အင်ကြင်း အိမ်ခြံမြေအကျိုးဆောင် လီမိတက်

  • Home
  • Myanmar
  • Hmawbi
  • အင်ကြင်း အိမ်ခြံမြေအကျိုးဆောင် လီမိတက်

အင်ကြင်း အိမ်ခြံမြေအကျိုးဆောင် လီမိတက် Open Daily! (07:30 am to 09:00 pm)

သီတင်းကျွတ်လပြည့်နေ့အဘိဓမ္မာအခါတော်နေ့၁၃၈၆ခုနှစ်တော်သလင်းသီတင်းကျွတ်17.10.2024သီတင်းကျွတ်လပြည့်နေ့ - အဘိဓမ္မာအခါတော်နေ့ ...
17/10/2024

သီတင်းကျွတ်လပြည့်နေ့
အဘိဓမ္မာအခါတော်နေ့
၁၃၈၆ခုနှစ်
တော်သလင်းသီတင်းကျွတ်
17.10.2024
သီတင်းကျွတ်လပြည့်နေ့ - အဘိဓမ္မာအခါတော်နေ့
🙏🏼🪷🙏🏼🪷🙏🏼
🪷🙏🏼🪷🙏🏼
ဗုဒ္ဓဘာသာဝင်
မြန်မာလူမျိုးတို့၏
နေ့ထူးနေ့မြတ်များထဲမှ
တစ်ရက်အပါအဝင်ဖြစ်သည့် သီတင်းကျွတ်လပြည့်
နေ့မှစ၍ စိတ်နှလုံး
ရွှင်လန်းချမ်းမြေ့ပြီး သီတင်းကျွတ်
အခါသမယမှာ
လူသားအားလုံး
စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည့်စုံပြီး စည်းစိမ်ဥစ္စာ
ရတနာရွှေငွေတို့ ဒီရေအလား
တိုးတက်ကြပါစေ
ဘေးဘယာဝေးကွာကြပါစေရှင်
🙏🏼🌷🙏🏼🌷🙏🏼
🌷🙏🏼🌷🙏🏼🌷

 #မေတ္တာရပ်ခံစာမဟုတ်ဘူးနော်.. #သိရှိလိုက်နာဆောင်ရွက်ရန် #အရေးယူပါလိမ့်မည်။ဒီတစ်ခါလက်မှတ်ထိုးပေးလိုက်သူများသေချာအောင်ပြန်...
07/09/2020

#မေတ္တာရပ်ခံစာမဟုတ်ဘူးနော်..
#သိရှိလိုက်နာဆောင်ရွက်ရန်
#အရေးယူပါလိမ့်မည်။
ဒီတစ်ခါလက်မှတ်ထိုးပေးလိုက်သူများ
သေချာအောင်ပြန်ဖတ်ကြည့်ပါနော်...
COVID-19 နှင့်အတူရှင်တွဲဲနေထိုင်
လုပ်ကိုင်ကြပါစို့...

24/05/2020

#အရေးကြီးလျှင်ဆက်သွယ်ပါ။
******************************
ပြည်တွင်းလေကြောင်းလိုင်းတွေပြန်ဖွင့်နေပြီနော်...
1kg = အသက်သာဆုံးစျေးနှုန်း
#မြို့တွင်းTaxiခထက်များစွာသက်သာသော
#ပြည်တွင်းလေကြောင်းလိုင်းများဖြင့်
#ပူတာအို
#မြစ်ကြီးနား
#ထားဝယ်
#မြိတ်
#ကော့သောင်း
#တာချိလိတ်
#ကျိုင်းတုံ
#ဟဲဟိုး
#ဗန်မော်
#စစ်တွေ
#သံတွဲ
#ကျောက်ဖြူ
#လားရှိုး
အရေးကြီးလျှင်ဆက်သွယ်ပါ။

#အင်ကြင်းရိပ် မှ
Delivery services fee သာယူပါမည်။
အခုပို့ = အခုရောက်(တရားဝင်ပစ္စည်း)
အမြန်ဆုံးပို့ဆောင်ပေးနေပါသည်။

မှတ်ချက်။
#လိုအပ်လျှင်ဖွင့်ဖောက်စစ်ဆေးမှုခံရမည်။
09445599974
09445599975
Express

စားသောက်ဆိုင်များအတွက်(MOHS)လမ်းညွှန်ချက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၁၈/၅/၂၀၂၀
19/05/2020

စားသောက်ဆိုင်များအတွက်(MOHS)လမ်းညွှန်ချက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
၁၈/၅/၂၀၂၀

