Jet Electrical Engineering Group

Jet Electrical Engineering Group Inspection & Testing

Today Inspection & Testingဒီ​နေ့ (၅၀)​ကျော် သူငယ်ချင်း ဦး​လေးကြီး နှစ်​ယောက် ​(ဦးမြင့်ထွန်း(RSE)နှင့် ကျွန်​တော် ဦး​ဇ...
03/03/2026

Today Inspection & Testing

ဒီ​နေ့ (၅၀)​ကျော် သူငယ်ချင်း ဦး​လေးကြီး နှစ်​ယောက် ​(ဦးမြင့်ထွန်း(RSE)နှင့် ကျွန်​တော် ဦး​ဇော်ဝင်း​မော်(P.E)တို့သည် လေးထပ်အ​ဆောက်အဦ တစ်ခုကို လျှပ်စစ်အန္တရာယ်ကင်းရှင်း​ရေးအတွက် သွား​ရောက် စစ်​ဆေးခဲ့ပါတယ်။
Testings are following;

1, Earth resistance test
2, Insulation resistance test
3, Continuity test
4, Prospective fault current test
5, loop impedance test
6, RCD test
7,Socket test

Inspection & Testing result- - -

1, Visual inspection is good.

2, Earth resistance - 0.63 Ohm, LA- 4.5 Ohms

3 , RCCB ,30mA
Trip- 24mA, 9ms,0'
-24mA,12ms,180'
-×1/2, ×1 ,×5 time are satisfied.

4, MCB,C type 40A
PFC(prospective fault current)-514A.
13 times of MCB rated current.
It can trip within 0.1s.
(BS7671- 230V,0.2s)in TT system.

All results are satisfied.
But---,
L.A down conductor size is 10mm2.
I suggested it to change ---- mm2.
ဘယ်​ကြိုးအရွယ်အစားကို ​ပြောင်းသင့်ပါသလဲဗျ။

*** Inspection& Testing (HT,LT)နှင့် ပတ်သတ်၍ သိလိုသည်များကို အခမဲ့ ​ဆွေး​နွေးနိုင်ပါတယ်။

သင်၏ အ​ဆောက်အဦအား လျှပ်စစ်အန္တရာယ် ကင်းရှင်း​ရေးအတွက် စစ်​ဆေးလိုပါက ဆက်သွယ်လိုက်ပါဗျ။
စံသတ်မှတ်ချက်များနှင့်အညီ စိတ်ချမ်းသာစွာ စစ်​ဆေး​ပေးပါမယ်ဗျ။

092037107,09442037107

အားလုံးစိတ်ချမ်းသာကြပါ​စေ။

မိုးကြိုးလျှပ်စီး(lightning strike)ပစ်လို့ အနီးနားမှာ လူရှိရင်​သေနိုင်လားလို့ '' ​ဖုန်းဆက်မေးလာလို့ အားလုံးသိ​အောင် shar...
25/02/2026

မိုးကြိုးလျှပ်စီး(lightning strike)ပစ်လို့ အနီးနားမှာ လူရှိရင်​သေနိုင်လားလို့ '' ​ဖုန်းဆက်မေးလာလို့ အားလုံးသိ​အောင် sharing လုပ်​ပေးခြင်းဖြစ်ပါတယ်။
လူကိုတိုက်ရိုက် အပစ်မခံရ​သော်လည်း Step Voltage ​ကြောင့် ​သေနိုင်ပါတယ်လို့ ​ဖြေခဲ့ပါတယ်။

** Step Voltage ဆိုတာ ဘာလဲ?
Step voltage (Step potential) ဆိုတာက
မြေပြင်ပေါ်မှာ လူတစ်ယောက်ရဲ့ ခြေလှမ်းအကွာအဝေး (ပုံမှန် ~1 meter) အတွင်းမှာ ဖြစ်ပေါ်တဲ့ Voltage difference (ဗို့အားကွာခြားချက်) ကို ဆိုလိုပါတယ်။

