Great Famous Company Limited

Great Famous Company Limited Construction အမှတ် ၁၁၇၃၊ မြင်​တော်သာလမ်း၊ ၁ ထူပါရုံရပ်ကွက်၊ သာ​ကေတမြို့နယ်၊ ရန်ကုန်မြို့။

📌  ပိုက်ဆံတွေရှိတုန်း စုမိတုန်းမိသားစုနှင့် အတူနေဖို့ လုံခြုံစိတ်ချရတဲ့ အိမ်      လေးဆောက်ပါ။👀  မျက်စိကောင်းနေတုန်း သဘာဝ...
16/10/2025

📌 ပိုက်ဆံတွေရှိတုန်း စုမိတုန်း
မိသားစုနှင့် အတူနေဖို့ လုံခြုံစိတ်ချရတဲ့ အိမ် လေးဆောက်ပါ။

👀 မျက်စိကောင်းနေတုန်း သဘာဝအလှတရားတွေခံစားပါ။

📌 မြန်မာနိုင်ငံဟာ ငလျှင်ဇုံ မှာရှိနေတဲ့အတွက်
ယုံကြည်စိတ်ချရပြီး အတွေ့အကြုံများ၊ ကျွမ်းကျင်မူရှိတဲ့ အင်ဂျင်နီယာ များရှိတဲ့ Construction များနှင့် အမြော်အမြင်ရှိစွာ ဆောက်လုပ်မှသာ သားစဉ်မြေးဆက် စိတ်‌အေးချမ်းသာစွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။

❓ဘာကြောင့် Great famous Construction
ကိုရွေးချယ်သင့်တာလဲ ?

👉 Singapore Construction မှာဆောက်လုပ်လာတဲ့အတွေ့အကြုံရှိ အင်ဂျင်နီယာများဖြင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း။

👉 Structure တွေအရင်ကဆောက်လုပ်ပေးခဲ့တဲ့
Office building များ၊ School များ၊ luxury home များဟာ နှစ်ကာလကြာရှည်ပြီဖြစ်သောကြောင့်
ယခုထက်ထိတိုင် 🏯 နံရံအက်ကွဲခြင်း၊ ရေစိမ့်ခြင်း
အစရှိတဲ့ နေထိုင်သူတွေ စိတ်ညစ်ရမယ့် error များမရှိသည်ကို မြေပြင်တွင်လိုက်လံပြသပေးနိုင်ခြင်း။

👉 ကိုယ်ပိုင်ဆောက်လုပ်ခွင့်လိုင်စင် ရှိတဲ့ company ဖြစ်ခြင်း။

👉 အချိန်မှီ ပြီးစီးခြင်း၊ အရည်အသွေးမှီတဲ့ အိမ်ကိုသာဆောက်လုပ်ပေးခြင်း အစရှိတဲ့အချက်တွေကြောင့် Great famous Construction ကိုသာ
100% သင်လက်တွဲ သင့်ပါသည်။

ဒါ့အပြင်⭐⭐⭐ အတွင်းDecoration များ
Solar Installation နှင့် Solar တပ်ဆင်ခြင်းလုပ်ငန်းများ
အစရှိသည်များကိုပါ ရရှိတဲ့အတွက်ကြောင့်
သင်ခေါင်းစားစရာမလိုပဲ All in one services ဝန်ဆောင်မူများ အာမခံများပါ ပေးနိုင်ပါသည်။



အမှတ် ၁၁၇၃၊ မြင်တော်သာလမ်းမ၊ ၁ ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။

📞 Ph - 09 450042166, 09 262604880, 09 426017757

Email - [email protected]
Whatsapp - +959450042166




" အတိတ်တဘောင် နမိတ်ဆောင်"📌 ကဲအခု ဒီpost ကိုကြည့်နေတဲ့သူလေး ပိုက်ဆံတွေ ဒီနေ့ကစ ဒလဟော ဝင်လာပါစေ။🍀 ဒီနေ့က စပြီးကိုယ်ပိုင် l...
10/10/2025

" အတိတ်တဘောင် နမိတ်ဆောင်"

📌 ကဲအခု ဒီpost ကိုကြည့်နေတဲ့သူလေး ပိုက်ဆံတွေ ဒီနေ့ကစ ဒလဟော ဝင်လာပါစေ။

🍀 ဒီနေ့က စပြီးကိုယ်ပိုင် luxury home လေးဆောက်နိုင်ပါစေ။

📌 စိတ်ကူးယဉ် ကမ္ဘာလေးကိုလဲ စိတ်ကြိုက် အမြန်
ဖန်တီးခွင့် ရရှိနိုင်ပါစေ။

📌 တခြားသူများပါ ကံကောင်းခြင်းတွေ ထပ်တူရရှိအောင် မျှဝေပြီး ဒီpost လေးကို share ပေးလိုက်ပါနော်။