 #ဗုဒ္ဓဘာသာအခြေခံအတိုချုပ်*****************************သင့်ရဲ့ကလေးငယ်ကပဲမေးမေး ၊ ဘာသာခြားကပဲမေးမေး ၊ ဘယ်သူမေးမေး ဗုဒ္ဓဘာ...
16/05/2020

#ဗုဒ္ဓဘာသာအခြေခံအတိုချုပ်
*****************************
သင့်ရဲ့ကလေးငယ်ကပဲမေးမေး ၊
ဘာသာခြားကပဲမေးမေး ၊
ဘယ်သူမေးမေး ဗုဒ္ဓဘာသာ အခြေခံ ၊
အတိုချုပ်လောက်တော့ သင်ဖြေနိုင်ရမယ်။
အဲဒီလိုဖြေနိုင်အောင်
ဖော်ပြပေးလိုက်ပါတယ်။

ဗုဒ္ဓဘာသာ၀င်တိုင်းသိသင့်သော သိမှတ်ဖွယ်ရာများ
═══════════════════
ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသော ဘုရားငါးဆူ
═════════════════
၁။ ကကုသန်မြတ်စွာဘုရား
၂။ ကောဏဂုံမြတ်စွာဘုရား
၃။ ကဿပမြတ်စွာဘုရား
၄။ ဂေါတမမြတ်စွာဘုရား
၅။ အရိမေတ္တေယျမြတ်စွာဘုရား (နောင်ပွင့်တော်မှုမည်)

#သာသနာတော်သုံးရပ်
═════════════
၁။ ပရိယတ္တိ သာသနာ = ပိဋကပ်စာပေသင်ကြားခြင်း
၂။ ပဋိပတ္တိ သာသနာ = တရားတော်နှင့်အညီကျင့်ခြင်း
၃။ ပဋိဝေဒ သာသနာ = ထိုးထွင်းသိမြင်ခြင်း

#ရတနာသုံးပါး
══════
၁။ ဘုရား
၂။ တရား
၃။ သံဃာ
════════
ဂေါတမဗုဒ္ဓမြတ်စွာဘုရားနှင့် ပတ်သက်၍
သိသင့်သောအချက်များ
═════════
မြတ်စွာဘုရား၏ ဖခမည်းတော်အမည် = သုဒ္ဓေါဓန
မြတ်စွာဘုရား၏ မယ်တော်အမည် = မယ်တော်မာယာ
မြတ်စွာဘုရား၏ မွေးဖွားရာဇာတိ = ကပ္ပိလ၀တ်
မြတ်စွာဘုရား၏ ငယ်နာမည် = သိဒ္ဓတ္ထမင်းသား
မြတ်စွာဘုရား၏ ကြင်ယာတော် = ယသော်ဓရာ
မြတ်စွာဘုရား၏ သားတော် = ရာဟုလာ
မြတ်စွာဘုရား၏ ဖွားဖက်တော်ခုနှစ်ယောက်= မောင်စံ၊ ခန္ဓိကမြင်း၊ ကာဠုဒါရီအမတ်၊
ရွှေအိုးကြီးလေးလုံး၊ ညီတော်အာနန္ဒာ၊
ယသော်ဓရာ၊ ဗောဓိညောင်ပင်

#သံဝေဇနိယ လေးဌာန
══════════
၁။ မြတ်စွာဘုရားဖွားမြင်သည့်အရပ် = လုံမ္ဗနီဥယာဉ်
၂။ ဘုရားအဖြစ်ရောက်တော်မူသောနေရာ = ဗုဒ္ဓဂါယာ
၃။ ဓမ္မစကြာတရားဦးဟောတော်မူသောနေရာ = မိဂဒါဝုန်တော
၄။ ပရိနိဗ္ဗာန်ပြုသောနေရာ = ကုသိနာရုံ

#သတ္တဌာနခုနှစ်ပါး
══════════
၁။ အောင်မြင်တော်မူသော ဗောဓိညောင်ပင်၏ အရှေ့မြောက်တစ်လံကွာ ရွှေပလ္လင်ဌာန
၂။ ဗောဓိပင်၏ မြောက်ဘက် ၁၀ လံကွာဌာန အနိမိသအရပ်
၃။ ဗောဓိပင်နှင့် အနိမိသအကြားနှစ်လံကွာဌာန ရတနာစင်္ကြ ံ
၄။ ဗောဓိပင်၏ အနောက်မြောက် ၁၅ လံကွာ ရတနာဃရရွှေအိမ်
၅။ ဗောဓိပင်၏ အရှေ့ ၃၂ လံကွာ အဇပါလ ဆိတ်ကျောင်းညောင်ပင်
၆။ ဗောဓိပင်၏ အရှေ့တောင် ၁၅ လံကွာ မုစလိန္ဒာအိုင်၀ယ် နဂါးပါးပြင်းအောက်ဌာန
၇။ ဗောဓိပင်၏ တောင်ဘက် ၁၁ လံကွာ
လင်းလွန်းပင်အရပ်

