Electrical Internal Wiring

Electrical Internal Wiring A.K Electrical installation Group

27/11/2023
ပဲခူးမြို့ မဟာမြိုင် ပေါ်ဦးလမ်းအတွင်း လူနေလုံးချင်းတလုံးအား လျှပ်စစ်မီးအလှဆင်ခြင်း လုပ်ငန်း ပြီးစီးမှု့ ပုံရိပ်များ။
27/11/2023

ပဲခူးမြို့ မဟာမြိုင် ပေါ်ဦးလမ်းအတွင်း လူနေလုံးချင်းတလုံးအား လျှပ်စစ်မီးအလှဆင်ခြင်း လုပ်ငန်း ပြီးစီးမှု့ ပုံရိပ်များ။

26/11/2023

ရှီကျင်းပင်က ငယ်ငယ်က
အရမ်း တစ်ကိုယ်ကောင်းဆန်တယ်တဲ့။
သားသမီးတွေ အတွက်
တစ်ခုခုဝယ်လာရင် သူက
အကောင်းဆုံးကို ယူတယ်။

အဲဒါကြောင့်
သူ့ကို ဘယ်သူမှ အပေါင်းအသင်း
မလုပ်ချင်ကြသလို
ကစားဖော် သူငယ်ချင်းလည်း မရှိဘူးတဲ့။
ဒါကိုလည်း သူ့ရဲ့ အမှားလို့ သူမထင်ဘူးတဲ့။

တစ်ရက်မှာတော့
သူ့အဖေက သူကို သင်ခန်းစာ ပေးချင်တာနဲ့
ခေါက်ဆွဲ ၂ ပွဲ ပြင်ထားတယ်။
တစ်ပွဲမှာ ကြက်ဥ ကို
ခေါက်ဆွဲပေါ် တင်ထားပြီး
နောက်တစ်ပွဲမှာ ကြက်ဥပါတာ မတွေ့ရဘူး။

သူ့ကိုလည်း
သား မင်းကြိုက်တဲ့
ခေါက်ဆွဲ ပွဲယူစား ဆိုတော့
သူက ကြက်ဥပါတဲ့ ပွဲကို
အရင်ယူ စားတာပေါ့။

အဲဒီအချိန်တွေတုန်းက
ကြက်ဥက တရုတ်ပြည်မှာ
ဒီလောက်မပေါသေးဘူးတဲ့။
သူတို့ မိသားစုတွေ အတွက် နှစ်သစ်ကူးလို
နေ့တွေမှာသာ ကြက်ဥ စားကြရတာကိုး။

ရှီကျင်းပင်က
ကြက်ဥစားရတော့ ပျော်တာပေါ့။
သူရွေးတာမှန်လို့လည်း
သူ့ကိုယ်သူ ဂုဏ်ယူနေတာပေါ့။

အဲလိုနဲ့ စားနေရင်း
သူ့အဖေ ပန်းကန်ကြည့်လိုက်တော့
ကြက်ဥက ၂ လုံးတောင်တဲ့။
လားလား
ခေါက်ဆွဲအောက်မှာ ကြက်ဥတွေ
မြုပ်ထားခဲ့တာကိုး။
သူလည်း နောင်တရသွားတာပေါ့။
သူ့ အဖေစားနေတဲ့ ပန်းကန်ရွေးမိရင်
ကြက်ဥ ၂ လုံးစားရမှာလေ။

သူ့ အဖေက ပြုံးပြီး
ဒီမှာ ငါ့သား မင်းသိထားဖို့က
မင်းမျက်လုံးနဲ့ မြင်တဲ့ အရာတိုင်းဟာ
အမှန်မဟုတ်ဘူး။

မင်းက
သူများအပေါ် အခွင့်အရေးယူဖို့ လုပ်တာနဲ့
ဆုံးရှုံးခြင်းတွေပဲ ကြုံရလိမ့်မယ် ငါ့သား
ဆိုပြီး ဆုံးမတယ်။