တောင်ခါးပန်းမှာ လူတွေပြည့်ကျပ်ပါတယ်။တောင်ထိပ်ရောက်အောင် တက်ပါ။အဲ့ဒီမှာလူရှင်းတယ်. . .တဲ့ Crd နိုင်းနိုင်းစနေ  #တောင်ထိပ်...
08/06/2024

တောင်ခါးပန်းမှာ လူတွေပြည့်ကျပ်ပါတယ်။
တောင်ထိပ်ရောက်အောင် တက်ပါ။
အဲ့ဒီမှာလူရှင်းတယ်. . .တဲ့
Crd နိုင်းနိုင်းစနေ

#တောင်ထိပ်ရောက်သလို ခံစားမူတွေ ပေးစွမ်းနိုင်မယ့် ပတ်ဝန်းကျင်သန့် အကွက်အကွင်း
ကျတဲ့ အိမ်နဲ့ခြံ လုံးချင်းလေး တောင်ဥက္ကလာမှာ
Vvip ကျတဲ့နေရာ လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။

စကားမစပ် ရွှေကလဲမငြိမ်လို့ ရောင်းခက်
ဝယ်ခက်တွေ နဲ့ဈေးမတည်ငြိမ် လို့မကိုင်ထား
တော့ ဘူးဆို . .?

ဘဏ်ထဲမှာကလဲ မထားချင်ဘူးဆိုရင်။

ဈေးမကျမယ့် အကွက်အကွင်းကောင်းခိုင်မာတာလေးမှာ ရင်းနှီးမြှပ်နှံချင်တယ်။
ကိုယ်ကိုယ်တိုင်ပါအဆင်သင့်နေလို့ ရမယ့်နေရာလေးကိုရွေးနေတယ်ဆိုရင်တော့

အခုလက်ရှိ Innocity ရှေ့လမ်း အခရာ tea shop ဆိုင်ကျောကပ် ဝေဇယ္တနာလမ်းကျောကပ်
ဟိုဘက်လမ်း ဒီဘက်လမ်းပေါက် ဂရမ်အမည်ပေါက် 28" 60" ၂ထပ် RC သိန်း ၆၅၀၀ အလျော့အတင်း ပါးပါးရှိ

လူကြိုက်များပြီး မြတ်မယ့်နေရာမျိုးလေးမို့
ကိုင်ထားချင်တယ်ဆိုရင် 09762474385/09262604880 တို့ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
ထိုက်တန်သူများ အမြန်ရရှိပါစေ။🙏

Great Famous Company Limited မှ ပြန်လည်ကြိုဆိုပါတယ်။ ဆောက်လုပ်ရေးနှင့်ပတ်သတ်သော အကြောင်းအရာများ၊ Activities များနှင့် Up...
25/01/2023

Great Famous Company Limited မှ ပြန်လည်ကြိုဆိုပါတယ်။ ဆောက်လုပ်ရေးနှင့်ပတ်သတ်သော အကြောင်းအရာများ၊ Activities များနှင့် Update အကြောင်းအရာများကို ပုံမှန် ပြန်လည်တင်ပေးသွားပါမယ်။

COVID 19 နောက်တစ်လှိုင်းပြန်ဝင်လာနိုင်ကြောင်းနှင့် အခြားအိမ်နီးချင်းနိုင်ငံများမှာလည်းရောဂါပြန်လည် ပြန့်နေပြီဖြစ်သဖြင့် လ...
07/12/2021

COVID 19 နောက်တစ်လှိုင်းပြန်ဝင်လာနိုင်ကြောင်းနှင့် အခြားအိမ်နီးချင်းနိုင်ငံများမှာလည်းရောဂါပြန်လည် ပြန့်နေပြီဖြစ်သဖြင့် လိုလိုမယ်မယ်ကြိုဆောင်ထားချင်သူများဝယ်ယူဆောင်ထားနိင်ပါတယ်ခင်ဗျ။
15L + Flowmeter + O2 = 140000
40L + Flowmeter + O2 = 160000

Off Grid Solar SystemOff Grid Solar System ကို လျှပ်စစ်မီးလုံးဝမရရှိတဲ့နေရာတွေနှင့် မီတာခမဆောင်လုိတဲ့အိမ်​​ေတွမှာသုံးကြပ...
19/11/2021