#ဘုရားဂုဏ်တော်ကိုးပါး
══════════
၁။ အရဟံ = ပူဇော်အထူးခံယူတော်မူထိုက်သောဂုဏ်။
၂။ သမ္မာသမ္ဗုဒ္ဓေါ = အလုံးစုံသောတရားအပေါင်းကိုသိမြင်တော်မူသောဂုဏ်။
၃။ ဝိဇ္ဇာစရဏသမ္ပန္နော = ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား ၁၅ပါး တို့နှင့်
ပြည့်စုံတော်မူသောဂုဏ်။
၄။ သုဂတော = ကောင်းသောစကားကိုသာဆိုတော်မူသောဂုဏ်။
၅။ လောကဝီဒူ = လောကသုံးပါးကိုသိတော်မူအပ်သောဂုဏ်။
၆။ အနုတ္တရော ပုရိသ ဓမ္မသာရထိ= မယဉ်ကျေးသော လူနတ်ဗြဟ္မာသတ္တဝါတို့ကို
ယဉ်ကျေးအောင်ဆုံးမသောဂုဏ်။
ရ။ သတ္ထာဒေ၀မနုဿာနံ = နတ်လူတို့၏ ဆရာဖြစ်သောမူသောဂုဏ်။
၈။ ဗုဒ္ဓေါ = သစ္စာလေးပါးကို သိတော်မူသောဂုဏ်။
၉။ ဘဂဝါ = ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသောဂုဏ်။

#တရားဂုဏ်တော် ခြောက်ပါး
════════════════
၁။ သွာက္ခာတော = တရားတော်၏ အစအလယ်အဆုံးကောင်းသောဂုဏ်။
၂။ သန္ဒိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို
အောင်တတ်သောဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာပေးတတ်သောဂုဏ်။
၄။ ဧဟိပဿိကော = လာလှည့်ရှုလှည့်ဟူ၍ အစီရင်ကိုခံထိုက်သောဂုဏ်။
၅။ သြပနေယျိကော = စိတ်နှင့်မခွာဘဲဆောင်ခြင်းငှာထိုက်သောဂုဏ်။
၆။ ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ = ပညာရှိတို့စိတ်၌ သိအပ်ခံစားအပ်သောဂုဏ်။

#သံဃာ့ဂုဏ်တော် ကိုးပါး
══════════════
၁။ သုပ္ပဋိပန္နော = သိက္ခာကျင့်၀တ်တို့ကို ကောင်းစွာကျင့်တော်မူသောဂုဏ်။
၂။ ဥဇုပ္ပဋိပန္နော = သိက္ခာကျင့်၀တ်တို့ကို ဖြောင့်မတ်စွာကျင့်သောဂုဏ်။
၃။ ဥာယပ္ပဋိပန္နော = နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသောဂုဏ်။
၄။ သာမိစိပ္ပဋိပန္နော = အရိုအသေပြုထိုက်အောင် သိက္ခာတို့ကိုရိုသေထိုက်သောဂုဏ်။
၅။ အာဟုနေယျော = အဝေးမှဆောင်၍ သီလ၀န ္တတို့အား လှူအပ်သော ပစ္စည်းကို
ခံယူတော်မူထိုက်သောဂုဏ်။
၆။ ပါဟုနေယျော = ချစ်ခင်နှစ်လိုအပ်သောဧည့်သည်တို့အဖို့ စီရင်ထားသော
မြတ်သောအလှူကိုခံတော်မူထိုက်သောဂုဏ်။
ရ။ ဒက္ခိနေယျော = တမလွန်လောကကို ယုံကြည်၍ပေးအပ်သော မြတ်သော
အလှူကိုခံတော်မူထိုက်သောဂုဏ်။
၈။ အဉ္ဇလီကရဏီယျော = ကောင်းမူကိုအလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုးခြင်းငှာ
ထိုက်တော်မူသောဂုဏ်။
၉။ အနုတ္တရံပုညခေတ္တံ = ကောင်းမူတည်းဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ
လယ်မြေကောင်းသဖွယ်ဖြစ်သောဂုဏ်။