အဲလိုနဲ့
နောက်နေ့ကြတော့ သူနဲ့ သူ့အဖေ စားဖို့
ခေါက်ဆွဲ ၂ ပွဲ ပြင်ထား ပြန်တယ်တဲ့။

အဲလိုပဲ ကြိုက်တဲ့ ပွဲရွေးခိုင်းတယ်။
တစ်ပွဲမှာ ကြက်ဥ ကို ခေါက်ဆွဲပေါ်မှာ
တင်ထားပြီး နောက်တစ်ပွဲမှာ
ကြက်ဥပါတာ မတွေ့ရဘူး။

ဒီတခါတော့
ရှီကျင်းပင်က သား နပ်သွားပြီ ဆိုတဲ့ အထာနဲ့
ကြက်ဥ မပါတဲ့ ပွဲကိုရွေးလိုက်တယ်။

အဲလိုနဲ့ ယူပြီး စားဖို့ အောက်မှာ
ကြက်ဥ ၂ လုံးရှိမယ် အထင်နဲ့ မွှေရှာတာ။
ဘာကြက်ဥမှ မရှိဘူးတဲ့။
သူ့အဖေကတော့ ခေါက်ဆွဲပေါ်တင်ထားတဲ့
ကြက်ဥတစ်လုံး နဲ့ အရသာ ရှိရှိ
စားနတောကိုး။

အဲဒါနဲ့
သူ့အဖေ မျက်နှာမော့ကြည့်တော့
ငါ့သား မင်းမှာရှိခဲ့တဲ့
အတွေ့အကြုံတွေကိုလည်း
အရမ်းပုံပြီး မယုံနဲ့။
ဘဝမှာ မင်းကို လှည့်စားသွားတာတွေ
မာယာတွေ အများကြီး
ပြည့်နေတာတွေ ရှိတယ်။

ဒီတော့
ကိုယ်မှာ ရှိထားတဲ့ အတွေ့အကြုံတွေကို
ပညာနဲ့ ပေါင်းစပ်ပြီးမှ
ရွေးချယ်မှုတွေ လုပ်သင့်တယ် ဆိုပြီး
သင်ပေးတယ်။

တတိယ နေ့မှာလဲ အရင်နေ့တွေလိုပဲ
ခေါက်ဆွဲ ၂ ပွဲ ပြင်ထားတယ်။
အရင်လိုပဲ တစ်ပွဲရဲ့ အပေါ်မှာ
ကြက်ဥတင်ထားတယ်။
နောက်တစ်ပွဲမှာ ကြက်ဥ မတွေ့ရဘူး။

ဒီတစ်ကြိမ်မှာတော့
ရှီကျင်းပင်က အဖေ အရင်ရွေးပါ။
အဖေက အိမ်ထောင်ဦးစီး အဖေကို
ကျနော်ဦးစားပေးရမယ် ဆိုပြီး သူ့အဖေကို
အရင်ရွေးခိုင်းတယ်တဲ့။

သူ့အဖေကလည်း
မဆိုင်းမတွ လက်ခံပြီး
ကြက်ဥတင်ထားတဲ့ ခေါက်ဆွဲပွဲကို
ရွေးလိုက်တယ်။
ရှီကျင်းပင် ထင်လိုက်တာက
ကျန်တဲ့ ပွဲမှာ ဘာကြက်ဥမှ
ပါတော့မှာ မဟုတ်ဘူးလို့
ထင်လိုက်တာပေါ့။

ဒါပေမဲ့ စားမလို့ မွှေလိုက်တဲ့ အခါမှာပဲ
ကြက်ဥ ၂ လုံးတောင် ခေါက်ဆွဲအောက်မှာ ရှိနေတယ်တဲ့။

သူ့အဖေက ပြုံးပြီး
မေတ္တာလွှမ်းတဲ့ မျက်ဝန်းတွေနဲ့
သူ့သားကိုကြည့်ပြီး
ငါ့သား မင်းမှတ်ထားရဖို့က
မင်းက သူများအပေါ်ကောင်းခဲ့ရင်
မင်းအပေါ်မှာလည်း ဒီထက်ပိုကောင်းတဲ့ အရာတွေ ရောက်လာလိမ့်မယ် ဆိုပြီး
သင်ပေးတယ်လိုက်တယ်တဲ့..။