Off Grid Solar System

Off Grid Solar System ကို လျှပ်စစ်မီးလုံးဝမရရှိတဲ့နေရာတွေနှင့် မီတာခမဆောင်လုိတဲ့အိမ်​​ေတွမှာသုံးကြပါတယ်။ Off grid solar system မှာတော့ နေ့အချိန်နေအလင်းရောင်ရရှိချိန်မှာ Solar ပြားတွေမှ ထုတ်လုပ်ပေးလိုက်တဲ့လျှပ်စစ်ကိုသုံးနိုင်ပြီးတော့ Battery တွေထဲမှာလည်းသိုလှောင်ပေးထားမှာပါ။ ဤနည်းအားဖြင့် အသုံးပြုသည့် Solar ပြား၊ Inverter တို့ရဲ့ Watt အား၊ Battery တွေရဲ့ Amh အပေါ်မူတည်ပြီး လျှပ်စစ်ကို အချိန်မရွေးသုံးနိုင်မှာဖြစ်ပါတယ်။ စိတ်ချရတဲ့အရည်အသွေးရှိတဲ့ Solar ပြား၊ Inberter နှင့် Battery တွေကိုအသုံးပြုခြင်းဖြင့် မီးပျက်တာဘာလဲ ဟုမေးနေရလောက်အောင်ကို ပြီးပြည့်စုံတဲ့ ကိုယ်ပိုင်လျှပ်စစ်စနစ်တစ်ခုကို အချိန်အတော်ကြာသုံးနိုင်မှာပဲဖြစ်ပါတယ်။ Solar ပြားတွေက ထွက်လာတဲ့လျှပ်စစ်ကို Charge Controller ကိုအသုံးပြုပြီး Battery တွေထဲမှာ သိုလှောင်ထားခြင်းအားဖြင့် နေ့ရော၊ ညပါ လျှပ်စစ်ကိုသုံးနိုင်မှပါ။

Off Grid Solar System ရဲ့ အားသာချက်တွေကတော့
- မီတာခဆောင်ရန်မလိုခြင်း
- 24 hours လျှပ်စစ်ကိုသုံးနိုင်ခြင်းတို့ပါပဲ။
Off Grid Solar System ရဲ့ အားနည်းချက်တွေကတော့
- စျေးနှုန်းကြီးမြင့်ခြင်း
- System တစ်ခုခုချို့ယွင်းချိန် Battery မှာလည်း လျှပ်စစ်အားကုန်သွားလျှင် အသုံးမပြုနိုင်ခြင်းပါပဲ။

Off Grid Solar System ဟာ အကြောင်းအမျိုးမျိုးကြောင့် မီတာခမဆောင်လိုသူများ၊ လျှပ်စစ်မီးလုံးဝမမရှိတဲ့ နေရာများအသုံးပြုတဲ့အခါ မီးစက်ကဲ့သို့ ဆီထည့်စရာမလိုတဲ့အတွက် သဘာဝပတ်ဝန်းကျင်နှင့်ကိုက်ညီတဲ့ System တစ်ခုပါပဲ။
Off Grid Solar System နှင့်ပတ်သတ်သည့် Solar ပြားများ၊ Charge Controller များနှင့် Inverter များမှာယူလိုပါက Great Famous Company Limited
အမှတ် ၁၁၇၃၊ မြင်တော်သာလမ်းမ၊ ဇိနမာရ်အောင်ဘုရားအနီး၊ သာကေတမြို့နယ်၊ ရန်ကုန်။
Ph - 09 450042166, 09 262604880
Email - [email protected] သို့ဆက်သွယ်မေးမြန်း တိုင်ပင်နိုင်ပါတယ်။

On Grid Solar System              On grid solar system ကိုကုန်ကျစရိတ်နည်းနည်းနှင့်မီတာခလျော့ချရန်အတွက်အသုံးပြုကြပါတယ်။ #...
16/11/2021

On Grid Solar System
On grid solar system ကိုကုန်ကျစရိတ်နည်းနည်းနှင့်မီတာခလျော့ချရန်အတွက်အသုံးပြုကြပါတယ်။
# တပ်ဆင်ရလွယ်ကူခြင်း
# ပြုပြင်ထိနိးသိမ်းစားရိတ်နည်းခြင်းအခြား Solar system ထက်ကုန်ကျစားရိတ်သက်သာ ခြင်းတို့ကြောင့် On grid solar system ဟာလဲ အသုံးများတဲ့ စနစ်တစ်ခုပါပဲ။
နေ့ဘက်နေအလင်းရောင်ရရှိချိန်မှာ solar ပြားတွေကနေ ထုတ်လုပ်ပေးလိုက်တဲ့ လျှပ်စစ်တွေကိုအိမ်သုံးလျှပ်စစ်အဖြစ် အဓိကထားသုံးမှာဖြစ်ပီး လိုနေတဲ့ လျှပ်စစ်ကိုပဲ အစိုးရမီး လိုင်းကနေယူသုံးမှာဖြစ်ပါတယ်။ အကယ်၍ ပိုနေခဲ့ရင်တော့ အစိုးရမီးလိုင်းထဲကို
ရောက်သွားမှာပါ။ အကယ်၍ မီးပျက်သွားခဲ့ရင်တော့ solar ပြားကထုတ်ပေးတဲ့လျှပ်စစ်နဲ့ ဆက်သုံးနေနိုင်မှာပါ။ ဒါပေမဲ့ ဒီ system ရဲ့အားနည်းချက်လေးကတော့ ညဘက်မီးပျက်ခဲ့ရင် Battery မပါတဲ့အတွက် လျှပ်စစ်အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

