ACE Allies Construction Equipment

Call Directions Contact the business

ACE Allies Construction Equipment Quality heavy equipment replacement parts and components

C6.4 Engine ကို Inline pump ပြောင်းရန်။ Engine (J) လုံးအတွက်ပဲ ပစ္စည်းများကျန်ပါတော့တယ်။ Nozzle နှင့် pipe လိုင်းများအတွ...
13/09/2026

C6.4 Engine ကို Inline pump ပြောင်းရန်။

Engine (J) လုံးအတွက်ပဲ ပစ္စည်းများကျန်ပါတော့တယ်။

Nozzle နှင့် pipe လိုင်းများအတွက် အပိုပစ္စည်းများလဲ ရပါပြီ။
စိတ်ဝင်စားရင် ကျေးဇူးပြု၍ဆက်သွယ်လိုက်ပါ။
အသေးစိတ် ဆွေးနွေးပြီး ဆောင်ရွက်ပေးပါမယ်။

ယုံကြည်စွာ အပ်နှံခဲ့သော Customer ကိုလဲ အထူးကျေးဇူးတင်ပါတယ်။

1MW Cummins Generator Engine threw a rod through both sides of the block.
02/09/2026

1MW Cummins Generator Engine threw a rod through both sides of the block.

320D C6.4 Engine ...Error ကင်းစင် စေရန် Common rail system နှင့် ECU ထိန်းချုပ်မှု့စနစ်ကို ဖယ်ရှားလိုက်ပါ။
30/08/2026

320D C6.4 Engine ...Error ကင်းစင် စေရန်
Common rail system နှင့် ECU ထိန်းချုပ်မှု့စနစ်ကို ဖယ်ရှားလိုက်ပါ။

29/08/2026

320D C6.4 Engine ...Error ကင်းစင် စေရန် အကြံပြုခြင်း။

​"320D C6.4 စက်နဲ့တော့ စိတ်ပျက်လှပြီ... စျေးလျှော့ပြီး ရောင်းရတော့မလား?"
စက်ပိုင်ရှင်ကြီးများ စိတ်ဓာတ်ကျနေပြီလား?
​CAT 320D (C6.4) ရဲ့ Injector ပျက်တိုင်း "စက် Operatorက ဆီဇကာ မလဲလို့လား၊ ဆီညံ့လို့လား" ဆိုပြီး Operator ကိုလည်း အပြစ်မတင်ပါနဲ့၊ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်မတိုပါနဲ့တော့။
​အဓိက အမှန်တရား (Root Cause Check):
C6.4 Common Rail စနစ်ဆိုတာ အလွန်သန့်စင်တဲ့ဆီ (2 Micron) ကိုပဲ လက်ခံတာပါ။ မြန်မာပြည် လုပ်ကွက်ထဲက ဖုန်၊ သဲ၊ ရေငွေ့နဲ့ ဆီအခြေအနေအရ ဘယ်လောက်ပဲ ဂရုစိုက်စိုက် သဘာဝအတိုင်း ရေရှည်ဒဏ်မခံနိုင်တဲ့ စနစ် ဖြစ်နေလို့ပါ။
ဒီအပြင် ရှုပ်ထွေးလှတဲ့ Electronic စနစ်ရဲ့ လုပ်ဆောင်မှုကလဲ စက်ကို မကြာခဏ ရပ်တန့်စေပါတယ်။
​ဒီပြဿနာကြောင့်ပဲ စက်ပိုင်ရှင်အများစုဟာ -
​အပိုပစ္စည်းဖိုး သိန်းရာချီ အဆုံးမရှိ ပေးဆပ်နေရခြင်း။
​စက်ရပ်ချိန် (Downtime) ကြောင့် လုပ်ကွက်ဝင်ငွေများ ဆုံးရှုံးရခြင်း
​နောက်ဆုံး စိတ်ပျက်ပြီး သိန်းရာချီ စျေးအနှိမ်ခံကာ စက်ကို အမြန်ရောင်းထုတ်နေရခြင်း များ ကြုံနေရပါတယ်။
​"သိန်းပေါင်းများစွာ ရင်းနှီးထားတဲ့ CAT 320D စက်ကောင်းတစ်စီးကို C6.4 Fuel System ပြဿနာတစ်ခုတည်းနဲ့ စျေးအနှိမ်ခံပြီး ရောင်းထုတ်ဖို့အထိ စဉ်းစားနေရတာဟာ တကယ်ပဲ အကောင်းဆုံး ထွက်ပေါက် လား?"

