲမှာ စိုက်ပြီး ကွန်ပရက်ရှင်းချန်ဘာထိပ်နဲ့ ထိစပ်ကာ ပစ္စတင်ထိပ်ကို ဆီဖြန်းချပါတယ်။ အဲ့ဒါ ဘာပြဿနာရှိလဲဆိုရင် အချိန်ကာလ ကြာမြင့်တဲ့အခါမှာ နော်ဇယ်တွေ သဲကြေးကိုက်ပြီး ဖြုတ်ဖို့ ခက်တာတွေ ကြုံရပါလိမ့်မယ်။ တချို့ဂျပန်ကားတွေ နော်ဇယ်ဖြုတ်ရအလွန်ခက်ပါတယ်။ ဒါကလည်းဖြစ်တက်တဲ့ ပြဿနာလေးတစ်ခုပါ။ ပန့်ဆရာတွေကို ဒုက္ခပေးတာပေါ့။ နော်ဇယ်မှိုင်းကိုက်တယ်ဆိုတာ နော်ခေါင်းမှာ မီးခိုး၊ကာဗွန်ဂျိုးတွေ ကပ်ပြီး ပိတ်သွားပါဘဲ။ နော်ဇယ်ခေါင်းမှာ တချို့က ၄ပေါက် ၅ပေါက် ၊ ၈ပေါက် စသဖြင့် ရှိကြရာ ၂ ပေါက်လောက် မှိုက်ကိုက်ပြီး ပိတ်သွားရင်ဘဲဖြစ်ဖြစ် နော်ဇယ်ဆီလျှံပြီး အဆွဲအရုန်းမပါတော့ဘဲ မီးခိုးမဲတွေ ထွက်ပါပြီ ဝိတ်တင်ရင် ပိုသိသာပါတယ် နော်ဇယ် မကောင်းတာက။ အထက်ပါပြစ်ချက်တွေကြုံရရင် နော်ဇယ် ကောင်းကောင်း အလုပ်မလုပ်တော့ပါဘူး။ အတွေ့အကြုံအရ နော်ဇယ်ပြစ်ချက်လို့ သိရင်သိ မသိရင်လဲ နော်ဇယ် တစ်လုံးချင်းစီကို ကောင်းမကောင်း စက်နဲ့ စမ်းကြည့်လို့ရတယ်။ မကောင်းတဲ့ အလုံးက စက်သံပြောင်းမှာပါဘဲ။ အကယ်၍ ဖြုတ်ရလွယ်တဲ့ ကားမျိုးဆိုရင် ကိုယ့်ဟာကိုယ် နော်ဇယ်ခေါင်းတွေ ဆေးကြောလို့ရပါတယ်။ နော်ဇယ်မှိုင်းကိုက်တာက နော်ဇယ်ပျက်စီးတာမဟုတ်ပါဘူး။ ကားတွေမှာ အဆွဲအရုန်းကျရင် ကာဗွန်ဂျိုးဆေးသလိုဘဲ။ ယခုလို စက်သံမမှန် ၊ နော်ဇယ်ဆီများပြီး ဝိတ်တင်ရုန်းရင် အိပ်ဇောမီးခိုးလိုက်တာမျိုးတွေ ၊ အိပ်ဇောဆီစိုတာမျိုးတွေကြုံရပါလျှင် နော်ဇယ်ပြဿနာတွေဖြစ်ကြောင်းမျှဝေပေးရင် စက်ဆရာများ ဘေးကင်းချမ်းသာကြပါစေ 🙏

သင်ဆရာမြင်ဆရာများ ဉီးထိပ်ပန်ဆင်လျက်ပါ 🙏

ကရိုင်းခုန်ခြင်း ၊ အင်ဂျင်သံထွက်ခြင်း နှင့် ကရိုင်းထိန်းဝါရှာ (thrust ဝါရှာ) အလုပ်လုပ်ပုံ နှင့် ပြစ်ချက်အချို့ +++++++++...
17/01/2024

ကရိုင်းခုန်ခြင်း ၊ အင်ဂျင်သံထွက်ခြင်း နှင့် ကရိုင်းထိန်းဝါရှာ (thrust ဝါရှာ) အလုပ်လုပ်ပုံ နှင့် ပြစ်ချက်အချို့
+++++++++++++++++++++++++++++++++++++
စက်ဆရာညီကိုများ မဂ်လာပါ 😍🙏