#အနှစ်သုံးပါး
══════════
၁။ ဒါန ၂။ သီလ ၃။ ဘာ၀နာ

#ပစ္စည်းလေးပါး
══════════
၁။ ဆွမ်း ၂။ ဆေး ၃။ သင်္ကန်း ၄။ ကျောင်း

#ဆီမီးကပ်လှူခြင်းအကျိုးနှစ်ပါး
═════════════════
၁။ ပကတိမျက်စိကြည်လင်ခြင်း
၂။ ဥာဏ် (မျက်စိ)ကြည်လင်ခြင်း

#ဆွမ်းအကျိုး ငါးပါး
══════════
၁။ အာယု = အသက်ရှည်ခြင်း
၂။ ၀ဏ္ဏ = အဆင်းလှခြင်း
၃။ သုခ = ချမ်းသာကြီးခြင်း
၄။ ဗလ = ခွန်အားကြီးခြင်း
၅။ ပရိဘာန = ဥာဏ်ပညာကြီးခြင်း

#ပန်းလှူရသည့် အကျိုးသုံးပါး
════════════════
၁။ ရုပ်ရည်လှပသည်။
၂။ ခန္ဒာကိုယ်သန့်ရှင်းစင်ကြယ်စေသည်။
၃။ ခံတွင်းအနံ မွှေးကြည်စေသည်။

#သီလရှိသူ ရနိုင်သောအကျိုး ငါးပါး
══════════════
၁။ စည်းစိပ်ဥစ္စာရရှိနိုင်သည်။
၂။ ဂုဏ်သတင်းကျော်ကြားနိုင်သည်။
၃။ တင့်တင့်တယ်တယ်နေနိုင်သည်။
၄။ မတွေမဝေဘဲသေရမည်။
၅။ သေပြီးနောက် ကောင်းသောဘဝရောက်နိုင်သည်။

#တရားနာခြင်း၏ အကျိုး ငါးပါး
═════════════
၁။ မကြားဖူးသော ထုံနည်းပုံစံ တရားကောင်းတို့ကို ကြားရခြင်း။
၂။ ကြားဖူးသော တရားကောင်းကို အဖန်တလဲလဲ မှတ်မိအောင်နာကြားရခြင်း။
၃။ ယုံမှားသံသယကို ဖျောက်နိုင်ခြင်း။
၄။ အယူဝါဒကို ဖြောင့်မတ်စွာ ယူနိုင်ခြင်း။
၅။ သဒ္ဓါယုံကြည်သောစိတ်တိုးပွားစေခြင်း။

#မေတ္တာအကျိုး ၁၁ ပါး
══════════
၁။ ချမ်းသာစွာအိပ်ရသည်။
၂။ ချမ်းသာစွာနိုးရသည်။
၃။ မကောင်းသောအိမ်မက်မမြင်
၄။ လူနတ်ချစ်သနားသည်။
၅။ ဘေးလွတ်အောင်နတ်တို့စောင်မသည်။
၆။ မီးမလောင်နိုင်
၇။ ဓားလက်နက်မထိနိုင်
၈။ အဆိပ်နှင့်မသေနိုင်
၉။ မကောင်းသောစိတ်ပျောက်သည်။
၁၀။ မျက်နှာအဆင်းလှသည်။
၁၁။ မတွေဝေဘဲသေ၍ ဗြမ္မာပြည်သို့ရောက်သည်။

#သည်းခံခြင်းအကျိုး ငါးမျိုး
══════════════
၁။ လူအများချစ်ခြင်း။
၂။ ရန်ငြိမ်းခြင်း။
၃။ အပြစ်နည်းခြင်း။
၄။ မတွေမဝေသေရခြင်း။
၅။ သုဂတိဘ၀သို့လားရခြင်း။

#အပယ်လေးပါး
══════════
၁။ ငရဲ ၂။ တိရိစ္ဆာန် ၃။ ပြိတ္တာ ၄။ အသူရကာယ်

#ကပ်သုံးပါး
═══════
၁။ ဒုဗိ ္ဘက္ခန ္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်
၂။ သတ္တန ္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်
၃။ ရောဂန ္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးသောကပ်

#ရပ်ပြစ်ရှစ်ပါး
═══════
၁။ ငရဲ = ချမ်းသာမှုအလျဉ်းမရှိသောအရပ်
၂။ တိရစ္ဆာန် = နိဗ္ဗာန်နှင့်ဖီလာ မိုးကိုကျေပေးသောသတ္တဝါ
၃။ ပြိတ္တာ = ကိုယ်လက်အင်္ဂါ မမျှတသောသတ္တဝါ
၄။ အသညဇော = ခန္ဓာကိုယ်တစ်ပါးသာရှိ၍ အသက်နာမ်မရှိသော ဗြဟ္မာဘုံ
၅။ ပစ္စန ္တရော = ရတနာသုံးပါး မသိ၊ မရှိသော တောချုံ အုံခြားအရပ်
၆။ မိစ္ဆာဒိဌိ = မှားသောအယူရှိသော လူမျိုးစု
၇။ ဝိကလိနြ္ဒိယ = သစ္စာလေးပါးတရားကိုနာကြားရသော်
၈။ ဗုဒ္ဓသုညော တိဟေတုကော = အသိအလိမ္မာနှင့်ပြည့်စုံသော်လည်း ဘုရားပွင့်သော
ကာလနှင့်လွဲ၍ လူဖြစ်ရခြင်း။