On grid system ရဲ့အားသာချက်တွေကတော့
-နေ့အချိန်မီးပျက်ချိန်မှာအသုံးပြုနိုင်ခြင်း
-တပ်ဆင်ရလွယ်ကူခြင်း
-ပြုပြင်ထိန်းသိမ်းစားရိတ်သက်သာခြင်းတို့ပဲဖြစ်ပါတယ်။

On Grid systen ရဲ့အားနည်းချက်အနေနဲ့ကတော့
-ညဘက်မီးပျက်ချိန်မှာအသုံးပြု၍မရခြင်းပဲဖြစ်ပါတယ်။

မီတာခတွေအရမ်းတက်နေလို့ ​လျော့ချလိုသူများအနေဖြင့် On grid Solar System ကို သုံးသင့်ပါတယ်။
On Grid System အတွက် Solar Panels, Inverters များကိုမှာယူလိုလျှင်ဖြစ်​စေ စိတ်ပါဝင်စား၍တိုင်ပင်လိုလျှင်ဖြစ်စေ Great Famous Comoany
Gmail - [email protected] သို့ဆက်သွယ်နိုင်ပါတယ်။

Hybrid Solar System ဟာ On Grid Solar System နှင့် Off Grid Solar System တို့ကိုပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။နေ့ဘက် နေအလင...
13/11/2021

Hybrid Solar System ဟာ On Grid Solar System နှင့် Off Grid Solar System တို့ကိုပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။
နေ့ဘက် နေအလင်းရောင်ရရှိချိန်မှာ Solar ပြားတွေက လျှပ်စစ်စွမ်းအင်ကိုထုတ်လုပ်ပေးပြီးတော့ အိမ်သုံးလျှပ်စစ်အနေနဲ့ရရှိမှာပါ။ ပိုနေတဲ့လျှပ်စစ်တွေကို​ေတာ့ Battery တွေထဲမှာသိုလှောင်ထားနိုင်မှာပဲဖြစ်ပါတယ်။ သုံးနေချိန်မှာတော့ Hybrid System အတွက်ထုတ်လုပ်ထားတဲ့ Smart Inverter ဟာ Battery ကထွက်လာတဲ့ လျှပ်စစ်ကို DC ကနေ AC Voltage ကိုပြောင်းပေးမှာပဲဖြစ်ပါတယ်။

Hybrid Solar System ကိုအသုံးပြုခြင်းဖြင့် On Grid Solar System features ကော Off Grid Solar Systen features တွေကိုပါ ရရှိနိုင်မှပါ။ လျှပ်စစ်ကို Battery တွေအသုံးပြုသိုလှောင်ပြီး သုံးချင်ရင်တော့ Hybrid Solar System ကိုသုံးသင့်ပါတယ်။ ဆိုလိုတာက နေ့ဘက် မှာ Solar ပြားတွေကနေရရှိတဲ့လျှပ်စစ်ကို အိမ်သုံးလျှပ်စစ်အဖြစ်အဓိကသုံးပြီး လိုနေတဲ့လျှပ်စစ်ကိုပဲ အစိုးရလျှပ်စစ်ဓာတ်အားလိုင်းကနေယူသုံးခြင်းဖြင့် မီတာခကိုလျော့ချပေးနိုင်ပါမယ်။ ပိုနေတဲ့လျှပ်စစ်တွေကိုတော့ Battery တွေထဲမှာ သိုလှောင်ထားမယ်။ ညဘက် မှာတော့ Battery ထဲမှာ သိုလှောင်ထားတဲ့လျှပ်စစ်ကိုအဓိကထားသုံးပြီး လိုနေတဲ့လျှပ်စစ်ကိုပဲ အစိုးရလျှပ်စစ်ဓာတ်အားလိုင်းကနေယူသုံးမှာပါ။ ဤနည်းအားဖြင့် နေ့အချိန်မှာ အသုံးများကြတဲ့ ထမင်းပေါင်းအိုး၊ လျှပ်စစ်မီးဖို၊ ရေခဲသေတ္တာ၊ ရေမော်တာ တွေကြောင့် မီအားစားမှုလျော့နည်းသွားပြီး ညဘက် မှာလည်း TV ၊ မီးသီး၊ မီးချောင်းတွေကြောင့် မီးအားစားမှု လျော့ကျသွားနိုင်ပါတယ်။
အကယ်၍ နေ့ဘက် မှာပဲမီးပျက်ပျက်၊ ညဘက် မှာပဲမီးပျက်ပျက် Inverter က အလိုအလျောက် Battery ထဲက လျှပ်စစ်ကိုဆက်ပြီးသုံးနေနိုင်အောင်လုပ်​ဆောင်ပေးမှာပါ။ သတိထားစရာတစ်ချက်အနေနှင့် မီးပျက်ချိန်မှာတော့ တပ်ဆင်ထားတဲ့ Solar System ရဲ့ Watt အားပမာဏ၊ Battery နှင့် Inverter အပေါ်မူတည်ပြီး လျှပ်စစ်ကိုချင့်ချိန်သုံးဘို့တော့လိုအပ်ပါမယ်။

