PMH Swimming Pool Professor

Call Directions Contact the business

PMH Swimming Pool Professor ရေကူးကန်နှင့်ပက်သက်သော အကြောင်းအရာများ

25/10/2026

သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့ ဝယ်
ဥပုသ်သီလဆောက်တည်ကြမယ်။
🙏🙏🙏🙏🙏

25/10/2026

26/10/2026(Monday)
သီတင်းကျွတ်လပြည့်
အဘိဓမ္မာနေ့ ၌
ဥပုသ်သီလ ဆောက်တည်ခြင်းဖြင့်
သီလကုသိုလ်များပွါးများနိုင်ကြပါစေ
🙏🙏🙏🙏🙏

24/09/2026

“Result ကို မကြည့်နဲ့၊ Process ကိုကြည့်”

▪️ရလဒ်ဆိုတာက တစ်ခါတလေ ကြက်ကန်းတိုးပြီးဖြစ်ဖြစ် ကောင်းသွားတတ်တယ်။ ဒါပေမဲ့ အဲဒါက ခဏ ခဏ မဖြစ်ဘူး။ ဒီတစ်ကြိမ် အဆင်ပြေသွားတာကို ကြည့်ပြီး အမြဲအဲဒီလို လိုက်လုပ်လို့ မရဘူး။

လုပ်ငန်းစဉ်ကသာ မှန်နေရင်တော့ ဒီတစ်ကြိမ် ရလဒ်မကောင်းခဲ့လည်း နောက်တစ်ကြိမ် ကောင်းမှာပဲ။ အချိန်ပဲ လိုတာ။

▪️ဘောလုံးပွဲတစ်ပွဲနိုင်ဖို့မှာ ကံတရားရဲ့ ဖေးမမှုကြောင့် ဖြစ်သွားနိုင်တာတွေ ရှိတယ်။ ဖြစ်လည်း ဖြစ်ခဲ့ဖူးကြတယ်။ ဒါပေမဲ့ တစ်နှစ်ပတ်လုံး ကန်ရတဲ့ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ကတော့ ကံတရားသက်သက်နဲ့ မရတော့ဘူး။ ကြိုးစားအားထုတ်မှုတွေ၊ မဆုတ်မနစ်သော ဇွဲလုံ့လတွေ၊ စည်းကမ်းတွေ၊ စုစည်းမှုတွေ လိုအပ်လာပြီ။

သိန်းတစ်ထောင်လောက် ရှိနေဖို့က ထီပေါက်ရင်လည်း ဖြစ်နိုင်တယ်။ အမွေရရင်လည်း ဖြစ်နိုင်တယ်။ မတရားသဖြင့် လုယူလည်းရတယ်။ ဒါပေမဲ့ ကိုယ့်အရည်အချင်းသက်သက်နဲ့ ပိုင်ဆိုင်နိုင်ဖို့ ဆိုရင်တော့ အချိန်တွေ၊ စွမ်းအင်တွေ၊ အားစိုက်မှုတွေ မရှိဘဲ မဖြစ်နိုင်ဘူး။

လောင်းကစားလုပ်ပြီး ငွေ ၁၀ သိန်းနိုင်လာတာနဲ့၊ တစ်လ ၁ သိန်းလောက် လုပ်ငန်းကနေ စမြတ်လာတာနဲ့မှာ ဘယ်တစ်ခုက အာမခံချက် ပိုရှိသလဲ။ Result ချည်းပဲ ကြည့်ရင်တော့ ၁၀ သိန်းက ပိုများတာပေါ့။ Process အရကျ မခိုင်မာဘူး။ ပုံမှန်ဝင်ငွေ ရှိနေတာကကျ Process အရ ပိုပြီး အာမခံချက် ပေးနိုင်တယ်။

