25/09/2026
ဆေးမသုတ်ခင် သတိထားရမယ့် အရေးအကြီးဆုံးအချက် (၁) ချက်
လူအများစုက ဆေးသုတ်တဲ့အခါ ဘာအရောင်လေးသုံးမယ်၊ ဘယ်ဆေးကိုသုံးမယ်ဆိုပြီး အရောင်နဲ့ ဆေးအမျိုးအစားကိုပဲ အာရုံစိုက်တတ်ကြတယ်။
ဒါပေမယ့် တကယ်အရေးကြီးတဲ့အချက်တစ်ခုကတော့ “ဘယ်အချိန်မှာ ဆေးသုတ်သင့်လဲ” ဆိုတာပါပဲ။
အထူးသဖြင့် မိုးရွာပြီးခါစလို နံရံမှာ အစိုဓာတ်ကျန်နေနိုင်တဲ့အချိန်မှာ ဆေးမသုတ်ခင် နံရံရဲ့ အစိုဓာတ်အခြေအနေကို အရင်စစ်ဆေးဖို့ လိုပါတယ်။
ဘာလို့လဲဆိုတော့ နံရံအတွင်းမှာ အစိုဓာတ်ကျန်နေတုန်း ဆေးသုတ်မိရင် ဆေးသားက မျက်နှာပြင်နဲ့ ကောင်းကောင်းမကပ်နိုင်ဘဲ
• ဆေးသားဖောင်းလာခြင်း
• ဆေးသားကွာကျခြင်း
• အရောင်မညီခြင်း
• မှိုနဲ့ အစိုအမှတ်တွေ ပြန်ပေါ်လာခြင်းလို ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဆေးသုတ်တဲ့အခါ အပေါ်ယံနံရံ ခြောက်နေရုံမဟုတ်ဘဲ Moisture Meter နဲ့ အစိုဓာတ်ကို သေချာတိုင်းတာစစ်ဆေးပြီးမှ ဆေးသုတ်တာက ပိုစိတ်ချရပါတယ်။
ကြာရှည်ခံလှပတဲ့ ဆေးသားမျက်နှာပြင်ကို ရရှိဖို့ဆို ဆေးကောင်းရုံသာမက အောက်ခံမျက်နှာပြင်ကောင်းဖို့လည်း လိုပါတယ်။
ဒါမှသာ ဆေးကောင်းရဲ့ အရည်အသွေး ပိုမိုပေါ်လွင်လှပစေမှာပါရှင်။
အိမ်သုတ်ဆေးနှင့် ဆက်စပ်ပစ္စည်းများကို ပစ္စည်းမှန်၊ ဈေးမှန်နဲ့ လက်လီလက်ကား ဝယ်ယူအားပေးလိုပါက အိမ်သုတ်ဆေးဘုရင်အောင်သစ်လွင်ကို အမြန်ဆုံး ကြွလှမ်းခဲ့နော် ❤️
#အိမ်သုတ်ဆေးဘုရင်အောင်သစ်လွင်