ငါ့သား
ဒီသင်ခန်းစာတွေကို မြဲမြဲ မှတ်ထားပါ။
ဒီသင်ခန်းစာတွေကို မင်းရဲ့ ကျောင်းဖတ်စာအုပ်တွေထဲ သင်ပေးမှာ မဟုတ်ဘူးဆိုပြီး ဆုံးမ လိုက်တယ်တဲ့။

အဲဒီလို ဖခင်ကောင်းရှိတဲ့ အတွက်
ရှီကျင်းပင်ဟာလည်း
အခုအချိန်မှာ တရုတ်နိုင်ငံလို
လူဦးရေ များပြားပြီး
ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတဲ့
နိုင်ငံမှာ ထူးချွန်ထက်မြက်ပြီး
သမ္မတ တစ်ယောက် ဖြစ်လာတဲ့အထိ အောင်မြင်ခဲ့တာပေါ့။

ရှီကျင်းပင် အဖေသင်ပေးလိုက်တဲ့
မှတ်သားဖွယ် စကား (၃) ခွန်း
ပြန်ကောက်လိုက်ရင်

၁ - မင်းမျက်လုံးနဲ့ မြင်တဲ့
အရာတိုင်းဟာ အမှန်မဟုတ်ဘူး။
မင်းက သူများအပေါ် အခွင့်အရေးယူဖို့
လုပ်တာနဲ့ ဆုံးရှုံးခြင်းတွေပဲ
ကြုံရလိမ့်မယ်။

၂ - မင်းမှာရှိခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း
အရမ်းပုံပြီး မယုံနဲ့။
ဘဝမှာ မင်းကို လှည့်စားသွားတာတွေ ၊
မာယာတွေ အများကြီး
ပြည့်နေတာတွေ ရှိတယ်။
ဒီတော့ ကိုယ်မှာ ရှိထားတဲ့
အတွေ့အကြုံတွေကို
ပညာနဲ့ ပေါင်းစပ်ပြီးမှ
ရွေးချယ်မှုတွေ လုပ်သင့်တယ်။

၃ - မင်းက သူများအပေါ်ကောင်းခဲ့ရင်
မင်းအပေါ်မှာလည်း ဒီထက်ပိုကောင်းတဲ့
အရာတွေ ရောက်လာလိမ့်မယ်တဲ့။

ပဲခူးမြို့ မွန်စံပြ ၂လမ်းတွင် လူနေအိမ်၂ထပ် အိမ်တလုံးအား လျှပ်စစ်မီး အလှဆင်ခြင်းလုပ်ငန်း ပြီးစီးခြင်းပုံရိပ်များ။
04/09/2023

ပဲခူးမြို့ မွန်စံပြ ၂လမ်းတွင် လူနေအိမ်၂ထပ် အိမ်တလုံးအား လျှပ်စစ်မီး အလှဆင်ခြင်းလုပ်ငန်း ပြီးစီးခြင်းပုံရိပ်များ။

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် ဆီဆိုင်နှင့်စားသောက်ဆိုင်+တည်းခိုခန်း အတွက် မီးအလှဆင်ခြင်းလုပ်ငန်း လုပ်ရန်အတွက် သွားရောက...
02/09/2023

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် ဆီဆိုင်နှင့်စားသောက်ဆိုင်+တည်းခိုခန်း အတွက် မီးအလှဆင်ခြင်းလုပ်ငန်း လုပ်ရန်အတွက် သွားရောက်လေ့လာ။

05/06/2023

လူ့အသံ ကို ဖမ်းယူပြီး
ပြန်လည် နားထောင် လို့ ရတဲ့
စက် ကို တီထွင်မယ် လို့
အက်ဒီဆင် က ပြောတဲ့အခါ
ဒီကောင် ရူးသွားပြီ ဆိုပြီး ဆေးရုံ တင်ဖို့
လုပ်ကြသတဲ့ ...