Hybrid Solar System မှာ On Grid Solar System လိုပဲ Solar ပြားများ၊ Charge Controller၊ Battery နှင့် Inverter တို့လိုအပ်ပါမယ်။ ဒါပေမဲ့ Hybrid Solar System အတွက် Inverter ဟာ အခြား Inverter တွေထက် စျေးနှုန်းကြီးမြင့်တဲ့အတွက်ကုန်ကျစာရိတ်ပိုနိုင်ပါမယ်။

တပ်ဆင်ရာမှာလည်း အခြား Solar System တွေထက်ပိုရှုပ်ထွေးပြီး ပြုပြင်ထိန်းသိမ်းမှုလည်း ပိုလိုအပ်ပါတယ်။

Hybrid Solar System တွေရဲ့ အားသာချက်တွေကတော့
- မီတာခကိုလျော့ချပေးနိုင်ခြင်း၊
- မီးပျက်ချိန်နေ့ရောညပါ လျှပ်စစ်ကိုအသုံးပြုနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

အားနည်းချက်တွေကတော့
- ကုန်ကျစားရိတ်ပိုကုန်ကျခြင်း၊
- တပ်ဆင်မှုရှုပ်ထွေးခြင်းနှင့်အတူ ပြုပြင်ထိန်းသိမ်းမှုပိုခြင်း တို့ပဲဖြစ်ပါတယ်။

Hybrid Solar System အတွက် Solar ပြားများ၊ Charge Controller၊ Inverter များ မှာယူလိုလျှင်ဖြစ်စေ၊ စိတ်ဝင်စား၍စုံစမ်းမေးမြန်းတိုင်ပင်လိုလျှင် Great Famous Company Limited အမှတ် ၁၁၇၃၊ မြင်တော်သာလမ်း၊ ဇိနမာရ်အောင်ဘုရားအနီး၊ သာကေတမြို့နယ်၊ ရန်ကုန်။
Ph - 09 450042166, 09 262604880
Gmail - [email protected] ကိုဆက်သွယ်နိုင်ပါတယ်။

နောက်ထပ် On Grid Solar System နှင့် Off Grid Solar System များအကြောင်းကိုလည်း Post တင်ပေးပါဦးမယ်.....

မီးခဏခဏပျက်လို့စိတ်ညစ်နေပြီလား...???မီတာခတွေတက်နေလို့ စာရိတ်လျော့ချချင်နေပြီလား...???ကိုယ်ပိုင်လျှပ်စစ်စနစ်တစ်ခုဖန်တီးပြ...
11/11/2021