မိတ်ဆွေတို့ကို အင်ဂျင်နဲ့ ပတ်သက်ပြီး အများစု သိပ်သတိမထားမိတဲ့ တရပ်ဝါရှာ (thrust washer) အကြောင်းလေးမျှဝေချင်ပါတယ်ခင်ဗျ။ ကွန်နတင်းရော့ (conrod) လို့ခေါ်တဲ့ connecting rod မှာ piston pin နဲ့ဆက်ထားတဲ့အပိုင်းကို small end လို့ခေါ်ရင် crank pin နဲ့ဆက်ထားတဲ့အပိုင်းကို big end လို့ခေါ်ပါတယ်ပါခင်ဗျ။ Big end cap လေးတွေကို လှုပ်ကြည့်လိုက်။ အဲ့ဒီမှာ နည်းနည်းလေးတော့ ချောင်ပြီး လှုပ်နေလိမ့်မယ်။ အဲ့ဒါကို ကရိုင်းကလီးယားရင့် များနေတဲ့သဘောမျိုးဖြစ်ပါတယ်။ thrust ဝါရှာကို ကရိုင်းထိန်းဝါရှာလို့လဲ ခေါ်နိုင်ပါတယ်ဗျ။ ကရိုင်းခုန်နေတယ် များသောအားဖြင့် တရပ်ဝါရှာက ထိန်းပေးထားပါတယ်။ ကရိုင်းနဲ့ဘယ်ရင် အရမ်းစားသွားမှသာ အင်ဂျင်ချရတော့တာ။ များသောအားဖြင့် စက်ဆရာတွေက တရပ်ဝါရှာတွေကို ပြန်သုံးလေ့ရှိပါတယ်။ တကယ်တော့ ကရိုင်းဆိုဒ်နဲ့ ကိုက်ပြီး သုံးပေးရမယ်။ အင်ဂျင်ရေရှည်အတွက်ကောင်းတာပေါ့။ နောက်ပြီး Thrust washer သည် အမှန်ကတော့ Thrust bearing အမျိုးစားပါပဲ။ ကျနော်တို့ သုံးနေကျ မန်နူရယ် manual gearbox မှာ clutch changeတဲ့နေရာမှာ သုံးတဲ့ release bearing ဟာလည်း thrust bearing ပါပဲ ၊ တည်နေရာနဲ့ ပုံစံလေး ကွဲပြားနေလို့သာ။ တချို့ အင်ဂျင်တွေက အမျိုးစားတူတာမျိုး ပစ္စည်းမရှိရင် အဲ့ဒါဘဲ ပြန်သုံးလို့ အဆင်ပြေပါတယ်။ အင်ဂျင်မှာ thrust ဝါရှာက လိုတယ်။ damping အတွက် မောင်းတိန်းကို ထားပေးရသလိုပေါ့။ crank shaft မှာ thrust ဝါရှာက အင်ဂျင်ရဲ့ suddenly vibration (ရုတ်တရက်တုန်ခါမှု) abnormal combustion ကြောင့်ဖြစ်လာတဲ့ ဆတ်ခနဲ ရွေ့လျားမှု တွေမှာ ဖြစ်တဲ့ အားလေးတွေကို သူက ခုခံပေးပါတယ်။ ကရိုင်းအထိုင်စားသွားရင် အင်ဂျင်တုန်တယ် ကရိုင်းခုန်တယ်။ ကရိုင်းဝါရှာ စားသွားရင်လဲ ကရိုင်ခုန်တတ်ပါတယ်။ ဒီဇယ်အင်ဂျင်တွေမှာ ဖြစ်တာများပြီး ကျနော်တို့တွေ့နေကျ ဓာတ်ဆီကားတွေမှာတော့ ထိုဖြစ်ရပ်မျိုးက အဖြစ်နဲပါကြောင်း။

  sale  # BMW740i Model -2012 beautiful white car❤ # $ low price 🤗
09/01/2024

sale
# BMW
740i Model -2012
beautiful white car❤
# $ low price 🤗

ALPHAND model-2004engine -1MZ -FEAuto 4wdslide doorsunroom sale- cb
09/01/2024

ALPHAND
model-2004
engine -1MZ -FE
Auto 4wd
slide door
sunroom
sale- cb

အသပြာတစ်သိန်းထိုက်တန်တဲ့ အော်တိုဂီယာ၏ ATF oil seals (ဆီထိန်းဂွင်းများ) ပြစ်ချက် +++++++++++++++++++++++++++++++++++++ကျွ...
09/01/2024

