Housing NOW

Housing NOW Social enterprise based in Myanmar / Prefabricated low-cost bamboo housing / MIT Solve 2022 winner / UNICEF Innovation30

Thank you for the recognition !!www.housing-now.org
21/01/2026

Thank you for the recognition !!

www.housing-now.org

🏆 Housing NOW - Myanmar, has received a 2026 World Habitat Bronze Award, in partnership with UN-HABITAT, for its low-cost, low-carbon bamboo housing for people displaced by conflict and climate disasters. 🎊

☀️The community-led approach builds local skills and enables people to construct and strengthen their own homes in difficult-to-access settings.

Watch this short video about their work 🎇 https://bit.ly/4b8Vmes

Read all the details 🎇 https://bit.ly/460roFM

Housing NOW

2025 in numbers. Built. Homes, clinics, classrooms — bamboo structures that people are using right now.Myanmar, still st...
31/12/2025

2025 in numbers. Built. Homes, clinics, classrooms — bamboo structures that people are using right now.
Myanmar, still standing.
Wishing you a strong year ahead.

www.housing-now.org

🌿မဂ်လာပါ။ 🌿ပဲခူးမြို့မှာ တည်ရှိတဲ့ Housing NOW ရဲ့ အလုပ်ရုံမှာ ဝါးများကို ဆေးပေါင်းနေခြင်းလုပ်ငန်းခွင် မှ ပုံရိပ်များပဲဖ...
11/12/2025

🌿မဂ်လာပါ။

🌿ပဲခူးမြို့မှာ တည်ရှိတဲ့ Housing NOW ရဲ့ အလုပ်ရုံမှာ ဝါးများကို ဆေးပေါင်းနေခြင်းလုပ်ငန်းခွင် မှ ပုံရိပ်များပဲဖြစ်ပါတယ်။
ဒီအချိန်က တော့ ဝါးခုတ်ချိန် ပဲဖြစ်ပါတယ်။
ဒီရာသီဟာ ဝါးအတွင်းမှာ အချိုဓါတ်ပါဝင်မှု အနည်းဆုံးကာလဖြစ်လို့ ဒီအချိန်မှာ ဝါးခုတ်ယူမယ်ဆိုရင် ပိုးစားဖို့ ရာခိုင်နှုန်းပိုနည်းသွားမှာဖြစ်ပါတယ်။ စနစ်တကျဆေးသွင်းပေါင်းခံခြင်းလုပ်ငန်းစဉ်အပြီးမှာတော့ အရည်အသွေးကောင်းပြီး ရာသက်ပန်ပိုးမထိုးနိုင်တဲ့ ဝါးများကို ရရှိမှာဖြစ်ပါတယ်။

🌿Housing NOW ရဲ့ ဝန်ထမ်းများအတွက်တော့ အလွန်အလုပ်များတဲ့ ကာလပဲဖြစ်ပါတယ်။
လာမယ့် တစ်နှစ်လုံးစာအတွက် ဝါးများခုတ်ယူခြင်း၊ ဆေးကြောသန့်ရှင်းခြင်း၊ ပိုးမထိုးစေရန် ဆေးပေါင်းခြင်း၊ အခြောက်ခံခြင်း၊ ဝါးအတွင်းအစိုဓါတ်ပါဝင်မှုကို တိုင်းတာခြင်း၊ ဝါးအကြီး/အသေး၊ အထူ/အပါး၊ အနု/အရင့် တို့ကို အဆင့်(grade)ခွဲခြင်း၊ သိုလှောင်သိမ်းဆည်းခြင်းတို့ကို အဆင့်ဆင့် စနစ်တကျလုပ်ကြရပါတယ်။

🌿ဝါးဆောက်လုပ်ရေး လုပ်ငန်းရဲ့ ကွင်းဆက်တစ်ခုလုံးမှာ အဆင့်ဆင့် အရည်အသွေးကောင်းမွန်ဖို့ဟာ ဒီအဆင့်က စတင်တာဖြစ်လို့ ဒီအဆင့်မှာ စနစ်တကျ မလုပ်ခဲ့ပါက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အခက်အခဲ နဲ့ အကျိုးဆက်တွေ အများကြီး သက်ရောက်နိုင်ပါတယ်။

🌿Housing NOW အဖွဲ့သားများဟာ ဝါးခုတ်ယူခြင်းမှ စတင်၍ အဆောက်အဦးတစ်ခု ပြီးစီးအောင်မြင်တဲ့ အထိ အဆင့်တိုင်းမှာ အရည်အသွေးကောင်းတဲ့ ရလဒ်တွေ ထွက်ပေါ်လာဖို့ အမြဲဂရုပြုလုပ်ဆောင်လျက်ရှိပါတယ်။

🌿Greetings from Housing NOW in Bago!