မိုးကြိုးလျှပ်စီး( lightning strike)ဟာ air terminal မှတဆင့် down conductor, Down conductor မှတဆင့် ​မြေကြီးထဲသို့ High current စီးဆင်းသွားပါတယ် (သို့မဟုတ်) မြေပြင်ကို တိုက်ရိုက် ပစ်တဲ့အချိန်မှာလည်း High current က ​မြေကြီးထဲသို့ စီးဆင်းသွားနိုင်ပါတယ်။
ငှင်း High current က မြေထဲသို့ စီးဆင်းသွားတဲ့အခါ မြေပြင်မှာ Potential gradient (ဗို့အားအဆင့်အတန်းပြောင်းလဲမှု) ဖြစ်​ပေါ်လာပါတယ်။

** ​မြေပြင်မှာ ဗို့အားခြားနားချက်​ကြောင့် လူ၊တိရိစ္ဆာန်တို့ကို အန္တရာယ် ဖြစ်​ပေါ်နိုင်ပါတယ်။

ဥပမာ- မိုးကြိုးပစ်တဲ့ အနီးနားမှာလူတစ်​ယောက်ရှိ​နေတယ်ဆိုရင်---
လူတစ်ယောက်ရဲ့
ခြေတစ်ဖက်မှာ 3000V
အခြားခြေတစ်ဖက်မှာ 2500V ရှိရင် Voltage difference(ဗို့အားခြားနားချက်) က 500V ဖြစ်ပါတယ်။
ဒီ 500V က လူ့ခန္ဓာကိုယ်ရဲ့
ခြေတစ်ဖက် မှ ကိုယ်ထည် ၊ကိုယ်ထည်မှ တဆင့် အခြားခြေတစ်ဖက် သို့ Current စီးစေနိုင်ပါတယ်။
လူတစ်​ယောက်ဟာ 1000 ohms ဆိုပါစို့--
I= V/R
= 500/ 1000 = 0.5A
0.5A( 500mA) စီးဆင်းနိုင်ပါတယ်။
လူတစ်​ယောက်ဟာ 30mAဖြတ်စီးခံရရင် 0.5 s အတွင်း ​သေ​စေနိုင်ပါတယ်။

ဒါကိုပဲ Step voltage shock လို့ ခေါ်ပါတယ်။
မိုးကြိုးပစ်ချတဲ့​နေရာနှင့် ကင်းလွတ်အကွာအ​ဝေးက အကြမ်းအားဖြင့် meter(20), ​ပေ ၆၀ ​လောက် ရှိနိုင်ပါတယ်။

အ​သေးစိတ်သိလိုပါက calculation ဖြင့် တွက်ပြ​ပေးပါမယ်။commentမှာ yesလို့​​ရေးပေးပါဗျ။

Edit;
step voltageကို သိချင်ရင်
Vr= ρ If / 2×3.14×r
ρ= soil resistivity
If = fault current
r= earth rodမှ အကွာအ​ဝေး
ဥပမာ
ρ= 100 Ohm -meter(​မြေအ​နေအထားကြည့်ပြီးယူရတယ်)
မိုးကြိုးမှာ Lightning protection Level​(LPL)လေးခုရှိတယ်
LPL 1 - 200KA
LPL2 - 150KA
LPL3- 100KA
LPL4- 100KA

LPL 2 ဟုယူဆမယ်ဆိုရင် 150KA

လူတစ်​ယောက်သည် lightningအတွက်​မြေဓါတ်ချထား​သော earth rod နှင့် 10Meter အကွာမှာ ရပ်​နေတယ်ဆိုပါစို့

E10= 100×150×1000/ 2×3.14×10
= 238.85KV
လူတစ်​ယောက်သည် level 2 အဆင့် မိုးကြိုးပစ်တဲ့အချိန်တွင် Earth Rod နှင့် 10meter အကွာ မြေကြီးမှာ ရှိ​နေမည့် voltage 238.85KV

လူတစ်​ယောက် ​ခြေလှမ်းသည် 1 meterဟုယူဆပါက, Earth rodနှင့် 11 meter ကွာ​ဝေးမည်ဖြစ်ပါတယ်။

E11= 100×150×1000/ 2×3.14×11
= 217.13KV
ထို့​ကြောင့် ​ခြေလှမ်းတစ်ခုနှင့် တစ်ခုကြား voltage= 238.85- 217.13 = 21.72KV