အသပြာတစ်သိန်းထိုက်တန်တဲ့ အော်တိုဂီယာ၏ ATF oil seals (ဆီထိန်းဂွင်းများ) ပြစ်ချက်
+++++++++++++++++++++++++++++++++++++
ကျွန်တော့် မိတ်ဆွေတွေ အင်ဂျင်ပူမှဂီယာအလုပ်လုပ်တဲ့ ကားမျိုးကြုံဖူးကြမယ်ထင်ပါတယ်ဗျ။ အဲ့ဒီထဲမှာ အနုစိတ်ကျကျ ပြောရရင် မနက်မနက်ဆိုအင်ဂျင်ပူအောင် ၁၀ မိနစ်လောက်မောင်းထားပြီးမှ ဂီယာဝင်ပါတယ်။ ဂီယာဝင်တယ်ဆိုတာ ဂီယာထိုးပြီး ဂီယာမဝင်တာရှိတယ်။ ခုက အဲ့လိုမဟုတ်ဘူး ဂီယာထိုးပြီး ကားမထွက်တာဖြစ်ပါတယ်။ လီဘာကြမ်းကပ်အောင်နင်း အင်ဂျင်အော်ပြီး မီးခိုးသာအူထွက်သွားမယ်။ ကားက လုံးဝမထွက်ဘူး။ ကားက ထွက်တယ် ဒါပေမဲ့ လိပ်လိုဘဲ။ ဒါ့ကြောင့် ကားထဲမှာ မိနစ်အနည်းငယ်အောင် ထိုင်နေရတယ်။ လီဘာတော့ မနင်းနဲ့ပေါ့။ D / N / R / L / 2 တစ်ချက်ချက် ထိုးထားလို့ရတယ်။ သို့သော် Save ဖြစ်ချင်ရင် N နဲ့ P ထိုးထားပေးရတယ်။ အထက်ပါ ပြစ်ချက်တွေက ကျွန်တော်အတွေ့အကြုံအရဆိုရင် ကီလိုသိန်းကျော်မှ ဖြစ်တာများတယ်။ အဲ့ဒါကို ဂီယာဟမ်းတာလို့ ခေါ်တယ်။ ဖုန်းတွေ ဟမ်းသလိုမျိုးပေါ့။
အဲ့လိုမျိုးဖြစ်နေရင် ကျွန်တော်တို့ ဂီယာဘောက် အလုံးလိုက်လဲရတော့မှာလား။ ဘာတွေ လုပ်ရမှာလဲ ၊ ဗားဘော်ဒီဆေးရမလား။ စသဖြင့် ဝေခွဲရခက်သွားတာမျိုးရှိပါတယ်။ မှန်ပါတယ်။ ကျွန်တော်တို့ ကြုံခဲ့ရတယ်။ နယ်ဘက်တွေမှာ အထက်ပါ ပြဿနာမျိုး ကြုံရရင် ပြုပြင်ဖို့ ပစ္စည်းရှားတာကြောင့် ဂီယာဘောက် အလုံးလောက် လဲလိုက်တယ်။ ကားကောင်းသွားတယ်။ ဒါပေမဲ့ ခုပြစ်ချက်ကိုဘဲ ဂီယာအလုံးလိုက်ချိန်လိုက်တယ်။ ကားမကောင်းဘူး။ ဒီတိုင်းက ဒီတိုင်းဘဲ။ အော်တိုဆီလဲတယ်။ ဗားဘော်ဒီဆေးတယ်။ Ok သွားတယ်။ ဒါပေမဲ့ ဒီပြစ်ချက်ကိုဘဲ အော်တိုဆီလဲတယ်။ ဗားဘော်ဒီဆေးတယ် ကောင်းမလာဘူး။ ဘယ်နှစ်ကြိမ်ဆေးဆေး