🌿These photos were taken at our workshop, where we are currently processing bamboo with preservation treatments. This season is the ideal time for cutting bamboo because the sugar content inside is at its lowest. Harvesting during this period greatly reduces the chance of insect infestation. After going through our systematic treatment process, we are able to produce high-quality, long-lasting bamboo that is resistant to insects.

🌿For the Housing NOW team, this is one of the busiest times of the year.
We have to carefully manage the entire annual cycle: cutting the bamboo, washing and cleaning it, applying treatments to prevent insect damage, drying the bamboo, measuring internal moisture content, grading by size, thickness, and age, and finally storing it properly.

🌿In bamboo construction, maintaining quality at every stage is essential — and this first stage is the foundation. If not done properly, it can create many challenges and complications later when the bamboo is used in construction projects.

🌿From harvesting the bamboo all the way to the successful completion of a construction project, the Housing NOW team is committed to ensuring quality results at every single step.

Just started building a third clinic !!- Size: 3150 sqft - Material: Mostly Bamboo- Construction: Housing NOW; Ko Zin- D...
25/11/2025

Just started building a third clinic !!
- Size: 3150 sqft
- Material: Mostly Bamboo
- Construction: Housing NOW; Ko Zin
- Design: Blue Temple

🌳ဒီဇင်ဘာလ မှာ စတင် ဆောက်လုပ်မယ့် ပရောဂျက် မှာ demolishing လုပ်ဆောင်နေမှု ၊ သွားရောက်ကြည့်ရှုစစ်ဆေး။ 🌳ရန်ကုန်၊ လှိုင်သာယာ...
15/11/2025

🌳ဒီဇင်ဘာလ မှာ စတင် ဆောက်လုပ်မယ့် ပရောဂျက် မှာ demolishing လုပ်ဆောင်နေမှု ၊ သွားရောက်ကြည့်ရှုစစ်ဆေး။

🌳ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ
ဝါး၊ သစ်သား၊ အုတ်၊ ကွန်ကရစ်တို့ ပေါင်းစပ်၍ ဆေးခန်းတစ်ခု ကို လာမယ့် ဒီဇင်ဘာလ မှာ Housing NOW မှ တာဝန်ယူ၍ စတင်ဆောက်လုပ်မှာပါ။

🌳ဒီဆေးခန်းဟာ ငှက်ဖျား၊ တီဘီ နဲ့ HIV လူနာများကို အဓိက ထား၍ (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု နဲ့ (အခမဲ့) တိုင်ပင်ဆွေးနွေးမှု အကြံဉာဏ်များ ပေးနေတဲ့ ဆေးခန်းတစ်ခုဖြစ်ပြီး နှစ်စဉ် လူနာ ထောင်ပေါင်းများစွာကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မှာဖြစ်ပါတယ်။

🌳 Ongoing demolition work and site inspection for the project starting this December.

🌳 In Hlaing Tharyar Township, Yangon, Housing NOW will begin construction this coming December on a clinic built with a combination of bamboo, timber, brick, and concrete.

🌳 This clinic primarily provides free healthcare services and free counselling to patients with malaria, TB, and HIV, and it will continue to serve thousands of patients every year with essential medical care.

Housing NOW ရဲ့ ဆောက်လုပ်ရေး ဆိုဒ်မှ ပိုလျံ ပစ္စည်းများနဲ့ တံတားဦးမြို့ခံ ကိုအောင်စိုးမင်း Leo Asminn တို့အဖွဲ့ ပူးပေါင်...
11/11/2025

Housing NOW ရဲ့ ဆောက်လုပ်ရေး ဆိုဒ်မှ ပိုလျံ ပစ္စည်းများနဲ့ တံတားဦးမြို့ခံ ကိုအောင်စိုးမင်း Leo Asminn တို့အဖွဲ့ ပူးပေါင်းဆောက်လုပ်လှူဒါန်းတဲ့ တံတားဦးမြို့ပေါ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ခုမှာ စာသင်သား သံဃာတော်တွေ နေထိုင် သီတင်းသုံးဖို့ ကျောင်းဆောင်လေး ရဲ့ ပုံရိပ်များပါ။
မနက်ဖြန် အပြီးသတ် ဓါတ်ပုံများနဲ့ ပြန်လာခဲ့ပါမယ်။ 😊

🌱မဂ်လာပါ။ 🌱Housing NOW ရဲ့ ငလျင်ဘေး ကူညီရေး ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ပြီးစီးတဲ့ နောက် ပိုလျံသော သစ်သား၊ ဝါး ၊ ကွန်...
07/11/2025