​ထာဝရ ထွက်ပေါက် အဖြေရှိပါတယ်:

​မြန်မာပြည်ဆီနဲ့ လုံးဝကိုက်ညီပြီး၊ ဆီညံ့လည်း ခံနိုင်၊ ရေပါလည်း ဒဏ်ခံနိုင်တဲ့ Inline Pump (ပန့်ထောင်) စနစ် သို့ ပြောင်းလဲလိုက်တာဟာ အပိုပစ္စည်းဖိုး သိန်းပေါင်းများစွာ သက်သာစေပြီး အိတ်ပေါက်နွံထဲက လွတ်မြောက်မယ့် အကောင်းဆုံး အဖြေဖြစ်ပါတယ်။
​စက်ပိုင်ရှင်ကြီးများခင်ဗျာ... အပူပင်မရှိဘဲ စက်စွမ်းအား အပြည့်အဝ ပြန်လည်အသုံးပြုနိုင်ဖို့ Injector စနစ်ကို ဖယ်ရှားပြီး Inline Pump စနစ်သို့ ပြောင်းလဲဖန်တီးလိုက်ပါ။
​(စက်အလုပ်လုပ်ပုံနှင့် ရုန်းအား အခြေအနေကို ပူးတွဲပါ Video တွင် လေ့လာကြည့်ရှုနိုင်ပါသည်)

​Error ကင်းစင်ပြီး ပြုံးပျော်ရွှင်နိုင်ကြပါစေ...။

Inline Pump ပြောင်းလဲခြင်းနှင့် ပတ်သက်ပြီး Comment သို့မဟုတ် Messenger မှတစ်ဆင့် အသေးစိတ် ဆွေးနွေးနိုင်ပါပြီခင်ဗျာ။
အားလုံးကျမ်းမာ ကျပါစေ။

Operator Cabin order မှာလို့ရပါပီ😅😅
23/08/2026

Operator Cabin order မှာလို့ရပါပီ😅😅

စက်ရပ်ချိန် ဆုံးရှုံးမှု (The Hidden Downtime Cost)​Common Rail စနစ် ပျက်လို့ Injector တွေ၊ Pump တွေ သိန်းရာချီ ပေးပြီး ...
16/08/2026

စက်ရပ်ချိန် ဆုံးရှုံးမှု (The Hidden Downtime Cost)

​Common Rail စနစ် ပျက်လို့ Injector တွေ၊ Pump တွေ သိန်းရာချီ ပေးပြီး လဲရတာ မှန်ပေမဲ့ အဲဒါက "မျက်စိရှေ့မှာတင် ကုန်တဲ့ စရိတ်" ပါ။
တကယ်တမ်း စက်ပိုင်ရှင်တွေရဲ့မျက်ကွယ်က ဆုံးရှုံးမှုတွေက ပိုနာကျင်ရပါတယ်။

ဝင်ငွေဆုံးရှုံးမှု နဲ့ ယုံကြည်မူ ပျက်စီးစေတာပါ

"စက်ရပ်နေတဲ့ ရက်များ" မှာ ပျောက်ဆုံးသွားတဲ့ ဝင်ငွေ ​ပွင့်လင်းရာသီ ၁ ရက် စက်ရပ်သွားရင် ဖြစ်ပေါ်လာမယ့် True Cost (အစစ်အမှန် ဆုံးရှုံးမှု) ကို တွက်ကြည့်ကြစို့:
​လုပ်ကွက် ဝင်ငွေ ဆုံးရှုံးမှု: ပျမ်းမျှ ၁ ရက်လျှင် သိန်း ၂၀ မှ ၅၀ အထိ ဆုံးရှုံးပါတယ်။