#ရန်သူမျိုး ငါးပါး
══════════
၁။ ရေ ၂။ မီး ၃။ မင်းဆိုး ၄။ သူခိုး ၅။ မချစ်မနှစ်သက်သောသူ

#ဝိပတ္တိတရား လေးပါး
══════════
၁။ သီလဝိပတ္တိ = သီလပျက်ခြင်း
၂။ ဒိဌိဝိပတ္တိ = အယူပျက်ခြင်း
၃။ အာစာရဝိပတ္တိ = အကျင့်ပျက်ခြင်း
၄။ အာဇီ၀၀ိပတ္တိ = အသက်မွေးမှုပျက်ခြင်း

#ဗျသနတရား ငါးပါး
══════════
၁။ ဥာတိဗျသန = ဆွေမျိုးဥာတိတို့ သေကျေပျက်စီးခြင်း
၂။ ဘောဂဗျသန = ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာလျောကျပျက်စီးခြင်း
၃။ ရောဂဗျသန = အနာရောဂါ နှိပ်စက်ပျက်စီးခြင်း
၄။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း
၅။ ဒိဌိဗျသန = အယူဝါဒ လွဲမှားပျက်စီးခြင်း

#ကိလေသာ သုံးပါး
══════════
၁။ လေဘ ၂။ ဒေါသ ၃။ မောဟ

#ကာလသုံးပါး
══════════
၁။ အတိတ် = လွန်လေပြီးသောကာလ
၂။ ပစ္စုပ္ပါန် = လက်ရှိကာလ
၃။ အနာဂတ် = နောင်ကာလ

#အဂတိတရား လေးပါး
════════════
၁။ ဆန္ဒ ၂။ ဒေါသ ၃။ ဘယာ ၄။ မောဟ

#မျက်မှောက်စည်းစိမ်ပျက်စီးကြောင်းတရား သုံးပါး
════════════════════
၁။ ဣတ္ထိဓုတ္တ = မိန်းမလိုက်စားခြင်း
၂။ သုရာဓုတ္တ = သေသောက်ကြူးခြင်း
၃။ အက္ခဓုတ္တ = လောင်းကစားခြင်း

#သရဏဂုံပျက်ရသောအကြောင်း နှစ်ပါး
════════════════════
၁။ မိစ္ဆာဒိဌိအယူကိုပြောင်းယူခြင်း
၂။ သေဆုံးခြင်း

#ကံသုံးပါး
══════
၁။ ကာယကံ = ကိုယ်ဖြင့်ပြုခြင်း
၂။ ၀စီကံ = နှုတ်ဖြင့်ပြုခြင်း
၃။ မနောကံ = စိတ်ဖြင့်ပြုခြင်း

#အာရုံ ခြောက်ပါး ကာမဂုဏ်တရားများ
════════════════
၁။ ရှုပါရုံ = အဆင်းအာရုံ
၂။ သဒ္ဒါရုံ = အသံအာရုံ
၃။ ဂန္ဓာရုံ = အနံအာရုံ
၄။ ရသာရုံ = အရသာအာရုံ
၅။ ဖောဌဗ္ဗရုံ = အတွေ့အာရုံ
၆။ ဓမ္မာရုံ = တရားသဘောအာရုံ

#ပိဋကတ် သုံးပုံ
═════════
၁။ သုတ္တန် ၂။ ဝိနည်း ၃။ အဘိဓမ္မာ
#စေတနာ သုံးတန်
══════════
၁။ ပုဗ္ဗ = ကြိုတင်စေတနာ
၂။ မုဉ္စ = ပြုဆဲစေတနာ
၃။ ပရ = ပြုပြီးစေတနာ
══════════

#လောကပါလ တရားနှစ်ပါး
( လောကကို စောင့်ရှောက်သော တရား။ )
════════════════
ဟိရီ = အပြစ်မကင်းသော အမှု၊
မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်း၊
ဩတ္တပ္ပ = အပြစ်မကင်းသော အမှု၊
မကောင်းမှု ပြုလုပ်ရမည်ကို ကြောက်ခြင်း၊