လူတစ်​ယောက်သည် 50V ခြားနားချက်ရှိရင်​တောင် ​သေနိုင်ပါတယ်။

မိုးကြိုးLevel အဆင့်(၂)ဖြင့် ပစ်တဲ့အချိန်မှာ 10 meterအကွာတွင် ရှိ​နေတာ​တောင်မှ stèp voltageသည် 21.72KV ရှိ​နေပါတယ်ဗျ။
အန္တရာယ်ရှိပါတယ်။​သေ​စေနိုင်ပါတယ်
ဒီလိုမဖြစ်​အောင် ကာကွယ်တဲ့နည်း​တွေရှိပါတယ်။
စိတ်ဝင်စားရင် ထပ်​ပြော​ပေးပါမယ်ဗျ။

အာလုံးစိတ်ချမ်းသာကြပါ​စေ။

Engr, U Zaw Win Maw

မန္တ​လေးဘုရားကြီး အတွက် lightning Protection - Air terminal- Solid bonding- Equipotential bonding- Down conductor metal,...
14/02/2026

မန္တ​လေးဘုရားကြီး အတွက် lightning Protection

- Air terminal
- Solid bonding
- Equipotential bonding
- Down conductor metal, size, route
- Nos of down conductor
-Test link boxs
- Earth resistance ( tested with earth resistance tester and loop impedance tester)
- ------
- ------
ဒါ​လေး​တွေကို Discuss လုပ်ခဲ့ပါတယ်၊၊

အားလုံးစိတ်ချမ်းသာကြပါ​စေ။
14- 2-2026

မိုးအုံတဲ့အချိန်မှာ Deye က charge လုပ်ပြီး Growattက ဘာလို့ charge မလုပ်တာလဲ?ဟိုတစ်​နေ့က လက်ဖက်ရည်ဆိုင်မှာ အထက်ပါ topic အ...
29/01/2026

မိုးအုံတဲ့အချိန်မှာ Deye က charge လုပ်ပြီး Growattက ဘာလို့ charge မလုပ်တာလဲ?

ဟိုတစ်​နေ့က လက်ဖက်ရည်ဆိုင်မှာ အထက်ပါ topic အ​ကြောင်းအရာကို ​ပြောခဲ့ကြတယ်၊၊
ကျွန်​တော်​က​တော့ irradiation​ကြောင့်ဖြစ်မယ်ထင်တယ်လို့ ​ပြောခဲ့တယ်။
Solar ​တွေမှာ -
Voltage သည် temperatureနှင့် ​ပြောင်းပြန်သက်ဆိုင်တယ်
Ampere သည် irradiationတိုက်ရိုက်သက်ဆိုင်တယ်
Temperatureများလွန်ရင် voltage နည်းလာမယ်။
Irradiationများရင် Ampere အထွက်များမယ်။
မိုးအုံ​နေရင် irradiationအလွန်နည်းပြီး Current မထွက်ဘဲဖြစ်​နေပါတယ်။

Solar panel​တွေရဲ့ data sheetမှာ STC( standard test condition)အတိုင်းထုတ်လုပ်ထားတယ်လို့ ​ရေးထားတယ်။
ဆိုလိုတာက irradiationက 1000 w/ m2, temperatureက 25'C, Air mass(AM) 1.5 ဖြစ်ပါတယ်။
Power ဆိုတာက Vနှင့် A မြှောက်ထားတာဆို​တော့ မိုးအုံတဲ့အချိန်မှာ Voltရှိ​သော်လည်း Ampere အထွက်နည်းတဲ့အတွက်​ကြောင့် watt ထွက်တာ နည်း​နေခြင်းဖြစ်ပါတယ်။
ထူးခြားချက်က -
Deyeက 50-120Wရှိရင်​တောင် charge လုပ်တယ်၊
Growattက 300-500Wattရှိမှသာလျင် charge လုပ်တယ်လို့ ​လေ့လာသိရှိရပါတယ်။

(ဆရာတို့ရဲ့ ယူဆချက်​တွေက​တော့ ဘယ်လိုလဲဗျ)

အားလုံးစိတ်ချမ်းသာကြပါ​စေ။

Circuit Tracing လိုက်ခြင်းအနုပညာ အိမ်တစ်အိမ်မှာ ---- 1 phase မီတာ( ၂)လုံး- မီးစက်  (၁)လုံး- Inventer( 1)လုံး- 2 phase st...
24/01/2026