​စောင့်ရချိန် ဆုံးရှုံးမှု (၃ ရက်မှ ၇ ရက်):
နယ်ဝေးက မက္ကနစ်နဲ့ အပိုပစ္စည်း စောင့်ရချိန်အတွင်း စက်ရပ်ရုံတင် မဟုတ်ဘဲ Operator (စက်မောင်းသူ) စရိတ်၊ လုပ်ကွက် ဒဏ်ကြေး၊ လုပ်ငန်း ကြန့်ကြာမှု စတဲ့ ဆုံးရှုံးမှုပေါင်း သိန်း ၁၀၀ ကျော်အထိ ရှိသွားပါပြီ။
​ယုံကြည်မှု ဆုံးရှုံးမှု: လုပ်ငန်းခွင်အတွင်း စက် ခဏခဏ ရပ်နေရင် စက်ပိုင်ရှင်အပေါ်မှာ လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှုပါ ကျဆင်းစေပါတယ်။
​C6.4 Engine သုံးထားတဲ့ CAT 320D ရဲ့ Injector ပြဿနာဟာ အပိုပစ္စည်းဖိုးတင် ကုန်တာ မဟုတ်ဘဲ စက်ပိုင်ရှင်ရဲ့ "လုပ်ငန်းတစ်ရပ်လုံးရဲ့ ရေရှည် အကျိုးစီးပွား" ကိုပါ ပျက်စီးစေတာ ဖြစ်ပါတယ်။
​စက်ပိုင်ရှင်ကြီးများခင်ဗျာ...
ပွင့်လင်းရာသီမှာ သိန်းရာချီတဲ့ ပစ္စည်းဖိုးထက်၊ သင့်လုပ်ငန်းခွင် တစ်ခုလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ "အချိန်" တွေကို မဆုံးရှုံးစေချင်ပါဘူး။
​ဒီစက်ရပ်ချိန် ဒုက္ခကနေ အမြန်ဆုံး လွတ်မြောက်ဖို့ C6.4 Fuel System ကို ဘယ်လို ပါးနပ်စွာ အဖြေရှာကြမလဲ? သင့်ရဲ့ အတွေ့အကြုံကို မျှဝေပေးခဲ့ပါခင်ဗျာ။

[CAT 320D - C6.4 Fuel System ကုန်ကျစရိတ် (The Cold Hard Data)]​စာရွက်ပေါ်မှာ ဂဏန်းအမှန်အတိုင်း တွက်ကြည့်ကြစို့... C6.4 C...
13/08/2026

[CAT 320D - C6.4 Fuel System ကုန်ကျစရိတ် (The Cold Hard Data)]

​စာရွက်ပေါ်မှာ ဂဏန်းအမှန်အတိုင်း တွက်ကြည့်ကြစို့... C6.4 Common Rail စနစ်အတွက်
သင်တကယ် ပေးဆပ်နေရတဲ့ ငွေပမာဏ ဘယ်လောက်ရှိသလဲ?
​CAT 320D (C6.4 Engine) ကို ကိုင်ထားတဲ့ စက်ပိုင်ရှင်တွေအနက် Injector နဲ့ Pump လဲဖူးသူတိုင်း အောက်ပါ ကိန်းဂဏန်းတွေကို ကြည့်ရင် ရင်ဘတ်ထဲက ဒဏ်ရာတွေ ပြန်ပေါ်လာပါလိမ့်မယ် -
​၁။ အဓိက အပိုပစ္စည်း ၃ မျိုး၏ လက်ရှိစျေးကွက်ပေါက်စျေးများ

​Injectors (၆ လုံးတစ်စုံ): OEM (၄၀ သိန်း) | Genuine Market Price (၁၂၀ သိန်း) |
CAT Official (၁၇၀ သိန်း)

​High Pressure Pump: OEM (၇၀ သိန်း) | Genuine Market Price (၁၂၀ သိန်း) | CAT Official (၂၂၀ သိန်း)

​Engine ECU (ECM): OEM (၅၀ သိန်း) | Genuine Market Price (၉၀ သိန်း) | CAT Official (၂၇၀ သိန်း)
​၂။ အဓိက ပစ္စည်း ၃ မျိုးတည်းတင် စုစုပေါင်း ကုန်ကျစရိတ်
​OEM အဆင့်: ၁၆ဝ သိန်း
​Genuine Market စနစ်: ၃၃၀ သိန်း
​CAT Official စနစ်: ၆၆၀ သိန်း