လေတိုက် လည်း မငြိမ်း ပဲ
လင်းမြဲ လင်း နေတဲ့ လျပ်စစ်မီးသီး ဆိုတာကို
လုပ်မယ် ဆိုတုန်းကလည်း
ရေနံဆီ မီးခွက်နဲ့ နေ နေကြ လူတွေက
မိန့်မိန့် ဂျီး နဲ့ ပြုံး ခဲ့ ကြတာပါ ...

ဟင်နရီဖိုဒ့် ဆိုတဲ့ကောင်လေး ဟာ
မြင်း ဆွဲတဲ့ လှည်း တွေ မှာ
မြင်း မလို ပဲ စက် ကို ထည့်မယ်
သစ်သား ဘီးတွေ အစား ရာဘာ သုံးမယ်
ဒီအတွက် တမြို့ နဲ့ တမြို့ ကို
အမြဲတမ်း လမ်း မ တွေ ဖောက် ရမယ် လို့
ဆို တော့ သာမန်လူတွေ မဆိုထား နဲ့
အိုက်တုန်း က အစိုးရ လူကြီးမင်း တွေကတောင်
ဒါဟာ မဖြစ်နိုင်ဘူး ဆိုပြီး စိတ်မဝင်စားခဲ့ပါ...

ပိတ်ကား ကြီး တွေ မှာ ပေါ်တဲ့
ရုပ်ရှင်ပြစက် တွေ ခေတ်စား နေတဲ့အချိန်မှာ
လူ တယောက် က ( ဂျာမနီ က )
အခု မိတ်ဆွေတို့ ကြည့် နေတဲ့
TV ဖန်သားပြင် ကို တီထွင်မယ် ဆို လေတော့
အရင်းနှီး ဆုံး မိတ်ဆွေ က တောင်
အောက်ပါအတိုင်း ရက်ရက်စက်စက် ဆိုတယ် ..
" မင်းရဲ့ လေးထောင့် သေတ္တာ လေးကို
ဘယ်သူက စိတ်ဝင်တစား ကြည့် နေမှာလဲ "
----------
လူတွေ ဆိုတာ လူတွေပဲ ဖြစ်ပါတယ် ...
ဖော်ပြထားတဲ့ အဖြစ်မျိုးတွေမှာ လူ တွေကို
အပြစ် တင် မဲ့ စိတ် သင့်မှာ ဖြစ် ပေါ်
ခဲ့ရင် ချက်ချင်းပဲ ဖျောက် လိုက်ပါ ...

ကျနော်တို့ဟာ
ကျနော်တို့ နားလည် လက်ခံနိုင်တဲ့
ဘောင်အတွင်း က နေပြီး
ရုန်းမထွက် နိုင် ကြ ပါဘူး ...

ကျနော် တို့က
ကျနော်တို့ နားလည် နိုင်တာနဲ့ပဲ
နှိုင်းယှဉ် ပြီး ဒါဟာ ဟုတ်တယ်
ဒါဟာ တော့ မဖြစ်နိုင်ဘူး လို့ပဲ
တတ်နိုင် ကြတာ မဟုတ်ပါလား ...
----------
အိုင်းစတိုင်း က
e= mc 2 ဟာ
သာမန် bomb ထက်
အဆ သိန်းသန်းချီပြီး ပြင်းထန် မယ် လို့
ဆိုတဲ့အခါ အစပထမ မှာ တော့
ပညာရှင်တွေကပါ မယုံကြည် နိုင်
ဖြစ်ခဲ့ကြရတာပါ...

