Thomas Linn

Thomas Linn Sharing Knowledge you can following

ကျော်ဖတ်ခွင့်မရှိတဲ့ ဘဝစာမျက်နှာ "အရမ်းပျော်တယ်ဆိုတာလည်း မရှိတော့သလို အရမ်းစိတ်ညစ်ပါ တယ် ဆိုတာမျိုးလည်းမရှိတော့ ပါဘူး။ က...
24/12/2025

ကျော်ဖတ်ခွင့်မရှိတဲ့ ဘဝစာမျက်နှာ "
အရမ်းပျော်တယ်ဆိုတာလည်း မရှိတော့သလို အရမ်းစိတ်ညစ်ပါ တယ် ဆိုတာမျိုးလည်းမရှိတော့ ပါဘူး။
ကိုယ့်တွက်တော့နေ့ရက် တိုင်းက တူတူပါပဲ

ဧည့်သည်"
လောကကြီးကို ရောက်လာတဲ့ ကိုယ် ကိုယ်တိုင် လည်း ဧည့်သည် ဖြစ်သလို...

ကိုယ့် အတွေးထဲကို ရောက်လာတဲ့မျှော်လင့်ချက်တွေ ကိုယ့် ဘဝ ထဲကို ရောက်လာတဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ကလည်း ဧည့်သည် တွေပါပဲ...

ကိုယ် ပိုင်ဆိုင်ထားတဲ့နုပျို ခြင်း ဆိုတဲ့ ခြုံထည် ဆို တာလည်း အချိန်တန်ရင် သူ့အလိုလို ဟောင်းနွမ်း သွားပါလိမ့်မယ်...

ကိုယ်နဲ့ ထိုက်တန် သလောက်လည်း ပိုင်ဆိုင် ခဲ့ရ ဘူးပြီး ကိုယ် မရ ထိုက်တာတွေ ကိုလည်း လက်လွှတ် ခဲ့ရ ပြီးပြီ..။

ကိုယ် လိုချင်တာတွေရတိုင်းလည်း အများကြီး မ ပျော်ပါနဲ့
ကိုယ် မ ဖြစ်ချင်တာတွေ ရောက်လာတိုင်း လည်းအများကြီး ဝမ်းနည်း မနေ ပါနဲ့

ကျော်ဖတ်ခွင့် မရှိတဲ့ ဘဝ စာမျက်နာ တွေကို တစ် ရွက်ပြီး တစ် ရွက် ဖတ်ပြီး သွားတဲ့အခါ ...

ပျော် စရာတွေပဲ ဖြစ်ဖြစ် စိတ်ညစ် စရာတွေ ပဲ ဖြစ်ဖြစ် အချိန်တန်ရင်အရာရာ အားလုံးက သူ့ အလိုလို ပြီးဆုံးသွားမှာပါ...။.

ဘဝဆိုတာ"
မကြုံချင်လဲ ဆုံခဲ့ရတဲ့ လူတချို့ ရှိတယ်...
ကြုံချင်ပေမယ့် မဆုံလိုက်ရတဲ့ လူတချို့လဲရှိတယ်... ကံတရား ကို တော့ လက်ခံရမှာပဲ။

မယုံချင်လဲ ပုံပြင်မဟုတ်တဲ့ ခံစားချက်တွေရှိတယ်.... ယုံချင်ပေ မယ့် ယုံလိုမရတဲ့ ခံစားချက် တွေလဲရှိတယ်.... အမှန်တရားကို တော့ လက်ခံရမှာ

ပြောချင်ပေမယ့် မပြောဖြစ်လိုက်တဲ့ စကားတချို့ ရှိတယ်, မ ပြော ချင်ပဲနဲ့ ပြောနေရတဲ့ စကားတွေလဲ ရှိတယ်... သတိထား ပြောမှ အမှားနည်းမှာပဲ။

ကိုယ့်အမှားမဟုတ်ပဲ ရင်ဆိုင်ဖြေရှင်းရတဲ့ ကိစ္စ တွေ ရှိတယ်.... ဝတ္တရားကိုတော့ အလေးထားရမှာ
စိတ်မပါလဲ လုပ်လိုက်ရတဲ့ အလုပ်တွေရှိတယ်.. တာဝန်ကိုတော့ ကျေပွန်ရမှာပဲ။

လိုချင်ပေမယ့် မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက် တွေ ရှိတယ်... စွန့်လွှတ်သင့်တာ စွန့်လွှတ်ရမှာပဲ
ဖြစ်ချင်ပေမယ့် မဖြစ်သင့်တဲ့ဆန္ဒတွေရှိတယ်...