🌱မဂ်လာပါ။

🌱Housing NOW ရဲ့ ငလျင်ဘေး ကူညီရေး ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ပြီးစီးတဲ့ နောက် ပိုလျံသော သစ်သား၊ ဝါး ၊ ကွန်ကရစ် ဘုတ်ပြားများ နဲ့ အခြားပစ္စည်းများကို တံတားဦးမြို့ပေါ်က ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ခု မှာ စာသင်သား သံဃာတော်တွေ နေထိုင်ဖို့ ကျောင်းဆောင်လေး တစ်ခု ဆောက်လုပ်လှူဒါန်းပါတယ်။
🌱Housing NOW ရဲ့ လုပ်ငန်းခွင် ပိုလျံပစ္စည်းများအပြင် လိုအပ်သော အခြားပစ္စည်းများကို တံတားဦးမြို့ ဒေသခံ စေတနာ့ ဝန်ထမ်းဖြစ်တဲ့ ကိုအောင်စိုးမင်း Leo Asminn နဲ့ အသိမိတ်ဆွေ များက လည်း ဝိုင်းဝန်း စိုက်ထုတ် လှူဒါန်းကြပါတယ်။

🌱ကျောင်းဆောင်လေး ဖြစ်မြောက်ဖို့ လက်သမားအဖွဲ့ အတွက်လုပ်အားခ ငွေ ၉ သိန်း ကုန်ကျမှာ ဖြစ်ပြီး ကူညီထောက်ပံ့လို တဲ့ မိတ်ဆွေ သူငယ်ချင်းများက အောက်ပါ Kpay နံပါတ်များကို ကူညီပေးန်ိုင်ပါတယ်။

🌱Kpay information

🌱Kyaw Zin Latt
09963299845

🌱Ko Aung Soe Min
09966400096

🌱လက်သမားအဖွဲ့ လုပ်အားခ အတွက် ညီမလေး Nyein Su မှ ကူညီလှူဒါန်းငွေ 30,000 ကို ကျေးဇူးတင်စွာ ဖြင့် လက်ခံရရှိထားပါတယ်။

🌱ပုံတွေ က တော့ ကျောင်းဆောင်လေး ဆောက်လုပ်ခြင်း ၆ ရက်မြောက်နေ့ ပုံများဖြစ်ပါတယ်။ 🤝🤝

Kpay information

Designed by Blue Temple.Constructed by Housing NOW.Proud to share our 7th project featured on ArchDaily!🏗️ Check it out ...
07/11/2025

Designed by Blue Temple.

Constructed by Housing NOW.

Proud to share our 7th project featured on ArchDaily!

🏗️ Check it out here: https://www.archdaily.com/1035642

https://www.facebook.com/share/1EmFWvG2mS/?mibextid=wwXIfr

Completed in 2025 in Yangon, Myanmar. Images by Aung Htay Hlaing. Tututat Shade Canopy is a compact architectural addition for a Reggio-inspired preschool in Tamwe, Yangon. Conceived while our team was concurrently...

Housing NOW ရဲ့ တံတားဦးနဲ့ အင်းဝမြို့ဟောင်း တစ်ဝိုက်က ငလျင်ဘေး ကူညီကယ်ဆယ်ရေး အတွက် အိမ်ဆောက်လုပ်ရေး ပရောဂျက်တွေ ပြီးသွား...
30/10/2025

Housing NOW ရဲ့
တံတားဦးနဲ့ အင်းဝမြို့ဟောင်း တစ်ဝိုက်က ငလျင်ဘေး ကူညီကယ်ဆယ်ရေး အတွက် အိမ်ဆောက်လုပ်ရေး ပရောဂျက်တွေ ပြီးသွားတဲ့ နောက် ပိုလျံနေသော သစ်သား၊ ဝါး စတဲ့ ပစ္စည်းများနဲ့ ဒေသခံ စေတနာ့ဝန်ထမ်းများမှ လိုအပ်သောပစ္စည်းများ ထပ်မံစုပေါင်း စိုက်ထုတ်၍ ဆောက်လုပ်လှူဒါန်းသည့် တံတားဦးမြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတစ်ခု တွင် စာသင်သား သံဃာတော်များ နေထိုင်ရန် ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခြင်း ပထမနေ့ ပုံရိပ်များ ဖြစ်ပါတယ်။

အလုပ်ခေါ်ယူခြင်း — အထွေထွေမန်နေဂျာ (ဝါးစက်ရုံ၊ ပဲခူး)Housing NOW Co., Ltd. သည် ပဲခူးရှိ ၎င်း၏ ဝါးသန့်စင်ခြင်းနှင့် ကြိုတ...
30/10/2025