ဂီယာဘောက်ဒီတိုင်းပါဘဲ။ တော်တော် ထွေတဲ့ ပြစ်ချက်ပါတကား။ ဒီလိုမျိုး ပြစ်ချက်တွေက ကားတစ်စီးနဲ့ တစ်စီးမတူဘူး။ အသေမှတ်လို့မရဘူး။ ဒါ့ကြောင့် မိတ်ဆွေတို့ အနေနဲ့ အထက်ပါ ပြစ်ချက်မျိုးကြုံခဲ့ရင် ဂီယာဘောက် ချရဖို့ 80% သေချာသလောက်ရှိပါတယ်။ ကိုယ့်ကားက ဂီယာဝင်ပြီး တော်တော်နဲ့ မထွက်ဘူးဆိုရင် ငါ့ကားကတော့ overhaul လုပ်ရမှာပါလားဆိုတာ ကြုံသိရပေသည်။ ဒါ့ကြောင့် ထှေရာလေးပါး မလုပ်တော့ဘဲ။ ဂီယာဘောက် ချပြီး လိုအပ်တာ ပြုပြင်လဲလှယ်လိုက်တာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပါပဲခင်ဗျ။ တချို့ကလည်း မင်းကဟာ ပိုင်လိုက်လားကွာလို့ မေးစရာရှိပါတယ်။ ဒီပြစ်ချက်က ကြုံဖူးသလောက် ဒီလိုဘဲ လုပ်ခဲ့ဖူးလို့ပါခင်ဗျာ။ အဲ့ပြစ်ချက်က ဘာဖြစ်တာလဲဆိုရင် ATF oil (ဆီထိန်းစီးလ်ဂွင်း) တွေ မလုံတဲ့ ပြစ်ချက်ဖြစ်ပါတယ်။ အော်တိုဆီထိန်းစီးလ်ဂွင်း တစ်ဂွင်းလောက်မကောင်းရင် ခုလို ပြစ်ချက်မျိုးတွေ ကြုံရနိုင်တယ်။ နောက်ပြီး ကျွမ်းကျင်မှု မရှိဘဲ ဂီယာဘောက်ကိုင်တဲ့အခါ အထဲမှာ စီးလ်ဂွင်းအသေးလေးတွေ သူနေရာနဲ့သူ အတိအကျရှိနေရမှာကို အထိုင်မကျဘူးဆိုရင် ဂီယာဘောက် ခဲှဲပှီးမှအရငလြိုဘဲ ကားကောင်းလာမှာမဟုတ်ပါဘူး။ နောက်ပြီး ဆီထိန်းဂွင်းတွေက သူ့ဆိုဒ်မဟုတ်ဘဲ အသေးအကြီးလွဲနေခဲ့ရင် ကားကောင်းမလာဘူး။ နောက်ပြီး အရည်အသွေးညံ့တဲ့ ဆီထိန်းဂွင်းတွေကြောင့် ၆လခံရမှာကို တလလောက်ဘဲ ခံပြီး အခုပြစ်ချက်မျိုးပြန်ကြုံနေရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒါမျိုး အခက်ခဲတွေ ရှိနေတာမို့ အော်တိုဂီယာဘောက် အလုံးလိုက် လဲကြတာများပါကြောင်း အသိပေးရင် ကျွန်တော်တို့ရဲ့ ညီနောင်သားရင်း မဂ္ဂင်းနစ်ဆရာများဘေးကင်းကြပါစေ 🙏