#လောက သုံးပါး
═════════
၁။ သတ္တလောက = လူသတ္တဝါများ၏ လောက
၂။ သင်္ခါရလောက = ဖြစ်ပျက်ပြုပြင်လောက
၃။ သြကာသလောက = ရှိရှိသမျှလူသတ္တဝါအားလုံးရှိသောလောက

#ဗြဟ္မစိုရ်တရား လေးပါး
══════════
၁။ မတ်ေတာတရား
၂။ ကရုဏာတရား
၃။ မုဒိတာတရား
၄။ ဥပက်ခာတရား

သမ္ပတ္တိတရား လေးပါး
══════════
၁။ ကာလသမ္ပတ္တိ = ခေတ်အခါကောင်းနှင့် ကြုံတွေ့ရခြင်း။
၂။ ဂတိသမ္ပတ = လူ့ဘ၀နတ်ဘ၀ကဲ့သို့ ကောင်းသောဂတိနှင့် ကြုံတွေ့ရခြင်း။
၃။ ဥပဓိသမ္ပတ = ခြေလက်အင်္ဂါညီညာပြည့်စုံခြင်း၊ ရုပ်ရည်ရူပကာတင့်တယ်ခြင်း။
၄။ ပယောဂသမ္ပတ = ကာယကံ၊ ၀စီကံ၊ မနောကံ ကံသုံးပါးဖြူစင်ကောင်းမွန်ခြင်း။

#သမ္ပဒါတရား လေးပါး
(မျက်မှောက်ကြီးပွားကြောင်းတရား လေးပါး)
═════════════════
၁။ ဥဌာနသမ္ပဒါ = ထကြွလုံ့လဝီရိယနှင့် ပြည့်စုံမှု
၂။ အာရက္ခသမ္ပဒါ = စောင့်ရှောက်ခြင်းနှင့် ပြည့်စုံမှု
၃။ ကလျာဏမိတ္တသမ္ပဒါ = မိတ်ဆွေကောင်းရှိမှု
၄။ သမဇီဝိတသမ္ပဒါ = မျှတစွာအသက်မွေးမှု

#ခန္ဓာငါးပါး
══════
၁။ ရူပက္ခန္ဓာ
၂။ ဝဒေနာက်ခန်ဓာ
၃။ သင်္ခါရက္ခန္ဓာ
၄။ သညာက်ခန်ဓာ
၅။ ဝိညာဏက်ခန်ဓာ

#သိက်ခာသုံးပါး
══════
၁။သီလ
၂။သမာဓိ
၃။ပညာ

#သစ္စာလေးပါး
═══════
၁။ ဒုက္ခသစ္စာ
၂။ သမုဒယသစ္စာ
၃။ နိရောဓသစ္စာ
၄။ မဂ္ဂသစ္စာ

#စေတီလေးမျိုး
════════
၁။ ဓမၼေစတီ
၂။ ဓါတုစေတီ
၃။ ဥဒ္ဓိဿစေတီ
၄။ ပရိဘောဂစေတီ

#ဥပါယ်တံမျဉ် လေးမျိုး
══════════
၁။ ဘေဒဥပါယ် = သဘောထားအယူအဆကွဲလွဲအောင် သွေးတိုးသပ်လျှိုသည့်နည်းလမ်း။
၂။ ဒဏ္ခုဥပါယ် = ထောင်ချခြင်း၊ အချုပ်ချခြင်းစသော ဒဏ်ခတ်သည့်နည်းလမ်း။
၃။ သာမဥပါယ် = ရင်းနှီးအောင်ပေါင်းသင်းဆက်ဆံခြင်း၊ ကိုယ်ဘက်ပါအောင် ဖျောင်းဖျ
ပြောဆိုစည်းရုံးခြင်းနည်းလမ်း။
၄။ ဒါနဥပါယ် = ပေးကမ်းခြင်းနည်းလမ်း။

သင်ကြားလေ့လာဗုဒ္ဓဘာသာ

Thanks;
Buddhism Beams (Myanmar)
www.facebook.com/pahtanpuzawkyathumyar
https://pahtanpuzawkyathumya.blogspot.com

ပျော်ရွှင် အောင်မြင်ကြပါစေ

ချစ်တတ်တဲ့ မေတ္တာသမားကြီး

ပဋ္ဌာန်းသည် ဘ၀ ကိုတိုးတက်စေသည်။

အားလုံးပဲမင်္ဂလာပါ....ကျွန်တော်တို့ အင်ကြင်း မော်တော်ယာဉ်မောင်းသင်တန်းကျောင်း မှအပတ်စဉ် ၁/၂၀၁၆ သင်တန်းဆင်ပွဲကိုမော်ပီ ဆရာသ...
27/04/2016