မီးခဏခဏပျက်လို့စိတ်ညစ်နေပြီလား...???
မီတာခတွေတက်နေလို့ စာရိတ်လျော့ချချင်နေပြီလား...???
ကိုယ်ပိုင်လျှပ်စစ်စနစ်တစ်ခုဖန်တီးပြီးသုံးချင်တယ်ဆိုရင်တော့ တော်တော်များများစဉ်းစားမိတာက မီးစက် ၊ Battery + Inverter နှင့် Solar System တွေပါပဲ။ အဲ့ဒီအထဲမှာ မီးစက်က ဝယ်ယူရာမှာ ဈေးနဲနဲသက်သာတယ်ထင်ရပေမဲ့ လောင်စာဆီထည့်သုံးရတဲ့အတွက် တစ်လစာလောင်စာဆီဖိုးကုန်ကျစားရိတ်၊ တစ်နှစ်စာလောင်စာဆီဖိုးစာရိတ်တွေနဲ့ဆိုအတော်များနေပါပြီ။ အခုလို လောင်စာဆီဈေးတက်နေချိန်မှာဆိုပိုပြီးတွက်ချေမကိုက်ပါဘူး။ ကုန်ကျစာရိတ်မြောက်သွားပြီး တွက်ချေမကိုက်ပါဘူး။ ဒါ့အပြင် မီးစက်ရဲ့ဆူညံ့သံကြောင့် လူမမာတွေအဆင်မပြေတာ၊ လေထုညစ်ညမ်းတာတွေ နှင့် ကမ္ဘာကြီးပူနွေးလာမှုတွေကြောင့် မီးစက်ဟာရေရှည်မှာတွက်ချေမကိုက်ပါဘူး။ Inverter က သူ့ချည်းပဲသုံးမယ်ဆိုရင်အဆင်မပြေပါဘူး။ ဥပမာ - ပန်ကာ၊ လျှပ်စစ်ပေါင်းအိုး၊ ရေခဲသေတ္တာ၊ အဝတ်လျော်စက်တွေကို မီးမလာလဲသုံးချင်တယ်ဆိုရင်တော့ အဲ့တာတွေအကုန်သုံးလို့ရတဲ့ သဘာဝပတ်ဝန်ူကျင်နဲ့လည်းကိုက်ညီမှုရှိတဲ့ ဆရာကြီးဖြစ်တဲ့ Solar System ကိုပဲအားကိုးလိုက်ပါ။ အဲ့လိုဆိုရင် ဆရာကြီး Solar System အကြောင်းလေ့လာကြည့်ရအောင်။

Solar System တြေမွာ အဓိကအာျးဖင့် နေရောင်ခြည်ကိုစုပ်ယူပြီး လျှပ်စစ်ပြန်ထုတ်ပေးမဲ့ Solar Panels၊ ထွက်လာတဲ့လျှပ်စစ်ကို တည်ငြိမ်စေမဲ့ Charge Controller၊ လျှပ်စစ်ကိုသိုလှောင်ပေးမဲ့ Battery နှင့် DC ကနေ AC လျှပ်စစ်ကိုပြောင်းပေးမဲ့ Inverter တို့အဓိကပါဝင်ပါတယ်။

Solar Panels တွေမှာ Monocrystalline Solar Panels, Polycrystalline Solar Panels နှင့် Thin Film (Amorphous Solar Panels) ဆိုပြီး ၃ မျိုးရှိပါတယ်။

Monocrystalline Solar Panels

Monocrystalline Solar Panels တွေကိုသန့်စင်တဲ့ Silcon တွေကို အပူချိန် 2000°C ပေးပြီးထုတ်လုပ်ထားပါတယ်။ လျှပ်စစ်ကိုအ​ပြည့်အဝထုတ်ပေးနိုင်မယ်၊ ပေါ့ပါးကျစ်လစ်တဲ့ Design ရှိပြီးတော့ စြေးနှုနျးအား​ဖြင့်ကြီးမြင့်ပါတယ်။

Polycrystalline Solar Panels

Polycrystalline Solar Panels တွေဟာ ဈေးပိုသက်သာပေမဲ့ Monocrystalline Solar Panel ​တွေလောက် လျှပ်စစ်မထုတ်ပေးနိုင်ပါဘူး။

Thin Film ( Amorphous Solar Panels)

Thin Film ( Amorphous Solar Panels) တွေဟာ ဈေးအသက်သာဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ လျှပ်စစ်ထုတ်လုပ်နိုင်မှုတော့အရမ်းကြီးမကောင်းကြပါဘူး။ ဒါ့အပြင် နေစွမ်းအင်ရရန်နေရာအများကြီးလိုအပ်ပါတယ်။ Thin Film Solar Panel တွေကို စက်ရုံအလုပ်ရုံတွေနဲ့ Solar ပြား အရေအတွက်များများသုံးရတဲ့အခါမှသုံးကြပါတယ်။ အကြောင်းကတော့ ဈေးအသက်သာဆုံးဖြစ်လို့ပါပဲ။

Solar ပြားတွေကိုရွေးချယ်ပြီးရင်တော့ တပ်ဆင်ဖို့အတွက် Solar System ၃ မျိုးရှိပါတယ်။

On Grid Solar System (Saving + Grid Export)
Off Grid Solar System ( Saving + Backup)
Hybrid Solar System ( On grid + Off grid) တို့ပဲ​ဖြစ်ပါတယ်။

