27/02/2026
အဲယားကွန်း ဖွင့်ထားပေမယ့် ထင်သလောက် မအေးဘူးလို့ ခံစားနေရလား…❓
🔋မီးအားသုံးစွဲတာတွေများပေမယ့် 𝗔𝗶𝗿𝗰𝗼𝗻 ရဲ့အအေးဓာတ်ကို အားမရဖြစ်နေရင် ဒီအချက် (၄)ချက်ကို စစ်ဆေးကြည့်ဖို့ လိုနေပါပြီ။
၁။ Filter ကို ပုံမှန်ဆေးကြောပါ 🧼
အဲယားကွန်း မအေးရတဲ့ အဓိက အကြောင်းရင်းက 𝗔𝗶𝗿𝗰𝗼𝗻 𝗙𝗶𝗹𝘁𝗲𝗿 မှာဖုန်တွေပိတ်နေလို့ပါ။ ဒါကြောင့် 𝗙𝗶𝗹𝘁𝗲𝗿 ကို ဖြုတ်ပြီး အနည်းဆုံး (၁)လ (၁)ကြိမ်လောက် ဆေးပေးရုံနဲ့ လေဝင်လေထွက် ကောင်းမွန်လာပြီး 𝗔𝗶𝗿𝗰𝗼𝗻 က သိသိသာသာ ပိုအေးလာမှာပါ။
၂။ မှန်ကန်တဲ့ Mode ကို ရွေးချယ်ပါ 🕹️
အပူချိန်များနေတဲ့ အချိန်တွေမှာ "Cool Mode" ကို သုံးပါ။ 𝗔𝗶𝗿𝗰𝗼𝗻 ကိုဖွင့်လိုက်တာနဲ့ "Auto Mode" ကိုသုံးထားမယ်ဆိုရင် "Auto Mode" ကအပူချိန်ကို အတက်အကျ ချိန်ညှိပေးနေတတ်တာကြောင့် လိုသလောက် အအေးဓာတ်ကိုမရပဲဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တသမတ်တည်း အေးချင်ရင် Cool Mode + Fan Speed ကို အလယ်အလတ်မှာ ထားသုံးတာက အထိရောက်ဆုံးပါ။
၃။ နေရောင်ခြည် တိုက်ရိုက်မဝင်ပါစေနဲ့ ☀️
𝗔𝗶𝗿𝗰𝗼𝗻 ဖွင့်ထားတဲ့အခန်းထဲကို နေရောင်ခြည်တိုက်ရိုက်မဝင်ပါစေနဲ့ ၊ အပြင်ကလာတဲ့ နေရောင်ခြည်က မှန်ပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကို အပူချိန်တွေ သယ်ဆောင်လာတတ်ပါတယ်။ ဒါကြောင့် Aircon ကအလုပ်အလွန်အကျွံ လုပ်နေရပြီး လိုသလောက်အအေးဓာတ်မရတာမျိုးတွေဖြစ်နေတတ်ပါတယ်။
၄။ အခန်းတံခါး ခဏခဏ ပိတ်လိုက်ဖွင့်လိုက်ပြုလုပ်တာတွေရှောင်ကျဉ်ပါ။🚪
𝗔𝗶𝗿𝗰𝗼𝗻 ဖွင့်ထားတဲ့အခန်းတံခါးကို ခဏခဏ ဖွင့်တာ၊ ဒါမှမဟုတ် တံခါးမလုံတာမျိုးက အပြင်က အပူတွေကို ဖိတ်ခေါ်နေသလို ဖြစ်တာကြောင့် အအေးဓာတ် အပြင်ထွက်သွားတတ်ပြီး သတ်မှတ်ထားတဲ့အအေးနှုန်းကို ရောက်ရှိဖို့ကြာမြင့်သွားတတ်ပါတယ်။
✅ဒီလောက်ဆိုရင်ကိုယ့်အိမ်က 𝗔𝗶𝗿𝗰𝗼𝗻 တွေ ဘာကြောင့်လိုသလောက်မအေးနိုင်လဲဆိုတာ သိသွားကြမယ်ထင်ပါတယ်။✨
💁နောက်ထပ်မှာလည်း Aircon နဲ့ပတ်သက်တဲ့ ဗဟုသုတတွေကို ပြောပြပေးသွားဦးမှာဖြစ်လို့ CHIGO Myanmar Page ကို Like လုပ်ပေးထားကြပါဦးနော်။
Mr.MDY
No(Ka/5-9)111st x 69A
09-969921775-09-952031773
.aircon.myan 4837 Followers, 74 Following, 9562 Likes - Watch awesome short videos created by Chigo Aircon Myanmar