​ဒါတင် ပြီးပြီထင်ပါသလား?
Sensors များ၊ Switches များ၊ Wiring Harness ၊ Connectors များ၊ High Pressure Pipes များနှင့် တခြားသောစရိတ်တွေ ကျန်ပါသေးတယ်။
​မြန်မာပြည်ရဲ့ လက်ရှိ ဆီအရည်အသွေးနဲ့ဆိုရင် ထိုပစ္စည်းများသည် တစ်ခါလဲရုံနဲ့ မပြီးဘဲ "ခဏခဏ ပျက်စီးနိုင်တာကြောင့် အဆုံးမရှိတဲ့ စက်ပြင်စရိတ် သိန်းပေါင်းများစွာ" ကို ဆက်လက် ပေးဆပ်နေရတာ ဖြစ်ပါတယ်။
​C6.4 Common Rail စက်ပိုင်ရှင်ကြီးများခင်ဗျာ...
ဒီအချက်အလက်တွေဟာ ကျွန်တော်တို့ မြေပြင်မှာ လက်တွေ့ ခံစားခဲ့ရတဲ့ အခြေအနေတွေကို တင်ပြထားခြင်း ဖြစ်ပါတယ်။

​သင်တို့ရော C6.4 Fuel System ကြောင့် ဘယ်လောက်အထိ အိတ်ပေါက်နဲ့ ဖားကောက်ခဲ့ရဖူးပါသလဲ?
သင့်ရဲ့ အတွေ့အကြုံနဲ့ ကုန်ကျစရိတ်တွေကို Comment မှာ အတူတူ မျှဝေဆွေးနွေးသွားကြရအောင်ပါ...

[CAT 320D - C6.4 Engine Operational Pain] - စက်ပိုင်ရှင်တိုင်း ကြုံဖူးကြလား?​ရွှေမှော်၊ ကျောက်မှော်နဲ့ လုပ်ကွက်အသီးသီးမှ...
12/08/2026

[CAT 320D - C6.4 Engine Operational Pain] - စက်ပိုင်ရှင်တိုင်း ကြုံဖူးကြလား?
​ရွှေမှော်၊ ကျောက်မှော်နဲ့ လုပ်ကွက်အသီးသီးမှာ CAT 320D ရဲ့ ဟိုက်ဒရောလစ်စနစ်နဲ့ ရုန်းအားကို လူတိုင်း ကြိုက်ကြပါတယ်။ ဒါပေမဲ့ C6.4 Common Rail အင်ဂျင် တပ်ဆင်ထားတဲ့ စက်ကို ပိုင်ဆိုင်ထားသူတိုင်း အောက်ပါ Operational Pain (လုပ်ကွက်ထဲက နေ့စဉ်သောကများ) ကို အနည်းဆုံး တစ်ကြိမ်မက ကြုံဖူးကြပါလိမ့်မယ် -
​စက်မနက်နိုးတိုင်း ရင်တထိတ်ထိတ် ဖြစ်ရခြင်း: "ဒီနေ့ မီးခိုးနက် ထွက်မလား၊ စက်ထိုးရပ်မလား၊ Code တက်ဦးမလား" ဆိုတဲ့ သောကနဲ့ စတင်ရခြင်း။
​မက္ကနစ်နှင့် ကွန်ပျူတာဆရာမပါဘဲ မရခြင်း: သာမန်မက္ကနစ် ပြုပြင်၍ မရဘဲ Diagnostic Tool (CAT ET) ပါသော နယူးမက္ကနစ်များကို နယ်ဝေးအထိ လမ်းစရိတ်၊ လက်ခ အမြောက်အမြားပေး၍ ခေါ်ယူနေရခြင်း။
​စက်မောင်းသူ (Operator) ကို သံသယဝင်ရခြင်း: "ဆီထဲ ရေပါသွားလို့လား၊ Filter မလဲလို့လား" ဆိုပြီး စက်မောင်းသူနှင့် မကြာခဏ အဆင်မပြေဖြစ်ရခြင်း။
​CAT 320D စက်ပိုင်ရှင်ကြီးများခင်ဗျာ... သင့်စက်မှာရော ဒီ Operational Pain တွေထဲက ဘယ်နှစ်ချက်နဲ့ ကြုံတွေ့နေရပါသလဲ?
(သင့်အတွေ့အကြုံကို ဆွေးနွေးခဲ့လို့ရပါတယ်)

Caterpillar 320D (C6.4 Engine) Injector နှင့် ECU ပျက်စီးမှုပြဿနာများ - အကြောင်းရင်းနှင့် ဖြေရှင်းနည်းများ၁။ မကြာခဏကြုံတ...
04/12/2025

Caterpillar 320D (C6.4 Engine) Injector နှင့် ECU ပျက်စီးမှုပြဿနာများ - အကြောင်းရင်းနှင့် ဖြေရှင်းနည်းများ