Circuit Tracing လိုက်ခြင်းအနုပညာ

အိမ်တစ်အိမ်မှာ ---
- 1 phase မီတာ( ၂)လုံး
- မီးစက် (၁)လုံး
- Inventer( 1)လုံး
- 2 phase step down transformer (1)လုံး
- Selector changeover (4)လုံး
-ATS တစ်လုံး
- Single phase sourceများက step down Transformer သို့ တစ်လိုင်းနှင့် loadသို့ တိုက်ရိုက်တစ်လိုင်း

Electrical installationကို ​အလွန်​တော်​သော မီးဆရာတစ်​ယောက် တပ်ဆင်ထားတယ်လို့ ထင်ပါတယ်ဗျ။

(လျှပ်စစ်အ​တွေ့အကြုံ ( ၂၈)နှစ်ရှိတဲ့ ကျွန်​တော်​တောင်မှ (၄၅)မိနစ်​လောက် circuit tracing စစ်လိုက်ရတယ်ဗျ)
Inspection and testing for Electrical safety. Not to be Electric shock and electric fire.

အားလုံးစိတ်ချမ်းသာကြပါ​စေ။

13/01/2026

Today meeting

Owner
Client
Vendor
Developer company
Contractor
Sub- contractor

​ဘယ်သူက ဘာလဲ​ပေါ့။

အဲဒီထဲမှာ ကျွန်​တော်က consultant ​ပေါ့

အားလုံးစိတ်ချမ်းသာကြပါ​စေ။

Electrical piping % ဘယ်​လောက်လဲ?မ​နေ့က ငလျင်လှုပ်ပြီး​နောက်  အ​ဆောက်အဦ ပြန်လည်ပြုပြင်ခြင်းနှင့်ပတ်သတ်​သော သင်တန်းတစ်ခုက...
11/01/2026

Electrical piping % ဘယ်​လောက်လဲ?

မ​နေ့က ငလျင်လှုပ်ပြီး​နောက် အ​ဆောက်အဦ ပြန်လည်ပြုပြင်ခြင်းနှင့်ပတ်သတ်​သော သင်တန်းတစ်ခုကို ​ရောက်သွားခဲ့တယ်။
ကျွန်​တော်သိချင်​သော ​မေးခွန်းတစ်ခု ​မေးခဲ့တယ်၊ " Electrical pipe ​တွေကို conceal သွယ်တန်းတဲ့အခါ Beam (သို့) column ထဲကို pipe % (အ​ရေအတွက်)ဘယ်​လောက်ထည့်၍ သွယ်တန်း နိုင်ပါသလဲလို့"​မေးခဲ့ပါတယ်။

သင်တန်းဆရာက (8 -12)% ထည့်လို့ ရပါတယ်လို့​ဖြေပါတယ်။
* လျှပ်စစ်ဆရာများကလည်း မိမိလုပ်​နေ​သောလုပ်ငန်းတွင် pipe % ဘယ်​လောက်ထည့်၍ သွယ်တန်းပါသလဲ?

* အထက်ပါ အ​ဖြေ (% )က မှန်ပါသလား?

* အ​ဖြေကို ဘယ် standard မှာ ကြည့်သင့်ပါသလဲ?

(လျှပ်စစ်ကို စနစ်တကျ သွယ်တန်း​စေလိုခြင်း ဆန္ဒဖြင့်)

အားလုံးစိတ်ချမ်းသာကြပါ​စေ။
Jet electrical engineering group

21/12/2025

သူကလည်း Circuit Breakerလိုဘဲလားတဲ.?

ညီငယ်အင်ယာတစ်​ယောက် ​မေးတဲ့ ​မေးခွန်း၊

Circuit breakerမှာ
- In
- Icu
- Ics
-Icw

ပါသလိုမျိုး

Inventer မှာလည်း

-Rated output current
- Max, rated output current
- Max, unbalanced output current
- Max, output passthrough current တို့က တူသလားတဲ့

​ဖြေကြည့်ကြပါအုံးဗျ၊၊

အားလုံးစိတ်ချမ်းသာကြပါ​စေ။

21.12.2025
Jet Zaw Gyi

20/12/2025

AC လား?, DCလား?

ညီငယ် အင်ယာတစ်​ယောက်က ​မေးလို.ပါ၊၊
** Solar inventerရဲ.body က ထွက်လာတဲ့ leakage voltage က AC လား? ၊ DCလား?