06/01/2024
အင်ဂျင်ဘတ်ကြိုးမကောင်းတဲ့အခါ ကြုံတွေ့နိုင်တဲ့ ပြစ်ချက် (၅)မျိုး ကားမှာပါတဲ့ အင်ဂျင်ဘတ်ကြိုးဆိုတာ အင်ဂျင်ရဲ့ ကရိုင်းရှပ်ပ...
03/01/2024

အင်ဂျင်ဘတ်ကြိုးမကောင်းတဲ့အခါ ကြုံတွေ့နိုင်တဲ့ ပြစ်ချက် (၅)မျိုး

ကားမှာပါတဲ့ အင်ဂျင်ဘတ်ကြိုးဆိုတာ အင်ဂျင်ရဲ့ ကရိုင်းရှပ်ပူလီလည်ပတ်မှုကို အင်ဂျင်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ အဲကွန်းကွန်ပရက်ဆာ၊ ပါဝါစတီယာရင်ပန့်၊ ဒိုင်နမို ( အော်တာနေတာ)၊ ရေလည်အုံ စသည်တို့ကို ချိတ်ဆက်လည်ပတ်စေတာဖြစ်ပါတယ်။ အရင် old model ကားများမှာ V Belt ကို အသုံးပြုခဲ့ကြပြီး ရေလည်အုံအတွက် ပန်ကာကြိုးတစ်ချောင်းသီးသန့်ထားရှိသလို ဒိုင်နမိုအတွက်လည်း ဘတ်ကြိုးတစ်ချောင်းသီးသန့်ထားရှိကြပါတယ်။ ဘတ်ကြိုးတွေကို များစွာသုံးပြီး အလုပ်လုပ်ကြတာဖြစ်တယ်။ ဒီဇယ်ကားတွေမှာ တွေ့နိုင်ပါတယ်။ ဘာအားသာချက်ရှိလဲဆိုရင် အဆိုပါကြိုးတစ်ချောင်းပျက်ပေမဲ့ ထိုအစိတ်အပိုင်းတစ်ခုသာ အလုပ်မလုပ်တော့ပေမဲ့ တခြားသောအစိတ်အပိုင်းတွေကိုမထိဘူးပေါ့။ ဥပမာ ဒိုင်နမိုကြိုးပျက်ရင် ချက်ချင်မဝင်ရုံသာရှိမယ်။ ကားကတော့ဟိတက်လာမှာမဟုတ်ဘူးပေါ့။ 1999 ယခုနောက်ပိုင်းကားတွေမှာတော့ Serpentine Belt ပန်ကာကြိုးအရှည်တစ်ချောင်းတည်းဖြင့် ဒိုင်နမို၊ ရေလည်အုံ၊ ပါဝါစတီယာရင်ပန့်၊ အဲကွန်းကွန်ပရက်ဆာတို့ကို လည်ပတ်စေတာဖြစ်တယ်။ ဒါကြောင့် ဆာပန်တင်းပန်ကာကြိုး မကောင်းတဲ့အခါ (သို့) ပန်ကာကြိုးပြတ်သွားတဲ့အခါ ကြုံတွေ့ရမဲ့ ပြဿနာက ကြီးမားနိုင်ပါတယ်။ ဘာလို့လဲဆိုရင် သူက စုပေါင်းစပ်ပေါင်း ပန်ကားကြိုးတစ်ချောင်းပေါ်ကို မှီခိုနေရလို့ဖြစ်ပါတယ်။ အဲ့လိုပန်ကားကြိုးတွေမှာ ကြာရှည်ခံပြီး ပျော့ပြောင်းတဲ့ Flat belt ကိုဘဲ အသုံးပြုကြပါတယ်။ engine belt တွေရဲ့ သက်တမ်းက ကီလိုတစ်သိန်းဖြစ်ပါတယ်။ ကီလိုတစ်သိန်းပြည့်တာနဲ့ ကောင်းကောင်းမကောင်းကောင်းလဲ ပေးဖို့လိုအပ်ပါတယ်။ အင်ဂျင်ဘတ်ကြိုးတွေ မကောင်းရင်
အဲကွန်မအေးခြင်းပြဿနာကြုံရနိုင်ပါတယ်။
ပန်ကာကြိုးချော်သံ၊ စလစ်ဖြစ်သံ တောက်တောက် တစ်တစ် စူးရှတဲ့ အသံမျိုးတွေ ကြားရနိုင်ပါတယ်။
အင်ဂျင်အပူလွန်ကဲခြင်း ရေလည်အုံ လည်ပတ်စေတာကြောင့် ကြိုးပြတ်သွားတဲ့အခါ ရေလည်အုံအလုပ်မလုပ်တော့တဲ့အတွက်အင်ဂျင်အပူလွန်ကဲလာပါတယ်။
ပါဝါစတီယာရင်ကိုလည်ပတ်စေတဲ့အတွက် ပန်ကာကြိုးပျက်သွားတဲ့အခါမှာ စတီယာရင်လေးပြီး ကားကွေ့မရပြုမရဖြစ်လာနိုင်ပါတယ်။
အင်ဂျင်ဘတ်ကြိုးပျက်သွားတဲ့အခါ ဘက်ထရီချာချင်မီးလင်းပြီး ကားဘတ်ထရီကို အားပေးမသွင်းတော့ပါဘူး။ ဒါ့ကြောင့် ပန်ကာကြိုးကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ပန်ကာကြိုးပျက်ရင် အင်ဂျင်အပူလွန်ကဲပြီးထိုးရပ်ခြင်း ချာချင်မဝင်ခြင်းစတီယာရင်လေးခြင်းစတဲ့ ကားအတွက်အကြီးမားဆုံးပြစ်ချက်တွေ ဖြစ်လာနိုင်တာမို့ ထိုပန်ကာကြိုးကို ကြိုးလေးတစ်ချောင်းဘဲ မလဲလည်းကိစမရှိဘူးဆိုပြီး မပေါ့ဆဖို့ အကြံပေးချင်ပါတယ်ဗျာ

🙏သင်ဆရာ မြင်ဆရာဆရာအားလုံးကို ဦးထိပ်ပန်းဆင်လျှာက်ပါ 🙏

ကြိုစားနေဆဲမို့ အမှားသွားလျှင် ခွင့်လွှတ်ပေးဖို့ တောင်ပန်းပါတယ် ဗျ🙏

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐒𝐀𝐈 𝐏𝐇𝐘𝐎 𝐂𝐀𝐑 𝐒𝐀𝐋𝐄 𝐀𝐍𝐃 𝐒𝐄𝐑𝐕𝐈𝐂𝐄𝐒 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category