▪️ဘောလုံးပွဲတွေမှာ ကြည့်ကြည့်။ နည်းပြက လူစားလဲလိုက်တယ်။ လဲလိုက်တဲ့ ကစားသမားက အနိုင်ဂိုး သွင်းသွားရင် ဒီနည်းပြ သိပ်တော်တယ် ချီးကျူးကြမယ်။ လဲလိုက်တဲ့ ကစားသမားက ကိုယ့်ဂိုးကိုယ်သွင်းသွားရင် ဒီနည်းပြကို ဝိုင်းဆဲကြမယ်။ ရလဒ်ပေါ်လာပြီးမှ အကဲဖြတ်ကြတာ။

နည်းပြကတော့ ဒါတွေ ဘယ်ကြိုသိမလဲ။ သူ အကောင်းဆုံးဖြစ်မယ်ထင်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ရတာပဲ။

ဘဝမှာလည်း ဒီလိုပဲ။ ကိုယ်တစ်ခုခုလွဲသွားပြီ ဆိုမှ တွေ့တယ်မို့လား ငါပြောသားပဲ ထထလုပ်မယ့်လူတွေ ရှိကိုရှိတယ်။ အဲဒါတွေ ခေါင်းထဲ သိပ်ထည့်မနေနဲ့။ ကိုယ့်လမ်းသာ ကိုယ်လျှောက်။

▪️ဘဝဆိုတာ ရွေးချယ်မှုတွေနဲ့ တည်ဆောက်ထားတာ။ မိုးလင်းကနေ မိုးချုပ်၊ လူမှန်းသိတတ်စကနေ သေသည်အထိ ရွေးချယ်နေရတယ်။ ဒီလောက်တောင် ရွေးနေရမှတော့လည်း အမှားဆိုတာ ရှိလာမှာပဲ။ အဲဒါ ပြဿနာ မဟုတ်ဘူး။ ကံတရားကို မျှော်ကိုးပြီး မိုက်ရူးရဲဆန်တဲ့ ဆုံးဖြတ်ချက်တွေ၊ စိတ်ခံစားချက်အလျောက် လုပ်မိတဲ့ ရွေးချယ်မှုတွေ နည်းနိုင်သမျှ နည်းဖို့ပဲ အရေးကြီးတာ။

Process က မှန်မနေဘဲ ကောင်းတဲ့ Result ကို လိုချင်နေတာက ကံကောင်းလို့ရလည်း ခဏပဲ။ Process သာ မှန်နေခဲ့ရင်လည်း Result က မကောင်းလည်း ခဏပဲ။ ဒါကြောင့် ရလဒ်ကို အာရုံမစိုက်နဲ့။ အဲဒါ ထွက်လာအောင် ကိုယ် တစ်နေ့တစ်နေ့ ဘာတွေလုပ်နေသလဲ ဆိုတာကိုသာ အပြည့်အဝ အာရုံစိုက်စေချင်တယ်။

▪️ဒီဖော်မြူလာက ဝိတ်ချဖို့ကနေ ဘဝတိုးတက်ရေးအလယ် နိဗ္ဗာန်ရောက်ကြောင်းအထိ အသုံးတည့်နိုင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၈.၅.၂၀၂၆

(ရေးခဲ့ဖူးတဲ့ ဆောင်းပါးဟောင်းကို အတိုဖြတ်တင်ထားတာပါ။ အပြည့်အစုံကို 21 Podcast မှာ နားထောင်နိုင်ပါတယ်။ ကွန်မန့်မှာလည်း လင့်ခ်ချထားပေးပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျ)

24/09/2026

“တစ်ချိန်မှာ တစ်ခုပဲလုပ် (One thing at a time)”

▪️ဒီခေတ်က အလုပ်တွေ တအားများလာတဲ့အခါ Multi-tasking လုပ်လာကြတယ်။ ရေချိုးရင်း Podcast တစ်ခု နားထောင်နေတာ၊ မီတင်တက်ရင်း အလုပ်လုပ်နေတာ၊ သင်တန်းတက်ရင်း စာရင်းစစ်နေတာ၊ ပန်းကန်ဆေးရင်း YouTube ဖွင့်ထားတာ စသဖြင့်ပေါ့။