အလုပ်ခေါ်ယူခြင်း — အထွေထွေမန်နေဂျာ (ဝါးစက်ရုံ၊ ပဲခူး)

Housing NOW Co., Ltd. သည် ပဲခူးရှိ ၎င်း၏ ဝါးသန့်စင်ခြင်းနှင့် ကြိုတင်ထုတ်လုပ်ခြင်းစက်ရုံကို ချဲ့ထွင်လျက်ရှိရာ စက်ရုံလုပ်ငန်းလည်ပတ်မှုများကို ဦးဆောင်နိုင်မည့် အထွေထွေမန်နေဂျာ (General Manager) တစ်ဦးကို ခန့်အပ်လိုပါသည်။

ဤရာထူးသည် အမြဲတမ်းအလုပ် (Full-time position) ဖြစ်ပြီး နေထိုင်ခွင့်၊ တစ်နေ့ သုံးကြိမ် အစားအသောက် တို့ကို အခမဲ့ ပံ့ပိုးပေးမည်ဖြစ်ကာ လစာကိုလည်း ညှိနှိုင်းနိုင်ပြီး သတ်မှတ်ထားသော လုပ်ငန်းအဆင့်များ ပြည့်မီပါက ထပ်ဆောင်းဆုကြေး (Milestone-based bonuses) များ ပေးအပ်သွားမည်ဖြစ်သည်။

အဓိက တာဝန်ဝတ္တရားများ

* ဝါးသန့်စင်ခြင်းနှင့် ကြိုတင်ထုတ်လုပ်သည့် အလုပ်ရုံ၏ နေ့စဉ် လုပ်ငန်းလည်ပတ်မှုများကို ကြီးကြပ်စီမံခြင်း။
* ဝန်ထမ်းများ၏ တက်ရောက်မှု၊ လစာနှင့် စွမ်းဆောင်ရည်ဆုကြေးများ ကို ကြီးကြပ်ခြင်း။
* ပစ္စည်းနှင့် ကိရိယာစာရင်းများ ကို စီမံခန့်ခွဲခြင်း — သိုလှောင်မှုကို စနစ်တကျ ပြုလုပ်ကာ အဝင်အထွက်များကို ထိထိရောက်ရောက် မှတ်တမ်းထားခြင်း။
* ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများ၊ ကိုယ်ပိုင်အကာအကွယ်ပစ္စည်းများ အသုံးပြုမှုနှင့် စက်ရုံ၏ လုံခြုံရေး တို့ကို သေချာစေရန် ဆောင်ရွက်ခြင်း။
* ဝါးသန့်စင်ခြင်းနှင့် ကြိုတင်ထုတ်လုပ်မှုများအတွက် အရည်အသွေး ထိန်းချုပ်ရေး ကို စောင့်ကြည့်ခြင်း။
* ဆောက်လုပ်ရေးလုပ်သားများ ငှားရမ်းခြင်းနှင့် စီမံခန့်ခွဲရာတွင် HR ကို ကူညီပံ့ပိုးခြင်း။
* လိုအပ်ပါက ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို ကြီးကြပ်ရန်အတွက် တစ်ခါတစ်ရံ ခရီးထွက်ရခြင်း ရှိမည်။

ရှာဖွေနေသည့် အရည်အချင်းများ

* စနစ်တကျရှိခြင်း၊ စေ့စပ်သေချာပြီး အသေးစိတ်ကို ဂရုစိုက်သူ ဖြစ်ခြင်း။
* ဆောက်လုပ်ရေး၊ ဂိုဒေါင် သို့မဟုတ် ထုတ်လုပ်မှု စီမံခန့်ခွဲမှု တွင် အတွေ့အကြုံရှိခြင်း။
* စိတ်ချရခြင်း၊ လူများနှင့် လုပ်ငန်း လိုဂျစ်စတစ် နှစ်ခုလုံးကို စီမံခန့်ခွဲနိုင်သူ ဖြစ်ခြင်း။
* တိုးတက်နေသော၊ ရည်ရွယ်ချက်ရှိရှိ လည်ပတ်နေသည့် ကုမ္ပဏီတစ်ခုအတွင်း၌ တည်ငြိမ်သော၊ ရေရှည်အလုပ်အကိုင် ကို စိတ်ဝင်စားသူ ဖြစ်ခြင်း။

နေရာ - ပဲခူး
ကိုယ်ရေးအကျဉ်း (CV) ပေးပို့ရန် - [[email protected]](mailto:[email protected])
အီးမေးလ်ခေါင်းစဉ် (Subject line) - Application for General Manager

Address

Bago

Website

http://www.housing-now.org/

Alerts

Be the first to know and let us send you an email when Housing NOW posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Housing NOW:

Share