အားလုံးပဲ
မင်္ဂလာပါ....
ကျွန်တော်တို့
အင်ကြင်း မော်တော်ယာဉ်မောင်းသင်တန်းကျောင်း မှ
အပတ်စဉ် ၁/၂၀၁၆ သင်တန်းဆင်ပွဲကို
မော်ပီ ဆရာသိန်ခန်းမ (စာကြည့်တိုက်) တွင်
ဧပြီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ မှာ ကျင်းပပြီးစီးခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင်
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းနိုင် တက်ရောက်အမှာစကား
ပြောကြားပေးခဲ့ပြီး ...
ဆက်လက်၍....
ဗဟိုပို့ဆောင်ဆက်သွယ်ရေးသင်တန်းကျောင်း (မိတ္ထီလာ)မှ
ကထိက (ငြိမ်း) ဆရာကြီး မှ
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တွေကိုပို့ချပေးပြီး
ငါတို့....
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို သိအောင်သင်မယ်။
ယာဉ်ကိုမမောင်းနှင်မှီ ဘယ်လိုစစ်ဆေးရမယ်ဆိုတာတွေကိုသင်မယ်။
မောင်းရင်ကြုံတွေ့ရမဲ့ အန္တရာယ်တွေကိုသင်မယ်။
ငါယာဉ်မောင်းနှင်လို့ဘယ်သူကိုမှ အန္တရာယ်မဖြစ်စေရဘူးဆိုတဲ့
စိတ်မျိုးနဲ့ သင်ကြားတက်မြောက်မှသာလျှင် ယာဉ်ကို အန္တရယ်မရှိအောင်
မောင်းနှင်တက်တဲ့ ယာဉ်မောင်းကောင်းတွေ ဖြစ်လာလိမ့်မယ်လို့....
သင်တန်းသူ/သင်တန်းသားတွေကိုမှာကြားသွားပါတယ်။
ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ
ဆရာသိန် စာကြည်တိုက် တာဝန်ရှိသူ အားလုံး နှင့်
ဆရာများ၊ သင်တန်းသား/သူ များ အားလုံး...ကို....
( ကျေးဇူး အထူးတင်ပါတယ်။ )

အားလုံးပဲ             မင်္ဂလာပါ....ကျွန်တော်တို့       အင်ကြင်းရိပ် (မီနီမတ်)                အင်ကြင်းရိပ် CP - ကြက်ကြော်ဆိ...
14/04/2016

အားလုံးပဲ
မင်္ဂလာပါ....
ကျွန်တော်တို့
အင်ကြင်းရိပ် (မီနီမတ်)
အင်ကြင်းရိပ် CP - ကြက်ကြော်ဆိုင်တွေ
ကိုတော. နှစ်ဆန်း ၂ ရက်နေ့
(၁၈.၄.၂၀၁၆) တနင်္လာနေ့ မှ
ဆိုင်ပြန်ဖွင့်ပါမည်။
အင်ကြင်းရိပ် (Tea & Food Center )
ဆိုင်ကတော့ နှစ်ဆန်း ၁ ရက်နေ့
မှစပြီးပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါကြောင်း
အသိပေးကြော်ငြာအပ်ပါတယ်။
မှတ်ချက် ။ ။
အင်ကြင်း
မော်တော်ယာဉ်မောင်းသင်တန်းကျောင်း
အမှတ်စဉ် (၂) သင်တန်းကတော့
စနေ /တနင်္ဂနွေ အတန်းက
(၂၃.၄.၂၀၁၆ )စနေနေ့
ပုံမှန်အတန်း က
(၂၅.၄.၂၀၁၆) တနင်္လာနေ့
၁၂ ရက် အထူးအမြန်သင်တန်းသားများ က
(၂၅.၄.၂၀၁၆) တနင်္လာနေ့ တွင်
လက်တွေ့မောင်းနှင်ခြင်း သင်ခန်းစာ စတင်ပါမည်။

Super Sunday ရဲ့စနေ - တနင်္ဂနွေ အထူးသင်တန်းကတော့နေပူပူ ကွင်းကျယ်ကျယ်လမ်းဖျောင့်ဖျောင့်မှာတိုင်ဝင် - တိုင်ထွက်၉၀' ခေါင်းဝင်...
20/03/2016

Super Sunday ရဲ့
စနေ - တနင်္ဂနွေ အထူးသင်တန်း
ကတော့
နေပူပူ ကွင်းကျယ်ကျယ်
လမ်းဖျောင့်ဖျောင့်မှာ
တိုင်ဝင် - တိုင်ထွက်
၉၀' ခေါင်းဝင်ပါကင်ထိုးနည်း
လေ့ကျင့်နေကျပုံ
မှတ်တမ်းဓာတ်ပုံတွေပါ....