အဲ့တော့ စိတ်က အာရုံ ၂ ခု၊ ၃ ခုအပေါ် ကျင်လည်နေရတာနဲ့ ရင်းနှီးလာတယ်။ တနေကုန် ပျံ့လွင့်လာတဲ့စိတ်ကို ညရောက်လို့ တရားထိုင်ပြီဆိုမှ ငြိမ်ချင်လို့ ဘယ်ရတော့မလဲ။ စိတ်ဆိုတာ အလေ့အကျင့် လုပ်ပေးရတာပဲလေ။ ဒါကြောင့် One thing at a time ကို စမ်းလုပ်ကြည့်ဖို့ ပြောတာ။

▪️ခေတ်ကြီးက ရှေ့ကို သွားနေပေမဲ့ တစ်ပတ်ပြန်လည်တဲ့ သဘောတွေလည်း ရှိတယ်။

အရင်က ကော်ဖီမစ်တွေ သောက်တယ်။ မြန်ချင်လို့။ ခုကျ ကော်ဖီအစစ်ကို နှပ်ပြီး သောက်တာတွေ ရှိလာတယ်။ အရသာကြောင့်ရော၊ ကော်ဖီမစ်က ကျန်းမာရေးကို ထိစေတာကြောင့်ရောပေါ့။

အရင်က သဘာဝအတိုင်း နေတယ်။ နောက်တော့ အဲကွန်းနဲ့မှ နေတတ်တော့တယ်။ ခုကျ သဘာဝကို ခံစားချင်လို့တောင် ခရီးတွေ တကူးတက ပြန်ထွက်နေကြတယ်။

လိုချင်စရာ ပစ္စည်းတွေ များလွန်းလာတော့ Minimalism ဆိုပြီး ရောင့်ရဲစွာ၊ ရိုးရှင်းစွာ နေတတ်ဖို့ကို ပြောလာကြပြန်တယ်။ အင်တာနက်က တအားတွင်ကျယ်လာတော့ လိုအပ်သလောက်ပဲ သုံးဖို့ဆိုတဲ့ Digital minimalism ကို တိုက်တွန်းလာကြတယ်။

ခုလည်း ဒီလိုပဲပေါ့။ ဟိုးအရင်ခေတ်ကဆို အလုပ်တွေရော၊ ခံစားစရာ အာရုံတွေရော နည်းတော့ လူက သမာဓိရဖို့ လွယ်တယ်။ ခုခေတ်ကျ တပ်မက်စရာ အာရုံတွေနောက် လိုက်မိတယ်။ Multi-tasking တွေ လုပ်လာရတယ်။ ဒီတော့ စိတ်တွေက ပျံ့လွင့်။ အာရုံစူးစိုက်နိုင်စွမ်းတွေ ကျလာ။ ဒါကြောင့် One thing at a time ကို ပြန်လုပ်ကြဖို့ လိုပါမယ်။

▪️စစချင်းကျ နေတတ်မှာ မဟုတ်ဘူး။ ငါ မီတင်မှာ သူများပြောတာ နားထောင်နေတုန်း တစ်ခုခု လုပ်နေလည်း ရတာပဲကို ဆိုပြီး တွေးမိလိမ့်မယ်။ ဒီအတိုင်း ငုတ်တုတ်ထိုင်နေတာ အချိန်ဖြုန်းသလိုများ ဖြစ်နေလား ခံစားမိလိမ့်မယ်။ အဲ့လို နှစ်ခုလုပ်နေလည်း ရတာပဲလေ ရတာပဲလေ ကနေ စိတ်က အာရုံတစ်ခုတည်းပေါ် မနေနိုင်တော့တဲ့ အကျင့်ဖြစ်သွားတာ။ ဒါကြောင့် ကိုယ့်စိတ်ကို လေ့ကျင့်ပေးနေတယ် သဘောထားပြီး လုပ်ကြည့်ပါ။ နောက်ပိုင်းကျ ကိုယ့်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေ၊ သတိတွေ အားကောင်းလာတာကို ခံစားမိပါလိမ့်မယ်။