နေ ( the sun ) ရဲ့ သက်တမ်းဟာ
နှစ်ပေါင်း ၄.၅ ဘီလီယံ ကျော် ပါပြီ တဲ့ ...
နှစ် သန်းပေါင်း ၄၅၀၀ ကျော် ပြီလို့
ပြောတာပါ ...
ဒီလို ရှည်လျားလှတဲ့ ကာလ ကြီး
တလျောက် အတွက် သူ့ရဲ့ လောင်စာ
ဟာ ဘာဖြစ်လို့ လုံလောက် နေတာပါလဲ...
အရွယ်အစား ကြီး လို့ များလား
ထင် မယ်ဆိုရင် သင်ဟာ နူကလီးယား
ဓါတ်ပြု ခြင်း ဆိုတာကို နည်းနည်းလေး ဖြစ်ဖြစ်
သဘောပေါက်မှ နားလည် နိုင်မှာပါ...
----------
နောက်ဆုံးတော့
ကောင်းကင်ကို သင် မော့ကြည့်လိုက်ပါ ...
အဆုံးအစ မရှိ ဘူး မဟုတ်ပါလား ...
ကျနော်တို့ဟာ
နိုးထရင်း ဖျတ်လတ်ရင်း မျက်ဝါးထင်ထင်
ရှင်သန် နေရင်း နဲ့ကို အိပ်မက်ကမ္ဘာ ထဲမှာ
နေ ထိုင် ရသလို ဖြစ် နေ တာ ...
----------
ကျနော် တို့ ရဲ့ ဘဝ ဆိုတာ
အိပ်မက် ဆန် လွန်း လှ ပါတယ် -----

credit

ပဲခူးမြို့ မဟာမြိုင်ရပ်ကွက်အတွင်း 2ထပ်ခွဲ လူနေအိမ်တလုံးအား မီးအလှဆင်ခြင်းလုပ်ငန်း ပြီးစီးမှု့ ပုံရိပ်မြင်ကွင်းများ
01/03/2023

ပဲခူးမြို့ မဟာမြိုင်ရပ်ကွက်အတွင်း 2ထပ်ခွဲ လူနေအိမ်တလုံးအား မီးအလှဆင်ခြင်းလုပ်ငန်း ပြီးစီးမှု့ ပုံရိပ်မြင်ကွင်းများ