အင်ကြင်းအခြေခံမော်တော်ယာဉ်မောင်းနှင် ထိမ်းသိမ်းမူအတတ်သင်တန်းပုံမှန်သင်တန်း ( တနင်းလာ --- သောကြာ )အပတ်စဉ် (၁) ကျောင်းသား ...
16/03/2016

အင်ကြင်း
အခြေခံမော်တော်ယာဉ်မောင်းနှင် ထိမ်းသိမ်းမူအတတ်သင်တန်း
ပုံမှန်သင်တန်း ( တနင်းလာ --- သောကြာ )
အပတ်စဉ် (၁) ကျောင်းသား / ကျောင်းသူများ
ယနေ့ ကွင်းသစ်ကြီးမှာ
၃ ရက်မြောက်နေ့....
ကွင်းပတ်မောင်း - (ဘယ်ပတ်)
သင်ခန်းစာ စတင်နေပါပြီ။
ကွင်သစ်ကြီး = နေပျာက်မထိုး (ဂနိုင်တောကြီး)
သာသာယာယာ
စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့်
အခြေခံယာဉ်မောင်း သင်ကြားနေကြပုံ
မှတ်တမ်းလေးပါ.....
ရှေ့တစ်ပတ် ဆိုရင်
လမ်းတို - အပြင်ကွင်း (ပတ်မောင်း)
ကွင်းကျယ်ကျယ်
နေပူပူ မှာ အရှိန်ပြောင်းလဲခြင်း
သင်ခန်းစာ....
ဂီယာ ....၁ / ၂ / ၃ / ၄ / ၅....R.....

အင်ကြင်းအခြေခံမော်တော်ယာဉ်မောင်းနင် ထိမ်းသိမ်းမူအတတ်သင်တန်ကျောင်းအပတ်စဉ် (၁)နံနက် ၉:၀၀ မှာ သင်တန်းကို စတင်ဖွင့်လှစ် ပြီး...
12/03/2016

အင်ကြင်း
အခြေခံမော်တော်ယာဉ်မောင်းနင် ထိမ်းသိမ်းမူအတတ်သင်တန်ကျောင်း
အပတ်စဉ် (၁)
နံနက် ၉:၀၀ မှာ သင်တန်းကို
စတင်ဖွင့်လှစ် ပြီး
စာတွေ့သင်ကြားနေပုံ ....
မှတ်တမ်းတင် ဓာတ်ပုံ....
ဆရာဦး ချိုဌေး
သင်တန်းသား / သူ (၄၀) ဦး ပါ။

အင်ကြင်း မော်တော်ယာဉ် မောင်းနှင် ထိမ်းသိမ်းမူအတတ် သင်တန်းကျောင်းစာတွေ့ / လက်တွေ့     AUTO /MANUAL           အမျိုးသား / ...
05/03/2016

အင်ကြင်း
မော်တော်ယာဉ် မောင်းနှင် ထိမ်းသိမ်းမူအတတ် သင်တန်းကျောင်း
စာတွေ့ / လက်တွေ့
AUTO /MANUAL
အမျိုးသား / အမျိုးသမီး အားလုံး အတွက်
အတက်သင်တန်းကျောင်း ၏.......
အမှတ်စဉ် (၁) ကို
စတင်ဖွင့်လှစ်ပေးပါတော့မည်။
သင်တန်းတက်ရောက်လိုသူများ
၉.၃.၂၀၁၆ နေ့နောက်ဆုံးထားပြီး
စာရင်းပေးသွင်းနိုင်ပါပြီ။
ဖွင့်ပွဲ အခန်းအနား ကို
၁၂.၃.၂၀၁၆ နေ့ တွင် စတင်ကျင်းပဖွင့်လှစ်ပါမည်။
သင်တန်းအပတ်စဉ် (၁)
တက်ရောက်သူများ အတွက်
အထူးအခွင့်အရေးတွေပေးထားပါတယ်။
ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါပြီ။
Ingyin Basic Car Driving & Maintenance Training School.

Address

No. (62), Pyi Road, Tauk Gyi Gone Qty;
Hmawbi
95

Telephone

+959445599975

Website

Alerts

Be the first to know and let us send you an email when အင်ကြင်း အိမ်ခြံမြေအကျိုးဆောင် လီမိတက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share