On Grid Solar System ဟာ မီးအားလျှော့ချရန်အတွက်သုံးကြပါတယ်။ ဒီ System မှာ Solar Panels ကထွက်တဲ့လျှပ်စစ်နဲ့ အစိုးရလျှပ်စစ်ကိုပေါင်းသုံးရတာပါ။ Solar Panels ကထွက်တဲ့လျှပ်စစ်ကိုအဓိကထားသုံးပြီး လိုနေတဲ့လျှပ်စစ်ကို အစိုးရလျှပ်စစ်ကနေယူသုံးတာပါ။ ပိုနေရင်တော့ အစိုးရလျှပ်စစ်လိုင်းထဲရောက်သွားမှာပါ။ ဒီ System မှာ Solar Panels နှင့် Inverter ပဲ အဓိကပါပြီး Charge Controller နဲ့ Battery မပါဝင်ပါဘူး။

Off Grid Solar System ကိုတော့ လျှပ်စစ်မီးလုံးဝမရရှိတဲ့နေရာတွေ၊ မီးအား အရမ်းနည်းတဲ့နေရာတွေနဲ့ အစိုးရလျှပ်စစ်ကိုမသုံးချင်တဲ့သူတွေ သုံးနိုင်ပါတယ်။ ဒီ Solar System မှာတော့ Solar Panels ကထွက်တဲ့လျှပ်စစ်ကို သိုလှောင်ရန် Battery နှင့် Charge Controller တို့လိုအပ်ပါတယ်။

Hybrid Solar System ဆိုတာကတော့ On Grid နဲ့ Off Grid ၂ မျိုးလုံးကိုရောထားတာပါ။ အဲ့အတွက် အစိုးရလျှပ်စစ်မီးနဲ့ တွဲသုံးရတာပါ။ မီတာခလည်းလျော့ချပေးပြီး ညဘက် မီးပျက်ချိန်မှာလည်းသုံးနိုင်မှာပါ။

On Grid Solar System ကိုမီတာခလျော့ချရာမှာပဲ သုံးတာဖြစ်ပြီး Battery မပါဝင်တဲ့အတွက် ညဘက် မီးပျက်ချိန်တွေမှာ သုံးနိုင်မှာမဟုတ်ပါဘူး။ သုံးမဲ့ Solar Panel အမျိုးအစား နဲ့ လျှပ်စစ် Watt အားပေါ်မူတည်ပြီး ကုန်ကျစာရိတ် ကိုအနည်းဆုံးဖြစ်အောင် ချုံ့နိုင်ပါတယ်။

Off Grid Solar System ကတော့ နေ့ဘက် မှာ Solar Panels ကထွက်တဲ့ လျှပ်စစ်ကိုသုံးပြီးပိုနေတဲ့ လျှပ်စစ်ကို Battery မှာ သိုလှောင်ထားမှာဖြစ်လို့ 24 hours နီးပါးသုံးနိုင်ပါတယ်။ ကုန်ကျစာရိတ်ကတော့ Solar Panels အမျိုးအစား နှင့် လျှပ်စစ် Watt အားပေါ်မူတည်ပြီး ကြီးမြင့်နိုင်ပါတယ်။

Hybrid Solar System ကတော့ မီတာခလည်း လျော့ချနိုင်ပြီး နေ့ဘက် မှာ ပိုနေတဲ့လျှပ်စစ်ကို Battery မှာ သိုလှောင်ထားမှာဖြစ်လို့ ညဘက် မီးပျက်ချိန်မှာလည်းသုံးနိုင်ပါတယ်။ ကုန်ကျစားရိတ်ကတော့ Solar Panels အမျိုးအစားနှင့် လျှပ်စစ် Watt အားအပေါ်မူတည်ပြီး ကြီးမြင့်နိုင်ပါတယ်။

Solar System ဟာ ကုန်ကျစာရိတ်အနေနဲ့ Watt အားနှင့် Solar Panels အမျိုးအစားပေါ်မူတည်ပြီး မီးစက်ထက် ကုန်ကျစားရိတ်ပိုနိုင်ပေမဲ့ ဆီထည့်စရာမလို၊ လေထုညစ်ညမ်းမှုမရှိ၊ ထုတ်လုပ်တဲ့ Company တွေက ၂၅ နှစ်အထိ အာမခံပေးထားကြလို့ ရေရှည်မှာပိုအဆင်ပြေစေနိုင်ပါတယ်။ အထူးသဖြင့် မီတာခလျော့ချချင်တဲ့ စက်ရုံအလုပ်ရုံတွေ Hotel တွေ အတွက်ရေရှည်မှာအဆင်ပြေစေနိုင်သလို အိမ်သုံးအတွက်လည်း ကောင်းမွန်ပါတယ်။