၁။ မကြာခဏကြုံတွေ့ရသော Error Code များ

· 1-7, 2-7, 3-7 အစရှိသော Error Code များ ပေါ်လာခြင်း။
· FMI 7 (Failure Mode Identifier 7) ၏ အဓိပ္ပာယ်မှာ "Abnormal Performance or Mechanical Failure" ဖြစ်ပါသည်။
· ဆိုလိုရင်းမှာ Engine ECU က Injector တစ်လုံး (သို့) တစ်လုံးထက်ပိုသော Injector များ၏ စွမ်းဆောင်ရည် ပုံမှန်မဟုတ်ကြောင်း တွေ့ရှိထားခြင်း ဖြစ်သည်။

---

၂။ ပြဿနာ၏ အဓိကအရင်းခံများ

ECU အသစ်လဲရသည်အထိ ဖြစ်ရခြင်း၏ ဇစ်မြစ်မှာ Injector ဆီဖြန်းမှုစနစ် နှင့် ECU ကြားက သဟဇာတမဖြစ်မှု ကြောင့်ဖြစ်သည်။

(က) Injector နှင့် ပတ်သက်သော အကြောင်းရင်းများ

· အရည်အသွေးနိမ့် သို့မဟုတ် ပြန်လည်ပြုပြင်ထားသော Injector များ၏ ပြဿနာ
· Solenoid အားနည်းချက် - မှန်ကန်သော လျှပ်စစ်အချက်ပြနိုင်စွမ်း မရှိခြင်း။
· ဆီဖြန်းပုံစံ (Spray Pattern) မမှန်ခြင်း - Nozzle ပိတ်နေခြင်း သို့မဟုတ် ဆီစိမ့်ခြင်း။
· အပူချိန်ပြောင်းလဲမှုဒဏ်ကို မခံနိုင်ခြင်း - အင်ဂျင်ပူလာသည်နှင့် Injector ၏စွမ်းဆောင်ရည် ပိုမိုကျဆင်းလာခြင်း။
· Injector Coding နှင့် Calibration မပြုလုပ်ခြင်း
· Train File မထည့်သွင်းခြင်း - ECU မှ အသစ်တပ်ဆင်ထားသော Injector ကို မှန်မှန်ကန်ကန် မသိရှိခြင်း။
· Trim Code/Calibration မထည့်ခြင်း - Injector ၏ ဆီဖြန်းပမာဏ (Flow Rate) ကို ECU က မှန်မှန်ကန်ကန် မထိန်းချုပ်နိုင်ခြင်း။
· ရလဒ် - ECU က မှားယွင်းသော ဒေတာများကို ရရှိပြီး Injector Driver Circuit ကို ပုံမှန်မဟုတ်သော လုပ်ဆောင်ချက်များ ပေးစေကာ၊ နောက်ဆုံးတွင် ECU ပါ ပျက်စီးစေခြင်း။

(ခ) အခြားသော အကြောင်းရင်းများ

· လောင်စာဆီစနစ် ညစ်ညမ်းခြင်း - ဆီစစ်ကောင်းကောင်းမသုံးခြင်း၊ မကြာခဏမလဲခြင်း။
· အင်ဂျင်အပူချိန် ပုံမှန်မရှိခြင်း။
· High-Pressure Fuel Pump ပြဿနာ - လိုအပ်သော ဖိအားကို မပေးနိုင်ခြင်း။
· ဝိုင်ယာကြိုး/Connector ပြဿနာ - ECU နှင့် Injector ကြား အချက်ပြမှု အားနည်းခြင်း။