19/02/2023

ဆိုလာတပ်လို့ကောင်းတဲ့အချိန်
----------------------------
ခုချိန်မှာ စျေးကွက်လိုအပ်ချက်အရ ဆိုလာ/အင်ဗာတာ/ဘက္ထရီတွေ
အလုံးအရင်းနဲ့ဝင်ရောက်လာလို့ စျေးကျလာတယ်။ နွေလည်းရောက်လာပြီ
ဆိုတော့ လျပ်စစ်လိုအပ်ချက်ပိုများလာသလို EPC က ပေးနိုင်အားကလည်း
ပိုကျလာတယ်။ ခုချိန်ဆိုလာတပ်ရင်တော့ ကုန်ကျစရိတ် သက်သာပါမယ်။
-
အရင်တစ်လ၊နှစ်လ လောက်က 5 kw တစ်စုံ ၁၃၀ သိန်းလောက်ကျရင်
အခု ၁၁၀/၁၁၅ လောက်ကျမယ်။ ဆိုလာပြားတွေက အရင် ၅၅၀ ဝပ် တစ်ချပ် ၆သိန်း
ကျော်ကနေ အခု ၅သိန်းကျော်လောက်ဖြစ်တော့ တစ်ချပ် ၁သိန်း လောက်သက်သာတယ်။
အင်ဗာတာတွေလည်း ၂/၃ သိန်းကျလာသလို lifepo4 battery တွေဆိုလည်း
၄/၅ သိန်းကနေ ၈/၉ သိန်းလောက်အထိ စျေးကျလာပါတယ်။
-
ပစ္စည်းဝယ်ယူရာမှာ သတိထားရမယ့်အချက်က အာမခံနဲ့ After sale
service ပါ။ ဆိုလာက ပြသနာမရှိတတ်ပေမယ့် အင်ဗာတာနဲ့ ဘက္ထရီက
တော့ အာမခံကိစ္စ၊ service ကိစ္စရှိတတ်ပါတယ်။ ဆိုလာ၊လျပ်စစ် လုပ်ငန်းကို
ကိုယ့်နံမည်နဲ့ကိုယ်လုပ်ကိုင်နေသူတွေက ဒီလုပ်ငန်းအမြဲလုပ်မှာမို့ အာမခံ၊ service
ကိစ္စ အလေးထားရပါတယ်။ တစ်ခုခုဆို အဆင်ပြေအောင် လုပ်ပေးရတယ်။
ဆိုလာ/အင်ဗာတာတွေ ခေတ်စားလို့ ဆူလွယ်နပ်လွယ် တင်သွင်းရောင်းချသူ
ဆိုရင်တော့ အာမခံ၊ service ကိစ္စတာဝန်ယူမှု ရှိမရှိမသေချာပါဘူး။
မဝယ်ခင်သေချာမေးဖို့လိုသလို ရောင်းသူရဲ့ Profile ကြည့်ဖို့လည်းလိုတယ်။
စျေးသက်သာတာကြည့်ဝယ်လိုက်ပြီး ရောင်းသူက
ပျောက်သွားရင် နောက်ပိုင်းဘယ်လိုက်ရမှန်းမသိဖြစ်နိုင်ပါတယ်။
-
ဆိုလာတပ်ရာမှာလည်း နံမည်ရှိတဲ့၊တာဝန်ယူမှုရှိတဲ့ ဆိုင်ကနေ ပစ္စည်းရော၊
ဆင်တာပါ တစ်ပါတည်း တာဝန်ယူတပ်ခိုင်းတာ ပိုကောင်းတယ်။ အချို့က
ကျတော့ ပစ္စည်းကို အဆင်ပြေရာဝယ်ပြီးမှ အခြားသူ ဆင်ခိုင်းတဲ့အခါ
အဆင်မပြေမှုရှိရင် ပစ္စည်းကြောင့်လား၊ ဆင်တဲ့သူကြောင့်လားဆိုတာမျိုး
ဖြစ်တတ်ပါတယ်။ ပစ္စည်းရော၊ဆင်တာရော တစ်ဉီးတည်းဆိုရင် ဘာမှ ပြော
စရာမလိုတော့ဘူး။ သူဆင်ထားတာ သူတာဝန်ယူပါလိမ့်မယ်။ အာမခံကောင်းပြီး
တာဝန်ယူမှုရှိတဲ့ ဆိုလာဆိုင်/ဆိုလာလုပ်ငန်းနဲ့ ဆိုရင် အဆင်ပြေမှာပါ။

ပဲခူးမြို့ ပဲခူး သနပ္ပင် လမ်းဘေးရှိ ဇောတိက စိုက်ပျိုးရေးဆေး အရောင်းဆိုင်အား လျှပ်စစ်မီး အလှဆင်ရန်အတွက် ပိုက်ပြေး ကြိုးဆွ...
17/08/2022

ပဲခူးမြို့ ပဲခူး သနပ္ပင် လမ်းဘေးရှိ ဇောတိက စိုက်ပျိုးရေးဆေး အရောင်းဆိုင်အား လျှပ်စစ်မီး အလှဆင်ရန်အတွက် ပိုက်ပြေး ကြိုးဆွဲ ခွက်ထိုင်ခြင်း လုပ်ငန်းအား စတင်။

ပဲခူးမြို့ မဟာမြိုင်ရပ်ကွက်အတွင်းရှိ  ၂ထပ် လူနေအိမ်တလုံးအား လျှပ်စစ်မီး အလှဆင်ရန် အတွက် ပိုက်ပြေး ကြိုးဆွဲလုပ်ငန်း စတင်။
10/08/2022

ပဲခူးမြို့ မဟာမြိုင်ရပ်ကွက်အတွင်းရှိ ၂ထပ် လူနေအိမ်တလုံးအား လျှပ်စစ်မီး အလှဆင်ရန် အတွက် ပိုက်ပြေး ကြိုးဆွဲလုပ်ငန်း စတင်။

Address

Bago

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959450088765

Website

Alerts

Be the first to know and let us send you an email when Electrical Internal Wiring posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Electrical Internal Wiring:

Share