မ ဖြစ်ချင်ပေ မယ့် လက်ခံလိုက်ရတဲ့ အခြေအနေတွေ လဲ ရှိတယ်... ကိုယ့်စိတ် ကို ကိုယ် ဆုံးမရမှာပဲ...။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့... အချိုပေါ့ပေါ့
အခါးကျ ကျ ဖျော်ထား တဲ့ ကော်ဖီတစ်ခွက်ကိုတောင် ကြိုက် တတ်သေးတာပဲ အပျော် ကျဲကျဲ ဝေဒနာကဲကဲ ဘဝ ဆိုတာကိုလဲ ချစ်တတ်ရဦးမယ်လေ။
#စာပေဗဟုသုတများတိုးကြပါစေ #အားလုံးပဲရွှက်လန်းချမ်းမြေ့ကြပါစေ

'အသက်တစ်ရက် ပိုကြီးရင်အသိတစ်ခု ပိုတိုးလာရမယ်ဆိုတဲ့ စိတ်နဲ့ ကျွန်တော်တို့ကိုယ်စီ သင်ယူနေကြရတယ်။ ကောင်းဖို့အတွက် ကြိုးစားန...
23/12/2025

'အသက်တစ်ရက် ပိုကြီးရင်
အသိတစ်ခု ပိုတိုးလာရမယ်ဆိုတဲ့ စိတ်နဲ့
ကျွန်တော်တို့ကိုယ်စီ သင်ယူနေကြရတယ်။

ကောင်းဖို့အတွက် ကြိုးစားနေထိုင်ကြပါတယ်။

ကောင်းအောင် နေထိုင်ဖို့ဆိုတဲ့အထဲမှာ
ဒီနှစ်အတွက် ကျွန်မရွေးချယ်မိခဲ့တာက
လူသားအချင်းချင်း
ခွင့်လွှတ်တတ်ခြင်း ဖြစ်ပါတယ်။

ကျော်ဖြတ်လာတဲ့ နေ့ရက်တွေထဲမှာ
မေ့မရသေးတဲ့ အပြစ်တင်ခံရခြင်း၊
မတရားခံရခြင်း၊
စိတ် ကသိကအောက်ဖြစ်ရခြင်းတွေက
ရှောင်လွှဲလို့မရတဲ့အရာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကိစ္စတွေကို
ချည်နှောင်ထားခြင်းက
ကျွန်တော့်အတွက် လေးလွန်းပါတယ်၊
အတွေးထဲ ခဏခဏဝင်လာပြီး
စိတ်အဆင်မပြေ ဖြစ်ရပါတယ်။

တကယ်တော့ လူတွေမှာ
ရှင်သန်ရာပတ်ဝန်းကျင်အပေါ် မူတည်ပြီး
အကျင့်တွေ၊ အပြောအဆိုတွေ၊ လုပ်ရပ်တွေက
နားမလည်နိုင်ပဲ ကွဲပြားစွာရှိနေပါတယ်။

ပြောမှားဆိုမှားတွေ၊ လုပ်မှားကိုင်မှားတွေ
အနည်းနဲ့အများ သူရော၊ကိုယ်ပါ
ကျူးလွန်မိတာ မဆန်းပါဘူး။

ဒါ့ကြောင့်
လူသားအချင်းချင်းဆိုတဲ့ စိတ်နဲ့ပဲ
ကိုယ့်အပေါ် မကောင်းတဲ့သူတွေကို
ခွင့်လွှတ်ကြည့်လိုက်တယ်။

တကယ်ပဲ လွတ်လပ်တဲ့အရသာကို
ကျွန်တော်ခံစားမိပါတယ်။

ပေါ့ပါးလွတ်လပ်ခြင်းနဲ့ပဲ
နေ့သစ်ကို ဖြတ်သန်းချင်တာကြောင့်
ခွင့်လွှတ်တတ်ခြင်းကလည်း
ကျွန်တော်ယူသွားမယ့်
သင်ခန်းစာတစ်ခုပါ။
(ခွင့်လွှတ်ခြင်းဆိုတာလည်း
ခေါင်းငုံ့ခံခြင်းမျိုးမဟုတ်ပါဘူးနော်)

#စာပေ #လူငယ်တိုင်းစာဖတ်သင့်တယ် #ဘာမှမလုပ်ရင်စာဖတ်တာကောင်းပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thomas Linn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category