---

၃။ ကုန်ကျစရိတ်သက်သာစွာ ဖြေရှင်းနည်းများ

ECU အသစ်လဲခြင်းသည် နောက်ဆုံးရွေးချယ်စရာ သာဖြစ်သင့်သည်။

· စနစ်တကျ ရှာဖွေစစ်ဆေးပါ
1. Caterpillar ET Software ဖြင့် Fuel System Verification Test လုပ်ပါ။
2. အပူချိန် Sensor နှင့် Thermostat ကို စစ်ဆေးပါ။
3. လောင်စာဆီဖိအား နှင့် High-Pressure Pump ကို စစ်ဆေးပါ။
· ECU ကို အသစ်မလဲဘဲ ပြန်လည်ပြုပြင်ပါ
· ECU Repair Specialist များထံ ပို့ကာ ပျက်စီးနေသော Injector Driver Transistors, Voltage Regulators စသည်တို့ကို အစားထိုးပြုပြင်နိုင်သည်။
· ဈေးနှုန်း - အသစ်၏ ၂၀% မှ ၃၀% ခန့်သာ ကုန်ကျပြီး Warranty လည်းရနိုင်သည်။
· Injector တပ်ဆင်ရာတွင် မဖြစ်မနေလုပ်ရမည့် အဆင့်များ
1. Injector Code/Serial Number ကိုဖတ်ပါ။
2. CAT ET ဖြင့် Coding (Train File ထည့်သွင်းခြင်း) လုပ်ပါ။
3. Calibration (Trim Code ထည့်သွင်းခြင်း) လုပ်ပါ။
4. Fuel System Verification Test ပြန်လည်စစ်ဆေးပါ။

---

၄။ ပြဿနာမဖြစ်ပွားအောင် ကာကွယ်နည်းများ

· အရည်အသွေးမြင့် လောင်စာဆီနှင့် ဆီစစ်များကိုသာ သုံးစွဲပါ။
· ဆီစစ်ကို နာရီ ၃၀၀-၃၅၀ ကြာတိုင်း (သို့) ထုတ်လုပ်သူညွှန်ကြားသည့်အတိုင်း ပုံမှန်လဲပါ။
· Injector အသစ်လဲတိုင်း Coding နှင့် Calibration ကို အမြဲတမ်းပြုလုပ်ပါ။ ဤနှစ်ခုကို ခွင့်မလွှတ်ထိုက်ပါ။
· အင်ဂျင်အပူချိန် ပုံမှန်ရှိမရှိ မကြာခဏ စစ်ဆေးပါ။
· Error Code ပေါ်လာလျှင် ချက်ချင်းစစ်ဆေးပြီး အရင်းခံအကြောင်းရင်းကို ရှာဖွေဖြေရှင်းပါ။

---

၅။ ကောက်ချက်နှင့် အရေးကြီးသော အချက်

C6.4 အင်ဂျင်၏ Injector နှင့် ECU ပြဿနာသည် "အဖြစ်များသော်လည်း ကာကွယ်နိုင်သော" ပြဿနာဖြစ်သည်။ စနစ်တကျ ထိန်းသိမ်းမှု၊ အရည်အသွေးမီသော အစိတ်အပိုင်းများ နှင့် မှန်ကန်သော တပ်ဆင်နည်းစနစ် ဤသုံးချက်ကို ဂရုစိုက်ပါက ဤဒုက္ခကို အများဆုံးရှောင်ရှားနိုင်မည်ဖြစ်ပါသည်။

ECU အသစ်လဲရန် မလိုအပ်မီ ပရော်ဖက်ရှင်နယ် ရှာဖွေစစ်ဆေးမှု ခံယူပါ။ ပြန်လည်ပြုပြင်နိုင်သော ECU ဝန်ဆောင်မှု ကို စဉ်းစားပါ။
✍️အထက်ပါ ပျက်သနာအတွက် အတွေအကြုံများ
ကို comment တွင်ဝင်ရောက်ဆွေးနွေးငြင်းခုံခြင်းဖြင့် အားလုံးအတွက် အသိပညာ တိုးပွားရန် မျှော်လင့်ပါသည်✍️
အဆင်ပြေကျပါစေ.

CAT -320D Injector error လို အသိများတဲ့(1-7,2-7) စသော (- 7) Error ကို လွယ်ကူစွာ ဖြေရှင်းနိုင်ပီဆိုတာ သင်သိပါသလား??320D မ...
02/12/2025

CAT -320D Injector error လို အသိများတဲ့(1-7,2-7) စသော (- 7) Error ကို လွယ်ကူစွာ ဖြေရှင်းနိုင်ပီဆိုတာ သင်သိပါသလား??