** အန္တရာယ်ရှိနိုင်​သော voltage က ဘယ်​လောက်လဲ? တဲ့ဗျ။

​ဖြေကြည့်ကြပါအုံးဗျ။

အာလုံးစိတ်ချမ်းသာကြပါ​စေ။

Jet Electrical engineering group

09/12/2025
08/12/2025

** Circuit Breaker က micro second အတွင်း trip ဖြစ်နိုင်သလားတဲ့ **

သင်တန်းတစ်ခုမှာ SPD( Surge protective Device)အ​ကြောင်း ​ဆွေး​နွေး​နေရင်း သင်တန်းသား တစ်​ယောက်က ထပြီး​မေးပါတယ် ** 10A, Circuit Breaker ကို 1500A ​လောက် ဖြတ်စီးသွားရင် 10us(0.00001)s အတွင်း Circuit Breakerက trip ဖြစ်နိုင်သလားတဲ့ဗျ **

လျှပ်စစ်ဆရာ​တို့ရဲ့ အ​ဖြေက (Yes or No) ဘာဖြစ်မလဲဗျ

ကျွန်​တော်ရဲ့အ​ဖြေက​တော့(---).

အားလုံးစိတ်ချမ်းသာကြပါ​စေ။

Engr, U Zaw Win Maw
B.E(EP), P.E(BS)

STC နှင့် NOCT ကို ဘာလို့SOLAR  PANEL မှာ ​ရေးထားတာလဲ?1** STC (Standard test condition)- 1000W/ m2 ( irradiance)- cell t...
21/10/2025

STC နှင့် NOCT ကို ဘာလို့SOLAR PANEL မှာ ​ရေးထားတာလဲ?

1** STC (Standard test condition)

- 1000W/ m2 ( irradiance)
- cell temperature 25'C
- AM 1.5( air mass)

2*** NOCT( Nominal Operating Cell Temperature)

- Irradiance=800W/ m2
- wind speed 1m/s
- ambient temperature 20'C
- Cell temperature 45'C

ထိုနှစ်ခုကို ဘာ​ကြောင့်​ပေးထားတာလဲ။
Calculation တွက်မည်ဆိုပါက ဘယ်လို​ အသုံးချရမယ်လဲ။

( ချစ်ညီအစ်ကိုတို့ commentမှာ ဆုံကြမယ်)

အားလုံးစိတ်ချမ်းသာကြပါ​စေ။

Edit;
ဥပမာ
Solar panelက 585W ဆိုပါစို့
မန္တ​လေးအပူချိန်ကို 42C' လို့ယူဆမယ်ဆိုရင်,
STC = 25°C →
အခု NOCT condition မှာ ambient 42°C ဆိုတာနဲ့,
cell temperature ကို ခဏ မှန်းကြည့်ရအောင်။
Normally cell temperature ≈ ambient + (NOCT – 20) × (irradiance / 800)
ဒါပေမဲ့ သာမာန် NOCT = 45°C( ယူဆမယ်)
NOCT မှာ ambient 20°C → cell 45°C → ΔT = +25°C
အခု ambient 42°C ဆိုတော့
cell ≈ 42 + 25 = 67°C

➡ temperature rise = 67 − 25 = 42°C
Temperature cofficientကို 0.35%/ C' လို့ ယူဆမယ်

🔻 Power reduction

Power drop = 42°C × 0.35\% = 14.7\%

P_{NOCT} ≈ 585 × (1 − 0.147) = 585 × 0.853 ≈ 499 W

ပတ်ဝန်းကျင်အပူချိန် 42°C မှာ NOCT အခြေအနေအပေါ်မူတည်ပြီး
585 W panel သည် အနည်းဆုံး ≈ 500 W သာ ထုတ်ပေးနိုင်တယ်။
(ဆိုလိုတာက ထို 42C' မှာ အပူချိန်​ကြောင့် 85W ​လောက် power lossessဖြစ်သွားပါတယ်ဗျ

Engr, U Zaw Win Maw
21-10-2025

Address

Mandalay

Telephone

+9592037107

Website

Alerts

Be the first to know and let us send you an email when Jet Electrical Engineering Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jet Electrical Engineering Group:

Share

Category