Solar Panels ( Monocrystalline, Polycrystalline နှင့် Thin Film), Inverters, Charge Controller များကို မှာယူလိုပါက အမှတ် ၁၁၇၃၊ မြင်တော်သာလမ်းမ၊ ဇိနမာရ်အောင်ဘုရားအနီး၊ သာကေတမြို့နယ်၊ ရန်ကုန်။
Email - [email protected] ကိုဆက်သွယ်မှာယူနိုင်ပါတယ်။

ဥရောပ၊ အရှေ့အလယ်ပိုင်း နဲ့ အာရှနိုင်ငံကြီးတွေကို တင်ပို့နေတဲ့ Minnuo Group of Companyနင့်CBMTECH Company တို့မှထုတ်လုပ်သ...
18/10/2021

ဥရောပ၊ အရှေ့အလယ်ပိုင်း နဲ့ အာရှနိုင်ငံကြီးတွေကို တင်ပို့နေတဲ့ Minnuo Group of Companyနင့်CBMTECH Company တို့မှထုတ်လုပ်သော O2 အသားတံဆိပ်ပါ အရည်အသွေးမြင့် Oxygen Cylinder အိုး size အစုံကို ကျွန်တော်တို့ Great Famous Company မှာ ဝယ်ယူရရှိနိုင်ပါပြီ။ အရည်အသွေးစိတ်ချရတဲ့အတွက် International SOS ဆေးရုံ နှင့် အခြား ဆေးရုံ ဆေးခန်းများ၊ ပရဟိတအဖွဲ့များမှာလည်း လက်ရှိ အသုံးပြုနေပါတယ်။
➡ 10L( ISO 9809-3) 3.8 mm အိုးအထူ
➡ 15L ( ISO 9809-3) 5 mm အိုးအထူ
➡ 20L ( ISO 9809-3) 5.3 mm အိုးအထူ
➡ 40L အိုးတို့ကိုရရှိနိုင်ပါတယ်။
ISO 9809-3 Standard အရည်အသွေးမြင့် Medical Grade များဖြစ်ပါတယ်။ ထုတ်လုပ်ချိန်မှာလည်း အဆင့်ဆင့်သေချာဆေးကြောသန့်စင် စစ်ဆေးပြီးဖြစ်လို့ သံအမှုန် နှင့် သံအစတွေမပါပဲ ယုံကြည်စွာသုံးနိုင်ပါတယ်။
O2 အရည်အပါကော အရည်မပါအလွတ်အိုးများကောရနိုင်ပါတယ်။ 15L အိုးတွေမှာတော့ 1600 - 1800 psi O2 ပါပါမယ်။

➡ 15L + Flowmeter + O2 + Pipe = 140000 Kyats
(5 လုံးနှင့်အထက်ဆိုရင်တော့ 130000 Kyats)

➡ 40L + Flowmter + O2 + Pipe = 170000 Kyats

ပရဟိတအဖွဲ့များနှင့် လှူဒါန်းလိုသူများအတွက်ကိုတော့စျေးလျော့ပေးပါဦးမယ်။

Flowmeter စျေးနှုန်းကတော့ 15000 Kyats

လှည်းများလည်းရရှိနိုင်ပါသေးတယ်။

10L - 20000
15L - 28000
20L - 30000
40L - 50000

အရည်အသွေးမြင့် O2 အသားတံဆိပ်ပါ ISO Standard Medical Grade Cylinder အိုးများဖြစ်လို့ ယုံကြည်စိတ်ချစွာ မျက်မြင်လာရောက်ကြည့်ရှု ဝယ်ယူနိုင်ပါတယ်။ အရည်အသွေးစိတ်ချရလို့ International SOS ဆေးရုံနှင့် အခြား ဆေးရုံ ဆေးခန်းများ၊ ပရဟိတအဖွဲ့များသို့ ပို့ခဲ့ပြီးဖြစ်ပါတယ်။

ဝယ်ယူလိုလျှင် Ph - 09450042166, 09262604880, 09795345426 တို့ကို Viber ဒါမှမဟုတ် CB မှတဆင့်ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။
အမှတ် ၁၁၇၃၊ မြင်တော်သာလမ်းမ၊ ဇိနမာရ်အောင်ဘုရားအနီး၊ သာကေတ၊ ရန်ကုန်။
YGN မြို့အတွင်း Deli ရှိပါတယ်။
နယ်မှ မှာယူသူများအတွက်လည်း ကားဂိတ်တင်ပေးပါတယ်။

Address

Yangon

Telephone

+959450042166

Website

Alerts

Be the first to know and let us send you an email when Great Famous Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Great Famous Company Limited:

Share