320D မှာErro (-7) ပေါ်လာရင် စက်ပိုင်ရှင်တွေ ရင်ခုန်ရပါတယ် ကုန်ကျစရိတ်တွေကြီးလို့ပေါ့
စက်ပြင်ဆရာတွေလဲ ဒီဝါးတားတား Error ကြီးကို ရှာကြ ဖွေကြ ပင်ပန်းကြပေါ့၊
ဒါပေမဲ့ ECU ပြင်တဲ့ ဆရာ့ ဆရာကြီးတွေ က ဒီ Errorကို အလွယ်လေးဖြေရှင်းပေးနိုင်ကြတယ်။
အလွယ်လေး ဖြေရှင်းပေးနိုင်တဲ့ ဆရာကြီးတွေဆိုတာ ECU - Hardware ကို အပြစ်ရှာပီး ပြုပြင်ပေးတဲ့သူတွေ ကိုမဆိုလိုပါ ။

ပြုပြင်နည်း / ကုန်ကျစရိတ်
ကားတစီးမှာ Engine Check ဆိုတဲ့ မီး အဝါကြီးလင်းလာလို မီးလုံးဖြုတ်/ တိပ်ကပ် လုပ်လိုက်သလိုပေါ့ -
(-7)Error ပေါ်တယ် ပြသ နာကို မရှင်းတော့ဘူး
ဒီ Error အကြောင်း ပြောနေတဲ့ DTC ကိုလဒ်ထိုးပီး မင်းနဲ့မဆိုင်ဘူး ဘာမှမပြောနဲ့ ဆိုပီး DTC ကို ပိတ်လိုက်တဲ့နည်းနဲ့ ပြင်ပေးတယ်၊
အရမ်းလွယ်တဲ့ တအားကောင်းတဲ့ ပြုပြင်မှုပါ
အရင်က ဒါမျိုးလုပ်ပေးတာ ၂၅ သိန်းထိ ဈေးပေါက်တယ် အခုတော့ Customer စက်ပိုင်ရှင်ကြီးတွေကို သနားလို့ နေမှာ ဈေးလျှော့ပေးထားတယ် 15 သိန်းနဲ့လုပ်လို့ရနေပါပီ
ဘယ်မှာ ပြင်လို့ရလဲ မမေးနဲ့ ကိုယ်ဘာသာ ရှာဖွေကြပါ ။

ဒီလို ပြုပြင်ခြင်းက အဆင်ပြေလား
Error မပေါ်စေချင်တာလား? စက်ကောင်းစေချင်တာလား ?
စက်ကောင်းစေချင်တယ်ဆို လုံးဝမလုပ်သင့်တဲ့ကိစ္စပါ ။
DTC off လို့ရတဲ့ကိစ္စတွေရှိပါတယ် ဒါပေမဲ့ ဒီ Error (-7)က ပထမ Cylinder ၁လုံး/ ၂လုံးမှာ စပီးပေါ်တပ်ပါတယ် အဲ့လိုစပေါ်ခါစမှာ စက်က အလုပ်လုပ်လို့ရနေနိုင်ပါတယ် (စက်တိုင်းတော့မဟုတ်ပါ) တိကျတဲ့ အဖြေရှာ ပြုပြင် မူ မလုပ် ကြာလာရင် Injector Driver IC တွေ ထိခိုက်လာပီး 6လုံးစလုံး ပေါ်လာမှာပါ၊
ဒါဆို Injector နဲ့ Ecuလဲရတဲ့ အခြေနေရောက်လာနိုင်ပါတယ်။
DTC off တာက ဒီ Errorမှာ လုံးဝမလုပ်သင့်တဲ့ကိစ္စပါ ဒါမျိုးလုပ်ဖို့ စတွေးခဲ့တဲ့ ဆရာသမားကြီးကိုလဲ လေးစားပါတယ်
စက်ပြင်ဆရာများ သတိထားရန်
ဒီလို DTC Off ထားတဲ့ စက်မျိုးကိုပြုပြင်တဲ့အခါ Error မပေါ်တော့ဘဲ အစဆွဲရ ခတ်ခဲမူနဲ့တွေရမှာအမှန်ပါ၊
ဒါကြောင့် ECU ပြုပြင်ဖို့လိုအပ်တဲ့အခါ ဘယ်လိုပြုပြင်မှာလဲ ဘာတွေလုပ်ပေးလိုက်လဲဆိုတာ
ကိုတော့ မေးသင့် သိသင့်တယ်လို ထင်ပါတယ်။
Error ပျောက် ရင် ပီးရောဆိုလို့ကတော့
သင့်ဒီလို DTC off ထားတဲ့ စက်နဲ့နောက် မတွေ ကြုံရပါစေနဲ့လို့ ဆုတောင်းသင့်တယ်။

အားလုံး အဆင်ပြေကျပါစေ။

Address

Dagon

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30

Telephone

+9595025708

Website

Alerts

Be the first to know and let us send you an email when ACE Allies Construction Equipment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ACE Allies Construction Equipment:

Shortcuts

Share