အလုပ်လည်း ပိုတွင်ကျယ်တယ်။ တစ်ခု တစ်ခုကို အရင်လောက် အချိန်ပေးစရာ မလိုဘဲ ပြီးပြီးသွားတာ တွေ့ရလိမ့်မယ်။ ၂ ခုကို တွဲလုပ်ပြီး ၂ နာရီ ကြာတာထက် တစ်ခုစီကို ၄၅ မိနစ်စီနဲ့ ထိထိရောက်ရောက် လုပ်သွားနိုင်တာမျိုးပေါ့။

▪️ပြောရရင် ဒီခေတ်ဟာ ရုပ်ဝတ္တုတွေ ဖွံ့ဖြိုးတိုးတက်လာသလောက် စိတ်ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှုတွေကတော့ အတော်လေး ရုတ်လျော့လာတဲ့ကာလ ဖြစ်ပါတယ်။ စိတ်ပူလောင်စရာ သတင်းတွေ၊ မရေရာ မသေချာမှုတွေ၊ မလိုချင် လိုချင်အောင်၊ မတပ်မက် တပ်မက်အောင် ဆွဲဆောင်နေတဲ့အရာတွေ၊ ဒေါသဖြစ်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ အပြိုင်အဆိုင်တွေနဲ့ စုံနေတာပါပဲ။ ဥပမာပေးရရင် အညစ်အကြေးတွေနဲ့ ပြည့်နှက်နေတဲ့ ကန်ရေပြင်ကြီးနဲ့ တူတယ်။

Meditation လုပ်တယ်၊ စိတ်ကို လေ့ကျင့်ပေးတယ် ဆိုတာကတော့ အဲဒီရေကန်ထဲကို ကိုယ်ဆိုတဲ့ လှေတစ်စင်း ဖြတ်သန်းသွားလာတဲ့အခါ ကိုယ့်လှေမှာ အပေါက်မရှိအောင် လုပ်ထားတာနဲ့ တူတာပေါ့။ ဒါဆို ဒီအညစ်အကြေးတွေကြားထဲ ရှင်သန်ကျင်လည်နေရပေမဲ့ ကိုယ့်ဆီကို ရောက်မလာနိုင်တော့ဘူး။ ဝင်လာခဲ့ရင်တောင် သူများထက်တော့ ပမာဏ နည်းသေးတယ်ပေါ့။

ဒီအခါ ကိုယ့်လှေကလေးက အညစ်အကြေးတွေ ကြားထဲမှာ နစ်မွန်းမသွားဘဲ ပေါ့ပါးစွာ အေးချမ်းစွာနဲ့ ကန်ရေပြင်ကို ဖြတ်သန်းသွားနိုင်ပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၉.၂၀၂၂

Photo credit

28/07/2026

သာသနာနှစ် ၂၅၇၀
မြန်မာသက္ကရာဇ် ၁၃၈၈
29/07/2026 (Wed)
ဒုတိယဝါဆိုလပြည့် ဥပုသ်နေ့
ဥပုသ်သီလ
ခံယူဆောက်တည်နိုင်ကြပါစေ🙏

28/07/2026

မနက်ဖြန်
သာသနာနှစ် ၂၅၇၀
မြန်မာသက္ကရာဇ် ၁၃၈၈
29/07/2026 (Wed)
ဒုတိယဝါဆိုလပြည့်
ဥပုသ်နေ့၌ဝယ်
ဥပုသ်သီလစောင့်ထိန်းဖြစ်ကြပါစေ။
🙏🙏🙏🙏🙏

19/06/2026

Address

Sihanoukville (city)
18000

Telephone

+855885170219

Website

Alerts

Be the first to know and let us send you an email when PMH Swimming Pool Professor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PMH Swimming Pool Professor:

Shortcuts

Share